တန်ဖိုး ကျပ် ၂သိန်းအောက် GSM ဖုန်းများ မတ်လ ၅ ရက်နေ့တွင် စတင်ရောင်းချမည်

 မတ်လ၅ရက်နေ့မှစတင်ကာတန်ဖိုးနည်းGSMဖုန်းများကို ရောင်းချပေးသွားမှာ ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) မှ သိရသည်။
“လာမယ့် မတ်လ ၅ ရက်နေ့ကစပြီး စတင်ချပေးသွားမှာပါ။ အရေအတွက် ကတော့ကျွန်တော်တို့လည်းအတိအကျမပြောနိုင်သေးပါဘူး”ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါဖုန်းများအားကျပ်ငွေတစ်သိန်းရှစ်သောင်းဖြင့် ရောင်းချပေးသွားမည်ဟု သိရသည်။ ထို့ပြင် မြန်မာတစ်နိုင်ငံလုံးသို့ ဖြန့်ဖြူးရောင်းချ ဖြစ်ကြောင်းနှင့် ဦးစွာ နေပြည်တော်နှင့် ရန်ကုန်တို့တွင် ၅ ရက်နေ့မှ စတင်ကာရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တန်ဖိုးနည်းဖုန်းများကိုOne stopservice ဖြင့်ရောင်းချပေး သွားမည်ဖြစ်ကြောင်းနှင့် တစ်ဆင့်ပြန်လည် ရောင်းချလိုသော ဆိုင်များအနေဖြင့် မြန်မာ့ဆက်သွယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ထားသော ပုဂ္ဂလိကကုမ္မဏီ ၂၃ ခုတွင် ချိန်ဆက်ဝယ်ယူနိုင်ကြောင်း သိရသည်။
“သုံးသိန်းတန်းဖုန်းတွေကို ပြည်သူအများစုက မျှော်နေကြတာကြာပါပြီ။ အခုလို နှစ်သိန်းဝန်းကျင်နဲ့ ချပေးမယ်ဆိုတော့လည်း ဝမ်းသာရပါတယ်။ ဒါပေမယ့် အခြားပုဂ္ဂလိက ကုမ္ပဏီတစ်ခု ကျပ် ၅ ထောင်တည်းနဲ့ ရောင်းချပေးမယ်ဆိုတော့ ပြည်သူတွေမှာ ဇဝေဇဝါနဲ့ ဝယ်ရမလို၊မဝယ်ဘဲထပ်စောင့်ရမလိုဖြစ်နေကြပါတယ်”ဟု အသေးစားစက်မှုလုပ်ငန်း ပိုင်ရှင်တစ်ဦးဖြစ်သူ ဦးသိန်းထိုက်က ပြောသည်။
အဆိုပါ ဂျီအက်စ်အမ်ဖုန်းများ၏ နံပါတ်ကို၀၉-၄၂နံပါတ်မျာဖြင့်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ဖုန်းများကို စတင်ရောင်းချပေးသည့်အချိန်မှ ခြောက်လအတွင်း MMS (Multiamedia Serfvice) စနစ်ကိုအသုံးပြုနိုင်အောင်စီစဉ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
GSM ဖုန်းပြောဆိုခမှာ ယခင်နှုန်းထား အတိုင်း တစ်မိနစ် ကျပ် ၅၀ နှုန်း ဖြစ်ပြီး အင်တာနက် ချိတ်ဆက်နိုင်မည့် ဧရိယာအတွင်း အဆိုပါ GSM ဖုန်းနှင့် တွဲဖက်၍ အင်တာနက် ဝင်ဆောင်မှု ပေးသွားမည်ဖြစ်ကြောင်း၊ အင်တာနက် အသုံးပြုရန်အတွက် ထပ်မံ လျှောက်ထားပါက ကျပ် ၁၀၀၀၀ ကျသင့်မည်ဖြစ်ပြီး အသုံးပြုခမှာ တစ်မိနစ်လျှင် လေးကျပ်နှုန်းဖြစ်ကြောင်း သိရသည်။
ဥာဏ်ဥာဏ် (မြစ်မခ)
တန်ဖိုး ကျပ် ၂သိန်းအောက် GSM ဖုန်းများ မတ်လ ၅ ရက်နေ့တွင် စတင်ရောင်းချမည် တန်ဖိုး ကျပ် ၂သိန်းအောက် GSM ဖုန်းများ မတ်လ ၅ ရက်နေ့တွင် စတင်ရောင်းချမည် Reviewed by သစ်ထူးလွင် on 19:20 Rating: 5

27 comments:

Lin Myat said...

