ဒဂုံမြို့သစ် အရှေ့ပိုင်း မြို့နယ်ရှိ မြေကွက်တချို့ကို မူလမြေကွက် ဖော်ထုတ်သည့် ကုန်ကျစရိတ် အတိုင်းသာ ပြန်လည် ပေးလျော် သွားမည်

ဒဂုံမြို့သစ် အရှေ့ပိုင်း မြို့နယ် အင်းဝ လမ်းရဲ့ အရှေ့ဘက် ခြမ်းမှာရှိတဲ့ မြေကွက် တချို့ကို ၀ယ်ယူ ထားတဲ့ မြေပိုင်ရှင် ၀န်ထမ်း တချို့အား မြို့ရွာနှင့်
အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနမှ မူလ၀ယ်ခဲ့တဲ့ မြေကွက် ဈေးနှုန်းအတိုင်း ပြန်လည် ပေးလျော် သွားမှာ ဖြစ်တယ်လို့ အဆိုပါ ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ ဒီလို ပြန်လည် ပေးလျော် ရာမှာလည်း မူလက အဆိုပါ ၀န်ထမ်းများ ၀ယ်ယူခဲ့တဲ့ ငွေကျပ် ၁၂၀၀၀ အတိုင်း ပြန်လည် ပေးလျော်တာ ဖြစ်ပါတယ်။ အဆိုပါ မြေကွက်တွေ ကိုတော့ ၀န်ကြီးဌာန အောက်တွေ မှာရှိတဲ့ အစိုးရ ရုံးများမှာ တာဝန် ထမ်းဆောင် နေကြတဲ့ ၀န်ထမ်းများက ပိုင်ဆိုင်ကြတာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီလို ပြန်လည် သိမ်းယူရာ မှာလည်း ဒဂုံမြို့သစ် အရှေ့ပိုင်း မြို့နယ် အင်းဝလမ်း အရှေ့ဘက်ခြမ်းရှိ မြေတိုင်းရပ်ကွက် ၁၁ ခု၊ မြေကွက် စုစုပေါင်း ၈၀၇၉ ရှိပြီး မြေကွက် တစ်ကွက် ကိုတော့ ပေ ၄၀ x ပေ ၆၀ ကျယ်ဝန်းတာ ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိ မှာတော့ အဆိုပါ မြေကွက်ကို ပိုင်ဆိုင်တဲ့ ၀န်ထမ်းတွေ အနေနဲ့ မိမိတို့ ပိုင်ဆိုင်တဲ့ မြေကွက်ဖိုးငွေ များကို လာရောက် ထုတ်ယူမှု ကိုတော့ မတ်လ ၈ ရက်နေ့မှ ၃၁ ရက်နေ့အထိ နေ့စဉ် ၁၀ နာရီမှ ၁၆ နာရီအတွင်း ရန်ကုန်နဲ့ နေပြည်တော် တို့မှာရှိတဲ့ မြို့ရွာနဲ့ အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနကို လာရောက် ထုတ်ယူ နိုင်တာ ဖြစ်ပါတယ်။

ဒီလို လာရောက် ထုတ်ယူတဲ့ ၀န်ထမ်းများ အနေနဲ့ မိမိတို့မှာ ရှိတဲ့ မြေချပါမစ် မူရင်း၊ မြေငှား စာချုပ် မူရင်း နိုင်ငံသား စိစစ်ရေးကတ် ဒါမှမဟုတ် ၀န်ထမ်းကဒ်များ ယူဆောင် လာရမှာ ဖြစ်တယ်လို့ သိရပါတယ်။ မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီး ဌာန အနေနဲ့ ယခုလို မြေကွက်များ ချထားပေး မှုကို ပယ်ဖျက် တာဟာ အဆိုပါ မြေကွက် တွေဟာ ခေတ်မီ စက်မှုလယ်ယာ စံပြအထူး စိုက်ပျိုးရေး ဇုန်အဖြစ် နိုင်ငံတော်မှ ဖော်ထုတ် ဆောင်ရွက်တဲ့ စီမံကိန်း ဧရိယာများမှာ ပါဝင်တဲ့ အတွက် ယခုလို ပယ်ဖျက်တာ ဖြစ်တယ်လို့ သိရပါတယ်။
MRTV-4
 
