ဓမ္မကထိကများ နယ်လှည့်တရားဟောရာတွင်လိုက်နာရန် စည်းကမ်းချက်များထုတ်

Photo
နယ်လှည့်တရားဟောကြားသော ရဟန်း၊ သီလရှင်၊ လူပုဂ္ဂိုလ်များ အနေဖြင့် ဓမ္မာစရိယအောင်မြင် ထားရန်နှင့် ထေရ၀ါဒပိဋကတ်တော်နှင့် ဆန့်ကျင်သော နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး စသည့်တို့နှင့် စပ်လျဉ်းသည့် လောကီလူမှုရေးကိစ္စများကို ထည့်သွင်းဟောကြားမှုမပြုရန် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့မှ စည်းကမ်း
ချက်များ ထုတ်ပြန်ထားကြောင်း သတင်းရရှိသည်။
ဆဋ္ဌမအကြိမ် နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ ၄၇ပါး စုံညီပန္နရသမအစည်းအဝေး ဆုံးဖြတ်ချက်အရ အချက်ကိုးချက်ပါ နယ်လှည့်ဓမ္မကထိက ဂုဏ်အင်္ဂါအရည်
အချင်းများကို ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။မိမိကိုယ်ကိုလည်းကောင်း၊ သူတစ်ပါးကိုလည်းကောင်း၊ မထိပါး မပုတ်ခတ်ဘဲ ဟောကြားခြင်း၊ သင်္ဂါယနာခြောက်တန်တင် ထေရ၀ါဒပိဋကတ်တော်လာ တရားတော်များကိုသာ ဟောကြားခြင်း၊ အနည်းဆုံးသိက္ခာဝါ ၁၀ ၀ါ ရှိ၍ ကိုယ်ကျင့်သီလနှင့် ပြည့်စုံသည့် သီလ၀န္တပုဂ္ဂိုလ်ဖြစ်ခြင်း စသည့် ဂုဏ်အင်္ဂါအရည်အချင်းများနှင့်ကိုက်ညီရန် ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
“နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတွေ မဟောရဘူးလို့ ပြောထားတယ်။ ဓမ္မာစရိယအောင်ထားရမယ်”ဟု ဓမ္မာစရိယ အောင်မြင်ထားသော ရဟန်းပျိုတစ်ပါးကမိန့်ကြားသည်။
တရားဟောဓမ္မကထိက ပုဂ္ဂိုလ်သည် ပါဠိတော်၊ အဋ္ဌကထာ၊ဋီကာကျမ်းများကို ဆက်စပ်ကြည့်ရှုနိုင်မှသာလျှင် သင်္ဂါယနာ ခြောက်တန်တင် ပိဋကတ်တော်နှင့် လျော်ညီစွာ တရားဟောနိုင်မည်ဖြစ်၍ အရည်အချင်းကို (ဓမ္မာစရိယ)တန်းအောင်ဖြစ်သင့်သည်ဟု ထည့်သွင်းဖော်ပြရခြင်းဖြစ်ကြောင်း၊ ထိုကဲ့သို့ ပါဠိ၊ အဋ္ဌကထာ၊ ဋီကာများ
ကို မကြည့်ရှုနိုင်သူများမှာမူ ထေရ၀ါဒပိဋကတ်တော်နှင့် မညီညွတ်ဆန့်ကျင်သည့်အချက်များကို ဟောကြားမိပါက တရားနာပရိသတ်များ အမြင်မှား၊ အယူမှား ဖြစ်သွားနိုင်သောကြောင့် ပရိယတ္တိစာပေမကျွမ်းကျင်သူများကို တရားဟောခွင့် တားမြစ်ပိတ်ပင်ရခြင်းဖြစ်ကြောင်း နယ်လှည့်ဓမ္မကထိက ဂုဏ်အရည်အချင်း သတ်မှတ်ချက်
တွင် ဖော်ပြထားသည်။
မြို့နယ်သံဃနာယကအဖွဲ့များအနေဖြင့် တရားပွဲများ ခွင့်ပြုရာတွင် စီစစ်ဆောင်ရွက်နိုင်ရေးအတွက် ဆက်လက်ညွှန်ကြားချက်များ ပေးပို့အကြောင်းကြားထားကြောင်း သိရသည်။
နေလင်းထွန်း (7Day)
ဓမ္မကထိကများ နယ်လှည့်တရားဟောရာတွင်လိုက်နာရန် စည်းကမ်းချက်များထုတ် ဓမ္မကထိကများ နယ်လှည့်တရားဟောရာတွင်လိုက်နာရန် စည်းကမ်းချက်များထုတ် Reviewed by သစ်ထူးလွင် on 16:17 Rating: 5

23 comments:

mamyaebu said...

good idea

zawzaw said...

