အစိုး​ရအဖွဲ့​တွင်း​မှာ ဂိုဏ်း​ကွဲမှုမရှိဟု သမ္မတရှင်း

အစိုး​ရအဖွဲ့​ အတွင်း​မှာ အမာဂိုဏ်း​နဲ့​ အ​ပျော့​ဂိုဏ်း​ဆိုပြီး​ ကွဲပြား​နေတာ မရှိဘူး​လို့​ သမ္မတ ဦး​သိန်း​စိန်က နိုင်ငံ​တော် အ​ခြေပြမိန့်​ခွန်း​မှာ ထည့်​ပြောသွား​ပါတယ်။
သမ္မတဦး ​ဆောင်တဲ့​ အစိုး​ရအဖွဲ့​၊​ တိုင်း​နဲ့​ ပြည်နယ် အစိုး​ရအဖွဲ့​ဝင်​တွေ၊​ တပ်မ​တော်​ခေါင်း​ဆောင်​တွေ၊​ လွှတ်​တော်နဲ့​ တရား​ရေး​မဏ္ဍိုင်က ပုဂ္ဂိုလ်​တွေ အား​လုံး​ဟာ အစိုး​ရအဖွဲ့​ရဲ့​ မူဝါဒကို ယုံကြည်စွာနဲ့​ ​ဆောင်ရွက်​နေကြတယ်လို့​ သမ္မတ ဦး​သိန်း​စိန်က ​ပြောပါတယ်။
အစိုး​ရအဖွဲ့​ အတွင်း​မှာ ဂိုဏ်း​ကွဲ​နေတာမျိုး​ မဟုတ်ဘဲ လူတဦး​ချင်း​စီရဲ့​ ဗီဇ၊​ စရိုက်နဲ့​ အမူအကျင့်​တွေအ​ပေါ် မူတည်ပြီး​ စီမံခန့်​ခွဲမှုမှာ ကွာခြား​နေတာမျိုး​ ဖြစ်တယ်လို့​ ဦး​သိန်း​စိန်က အစိုး​ရအဖွဲ့​ တနှစ်ပြည့်​ မိန့်​ခွန်း​မှာ ထည့်​ပြောသွား​ပါတယ်။
အစိုး​ရအဖွဲ့​ အ​နေနဲ့​ တိုင်း​ပြည်ရဲ့​ ဂျီဒီပီ တိုး​တက်လာရုံသာမက၊​ ပြည်သူလူထုရဲ့​ လူ​နေမှုအဆင့်​အတန်း​တွေ မြင့်​မား​လာဖို့​ ရရှိခံစား​နေတဲ့​ ပညာ​ရေး​၊​ ကျန်း​မာ​ရေး​၊​ လူမှုဖူလုံ​ရေး​နဲ့​ ပြည်သူ​ရေး​ရာ ဝန်​ဆောင်မှု​တွေ တိုး​တက်မြင့်​မား​လာဖို့​ရယ်၊​ ဖွံ့​ဖြိုး​တိုး​တက်မှု​ကြောင့်​ သဘာဝပတ်ဝန်း​ကျင် မထိခိုက် မဆုံး​ရှုံး​စေဖို့​အထိ ရည်ရွယ်​ဆောင်ရွက်​နေတယ်လို့​ သမ္မတ ဦး​သိန်း​စိန်က ​ပြောသွား​ပါတယ်။ 
ဒီဗွီဘီ
အစိုး​ရအဖွဲ့​တွင်း​မှာ ဂိုဏ်း​ကွဲမှုမရှိဟု သမ္မတရှင်း​ အစိုး​ရအဖွဲ့​တွင်း​မှာ ဂိုဏ်း​ကွဲမှုမရှိဟု သမ္မတရှင်း​ Reviewed by သစ်ထူးလွင် on 19:10 Rating: 5

8 comments:

U Thar said...

အပြောကြီးပဲကိုကြိုက်သွားတာပါ နောက်လှည့်
ကြည့်မိ၇င်တော့အား၇စ၇ာမ၇ှိ စားမယ်ဝါးမယ်ဆိုတဲ့ဟာတွေ
ကအဆင်သင့်စောင့်နေတာ ဒီလူကြီးတွေကြောင့်တိုင်းပြည်
ကြီးဘ၀ပျက်ခဲ့၇တာလေ အ၇ည်အချင်မ၇ှိတဲ့လူကြီးတွေနဲ့
လတ်စားတဲ့လူကြီးတွေကိုဖြုတ်ပြီးအ၇ည်အချင်း၇ှိတဲ့သူတွေ
နဲ့လုပ်မှသာတိုင်းပြည်ကပြောင်းလဲနိုင်မှာ အဲ့လိုမဟုတ်လို့
ကတော့ခွေးအုပ်ကြားထဲအသားတုံးလေးတတုံးချပေးတလို
ဖြစ်နေမယ်

နဂါးမျက်လုံး said...