ဒဂုံမြို့သစ် အရှေ့ပိုင်း မြို့နယ်ရှိ မြေကွက်တချို့ကို မူလမြေကွက် ဖော်ထုတ်သည့် ကုန်ကျစရိတ် အတိုင်းသာ ပြန်လည် ပေးလျော် သွားမည် ဒဂုံမြို့သစ် အရှေ့ပိုင်း မြို့နယ်ရှိ မြေကွက်တချို့ကို မူလမြေကွက် ဖော်ထုတ်သည့် ကုန်ကျစရိတ် အတိုင်းသာ ပြန်လည် ပေးလျော် သွားမည် Reviewed by သစ်ထူးလွင် on 16:08 Rating: 5

21 comments:

Killer said...

ပြီးရင် အဲ့ဒိမြေတွေကိုဘာပြန်လုပ်မှာလဲသိချင်တယ်ဗျာ...

dotehtawattithar said...

ခေတ်မှီစက်မှုလယ်ယာစံပြအထူးစိုက်ပျိုးရေးက အဲဒီနေရာမှာလုပ်မှဖြစ်မှာလား၊အခြားနေရာမှာရောလုပ်လို့မဖြစ်ဘူးလား၊နိုင်ငံဝန်ထမ်းတွေအတွက် ဂရံပါမစ်နဲ့သေသေချာချာ ချပေးထားတဲ့မြေကွက်တွေကို အခုလို လက်လွတ်စပါယ် စာရွက်လေးတစ်ရွက်ထုတ်ပြန်ပြီးပြန်သိမ်းလို့ရပါသလား၊လွှတ်တော်မှာတင်ပြပြီးလွှတ်တော်ရဲ့ဆုံးဖြတ်ချက်ကိုရယူသင့်ပါကြောင်း၊တကယ်လို့အကြောင်းပြချက်ခိုင်လုံလို့ဖယ်ပေးရမယ်ဆိုရင်တောင် မြေကွက်အစားတော့ပြန်ပေးသင့်ပါတယ်၊မူလတန်ဘိုးအတိုင်းပြန်ပေးမယ်ဆိုရင် လက်ရှိနေထိုင်တဲ့သူတွေလမ်းဘေးရောက်ကုန်လိမ့်မယ်၊ နိုင်ငံတော်မှ သေချာပြန်လည်သုံးသပ်ပေးစေလိုပါသည်၊

Aye Aye Han said...

ဒါဆိုလည်း အဲ့ဒီစာရွက်လေးအဲ့လိုပြန်သိမ်းလို့ရကြစတမ်းဆိုရင် ဂျီ.အက်စ်.အမ် 15 သိန်းကိုလည်း ၀ယ်ထားတုန်းကဈေးနဲ့ပဲပြန်ရှင်းပေးလိုက်ကြပေါ့..

Aye Aye Han said...

ဟုတ်တော့မလိုလိုနဲ့ သမ္မတကြီးရယ်. တချက်လေး ဒီသတင်းများကို စောင့်ငဲ့ကြည့်ပါဦး။ လယ်ယာတွေပြန်သိမ်းလို့သိမ်းနဲ့ လုပ်ကြပါဦး။

Moesut Nay said...

ဒီမတရားမှုကြီးအတွက်
ဝိုင်းဝန်း တော်လှန်ရအောင် . . . share ပေးကြပါ ။
ညီညွှတ်စွာဖြင့် မတရားမှုကို တတပ်တအား ၀ိုင်းကာ ၀န်းကာ
အော်လိုက်ကြရအောင် . . .