အော်သာသနာကွယ်မဲ့အသံတွေပါလား။

Unknown said...

ပိတ်ပင်ရဲသူတို့က ပိတ်ပင်နေကြပြီဘဲ၊ စာတတန်ပေတတန်နဲ့ ကံမြောက်အောင်လုပ်ပီးပြီမို့ ဘယ်လိုပုဂ္ဂိလ်ဖြစ်ပါစေ အကျိုးပေးတော့မှာသေချာ သွားပါပြီ။ ဒယ်အိုးဆရာတော်တရားပွဲများ အများပြည်သူနာကြားနိုင်ခွင့်မရတော့ပါ၊ သတ်မှတ်အရည်အချင်းပြည့်မီသူများ ဒယ်အိုးဆရာတော်ကဲ့သို့ အများသူငါ နားလည်နိုင်အောင် ဟောကြားနိုင်ကြပါစေ။

kokomaung said...

ဆရာတော်များဧ။် တရားတော်များတွင် ပယ်ဖျက်ရမည်.၊မှားယွင်းနေသည့်အချက်များ တခုမှမပါသေးပါ။ မှန်ကန်သော သစ္စာတရားများဖြစ်ပါသည်။သရဏံဂုဏ် (၃) ပါးကို ၂ပါးခွဲဖြစ်အောင်မလုပ်ပါနဲ့။

thethnin said...

မယ်သီလရှင် ဆရာလေးက လက်နဲ့တို့ပီး ဆေးကုပေးတဲ့
ဓာတ်တွေ နတ်တွေကျတော့ ခွင့်ပြုတယ်ပေါ့လေ

Tint Lwin Swe, M. Engg. Geol., FGS, MMEC said...

အရှင်သာရိပုတ္တရာသာ အခုရှိမယ်ဆိုလျှင် တရားဟောလို့ ရမှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ဓမ္မာစရိယ မအောင်ဘူးလေ။

zaraung said...

လောဘ, ဒေါသ, မောဟ, မာန, ရာဂ စသော ကိလေသာတွေ နည်းပါးလာအောင် ဟောပြနိုင်ရင် ခွင့်ပြုသင့်ပါတယ် ဘုရား၊ သင်္ဂါယနာ ခြောက်တန်တင် ပိဋကတ်တော်နှင့် လျော်ညီစွာ ဟု ဆိုရာဝယ် ပါရမီ၊ ဥာဏ်အဆင့်အလိုက် ဥာဏ်မှီဖို့ ခက်တာကြောင့် ပုံပြင်လို ဟောသင့်လျှင်လဲ ဟောသင့်ပါတယ်၊ ကိုယ်ပိုင် ဥာဏ်နဲ့ ကိုယ်တိုင် ပိုင်းခြားပြီး ဥာဏ်အဆင့်အတန်း ပါရမီ အဆင့်အတန်း မြင့်မြင့်လာမှ မူလ ကျမ်းဂန်များကို ချဉ်းကပ်နိုင်ပါလိမ့်မယ် ဟုမြင်မိပါတယ်၊ တရား တစ်လုံးသိလို့ တစ်လုံးပြန်ဟောတာလဲ သာသနာပြုရာေ၇ာက်သည်ဟု ထင်မိပါတယ် ဘုရား၊ အ၀ိဇ္ဇာ နှင်.တဏှာ ဖုံးလွှမ်းသည့် ကျွနုပ်တို့လောကသားတွေ ကို သီလ၊ သမာဓိ၊ ပညာ တိုးပွားစေကြောင်း ဟောပြ၇ာဝယ် လူမူေ၇း၊ စီးပွားေ၇း၊ နိုင်ငံေ၇း များကို ဥပမာပြ ဆုံးမသည်မှာလည်း မှားယွမ်းသည်ဟု မထင်မိပါ ဘုရား၊ ဟောကြားသူက မည်သို့ပင်ဟော စေကာ မူ ကျွန်တို့နာယူသူများကသာ အောက်ပါ တိကင်္ဂုတ္တရပါဠိတော်၊ ကာလာမသုတ်။ပါအချက်များနဲ့အညီ နာယူမှတ်သား သင်ယူပါ့မယ် ဘုရား၊ (၁) တဆင့်စကားပြောသံကြားကာမျှဖြင့်လည်း ဟုတ်ပြီ မှန်ပြီဟုချက်ချင်းအတည်မယူလေနှင့်