တူညီတာတော့ရှိပါတယ်.....
ကိုယ်ကျိုးစီးပွားအတွက် အဓိကထားတာပဲပေါ့....
သမ္မတကြီးကလည်း သူ့ဝန်ကြီးတွေဘက်က ကာဆီးကာဆီးနဲ့....
ခွဲတမ်းရထားပြီးပြီလား မသိဘူး....
ဒီပုတ်ထဲက ဒီပဲ လုပ်လိုက်ပြီလား....

အာကာထက် said...

တော်တော်များများကတော့ မရေမရာတွေပါပဲ ဖုန်းကိစ္စ၊လစာတိုးရေးကိစ္စ၊အစိုးရအဖွဲ့အတွင်းမှာ လိုင်းမာ။လိုင်းပျော့ကွဲမကွဲကိစ္စတွေပေါ့၊အဲ-- တခုတော့ပြောတယ် လိုင်းမာ-လိုင်းပြောတော့မရှိပါဘူးတဲ့ ဒါပေမဲ တဦးချင်းရဲ့ အပြုအမူအရပေါ့ ဆုံးဖြတ်ချက် ချမှတ်လုပ်ဆောင်တဲ့နေရာမှာတော့ ကွာနိုင်ဆိုလားအဲလိုသုံးသွားတယ်-သေချာပါတယ် အရင်စရိုက်တွေအတိုင်းကျင့်သုံးနေသူတွေရှိနေတယ်ပေါ့--အဲဒါဆိုထိမ်းပေါ့-မရရင် ဖြုတ်လိုက်ပေါ့--အကောင်းဖက်ကိုသွားတယ်ဆိုရင် မကောင်းတဲ့သူတွေကိုအုပ်ချုပ်ရေးမှာမထားနဲ့လေ အဲဒါအကောင်းပဲ လွယ်လွယ်လေးပါ-ရှစ်လုံး၊ဇော်မင်း၊တင့်ဆန်း၊ကျော်ဆန်း၊အဲဒီလူတွေကိုဘာလုပ်ဖို့ထားမှာလဲ ပြည်သူ ချစ်အောင်လုပ်ချင်တယ်ဆို လုပ်လိုက်ပါ အားလုံးထောက်ခံပါမည် ဒီသတင်းကိုစောင့်နေပါသည်

seazinyaw said...

အလွန်ကောင်း သော ပြောကြာချက်ဖြစ်ပါတယ်၊ ကျွတော်တို.ထောက်ခံပါတယ်၊ အတားအဆီးတော့ရှိမှာပါဘဲ၊ စည်းကမ်းပြည်.၀သော ဒီမိုကရေဆီ သာ အလိုရှိပါတယ်၊ အများအကျိုးနဲ့ အနည်းအကျိုးယှဉ် လာရင် အများအတွက် ကြည့်ရပါမယ်၊တော်လှန် သူ သာဖြစ်ပြီ တည်ထောင်တတ်သူမဟုတ်ရင် အလကားပါဘဲ၊ မြန်မာတွေဟာ ခွေးဟောင်တာကိုတောင် ၀ိုင်းကြည်.တတ်ပါတယ်၊

Toe Gyi said...

လွှတ်တော်ထဲမှာ အမာ အပျော့ တော့မရှိပါ အရိုးရှောင်သူနှင့် မရှောင်သူ နှစ်ဦးသာရှိပါသည်။ ဒေါ်အောင်ဆန်စုကြည်၏ Asia Weekly အင်တာဗျူးတွင် ပြောသွားသော အလွန်ထိမိသည့် စကားစု တစ်ခုအား လစ်လျှူမရှု့သင့်ပါ၊ တယုတ်သည် မြန်မာပြည်သူအပေါ်အား စီးပွားရေးဈေးကွက် တစ်ခုအဖြစ်သာ မြင်နေခြင်းဖြစ်သည်။ ဆိုတာကို လုံးဝ မမေ့သင့်ပါ၊ ပြည်သူကို အမှန်တကယ် ကောင်းစားစေချင်လျှင် အန်တီစုအား ကြည်ဖြူသန့်ရှင်စွာ လက်ခံသင့်ပါသည်။

သက်မောင် said...

အမှန်အလုပ်လုပ်သူဟာ အပြောကိုလျော့တယ်... သူလုပ်တာကို အများမြင်သာအောင်ပြတယ်.... လုပ်ပြီးပြီဆိုမှ ဘာအတွက်လုပ်လဲဆိုတာကို ရှင်းတယ်.... ပြောနေမယ့်အစား လုပ်ပြလိုက်ပါဗျာ...
ပြည်သူကို ယုံအောင်လုပ်ပြလိုက်စမ်းပါ... ပြည်သူက ယုံဖို့ စိတ်ပါနေပါတယ်... လုပ်ပြလိုက်စမ်းပါ....

ep said...

နားထောင်လို့ ကောင်းတော့ကောင်းတယ် ---- ဒါပေမဲ့ မျက်စိစပ်တယ် ------

Nwe Yin Win said...

သမ္မတကြီးကတော့ အပျော့ဆွဲ ဆွဲနေတယ်။ ခက်တာက သူ့လူသူမနိုင်တာ၊

Powered by Blogger.