- - -
ကလေးလေးတွေရဲ့ ငိုသံတွေ
ဇရာအိုတွေရဲ့ ပူဆွေးမှုတွေ
အရှင်ရဟန်းတွေရဲ့ သောကတွေ
အခြေခံလူတန်းစားတွေရဲ့ မျက်ရည်တွေ
အခြေတကျဖြစ်နေတဲ့ ဘ၀တွေ . . .
လွယ်လွယ်လေးတော့ လစ်လျုမရှုသင့်ပါဘူး . . . သမ္မတကြီးရယ်

ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြေ (၁၁)ကွက်နှင့်ပက်သက်၍ • • •

https://www.facebook.com/note.php?note_id=318098624910903

a said...

သိန်းစိန်အစိုးရကိုအကောင်းမြင်နေသူများဒီထက်ဆန်းကျယ်တာတွေကြားရတွေ့ရအုံးမယ်၊သန်းရွှေခွင့်မပြုရင်သိန်းစိန်အစိုးရဘာမှမလုပ်နိုင်ဘူး၊မင်းအောင်လှိုင်ဒီရာထူးနဲ့ရှိနေသမျှသန်းရွှေရှိနေသေးတယ်ဆိုတာသိကြဘို့ကောင်းတယ်။

Unchange in Manner said...

ဒီလိုအချိန်အခါမှာ ဒီလိုလုပ်ရပ်တွေဆက်ရှိနေတာ အရမ်းစိတ်ပျက် ဖို့ကောင်းပါတယ်။ နိုင်ငံဝန်ထမ်း ပြည်သူတွေဟာ ဒီနေ့အချိန်အခါမှာ ချမ်းသာတဲ့သူတွေမဟုတ်ပါဘူး။ သူတို့တစ်တွေ ကနိုင်ငံတော်က၄င်းတို့ကိုအသိအမှတ်ပြုပြီးချီးမြင့်ထားတဲ့မြေကွက်လေးတွေဖြစ်တဲ့အတွက် အရမ်းကိုအမြတ်တနိုးနဲ့တန်းဘိုးထားကြတာပါ။ မြေကွက်တွေပြန်သိမ်းတဲ့အကြောင်းပြချက်က အိမ်တွေလာမဆောက်ကြလို့ဆိုပြီးအကြောင်းပြတယ်။ အိမ်တွေလာမဆောက်ဘူးဆိုတာဘာကြောင့်လာမဆောက်သလဲဆိုတာ တာဝန်ရှိသူများအနေနဲ့ အရင်သုံးသပ်ဘို့လိုတယ်။ လူနေထိုင်တဲ့မြို့ကွက်တစ်ကွက်ဖေါ်ဘို့အတွက်လိုအပ်တဲ့ အခြေခံအဆောက်အအုံတွေဖြစ်တဲ့ လမ်းတို့၊ မီးတို့၊ ရေတို့၊ လုံခြုံရေး၊ အုပ်ချုပ်ရေး၊ ကျန်းမာရေးစတာတွေကို တာဝန်ရှိသူတွေအနေနဲ့ရော ဖြည့်ဆည်းပြီးပြီးလားဆိုတာအရင်ဆန်းစစ်ဘို့လိုပါမယ်။ မြေကွက်လေးတွေရကာစက ကိုယ်နေရာလေးကို ၀မ်းသာအားရနဲ့သွားကြည့်ပြီး ခြံစည်းရိုးလေးတွေကို ဂရုတစိုက်သွားခတ်ခဲ့ကြတာပါ။ ဒါပေမဲ့၊ ဒီနေ့ခတ် နောက်နေ့ကြရင် ကိုယ့်ခြံစည်းရိုးကမရှိတော့ဘူး။ စာရှည်မှာကြောင့်လို့ဒီအကြောင်းတရာတစ်ခုလေးဘဲတင်ပြပါရစေ။ ဒီလိုလုံခြုံမှုမရှိတဲ့နေရာမှာ ဘယ်သူကသွားနေရဲမှာလဲ။ ကိုယ်ချင်းစာမှုလေးတွေတော့ရှိစေခြင်တယ်။ ကိုယ့်ဘက်ကတာဝန်မကျေဘဲနဲ့ ပြည်သူကိုမရိုးမသားနဲ့အကြောင်းမပြပါနဲ့ဗျာ။ နောက်ပြီးဒီလုပ်ရပ်ဟာ ဥပဒေနဲ့လုံးဝမညီညွှတ်ပါဘူ။ အသိမ်းခံရသူတွေအနေနဲ့ ကိုယ်ဘက်ကမှန်နေတဲ့အတွက် ဘာကိုမှမကြောက်မရွံဘဲ ရဲရဲဝံ၀ံတင်ပြရဲဘိုဘဲလိုပါလိမ်မည်။ ဒါကိုမှဆက်ပြီးတိုပြီးငါအာဏာရှိတာဘဲ၊ ငါတို့လုပ်ချင်တာဆက်လုပ်မယ်ဆိုပြီး၊ အလိုတောရိ ခရိုနီအကြွင်းအကျန်တွေနဲ့လက်ဝါးရိုက်ပြီး ဆက်လုပ်နေတယ်ဆိုရင်တော့ နောက်ကြောင်းပြန်မလှည့်တော့ပါဘူး၊ ပြည်သူလူထုဆင်ရဲမွဲတေမှုတွေကိုတိုက်ဖျက်ဘို့ကြိုးစားနေပါတယ်ဆိုတဲ့ သမတ ဦးသိန်းစိန်အစိုးရကို ဒီမိုကရေစီစနစ်ကိုကျင့်သုံးနေပါပြီဆိုတဲ့မြန်မာနိုင်ငံမှာ ပြည်သူတွေရဲလူမှုဘ၀လုံခြုမှုဆိုတာဘယ်မှာလဲ၊ တရားဥပဒေစိုးမိုးမှု(rule of law) ဆိုတာဘယ်မှာလဲလို့ မေးခွန်းတွေထုတ်ကြရပါတော့မယ်။ တရားဥပဒေစိုးမိုးမှု(rule of law) ဆိုတာကိုတွင်တွင်ပြောပြီးတော့ ကိုယ်ကိုယ်တိုင်ချိုးဖောက်တော့မှာလား။ ကျွန်တော်ကတော့ ရန်သူမျိုးငါးပါးထဲမှာ သမတဦးသိန်စိန်လို(မင်း)အစိုးရကိုမထည့်သွင်းပါဘူး။ ပြည်သူတွေ နေရာတိုင်းမှာလုပ်သမျှကို ငုံခံမနေဘဲ ဥပဒေဘောင်းအတွင်းက နိုင်ငံကြီးသားပီသစွာ ရဲရဲဝံ၀ံပြန်လည်တုံပြန်ဘို့အချိန်တန်နေပါပြီး။ (rule of law) အရဘဲတုံပြန်မှုတွေပြုလုပ်ပါလို့တိုက်တွန်းပါရစေ။