၂) ရိုးရာဓလေ့ထုံးစံနှင့်ကိုက်ညီသည် ဆိုကာမျှဖြင့်လည်း ဟုတ်ပြီ မှန်ပြီဟုချက်ချင်းအတည်မယူလေနှင့်

၃) ရှေးကဒီလိုဖြစ်ခဲ့ဘူးတယ်လို့ကြားကာမျှဖြင့်လည်း ဟုတ်ပြီ မှန်ပြီဟုချက်ချင်းအတည်မယူလေနှင့်

၎) ကျမ်းဂန်စာပေထဲရှိရုံမျှဖြင့်လည်း ဟုတ်ပြီ မှန်ပြီဟုချက်ချင်းအတည်မယူလေနှင့်

၅) မိမိကိုယ်တိုင်ကြံစည်တွေးတောထားရုံမျှဖြင့်လည်း ဟုတ်ပြီ မှန်ပြီဟုချက်ချင်းအတည်မယူလေနှင့်

၆) တခြားမှာဒီနည်းမှန်လျှင်မိမိလည်းဒီနည်းအတိုင်မှန်လိမ့်မည်ဟု နည်းမှီရယူရုံဖြင့်လည်း ဟုတ်ပြီ မှန်ပြီဟုချက်ချင်းအတည်မယူလေနှင့်

၇) အခြင်းအရာကိုကြံစည်စိတ်ကူးပြီး (သဘောကျရုံဖြင့်)လည်း ဟုတ်ပြီ မှန်ပြီဟုချက်ချင်းအတည်မယူလေနှင့်

၈) မိမိတို့သဘောကျလက်ခံထားသောအယူဝါဒနှင့်ဟောပြောမှုသည်ကိုက်ညီမှုရှိသည်ဆိုပြီးလည်း ဟုတ်ပြီ မှန်ပြီဟုချက်ချင်းအတည်မယူလေနှင့်

၉) မှတ်ထိုက် ယူထိုက် လက်ခံထိုက်သည့်သဘောပဲဆိုပြီလည်း ဟုတ်ပြီ မှန်ပြီဟုချက်ချင်းအတည်မယူလေနှင့်

၁၀) မိမိတို့ယုံကြည်လေးစားထိုက်သည့်ပုဂ္ဂိုလ်ရဲ့ပြောစကားဆိုပြီးလည်း ဟုတ်ပြီ မှန်ပြီဟုချက်ချင်းအတည်မယူလေနှင့်

ဆရာတော် သံဃာတော်များအား လွတ်လပ်စွာ ဟောပြောခွင့်ပြုတော်မူပါ ဘုရား၊ သာသနာ နောင်းပိုင်းမှာ လူဖြစ်လာရတဲ့ ကျွန်တော်တို့အား တရားပွဲများ များများနာနိုင် ကြားနိုင်ခွင့်ပြုပါ ဘုရား

gandhama said...

ရပ်ကျေး၊ မြို့နယ်၊ တိုင်း၊ နိုင်ငံတော်သံဃနာယကအဖြစ် အရွေးချယ်ခံမည့် သံဃာတော်တွေကို ဓမ္မာစရယအောင်ထားရမည်လို့ သတ်မှတ်ကို သတ်မှတ်ရမယ်။

ZAWAUNG said...