ုဝယ်မယ် i phone 4S ပါပေးရင် မဟုတ်ရင်တော့ ဆောရီးပဲ

Bravo said...

မလိုအပ်ရင် မဝယ်ကြေးနော်။

tertee said...

GSM ၁၅ သိန်း တဲ.
အခုတော.လဲ ၁သိန်းရှစ်သောင်း တဲ.
၅၀၀၀ တဲ.....
သြော်...အဆိုးရ ဖြစ်ပြီး..ပြည်သူ ကို..အမြတ်အကြီး.. ကြီးစား တာ...တို.ကထောက်ခံရမတဲ.လား

phayoung2009@gmail.com said...

ဟား... ဟား... ဟား... ဟား...
ရောင်း... ရောင်း ..ရောင်း သေအောင်အော်ရောင်း..
ဗန်းထဲ ထည့်ရောင်းပေါ့.. ဆင်းကဒ်ပူပူလေး ရမယ်ဆိုပြီးတော့လေ..
ပြည်သူတွေက ပြောလိမ့်မယ် အေးအောင် စောင့်အုံးမယ်တဲ့.. အေးလေလေ ဈေးကျလေလေပဲတဲ့...

Myanmar said...

GSM ဖုန်းများ ကျပ် ၁၈၀၀၀၀ ဝန်းကျင်ဖြင့် ချထားပေးမည်ဟု သတင်းထွက်ပေါ်ပြီးနောက် ကျပ် ၂၃၀၀၀၀ ဖြင့် ချပေးမည်ဖြစ်ကြောင်း ထပ်မံသတင်းထွက်ပေါ်။ ။

peacecho said...

ဒီဖုန်းတွေကို ၀ယ်သင့်ပါသလား ။ မ၀ယ်သင့်ဘူးလား။ နားလည်သိကျွမ်းသူများဖြေဆိုပေးဖို့ မေတ္တာရပ်ခံပါတယ်။ မ၀ယ်သင့်ဘူးဆိုလဲ ဘာကြောင့်ဆိုတာလေးပါ ရှင်းပြပေးဖို့ တောင်းဆိုပါရစေ။ ငါးထောင်တန်ဖုန်းကရော ချက်ချင်းအကောင်အထည်ဖော်ရင် ဘယ်လောက်ကြာမှ ကိုင်ရမှာလဲ သိချင်ပါတယ်ခင်ဗျာ။ ဖြေဆိုပေးကြဖို့ မေတ္တာရပ်ခံပါတယ်။

akar said...

မကြိုက် ..မကြိုက်..တို့ကတော့မကြိုက် နားလှည့်ပါးရိုက်လုပ်ပြီးရောင်းနေတာဟေ့ MMS ကိုနောက်မှလုပ်မယ် အင်တာနက်ကဘယ်လို နောက်ဆိုတာကျောဘဲ ရှိတယ်

သားငယ်လေး said...

ဟိုတစ်နေ့ က eleven က တင်တုန်းကတော့ မဟုတ်ဘူးဆို။ အမျိုးမျိုးပဲ။ မ၀ယ်ဘူး။ ငါးထောင်တန်ပဲ ၀ယ်မယ်။ ငါးထောင်တန်က အလွန်ဆုံး တစ်နှစ်ပဲ စောင့်ရမှာ။

Anonymous said...

Almost of people don't understand the GOV; . Why GOV; don't respect people' voice. What kind of democracy is that ? ? ? 180000 ks sim-card is too expensive for 95% of the country's poor people. U THEIN SEIN'S speech is very doubtfully.

ktd said...