Anup said...

So Sad News for us.

kk said...

ဒီသတင်းကိုဖတ်လဲမဖတ်ချင်ဘူး ကြားလဲမကြားချင်ဘူး စိတ်နာတယ် ခြံလေးကိုရှိတာလေးစုပြီးဝယ်ထားတာ သွားနေဖို့ကြတော့ မီးမရှိရေမရှိ နဲ့ အကြောင်းအမျိုးမျိုးကြောင့် မနေဖြစ်ခဲ့တာပါ အစိုးရကသာရေ မီး အဆင်ပြေပြေချပေးခဲ့မယ်ဆို နေတာကြာလှပြီပေါ့ အခုတော့ အစိုးရက အာဏာသုံး ကိုယ်ချင်းမစာ လုပ်ရက်တော့လဲ ဘာတက်နိုင်မှာလဲ (Rule of law)တဲ့ ဟိုနေကမှာ TV က သမ္မတပြောသွားတာပါ .မတရားလုပ်ပြီး ပါးစပ်က (Rule of law)ပြောထွက်တယ် တယ်လဲကြောက်စရာကောင်းတဲ့ အုပ်ချုပ်မှုကြီးပါလား..

chitlay said...

ဒီးဒီး
I Don't Belive

chitlay said...

KK
I Don't Belive.

chitlay said...

ဒီးဒီး
I Don't Belive.
လုံးဝဘဲ.

meeeainge said...