ဘုရားကတော့ ဘယ်လိုမျိုးမှတရားဟောရမယ်လို့သတ်မှတ်မထား
ခဲ့ပါဘူး..အခုအဲဒါထုတ်တဲ့လူတွေက ဘုရားထက်ပါဝါကြီးလို့လား..
ကြီးတယ်ဆိုရင်မြေမျိုမှာနော်..မကြီးပဲနဲ့ဘုရားကျော်လုပ်ရင်လည်း
မြေမျိုမှာ..

ပြောချင်တာပြော said...

ဘုရားတောင် ဒီအချိန်မှာပွင့်လာရင် တရားဟောလို့ရမှာမဟုတ်ဘူး ။ မြတ်စွာ ဘု၇ားတရားဟောတဲ့အထဲမှာလဲ လူမှုရေး ၊ စီးပွားရေးပါတာပဲ ။ အလကား ဘုန်ကြီးတွေ သာသနာကွယ်တဲ့အကြောင်းထဲမှာပါတယ့် မြတ်စွာဘု၇ား သာသနာတော်မှာမပါတဲ့ ထုတ်ပြန်ချက်တွေကိုထုတ်တယ် ။ သာသနာကို မင်းတို့အမေလင်သာသနာများမှတ်နေလား ။ အဲကွန်းခန်းထဲမှာနေ ၊ ကျောင်းအကောင်းစားကြီးမှာထိုင် ၊ အစိုးရရဲ့နောက်လိုက်ခွေးသာသာဖြစ်နေပြီ ။ မိုးကုတ်ဆရာတော်ဘု၇ားကြီးရဲ့ ပသိစသမုတ်ပတ် စက်ဝိုင်းဆို မင်းတို့ပြောတဲ့ ပုံစံအရဆို ဘုရားဟောထဲမပါဘူးပေါ့လေ။ ဦးဥတမသာရ ရုပ်ထုလဲတူးသာထုတ်လိုက် ကြ ကြားလား ။ သောက်သုံးလေးတစက်မှ မကျတဲ့ ဘုန်ကြီးတွေ ။ မင်းတို့ကိုဝေဖန်လို့ ငရဲရှိတယ်ဆို ငါပျော်ပျော်ကြီးသွားလိုက်မယ် ။

anyarthar said...

ဓမ္မကထိက တစ်ပါးကို အတန်းပညာ(ဓမ္မစရိယ) နဲ့ တိုင်းတာ တာကတော့မသင့်လျှော်ဘူးထင်ပါတယ်..။ အထက်မှာဖော်ပြခဲ့သလို အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးတို့ ၊ အရှင်ဗုဒ္ဓဃောသ မထေရ်မြတ် တို့ အစရှိသဖြင့် ပေါ့လေ..ရှိခဲ့အုန်းမယ်ဆိုရင်. စိတ်မကောင်းဖြစ်တော်မူမယ်ထင်တယ်ဗျ... နိုင်ငံရေးနဲ့ မပတ်သက်ဘဲ..ပါဠိ၊ အဋ္ဌကထာ၊ ဋီကာ (ပိဋကတ်တော်လာ) အတိုင်းပဲ ဟောရမယ်ဆိုတာကတော့ လက်ခံစရာပါ... ဒါပေမယ့် တရာဟောသူတစ်ယောက်ရဲ့ တရာဟောခွင့်ကို အာဏာနဲ့ အတင်းပိတ်ပင်တာကတော့ ကျွန်ုပ်တို့ ထေရ၀ါရသာသနာတော်ကြီးကို.. ဖျက်စီးနေသလိုပါပဲဗျာ..

မြတ်နိုး said...

အင်္ဂလိပ်ခေတ်မှာတောင်ဒီလိုတရားဓမ္မတွေလိုက်မပိတ်ဘူး
ဘာပါမစ်မှယူစရာမလိုဘူး

မြတ်နိုး said...

တရားသိချင်တဲ့ဒကာကိုသံဃာကတရားဟောတာဘယ်ကပါမစ်ယူရဦးမှာလဲ

မြတ်နိုး said...