မကြာသော ကာလမှာ ငါးထောင်တန်ဖုံးထွက်လာရင်၊ ပြန်အပ်လို့ ရနိုင်လား။ ပြန်အမ်းပေးမှာလား။ အချိန်မရွေး ပြန်အမ်းမယ်ဆိုရင်တော့ အင်း ၀ယ်ဖို့ စဉ်းစားမယ်။ ။ ။ ပူးပေါင်းဆောင်ရွက်ဝိုင်းတီးမယ့် ကုမ္ပဏီတွေ မေးထားသင့်တယ်။ ။ ။

kyu kyu said...

အရမ်းကောင်းပါတယ်။ လူတန်းစေ့နီးပါးဖုန်းကိုင်နိုင်သွားတာပေါ့၊ ဒါမှလည်း တယောက်နဲ့တယောက် မတွေ့ရတာတို့ လွဲချော်မှုတို့မဖြစ်နိုင်တော့ဘူးပေါ့။ နောက်နောင်လည်းဖုန်းသာမက ကားတွေ တိုက်ခန်းတွေကိုလည်း လုပ်ပေးနိုင်ရင်အရမ်းကိုကောင်းမှာပါ၊

U Thar said...

သူ့ဖုန်းေ၇ာင်ဖို့ကို ဟိုေ၇ွှ့ဒီေ၇ွှ
ဈေးနှုန်းကလဲတမျိုးပီးတမျိုး ထိုင်းမှာလဲ
သွားကြည့်လိုက်အုံး စနေ၊တနင်္ဂနွေနေ့
ဆို အလကားတောင်ပြောလို့၇တဲ့လိုင်း
တွေ၇ှိတယ် ပြည်သူတွေစီက၇တလော
က်အမြတ်ထုပ်နေတာ

Anonymous said...

pagoda ,pagoda ,pagoda ,

Anonymous said...

I don't buy it...have to wait for 5,000 Kyast GSM... :) :) :)

kyawthu said...

ဟေ့ တဖြေးတဖြေးနဲ့ပြောင်းလဲရမှာလေ ဗြုန်းစားကြီးပြောင်းလဲလို့ ဘယ်ရပါ့မလဲ ဒီအစိုးအရမို့လို့ ဒီလိုဖြစ်လာတာကို မင်းတို့ကအရမ်းစကား
များတာပဲ လူ့အလိုတော့ဘယ်သူမှမလိုက်နိုင်ဘူးလေ သူများနဲ့သွားမယှဉ်နဲ့ ကိုယ်ကကိုပဲ သူများကသူများပဲ သူ့အချိန်တန်ရင်ဖြစ်လာလိမ့်မယ်လေ

phayoung2009@gmail.com said...

kyawthu သို့(ဖတ်ပြီးစာပြန်လျှင်လဲ ရပါသည်)
ကိုကျော်သူ.. လက်ရှိအစိုးရက တဖြေးဖြေးပြောင်းလဲနေတယ် ပြောင်းလဲလာမယ်ဆိုတာကိုသိပါတယ်..
ပြည်သူတွေဟာ နှစ်ပေါင်းအများကြီးခံစားလာခဲ့ကြတာဆိုတော့ သူတို့စောင့်နေတာ နှစ်ပေါင်းများစွာ ကြာနေပြီဆိုတော့ တိုးတက်ပြောင်းလဲနေပါတယ်ဆိုတဲ့ အစိုးရက နှေးကွေးနေမှာစိုးလို့ မရွေ့နိုင်လို့ တွန်းအားပေးတဲ့သဘောပါ.... (ဒီအချိန်မှာ ၅၀၀၀ ဖုန်းကိစ္စကို စဉ်းစားအုံးမယ်ဆိုတာ မဖြစ်ရဘူးလေ ဖြစ်အောင်လုပ်မယ်ဆိုတာက ဖြစ်နေရမယ့် အခြေအနေမျိုးပါ .. ကျော်သူပြောသလို သူ့အချိန်တန်ရင်ဖြစ်လာလိမ့်မယ်ဆိုတာက ဒီအချိန်ကနေ စပြီး စလုပ်မှ သူ့အချိန်က တန်မှာလေ)

tharzaw said...

ပါးစပ်ဝယ်တော့ ၀ယ်လိုက်ချင်တယ် (၁၀)လုံးလောက် လက်ငင်းတော့ (၅၀၀၀)ပဲရှိလို့ စောင့်ရဦးမှာပေါ့

kk said...

