လေးခွဖြင့် ချောင်းမြောင်းပစ်ခံရသူ မပွင့်ဖြူပြုံး


လေးခွဖြင့် ချောင်းမြောင်းပစ်ခံရသူ မပွင့်ဖြူပြုံး

"လေးခွဖြင့် ချောင်းမြောင်းပစ်ခံရသူ မပွင့်ဖြူပြုံး နေအိမ် သို့ ပြန်လည်ရောက်ရှိသော်လည်း ကျန်းမာရေး ကို စောင့်ကြည့် ကာလ အဖြစ် သတ်မှတ်ခြင်း ခံထားရဟုဆို"

ဥတ္တရသီရိမြို့နယ် အောင်ချမ်းသာကျေးရွာ NLD ၏မဲဆွယ် စည်းရုံးပွဲ အပြန် ချောင်းမြောင်း ပစ်ခတ်ခြင်း ခံခဲ့ရသူ မပွင်ဖြူပြုံးသည် ယခုလ ၂၁ ရက်နေ့ကဆေးရုံမှ ဆင်း၍နေအိမ် သို့ ပြန်လည်ရောက်ရှိခဲ့သည်ဟု သတင်းရရှိသည်။ သူမ၏ ကျန်းမာရေး အခြေအနေမှာ အလုံးစုံကောင်းမွန်မှု မရှိသေးသည်ကြောင့် လာမည့် ၂၈ ရက်နေ့နှင့် ၂၉ ရက်နေ့ များတွင် ဆေးရုံသို့ တစ်ကြိမ် ပြန်လည်သွားရောက် စစ်ဆေးမှု့ ခံယူရဦးမည် ဟုသတင်းရရှိသည်။လတ်တလော အခြေအနေကိုဆရာဝန်တို့က စောင့်ကြည့် အခြေအနေဟု သတ်မှတ်ကာ ဆိုင်ကယ် စီးခြင်းနှင့် လူရောစိတ်ပါ လှုပ်ရှားနေထိုင်မှုများ မပြုလုပ်ရန် မှာကြားထားသည် ဟုသူမကဆိုသည်။သူမ ယခုကဲ့သို့ချောင်းမြောင်း လုပ်ကြံမှု ခံခဲ့ရသော်လည်း ကျန်းမာရေးကောင်း မွန်သည်နှင်တပြိုင် နက် ဒီချူပ်၏တာဝန်များကို ဆက်လက်ဆောင်ရွက် လုပ်ကိုင်သွားမည်ဖြစ်ပြီး လက်ရှိ အခြေအနေ တွင်စည်းရုံးရေး ခရီးစဉ်ကိုလိုက်ပါနိုင်ခြင်း မရှိသေးသော်လည်း နေအိမ်နှင့် အဖွဲချူပ် ရုံးခွဲ တာဝန်အချို့ကို ဆောင်ရွက်နေသည် ဟုဆိုသည်။လက်ရှိသူမ၏ အခြေအနေကို Popular News Journal ကဆောင်ရွက်မေးမြန်းရာ "ခေါင်းတခြမ်းကတော့ကိုက်နေဆဲပါပဲ။ ဒါပေမဲ့ ရွေးကောက်ပွဲ ကနီးလာပြီဆိုတော့ အခုလို အရေးကြီးအချိန်မှာ တာဝန်ယူလုပ်နိုင်သလောက်တော့ ဆောင်ရွက်နေပါတယ်။ လောလောဆယ် အရမ်းလှုပ်ရှားလို့ မရဘူးဖြစ်နေတယ်။ နည်းနည်းပို လှုပ်ရှားလိုက်တာနဲ့ မျက်လုံးတစ်ဖက်ကသွေကျလာတယ်။ သွေးတိပ်အောင်စောင့်ပြီး အနားယူလိုက် လုပ်လိုက်ပေါ့။ ဆရာဝန်က အန်တာမျိုး အရမ်းမှိန်းပြီး အိပ်ချင်တာမျိုးဆို ချက်ချင်းပြန်လာဖို့ မှာထားပေမဲ့လက်ရှိ အဲ့ဒီလို မဖြစ်ပါဘူး။ ဒါပေမဲ့ အခုခေါင်း ဒါဏ်ရာကြောင့် ခေါင်းညာဘက် တစ်ခြမ်း ကအရမ်းကိုက်နေတတ်တယ်။" ဟုပြန်လည်ဖြေကြားခဲ့ပါတယ်။အမျိုးသား ဒီမိုကရေစီအဖွဲချူပ် (ရန်ကုန်) ကသူမ၏ ဆေးကုသ စားရိတ်ကို အလုံးစုံ တာဝန်ယူခဲ့ပြီး သူမ အနေဖြင့်လဲ ဒီချူပ်နှင့် လက်တွဲဖြုတ်ရန် အလိုမရှိသည့်အပြင် ယခင်ထက်ပိုမိုဆောင်ရွက်မည်ဟုဆိုသည်။မတ်လ ၁၈ ရက်နေ့ညနေတွင် နေပြည်တော် ကုတင် (၁၀၀၀)ဆေးရုံတွင် ဆေးကုသမှု ခံယူပြီး မတ်လ ၂၁ ရက်နေ့တွင်နေအိမ်သို့ ပြန်လည် ရောက်ရှိလာကြောင်း သူမယခုကဲ့သို့ ဒီချူပ်၏ နေပြည်တော် ဥတ္တရသီရိ ကိုယ်စားလှယ်လောင်းကို ကာကွယ်ပေးနိုင် သည်ကြောင့် ဂုဏ်ယူမိကြောင်း တာဝန်ရှိသူများ အနေဖြင့် ပြစ်မှု့ကျူးလွန် သူများကိုအမြန်ဆုံး ဖော်ထုတ် အရေးယူပေးစေရန် မျှော်လင့်ကြောင်း ပြစ်မှုကျူးလွန် သူများအပေါ် ဥပဒေပုဒ်မ မြောက်များစွာ ဖြင့် တရားစွဲနိုင်သည့် အခွင့်အရေး ရှိသော်လည်း ယခုပုဒ်မ နှစ်ခုတည်းဖြင့် သာစွဲဆိုထားသည်မှာ ဟန့်တားရုံ သက်သက်ကြောင့်သာဖြစ်ကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။