တကယ်ဆို မဖြစ်သင့်ဘူး
ဘုန်းကြီးကျောင်းတွေ၊ လူနေအိမ်တွေ
ပိုက်ဆံရှိတဲ့လူတွေဝယ်ထားတာကတော့ထားပါတော့
မရှိမဲ့ရှိမဲ့လေးနေနေတဲ့သူတွေ
ဘ၀ပေါင်းများစွာကို
ငဲ့ကြည့်မသင့်ဘူးလား
ငါပေးထားတာ
ငါပြန်ယူမယ်ဆိုပီး ပေါက်ဈေးမဟုတ်တဲ့ မတရားတဲ့ ဈေးနဲ့ပြန်ယူချင်လို့ကော ကောင်းရဲ့လား
အဲ့ချိန် က အဲ့ငွေ တန်ဖိုးနဲ့ ခုချိန် ငွေကြေးတန်ဖိုးလဲ ပြန်တွက်ကြည့်လေ
ပညာတတ်ကြပါတယ်နော်
ဖြစ်ချင်တာကို အတင်းဖြစ်အောင်လုပ်နို်င်တယ်ဆိုပီး အနိုင်မကျင့်သင့်ပါဘူး
သေချာစဉ်းစားပီး လုပ်သင့်တယ်လို့ထင်ပါတယ်
ခုရှိနေတဲ့မြေဈေးတွေကော
မသိလို့လား
မသိချင်ယောင်ဆောင်နေလို့ကတော့ ဘယ်လိုမှ ခေတ်မှီတိုးတက်တဲ့နိုင်ငံဖြစ်မလာဘူး
တိုးတက်ချင်လို့လုပ်ပေမဲ့ သူများမျက်ရည်စက်တွေနဲ့တော့ မလုပ်သင့်ဘူး
ပြောရရင်တော့ ကုန်တော့မယ်မထင်ဘူး
သေချာလေး စဉ်းစားကြပါ။

thihathura said...