လိုရင်ဝယ်ကြ မလိုအပ်ရင်မ၀ယ်ကြနဲ့ ပိုက်ဆံကုန်တယ်..

tertee said...

သမတ က လဲ ၅၀၀၀ ဖုန်း ကြိုးစားပေးမယ်ပြောပြီ...
အောင်သောင်း ကုမဏီ က လဲ..(မဟန်တော.လို.)ဆက်သွယ်ရေးမှာ ရင်းနှီးမှု..ရုတ်သွား ပြီ...
ဆိုတော့...ကာ
အားလုံး သဘောပေါက်...

Anonymous said...

ဖုန်းမ၇ှိလဲနေနိုင်သေးတယ် ဘာလာလာ တို့ကတော့ ၅၀၀၀ တန် ပဲ wait wait waiting ........

ဖိုးတောက် said...

ဠုံ ပိုက်ဆံ.. ပိုက်ဆံ..
ဟူး.. ဒီတစ်နှစ်လည်း ဝေးပြန်ပြီ.. ဖုန်းမကိုင်နိုင်သေးပြန်ဘူး...

AyeeSett said...

လှေကားဆိုတာတစ်ထစ်ချင်းပဲတက်ရတာလေ...ဘာမှမတတ်နိုင်ဘူး ...ကိုယ်မှမလုပ်နိုင်တာ ...
ဒီတော့ ...လိုရင်ဝယ် ...မလိုရင်မ၀ယ်နဲ့ပေါ့

kiddykid said...

မ၀ယ်ဘူးကွာ။ တကယ်ပြောတာ၊ စောင့်အုံးမှာ........

Shweponthar said...

တစ်ခြားနိုင်ငံတွေမှာ ဘယ်လိုလုပ်တယ်ဆိုတာ မကြည့်ကြဘူးလားမသိဘူး။ ဈေးကြီးရင် ဘေလ်နည်းတယ်၊ ဈေးနည်းရင် ဘေလ်များတယ်ဆိုတဲ့ စနစ် ရှိတယ်လေ။ ဖြစ်သင့်တာက ၁၅သိန်းတန်ဆို ဘေလ်က တစ်မိနစ် ၁၀ကျပ်၊ ၅သိန်းတန်ဆို ၃၀၊ ငါးထောင်တန်ဆို ၅၀ကျပ် ဆိုတာမျိုးလေ။ ဒါက အိမ်နီးချင်းနိုင်ငံတွေမှာလည်း ဒီစနစ်ရှိတာဘဲ၊ လုပ်ရင် အပြစ်လွတ်အောင် လုပ်သင့်နေပြီ၊ အခုက အမြတ်ကြီးစားသက်သက်ဖြစ်နေတာလေ။

naymin said...

ဖုန်းနဲ့ပတ်သက်သောသတင်းတင်ရာတွင် တရုတ်ဖုန်းပုံများနှင့် ထပ်မတင်ပါရန် ဒုတိယအကြိမ် ကွန်မန့်အဖြစ်ထပ်ပေးပါရစေ....ပထမကွန်မန့်တော့ အပယ်ခံ ရပြီးပါပြီ....ဒီတခါထပ်ပယ်ရင် တခြားဝက်ဆိုဒ်များမှ ထပ်ပြောသွားပါမည်။

Unknown said...

ဝယ်ပြီးဝယ်ပြီး...

lusoelay said...

အလကား လျှောက်ပြောနေတာ အခုလည်း ဘာမှပြောသံမကြားတော့ဘူး တိတ်သွားပီ ဈေးချအုံးမလို့လား ဘယ်သူမှဝယ်မှာမဟုတ်ဘူးရောင်းမနေနဲ့
ဆက်သွယ်ရေးကကောင်တွေကို အကြံပေးလိုက်အုံးမယ် အဲကဒ်တွေကို အိတ်စပို့လုပ်ပါလား ယိုးဒယားကို ကျိန်းသေမြတ်မှာ ဟီး....... မြန်မာနိုင်ငံမှာမရောင်းနဲ့

Powered by Blogger.