‎"လေးခွဖြင့် ချောင်းမြောင်းပစ်ခံရသူ မပွင့်ဖြူပြုံး နေအိမ်သို့ ပြန်လည်ရောက်ရှိသော်လည်း ကျန်းမာရေးကို စောင့်ကြည့် ကာလအဖြစ် သတ်မှတ်ခြင်း ခံထားရဟုဆို" ဥတ္တရသီရိမြို့နယ် အောင်ချမ်းသာကျေးရွာ NLD ၏မဲဆွယ် စည်းရုံးပွဲ အပြန် ချောင်းမြောင်း ပစ်ခတ်ခြင်း ခံခဲ့ရသူ မပွင်ဖြူပြုံးသည် ယခုလ ၂၁ ရက်နေ့ကဆေးရုံမှ ဆင်း၍နေအိမ်သို့ ပြန်လည်ရောက်ရှိခဲ့သည်ဟု သတင်းရရှိသည်။သူမ၏ ကျန်းမာရေး အခြေအနေမှာ အလုံးစုံကောင်းမွန်မှု မရှိသေးသည်ကြောင့် လာမည့် ၂၈ ရက်နေ့နှင့် ၂၉ ရက်နေ့ များတွင် ဆေးရုံသို့ တစ်ကြိမ် ပြန်လည်သွားရောက် စစ်ဆေးမှု့ ခံယူရဦးမည် ဟုသတင်းရရှိသည်။လတ်တလော အခြေအနေကိုဆရာဝန်တို့က စောင့်ကြည့် အခြေအနေဟု သတ်မှတ်ကာ ဆိုင်ကယ် စီးခြင်းနှင့် လူရောစိတ်ပါ လှုပ်ရှားနေထိုင်မှုများ မပြုလုပ်ရန် မှာကြားထားသည် ဟုသူမကဆိုသည်။သူမ ယခုကဲ့သို့ချောင်းမြောင်း လုပ်ကြံမှု ခံခဲ့ရသော်လည်း ကျန်းမာရေးကောင်း မွန်သည်နှင်တပြိုင် နက် ဒီချူပ်၏တာဝန်များကို ဆက်လက်ဆောင်ရွက် လုပ်ကိုင်သွားမည်ဖြစ်ပြီး လက်ရှိ အခြေအနေ တွင်စည်းရုံးရေး ခရီးစဉ်ကိုလိုက်ပါနိုင်ခြင်း မရှိသေးသော်လည်း နေအိမ်နှင့် အဖွဲချူပ် ရုံးခွဲ တာဝန်အချို့ကို ဆောင်ရွက်နေသည် ဟုဆိုသည်။လက်ရှိသူမ၏ အခြေအနေကို Popular News Journal ကဆောင်ရွက်မေးမြန်းရာ "ခေါင်းတခြမ်းကတော့ကိုက်နေဆဲပါပဲ။ ဒါပေမဲ့ ရွေးကောက်ပွဲ ကနီးလာပြီဆိုတော့ အခုလို အရေးကြီးအချိန်မှာ တာဝန်ယူလုပ်နိုင်သလောက်တော့ ဆောင်ရွက်နေပါတယ်။ လောလောဆယ် အရမ်းလှုပ်ရှားလို့ မရဘူးဖြစ်နေတယ်။ နည်းနည်းပို လှုပ်ရှားလိုက်တာနဲ့ မျက်လုံးတစ်ဖက်ကသွေကျလာတယ်။ သွေးတိပ်အောင်စောင့်ပြီး အနားယူလိုက် လုပ်လိုက်ပေါ့။ ဆရာဝန်က အန်တာမျိုး အရမ်းမှိန်းပြီး အိပ်ချင်တာမျိုးဆို ချက်ချင်းပြန်လာဖို့ မှာထားပေမဲ့လက်ရှိ အဲ့ဒီလို မဖြစ်ပါဘူး။ ဒါပေမဲ့ အခုခေါင်း ဒါဏ်ရာကြောင့် ခေါင်းညာဘက် တစ်ခြမ်း ကအရမ်းကိုက်နေတတ်တယ်။" ဟုပြန်လည်ဖြေကြားခဲ့ပါတယ်။အမျိုးသား ဒီမိုကရေစီအဖွဲချူပ် (ရန်ကုန်) ကသူမ၏ ဆေးကုသ စားရိတ်ကို အလုံးစုံ တာဝန်ယူခဲ့ပြီး သူမ အနေဖြင့်လဲ ဒီချူပ်နှင့် လက်တွဲဖြုတ်ရန် အလိုမရှိသည့်အပြင် ယခင်ထက်ပိုမိုဆောင်ရွက်မည်ဟုဆိုသည်။မတ်လ ၁၈ ရက်နေ့ညနေတွင် နေပြည်တော် ကုတင် (၁၀၀၀)ဆေးရုံတွင် ဆေးကုသမှု ခံယူပြီး မတ်လ ၂၁ ရက်နေ့တွင်နေအိမ်သို့ ပြန်လည် ရောက်ရှိလာကြောင်း သူမယခုကဲ့သို့ ဒီချူပ်၏ နေပြည်တော် ဥတ္တရသီရိ ကိုယ်စားလှယ်လောင်းကို ကာကွယ်ပေးနိုင် သည်ကြောင့် ဂုဏ်ယူမိကြောင်း တာဝန်ရှိသူများ အနေဖြင့် ပြစ်မှု့ကျူးလွန် သူများကိုအမြန်ဆုံး ဖော်ထုတ် အရေးယူပေးစေရန် မျှော်လင့်ကြောင်း ပြစ်မှုကျူးလွန် သူများအပေါ် ဥပဒေပုဒ်မ မြောက်များစွာ ဖြင့် တရားစွဲနိုင်သည့် အခွင့်အရေး ရှိသော်လည်း ယခုပုဒ်မ နှစ်ခုတည်းဖြင့် သာစွဲဆိုထားသည်မှာ ဟန့်တားရုံ သက်သက်ကြောင့်သာဖြစ်ကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။
By: Popular Myanmar News Journal
လေးခွဖြင့် ချောင်းမြောင်းပစ်ခံရသူ မပွင့်ဖြူပြုံး လေးခွဖြင့် ချောင်းမြောင်းပစ်ခံရသူ မပွင့်ဖြူပြုံး Reviewed by သစ်ထူးလွင် on 14:58 Rating: 5