ရဟန်းသံဃာတွေကိုတရားဟောကြားဖို့တွေ၊ ဝိနည်းတွေကို မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးက ပညတ်ချက်တွေထုတ်ပြီးသားပါ
ဒါကိုဘာဖြစ်လို့ သံဃအဖွဲ့စည်းတေါက ထပ်ထုတ်ရတာလဲ
မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး ထုတ်ထားတဲ့ ပညတ်ချက်တွေကို မလုံလောက်ဘူးလို့ ချင်တဲ့သဘောလား

မြတ်နိုး said...

ကျွန်တော်တော်တော်အကြောင်းနည်းခဲ့တယ်ဗျာ
ဒီလိုသာသာနာကွယ်စေမယ့်အကြောင်းအရာတွေထုတ်ပြန်တဲ့ခေတ်မှာလူလာဖြစ်ရတာ
အကြောင်းကံကောင်းတဲ့လူတွေကတော့ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး လကထက်မှာကတည်းက ကျွတ်တန်းဝင်ကုန်ကြပြီ။

မြတ်နိုး said...

ကဲ ဘာပဲဖြစ်ဖြစ် ဒိနေ့ကစ၍ မမေ့မလျော့ မပေါ့ဆသော သတိတရားဖြင့် ဝိပဿနာဘာဝနာကို ရှုပြီး သံသရာကနေ လွတ်အောင်သာ ရုန်းကြပါတော့လို့ နိဗ္ဗာန်အကျိုးမျှော်၍ တိုက်တွန်း နှိုးဆေိာ လိုက်ရပါတယ်ဗျာ။
ကျွန်တော်လည်း ကြိုးစား အားထုတ် ပါတော့မယ်။

lukaung said...

စိတ်ပျက်စရာပါလား ''မဟန''

လောကပါလ said...

ဟာဗျာလုပ်ချလိုက်ပြန်ပြီ။ မဟန ၄၇ပါးကအငယ်တန်းတောင်မအောင်ခဲ့ဘူးနဲ့တူတယ်။အစိုးရရဲ့ ခိုင်းစေသမျှကို ဟုတ်ကဲ့ လုပ်နေတဲ မင်းဆရာတွေနဲ့တူနေတယ်။တရားဟောတယ်ဆိုတာ ရောက်နေတဲ့ နေရာ ခေတ်စနစ် တရားနာတဲ့ပုဂ္ဂိုလ်ရဲ့ အသိဥာဏ် အဲဒါတွေနဲ့ယှဉ်ပြီး ဟောပြောရတာပါဘုရား(ငါ့နှယ်ဘုန်းကြီးပြန်စာချနေပြန်ပါပြီ)အသိဥာဏ်ကျဉ်းမြောင်းတဲ့လူကို ပါဠိတွေ နိဿရည်းတွေချည်းဟော နေလို့ရပါ့မလား။ တရားနာတဲ့သူနားလည်လွယ်မဲ့ ဥပမာ ဥပမေယျ တွေနဲ့ဟောပြောရပါမယ်ဘုရား။ဘုရားရှင်ကိုယ်တော်တိုင်လဲ အဲဒီလို ညွန်ပြခဲ့ပါတယ် မင်းဆရာ ၄၇ ပါးတို့ဘုရား။

iban said...

