မြန်မာ့​နိုင်ငံ​ရေး​ပြောင်း​လဲမှုကို စစ်တပ်က ​ထောက်ခံဟု သမ္မတအကြံ​ပေး​ ​ပြောကြား

မြန်မာတပ်မ​ တော်ဟာ မြန်မာပြည်က နိုင်ငံ​ရေး​ပြုပြင်​ပြောင်း​လဲမှု​တွေ အ​ပေါ်မှာ အပြည့်​အဝ ​ထောက်ခံမှု ရှိတယ်လို့​ သမ္မတရဲ့​ နိုင်ငံ​ရေး​အကြံ​ပေး​လည်း​ဖြစ်၊​ အစိုး​ရအဖွဲ့​ရဲ့​ အတွင်း​လူလို့​ သိကြတဲ့​ ဦး​ကိုကိုလှိုင်က ​ပြောလိုက်ပါတယ်။
ဦးကိုကိုလှိုင်
ထိုင်း​သတင်း​ စာ တ​စောင်ဖြစ်တဲ့​ ​နေရှင်း​သတင်း​စာရဲ့​ အယ်ဒီတာချုပ်နဲ့​ ​မေး​မြန်း​တဲ့​အခါမှာ ဦး​ကိုကိုလှိုင်က ​ပြောလိုက်တာပါ။ အရင် စစ်အစိုး​ရအဖွဲ့​ရဲ့​ အကြီး​အကဲ ဗိုလ်ချုပ်မှူး​ကြီး​သန်း​ရွှေ ကလည်း​ လက်ရှိ နိုင်ငံ​ရေး​ အ​ခြေအ​နေသစ်​တွေကို ​နောက်ကွယ်က​နေ ကြိုး​ကိုင် ညွန်ကြား​တာမျိုး​ မရှိဘဲ၊​ လုံး​ဝအနား​ယူသွား​ပြီလို့​ ဦးကိုကိုလှိုင်က ​ပြောပါတယ်။
ဒေါ်​ အောင်ဆန်း​စုကြည်ဟာ နှစ်​ပေါင်း​များ​စွာ ​နေအိမ် အကျယ်ချုပ်ချခံခဲ့​ရသူ ဖြစ်တဲ့​အတွက် စစ်တပ်အ​ပေါ်မှာ အပြည့်​အဝ ယုံကြည်မှု မရှိ​သေး​တာကလည်း​ သဘာဝကျတယ်လို့​ အငြိမ်း​စား​ စစ်တပ်အရာရှိလည်း​ ဖြစ်တဲ့​ ဦး​ကိုကိုလှိုင်က ​ပြောပါတယ်။
လက်နက်ကိုင် သူပုန်ထမှု​တွေ သက်တမ်း​ရှည်ကြာ​နေတဲ့​ မြန်မာ့​နိုင်ငံမှာစစ်တပ်ရဲ့​ အခန်း​ကဏ္ဍဟာ အ​ရေး​ကြီး​တယ်လို့​လည်း​ သမ္မတရဲ့​ နိုင်ငံ​ရေး​အကြံ​ပေး​ ဦး​ကိုကိုလှိုင်က ​ပြောကြား​ခဲ့​ပါတယ်။ 
ဒီဗွီဘီ
မြန်မာ့​နိုင်ငံ​ရေး​ပြောင်း​လဲမှုကို စစ်တပ်က ​ထောက်ခံဟု သမ္မတအကြံ​ပေး​ ​ပြောကြား​ မြန်မာ့​နိုင်ငံ​ရေး​ပြောင်း​လဲမှုကို စစ်တပ်က ​ထောက်ခံဟု သမ္မတအကြံ​ပေး​ ​ပြောကြား​ Reviewed by သစ်ထူးလွင် on 19:09 Rating: 5

6 comments:

phomesatpaing said...

စစ်တပ်ကထောက်ခံမှာပေါ့ဗျ၊၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကြီးကနေ
ဖြစ်လာတဲ့ မြန်မာ့နိုင်ငံရေးပြောင်းလဲမှုလေ၊ သူတို့အကြိုက်လုပ်ခဲ့တာတွေ
အားလုံးတရားဝင်ဖြစ်သွားတဲ့ မြန်မာ့နိုင်ငံရေးပြောင်းလဲမှုမဟုတ်လို့လား၊
တပြည်လုံးကစစ်တပ်ပေါ်မှာအပြည့်အ၀ယုံကြည်မှုမရှိသေးတာကလည်းသဘာဝကျတယ်လို့ပြောရင် ပိုပြီးသဘာဝကျပါတယ်ဆရာ

U Thar said...