14 comments:

supergunner said...

ဝဉ်လည်ကြမယ်လို့ ထင်ပါတယ်..တစ်ယောက်နဲ့ တစ်ယောက်ဒီလိုသာ
အကြမ်းဖက်စတန်းဆို. လူတွေအားလုံးသတ်ကုန်မှာပေါ့.သူခိုးကျင့်သူခိုးကြံနဲ ပစ်တဲ့ကောင်တွေဘက်မှာလုံးဝ ကြီးမားတဲ့ထောက်ပံ့မှုရှိလို့ ဒီလိုပစ်ရဲ တာပေါ့

bk said...

မပွင့်ဖြူပြုံး ရပ်တည်ချက်ကိုလေးစားပါတယ်။

"လေးခွဖြင့် ချောင်းမြောင်းပစ်သူ "ထမီဝတ်ထားသင့်တယ်။

yelpaing said...

မြန်မာနိုင်ငံမှာ ဥပဒေမရှိဘူးညီမရေ။ ။အဲဒီလို အဆင့်အတန်းမရှိတဲ့ တိုင်းဖျက်ပြည်ဖျက် အဖွဲ့ အစည်းက ပလက်ဖေါင်းခေါင်းအုံးပြီးအိပ်လာဘူးတဲ့ကောင်တွေ ဇရပ်ဆိုတာ ကြယ်ငါးပွင့်ဟိုတယ်လားလို့ ထင်နေတဲ့ တစ်ခါမှဒီလိုမျိုးမမြင်ဘူးတာတွေ မကြားဘူးတာတွေမြင်ရ အရိုးအရင်းလေးတွေဘဲကိုက်ရကိုက်ရ ဆိုတဲ့ကောင်တွေကိုပိုသတိထားရတယ်။ ။စောက်ရှက်လည်းမရှိကြပါဘူး။ ။ကိုယ်ကိုကိုယ်ဘာလုပ်လို့ လုပ်နေမှန်းမသိ ဘယ်လိုလုပ်ရကောင်းမှန်းမသိတဲ့လူတွေကလည်း လူကြီးဆိုတဲ့နေရာတွေမှာ မျက်နာပြောင်တွေနဲ့ တစ်မျိုး ခပ်တည်တည်တွေနဲ့ တစ်ဖုံ မင်သေသေနေ နေကြလေတော့ လက်ရှိအခြေအနေမှာ ကိုယ်ကိုကိုယ်ဘဲကာကွယ်တဲ့ဥပဒေ ကိုယ်ကိုတိုင်ပဲ ပြန်ထုပ်ပြီးကိုယ်ကိုကိုယ်ဘဲ ကာကွယ်ပြီး နေရမယ်ညီမရေ။

ုkyaw said...

တော်တော် ယုတ်မာကြတာပဲ မိန်းခလေးတစ်ယောက်ကို ဒီလိုမျိုးချောင်းပြီးလုပ်ကြံရဲတဲ့သတ္တိကိုတော့ မှတ်တမ်းတင်လောက်ပါတယ် ဘာလို့သရဲဘောကြောင်နေကြတာလဲ သတ္တိရှိရှိယှဉ်ပြိုင်လိုက်စမ်းပါ ..

lotus said...

အရမ်းလေးစားပါတယ်ဗျာ..

Pyinnyadepa said...

ဖွတ်တွေနဲ့တော့ဒုက္ခပါပဲ....
ဒီလောက်မိုက်ရိုင်းရမ်းကားတဲ့သူတွေနဲ့ဖွဲ့စည်းထားမှတော့
ဒို့နိုင်ငံကြီးလဲကောင်းပါဦးမလား...
State Terrorismဆိုတာဒါကိုပြောတာပေါ့....သမတကြီးခင်ဗျား..
ကြည့်လုပ်ပါဦး...။အောင်သောင်းတပည့်တွေသောင်းကျန်းနေပြီ။။။

hyperkosun said...

လူမှာ လူစိတ်ရှိဖို့လိုတယ် စိတ်ဓာတ်အောက်တန်းကျတော့ လုပ်ရပ်ပါ အောက်တန်းကျလာတယ်..မပွင့်ဖြူပြုံးကျန်းမာခြင်းသုခပြည့်ဝပါစေ

purewhite said...

ကိုင်း ဘာဆက်လုပ်သင့်လဲ သမ္မတ ကြီးရေ ။

မန်းလေးသား said...