မြတ်စွာဘုရားက ရောဟဏီမြစ်ရေ ရရှိမှုနဲ့ပတ်သက်ပြီး နှစ်နိုင်ငံစစ်ဖြစ်နေတဲ့ကြားမှာ စစ်ပြေငြိမ်းရေးတရားတွေ ဟောခဲ့တာပါ။ နိုင်ငံရေး၊ လူမှုရေး၊ ပညာရေး၊ စီးပွားရေးအကုန်ပါ..ပါတယ်။
မြန်မာပြည်ကို သာသနာရောက်အောင် လုပ်ပေးခဲ့တဲ့ တကယ့် စစ်ဘုရင်အာသောကကို အကျွတ်တရားရအောင် တရားဟောပြောခဲ့တာ ရဟန္တာ ကိုရင်ငယ်လေးပါ။ အဲဒီကိုရင်လေးဟောတဲ့ ဂါထာကိုပဲ အနော်ရထာမင်းကြီးကို ရှင်အရဟံက ပြန်ဟောခဲ့တာ..
အဲဒီကိုရင်လေးရော..ရှင်အရဟံပါ ဓမ္မာစရိယ မအောင်ပါဘူး..
မြန်မာပြည်မှာ ဗုဒ္ဒသာသနာ ရောက်ရှိထွန်းကားအောင် ကျေးဇူးပြုခဲ့တဲ့..သာသနာကျေးဇူးရှင် စစ်စစ်တွေပါ။
ကျေးဇူးရှင်တွေကို ဆော်ကားရဲသူတွေ မြေမြိုလိမ့်မယ်။
ဘုရားမသတ်မှတ်ခဲ့တာကို ပြောင်းလဲ ပြင်ဆင်သတ်မှတ်သူတွေကြောင့် တချို့တိုင်းပြည်တွေမှာ ထေရ၀ါဒသာသနာကွယ်ခဲ့တယ်။
ထေရ၀ါဒသာသနာဆိုတာ ဘုရားဟောဒေသနာတွေကို နှစ်၂၆၀၀တိုင် မထေရ်အဆက်ဆက် ပြောင်းလဲ၊ ပြုပြင်၊ ဖြည့်စွက်၊ ပြင်ဆင်ခြင်းအလျဉ်းမရှိပကတိအရှိအတိုင်း ရှိနေစေခဲ့တာပါ။ ဒီ၄၇ပါး လက်ထက်မှပဲ ထေရ၀ါဒသာသနာကွယ်အောင် လုပ်နေပါပြီ။ သာသနာရေး ၀န်ကြီးဌာနကလည်း မဟာယနသာသနာပျံ့ပွားရေးကိုပဲ လုပ်နေတာပါ။
အထက်က တစ်ယောက်ပြောသလိုပဲ.. မှန်တာပြောလို့ ငရဲကြီးမယ်ဆိုရင် အခါတစ်ရာပြန် ငရဲကြီးပါစေ.. သာသနာအတွက်ဆို အသက်ပေးရဲတယ်။

iban said...

မြတ်စွာဘုရားရဲ့ တရားတော်တွေကို အရာရာမှာ လိုလေသေးမရှိအောင် ပြည့်စုံလွန်းပါတယ်။ တရားဟောမယ့်သူတွေအတွက် ဓမ္မကထိကသုတ္တံကို ဟောခဲ့ပါတယ်။ ၄၇ပါးရဲ့ စည်းကမ်းချက်တွေက အဲဒီသုတ္တံကို ကျော်လွန်နေတယ်။ ဘုရားထက်တော်တဲ့ ဘုန်းကြီးတွေ..

villager said...
This comment has been removed by the author.
villager said...
This comment has been removed by the author.
မိုးယံ said...

ထေရ၀ါဒပိဋကတ်တော်နှင့် ဆန့်ကျင်သော နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး စသည့်တို့နှင့် စပ်လျဉ်းသည့် လောကီလူမှုရေးကိစ္စများကို ထည့်သွင်းဟောကြားမှုမပြုရန် >>>>> ဒါဆို ဒါနကထာဟော...သီဟကထာဟော... ဘ၀နာဟော ၀ိပဿနာကျင့် အားလုံး နိဗ္ဗာန်ရောက်ရေး ဦးစားပေးပြီး.... ထမင်းငတ်ကုန်ကြရတော့မှာလည်း...အမျိုးဘာသာအတွက် တရားမဟောရတော့ဘူးလား...လူမှုရေး နိုင်ငံရေး စီးပွားရေးအတွက် တရားမဟော သင့်တော့ဘူးလား...၃၈ ဖြာ မင်္ဂလာတရားတောင် နိုင်ငံရေး လူမှုရေး စီးပွားရေးပဲလေ။ ထေရ၀ါဒ ပိဋကတ်နှင့် ဆန့်ကျင်သော ....... ဆိုတာကြီးက တစ်မျိုးပဲ...အဲဒီ ပိဋကတ်မှာ နိုင်ငံရေး လူမှုရေး စီးပွားရေး အားလုံးပါတယ်လေ..ရှင်းရှင်းပြောရရင် လင်မယားနှစ်ယောက် ဆက်ဆံရေးက အစပါတယ်။ ကဲ အေးရော....။

Powered by Blogger.