ကြားဖြတ်ရွေးကောက်ပွဲ မဲပေးခွင့်ရှိသူ ၆ သန်းကျော်ရှိ

ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲ မဲပေးခွင့်ရှိသူ၆ သန်းကျော် ရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မတ်လ ၂၈ ရက်နေ့က အတည်ပြုထုတ်ပြန်သည်။


အဆိုပါက်စ္စနှင့်ပတ်သက်၍ ရွေးကောက်ပွဲ ကော်မရှင်က မတ်လ ၂၈ ရက်နေ့ မနက်ပိုင်းက နေပြည်တော် သတင်းစာ ရှင်းလင်းပွဲတွင် ကော်မရှင်ဥက္ကဋ္ဌက တက်ရောက်ခဲ့သည့်မီဒီယာသမားများ၏ မေးမြန်းချက်များအား ဖြေကြားခဲ့ခြင်းဖြစ်သည်။



သတင်းစာ ရှင်းလင်းပွဲ ထုတ်ပြန်ထားချက် အရ ကြားဖြတ် ရွေးကောက်ပွဲမှာ လွှတ်တော် ကိုယ်စားလှယ် လစ်လပ် နေရာ ၄၈ နေရာ အတွက် မဲပေးခွင့်ရှိသူ စုစုပေါင်း ၆ သန်း ၄ သိန်းကျော် ရှိသည်။


လစ်လပ်မဲဆန္ဒနယ်များမှာ  ပြည်သူ့ လွှတ်တော် ၄၀ နေရာ၊ အမျိုးသား လွှတ်တော် ၆ နေရာနဲ့ တိုင်းဒေသကြီး လွတ်တော် ၂ နေရာတို့ ဖြစ်သည်။


 ပြည်သူ့ လွှတ်တော် လစ်လပ်နေရာ အတွက် ခရိုင် ၂၇ ခရိုင်၊ မြို့နယ် ၃၇ မြို့နယ်မှာ ရွေးကောက်ပွဲတွေ ကျင်းပမှာ ဖြစ်ရာ နိုင်ငံရေး ပါတီ ၁၅ ပါတီမှ ကိုယ်စားလှယ် ၁၂၉ ဦး ပါဝင် အရွေးခံကြမှာ ဖြစ်ပါသည်။


 ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်တွေ အတွက် မဲပေးခွင့်ရှိသူ ၄၆၈၂၀၄၀ ဦး၊ မဲရုံ ၆၀၈၃ ရုံ၊ မဲရုံအဖွဲ့ဝင် ၅၁၀၇၉ ဦးနဲ့ ကျင်းပသွားမှာ ဖြစ်တယ်လိုသိရှိရသည်။


အမျိုးသား လွှတ်တော် လစ်လပ်နေရာအတွက်  ခရိုင် ၇ ခရိုင်၊ မြို့နယ် ၁၈ မြို့နယ်တွင် ကျင်းပမည် ဖြစ်ပြီး နိုင်ငံရေး ပါတီ ၉ ပါတီက ကိုယ်စားလှယ် ၂၂ ဦးက ၀င်ရောက် အရွေးခံကြမည်ဖြစ်ပြီး အမျိုးသား လွှတ်တော် အတွက် မဲပေးခွင့် ရှိသူ ၁၆၆၉၁၉၂ ဦး၊ မဲရုံ ၂၁၀၃ ရုံနှင့် မဲရုံအဖွဲ့ဝင် ၂၀၂၉၀ ဦးဖြင့် ကျင်းပသွားမည်ဖြစ်သည်။


တိုင်းဒေသကြီး လွှတ်တော် လစ်လပ် နေရာ အတွက် ခရိုင်၂ ခု၊ မြို့နယ် နှစ်မြို့နယ်တွင် ကျင်းပမည် ဖြစ်ပြီး နိုင်ငံရေး ပါတီ ၃ ပါတီက ကိုယ်စားလှယ် ၆ ဦး ၀င်ရောက် အရွေးခံကြမည်ဖြစ်သည်။။


တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ အတွက် မဲပေးခွင့်ရှိသူ ၁၃၃၃၃၀ ဦး၊ မဲရုံ ၁၃၈ ရုံ၊ မဲရုံအဖွဲ့ဝင် ၁၁၄၀ ဦးနဲ့ ကျင်းပသွားမည် ဖြစ်ကြောင့်း  ရွေးကောက်ပွဲ ကော်မရှင် ထုတ်ပြန်ချက်များအရသိရသည်။


အဆိုပါ လွှတ်တော် ကိုယ်စားလှယ် လစ်လပ် နေရာ ၄၈ နေရာတွင် ပါဝင်သည့် ကချင် ပြည်နယ်ရှိ ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ် ၃ နေရာဖြစ်တဲ့ ဖားကန့်၊ ဗန်းမော်နဲ့ မိုးကောင်း ဒေသများတွင်  လုံခြုံရေး အခြေအနေ အရ တရားမျှတသော ရွေးကောက်ပွဲများ ကျင်းပရန် အခြေအနေ မရှိသဖြင့် ကြားဖြတ် ရွေးကောက် ပွဲများကို ရွှေ့ဆိုင်းထားသည်။


ဥာဏ်ဥာဏ်(မြစ်မခ)
ကြားဖြတ်ရွေးကောက်ပွဲ မဲပေးခွင့်ရှိသူ ၆ သန်းကျော်ရှိ ကြားဖြတ်ရွေးကောက်ပွဲ မဲပေးခွင့်ရှိသူ ၆ သန်းကျော်ရှိ Reviewed by သစ်ထူးလွင် on 14:30 Rating: 5

No comments:

Powered by Blogger.