လာမည့်ကြားဖြတ်ရွေးကောက်ပွဲသည် လုံးဝလွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲဖြစ်နိုင်အုန်းမည်မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

သတင်းစာရှင်းလင်းပွဲတွင်တွေ့ရသော ဒေါ်အောင်ဆန်းစုကြည်။ (ဓာတ်ပုံ-ဂျေမောင်မောင်၊အမရပူရ)
လာမည့်ကြားဖြတ်ရွေးကောက်ပွဲသည် လုံးဝလွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲဖြစ်နိုင်အုန်းမည်မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ယနေ့(မတ် ၃၀ ) ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။ လွန်ခဲ့သော လအနည်းငယ်က ဖြစ်ပွားခဲ့သော ဖြစ်ရပ်များကိုကြည့်ပါက လာမည့်ကြားဖြတ်ရွေးကောက်ပွဲသည် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန် မထင်မြင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။ ယမန်နေ့ကလည်း တောင်ငူတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ်တစ်ဦးကို ကွမ်းသီးလုံးနှင့်ပစ်ပေါက်ခံခဲ့ရပြီး လူကိုထိမှန်ခြင်းမရှိဘဲ ကားကိုသာထိမှန်ခဲ့ကြောင်း၊ အချို့နေရာများတွင် ဆိုင်းဘုတ်များဖျက်ဆီးခဲ့ရရသည့် ဖြစ်ရပ်များဖြစ်ပွားခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြည်တွင်းပြည်ပသတင်းသမားများကိုပြောကြားခဲ့သည်။
7Day News Journal
လာမည့်ကြားဖြတ်ရွေးကောက်ပွဲသည် လုံးဝလွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲဖြစ်နိုင်အုန်းမည်မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား လာမည့်ကြားဖြတ်ရွေးကောက်ပွဲသည် လုံးဝလွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲဖြစ်နိုင်အုန်းမည်မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား Reviewed by သစ်ထူးလွင် on 14:37 Rating: 5

8 comments:

aungaungmoe said...

ဘယ်တော့ များမှ တရားမျှတမှု ရပါမလဲဗျာ။

ပြည်ချစ်သား said...

အစ်မေစုပြောတာအရမ်းကိုသေချာတယ်လွတ်လပ်ပြီး
တရားမျှတမယ်ဆိုတာလုံးဝမဖြစ်နိုင်ပါ.....

supergunner said...

ဟုတ်ပါ့ဗျို့ မှန်ပါ... တရားမျတမှုလိုချင်ပါတယ်..

tharzaw said...

လုံးဝ မျှတမှာမဟုတ်ပါဘူး အမေရယ်။

aung said...

စစ်အုပ်ချုပ်မှုအောက်မှာ နှစ်ပေါင်းများစွာ ဒီလိုမတရားအကျင့်ဆိုးတွေနဲ့ ယဉ်းပါးလာခဲ့တာ, အခုလို ဒီမိုကရေစီလမ်းစဉ်နဲ့ မှတ်ကျောက်တင်တဲ့အခါ ထွက်ပေါ်လာတဲ့အဖြေက ဒီဖြစ်ရပ်တွေလောက်နဲ့ ရပ်တန့်သွားမှာ မဟုတ်ပါဘူး - လူ့အရိုင်းအစိုင်းတွေကို လူယဉ်ကျေးတွေဖြစ်လာဖို့ဆိုတာ မျိုးဆက်သစ်တစ်ရပ်ထွက်ပေါ်လာတဲ့အထိ ရှည်ကြာနိုင်တယ်ဆိုတာ နိုင်ငံတကာဖြစ်ရပ်တွေနဲ့ ယှဉ်ကြည့်လို့ရပါတယ် - ဒီထက်ပို ဆိုးဝါးမလာပါစေနဲ့လို့ ရင်လေးစွာ ဆုတောင်းနေမိပါတယ်။

Myanmar said...

ကိုသိန်းစိန်၊ ကိုတင်အေးတို့ ခင်ဗျားတို့လဲ မြန်မာနိုင်ငံသားတွေဘဲဗျာ။ ခင်ဗျားတို့ရဲ့အဓိက အလုပ်က ပြည်သူကို အကာကွယ်ပေးေ၇းပါ။ ခင်ဗျားတို့ လမ်းကြောင်းလွဲနေပီ။ သူခိုးတွေကို အကာကွယ်ပေးတဲ့ အစိုး၇သက်သက်ဖြစ်နေပီဗျာ။ ။

Aung Soe Oo said...

ဒီလူ ဒီအဖွဲ့အစည်းနဲ့တော့ဘယ်တော့မှတရားမျှတမှုဆိုတာရှိလာမှာမဟုတ်ဘူးဆိုတာအသေအချာဘဲ

ပြည်တွင်းသားဘချစ် said...

ရှုံးတော့မှာကို သိလို့ မလွတ်လပ်တဲ့ကြားဖြတ်ရွေးကောက်ပွဲလို့ အသံလွင့်နေတာလား..ကို့ပါတီကိုတောင်ယုံကြည်မူမရှိ၇င် မပြိုင်နဲလေ..မသိတဲသူတွေကိုပဲလိမ်လို့၇မယ်..ကို့ကိုယ်ကိုတောဘယ်လိမ်လို့၇မတုန်းး....ဟဟ

Powered by Blogger.