မပွင့်ဖြူ အမြန်ဆုံး ကျမ်းမာပါစေ... တိုင်းပြည်အတွက် အုတ်တစ်ချက် သဲတစ်ပွင့် အဖြစ်ဆောင်ရွက်တာကို လေးစာလျှက်ပါခင်ဗျာ..... မပွင့်ဖြူကိုချောင်းပြီး လုပ်ကြံတယ်ဆိုတာ အမလောက်တောင် သတိမရှိ ၊ မစွန့်စားရဲလို့ပေါ့...... အမရေ ဆက်ပြီးကြိုးစားပါ.. ကျွန်တော်တို့လည်း ကြိုးစားပါ့မယ် .... အခုကျွန်တော်က အဝေးတစ်နေရာမှာဆိုပေမယ့် NLD အတွက် အမှန်တရားအတွက် အမေစုအတွက် တတ်နိုင်တဲ့ဘက်က ကာကွယ်လျှက်ပါ.... ၃၁ ရက်နေ့ မဲရုံတွေအနီးမှာ သတိထားပါ... နောက်ပြီး အမေစုနဲ့ ခေါင်းဆောင်အချို့ လုံခြုံရေးကိုပိုပြီးသတိထားပေးပါ။ ကျွန်တော်သတင်းရသလောက်က ဒီပဲရင်းအရေးခင်းပုံစံမျိုး သူတို့လုပ်လိမ့်မယ်...တရားခံကို NLD ဘက်ကိုလွှဲချလိမ့်မယ်.... ကြံ့ဖွတ်အဖွဲ့ဝင်အချို့က NLD အင်္ကျီဝတ်ပြီး သောင်းကြမ်းတာကိုပြောတာ... ကျွန်တော်ရမ်းပြီးပြောချင်းမဟုတ်ပါ.. ကျွန်တော်ကို သတင်းပေးတဲ့သူတွေရှိတယ်.... ပေးတဲ့သူတွေက အကြောင်းအမျိုးမျိုးကြောင့် သူတို့ရဲ့ လက်ကိုင်တုတ်တွေဖြစ်နေရတာပါ... ကျွန်တော့် Comment ကိုဖတ်ပြီးတဲ့သူတိုင်း သက်ဆိုင်ရာနယ်မြေမှာ ကာကွယ်ပေးကြပါခင်ဗျာ...... ဒ်ီသတင်းကို အမေစုဆီပို့ပေးပါ.. ကိုသစ်ကိုကျေးဇူးတင်ပါတယ်....

ပုဂံစစ်သည် said...

မျှော်လင့်မနေနဲ့ တစ်သက်လုံးပေါ်မှာမဟုတ်ဘူး၊ ဒီလောက်ဆို သဘောပေါက်။

U Thar said...

နိုင်ငံတော်သမတကြီးဦးသိန်းစိန်ပြောတာကတော့
နိုင်ငံတော်ကြီးကိုပြုပြင်ပြောင်းလဲဖို့၊စစ်မှန်ပြီးတ၇ားမျှသတဲ့
ေ၇ွးကောက်ပွဲဖြစ်၇စေမယ်လို့ပြောနေတာတွေကလက်တွေ့
နဲ့တခြားစီဖြစ်နေတယ်ဆင်ဖြုတော်မှီပြီးကြံဆုပ်ချင်တာပဲဖြစ်
၇မယ် အပြောနဲ့အလုပ်တွေကတခြားစီဘဲ

win said...

ညီမရေ အခုလိုဖြစ်ရတာစိတ်မကောင်းပါဘူး၊ ညီမရဲ့စိတ်ဓါတ်နဲ့လုပ်ဆောင်ချက်ကို အရမ်းလေးစားတယ်၊ ညီမခံစားရတဲ့ဝေဒနာ အမြန်ဆုံးသက်သာပျောက်ကင်းပြီးကျန်းမာပါစေလို့ဆုတောင်းပေးပါတယ်။

dingyi said...

လေးစားပါတယ် မပွင့်ဖြူပြုံးရေ .... တိုင်းပြည်အကျိုး ပြည်သူအကျိုး
ဆထက်ထမ်းပိုးရွက်ဆောင်နိုင်ပါစေ

kiddykid said...

အပြောတမျိုး..အလုပ်တမျိုး ဖြစ်မယ်ဆိုတာ သိနေကြတာပဲ...အာပလာတွေ..ပြည်သူတွေကို...လုံးဝ စောက်ဂရုစိုက်
ကြတဲ့ဟာတွေမှ မဟုတ်တာ...အံ့သြမနေကြနဲ့...မနက်ဖြန်..သဘက်ခါအတွက်ပြင်ဆင်
ထားကြတော့.......

Powered by Blogger.