စစ်တပ်ဖက်ကနေပြောလာတဲ့သူမှန်သမျှကဘာမှကို
ယုံကြည်ချင်စ၇ာမ၇ှိတော့တာ၊ နိုင်ငံေ၇းပြောင်းလဲမှုကိုအ
ပြည့်အ၀ထောက်ခံမှု၇ှိတယ်လဲပြောတယ် အောက်ခြေမှာ
ကလုပ်ချင်၇ာလုပ်နေတာ၊ စစ်တပ်ကိုအယုံအကြည်မ၇ှိတာ
က တတိုင်းပြည်လုံး ယုံကြည်နေတဲ့သူတွေကစစ်တပ်က
သူတွေနဲ့ပေါင်းပီး လတ်စားနေတဲ့အသိုင်းဝိုင်လောက်ဘဲ၇ှိ
တာ၊ ဒေါ်စုကကိုယ့်တိုင်ပြည်ကိုယ်လူမျိုးတွေအတွက်လုပ်စ
၇ာ၇ှိတာတွေကိုလုပ်နေတာ စစ်တပ်ကလူတွေကတာအ
ပြောတမျိုးအလုပ်တမျိုးနဲ့တိုင်ပြည်အတွက်လဲဘာမှမလုပ်
ဘဲ မစားဘူတာတွေစားပြီး နေ၇ာလေးပြောက်သွါးမှာဆိုး
လို့ တိုင်းပြည်တကယ်ပြောင်လဲအောင်လုပ်မဲ့သူတွေကို
မယှဉ်၇ဲဘဲ စစ်တပ်၇ဲ့အမိန့်အာဏာတွေသုံးပြီးလိုက်နှောက်
ယှက်နေကြတာ နိုင်ငံအကြံပေးဦကိုကိုလှိုင်ကပါတကယ်
နိုင်ငံကိုပြောင်းလဲစေချင်တယ်ဆို၇င်တော့ အကြီးကဲတွေ
ကိုတင်ပြသင့်တယ် ပြောသမျှခေါင်းငြိမ့်၊၇သမျှယူ၊ပေးတာ
စားလုပ်နေ၇င်တော့ နိုင်ငံကပြောင်းလဲလာမှာမဟုတ်ဘူး
နိုင်ငံအတွက်ကနိုင်ငံေ၇းအကြံပေးခန့်ထားတဲ့လူကြီးနဲ့လဲ
ဆိုင်ပါတယ် ပါတီကိုလွတ်လပ်စွာစီး၇ုံးခွင့်ပေးပီးမှလိုက်
နှောက်ယှက်နေတာဟာ ပြုပြင်ပြောင်လဲချင်စိတ်၇ှိမ၇ှိ
ထင်၇ှားနေတလိုဖြစ်နေပါတယ် တကယ်ပြုပြင်လိုပါက
လဲ နိုင်ငံတော်အကြံပေးတယောက်အနေနဲ့အသေချာ
တင်ပြသင့်ပါတယ်

နဂါးမျက်လုံး said...

"ဒေါ်​ အောင်ဆန်း​စုကြည်ဟာ နှစ်​ပေါင်း​များ​စွာ ​နေအိမ် အကျယ်ချုပ်ချခံခဲ့​ရသူ ဖြစ်တဲ့​အတွက် စစ်တပ်အ​ပေါ်မှာ အပြည့်​အဝ ယုံကြည်မှု မရှိ​သေး​တာကလည်း​ သဘာဝကျတယ်လို့​ အငြိမ်း​စား​ စစ်တပ်အရာရှိလည်း​ ဖြစ်တဲ့​ ဦး​ကိုကိုလှိုင်က ​ပြောပါတယ်။"
မှန်ပါတယ်.... အကုန်သိရင် လုံးလုံး အပြည့်အ၀ မယုံကြည်တော့မှာ.....

Toe Gyi said...

ဦးကိုကိုလှိုင်ဟာ လူတော်တစ်ယောက်ပါ ဒါပေမဲ့ တည့် မတည့် တော့မသိဘူး ဗိုလ်မှူး အဆင့်အထိ ခမရ(၁၅) မှာ တာဝန် ထမ်းဆောင်စဉ်အထိ OK စစ်ရုံးရောက် (ကြည်း)သုတေသန ဌာနမှာ ဒုတိယဗိုလ်မှူးကြီးအထိ OK သလိုလို နောက်တော့ ........ သူ့ကိုယ်သူ သိပါတယ် ကျနော်ပြော ချင်တာကတော့ သမ္မတ အကြံပေး တစ်ယောက် အနေနဲ့ အန်တီစု လွှတ်တော်ထဲ ရောက်ဘို့ အားပေးသင့်တယ်။

Anonymous said...

Need to construct the "Belief"...

People want Real Democracy Forever...

Not talking by mouths,,,

Need to happen in practical...

သက်မောင် said...

အမှန်တရားကို မြတ်နိုးသူ တိုင်းပြည်ကောင်းစားစေချင်သူတိုင်း(မည်သူမဆို) လက်ရှိနိုင်ငံရေး အခင်းအကျင်းကို ကျေနပ်လက်ခံမှာပါ... ဒီထက်တောင် ပိုဖြစ်စေချင်ကြမှာပါ..... စစ်တပ်ဆိုတာကလည်း ပြည်သူထဲကပေါက်ဖွားလာတဲ့ ပြည်သူ့ ရင်သွေးတွေပါ... ဒီထဲမှာ အုပ်ချုပ်သူ ခေါင်းကြီးပိုင်းကလွဲလို့ ဘာမှလုပ်လို့မရလို့ သိသိကြီးနဲ့ အောင့်အီးငြိမ်ခံနေရတဲ့ တပ်မတော်သားတွေ အများကြီးပါ... တကယ်တော့ ကျုပ်တို့တတွေ ဟာ အရှိကို အရှိအတိုင်း အမှန်မြင်တာကို မြင်တဲ့အတိုင်း ပြောပြခွင့် ဖော်ပြခွင့်တွေ မရရှိသေးလို့ပါ...(ရှိနေရင်လည်း အရင်က စံနမူနာတွေကြောင့် မယုံတယုံစောင့်နေရလို့ပါ) တစ်နေ့မှာ ဒီအခွင့်ရတဲ့ တစ်နေ့မှာ ကျောင်းသား၊ စစ်သား၊ ပြည်သူအားလုံး ညီညွတ်တဲ့ အသံတွေ မိုးလုံးဟိန်းညံ ဘ၀ဂ်လျှံအောင် မည်ဟီးလာမည်ဟု အမှန်ယုံကြည့်လျှက်..

Powered by Blogger.