အခုအချိန်မှာ ကြားဖြတ်ရွေးကောက်ပွဲသတင်းတွေ၊ ပြည်ထောင်စုဝန်ကြီးဌာနများဧ။်မသမာမှုနှင့်လိမ်လည်မှု သတင်းတွေ၊ စသည်..စသည်…စိတ်ကြည်နူးစရာ စိတ်မောရင်မောစရာ သတင်းတွေကိုလဲ internet စာမျက်နှာများမှ တဆင့်ဖတ်ရှ ခဲ့ရပါတယ်။ အခုတဖန် hot news ဖြစ်တဲ့ ဒဂုံမြို့သစ် အရှေ့ပိုင်းတွင် ယခင်က ၀န်ထမ်းများအတွက် ချထားပေးခဲ့သည့် မြေကွက်များကို စက်မှုလယ်ယာ စံပြ အထူးစိုက်ပျိုးရေးဇုန် အတွင်း ပါဝင်သည်ဟုဆိုကာ မြေကွက်ချထားပေးမှုအား ပယ်ဖျက်၊ မူလပေးသွင်းငွေများသာ ပြန်ထုတ်ပေးမည့်အပေါ် ဝေဖန်မှုများ ရှိနေု ဆိုတဲ့သတင်းဟာ တော်တော်လေးကြားလာရပြီး၊ မြေကွက်ရရှိထားပြီး ၀န်ကြီးဌာနအသီးသီးမှကာယကံရှင်အငြိမ်းစားဝန်ထမ်းတွေဒီသတင်းကိုကြားပြီးစိတ်ခံစားစေမှာဧကန်မလွဲပါ။ ဒါသက်သက်လူပါးဝတာပါ။
အကြောက်တရားခြောက်လှန့် ခြင်းတွေနဲ့ အုပ်ချုပ်တဲ့စံနစ်ရဲ့ သားကောင်ဖြစ်ရတဲ့ ရိုးသားတဲ့ပြည်သူပြည်သား ၀န်ထမ်းတွေဟာ ဆင်းရဲချို့ တဲ့ပေမဲ့ မသိနားမလည်စွာနဲ့ ခွင့်လွှတ်အနစ်နာခံခဲ့ကြရတာချည်းဘဲ။အခုဒီ ဖြစ်ရပ်မှာလဲ လိုချင်လွန်း မက်မောလွန်းလို့ မဟုတ်ပါဘူး.အစကတည်းက ဒီမြေကွက်တွေကိုမပေးနဲ့ ပေါ့။ မျက်နှာလိုမျက်နှာရလုပ်ပြီး နိုင်ငံတော်ကဂရုဏာသက်သလိုလိုနဲ့ ပေးတုန်းကပေးပြီး အခုကျမှဟိုအကြောင်းပြ ဒီအကြောင်းပြနဲ့ ပြန်သိမ်းတော့ နိုင်ငံတော်အစိုးရအဖွဲ့ အစည်းလည်း Image ကျတယ်။ပေးတော့လဲလွင်တီးခေါင်ခေါင် ဘယ်ဆက်သွယ်ရေးမှမရှိတဲ့ လယ်ကွက်တွေမှာပြီးစလွယ်စုပြုံပေးပြီးတော့ဘယ်သူကအဲ့ဒီနေရာမှာ..သွားကြည့်ယုံကလွဲပြီး နေချင်အုံးမှာလဲ။နေချင်အောင်လဲ ဘာညွှန်ကြားချက် ဘာအကြောင်းကြားစာ ဘာဆိုဘာတစ်ခုမှ မရှိဘူး..မြေကွက်ရတဲ့ဝန်ထမ်းတွေမေးကြည့်အကုန်သိတယ်။
ကိုယ်တိုင်အပင်ပန်းခံပြီး သွားကြည့်ဖူးပါတယ် အခုသိမ်းထားတဲ့မြေကွက်တွေမှာ ဘာလမ်းမ ဘာလမ်းသွယ်မှ မဖောက်လုပ်ပဲနဲ့ ၊အခုမှ ပတ်ဝန်းကျင်ကရပ်ကွက်တွေ လမ်းပန်းဆက်သွယ်ရေးတွေအရိပ်အရောင်တွေ့ ပြီးမြေဈေးလေးကောင်းတော့မှ စက်မှုလယ်ယာစံပြ အထူးစိုက်ပျိုးရေးဇုန် ဆိုပဲ..ဟ..ဟ.ဟားး လို့ တောင်ရီလိုက်ချင်သေးတယ်။ဆင်းရဲသားနိုင်ငံ့ဝန်ထမ်းပဲ အပင်ပန်းခံလုပ်သက်အများကြီးကြိုးစားလုပ်လာရတာ ဒီလိုမြေကွက်ပေးတော့ ဘယ်သူမဆိုယူမှာပဲ။သူတို့ လူကြီးဆိုသူတွေတောင် ဘာဆိုဘာမှမလုပ်ပဲနဲ့  အိတ်ထဲ တို့  အိမ်ထဲတို့  ဘဏ်ထဲတို့ မှာ ကျပ်ငွေက တစ်မျိုး ဒေါ်လာက တစ်ဖုံ သန်းချီပြီးအတင်းသွတ်ထည့်နေကြတာကျော်မကောင်းကြားမကောင်းဖြစ်နေတာတစ်နိုင်ငံလုံးအကုန်သိတယ်။ ဖြစ်နိုင်ရင် လွှတ်တော်ထဲအထိအယူခံဝင်သင့်တယ်။အခုလိုဖော်ပြပေးတဲ့ ကိုသစ်ထူးလွင် ကိုလဲအထူးပဲလေးစားပါတယ်ဗျာ။

မမလှလှ said...

တကယ့်ကို အခြေကျနေတဲ့လူနေရပ်ကွက်တွေရှိပါတယ်..။ လူမနေတဲ့လယ်ကွင်းတွေကိုရိုက်မပြပါနဲ့..တကယ်ကွင်းဆင်းလေံလာကြည့်ကြပါ။ ဘုရားကျောင်းကန် ရေမီး ကျောင်း ဆေးခန်း စုံလင်အောင် ကိုယ့်အားကိုယ်ကိုးတည်ဆောက်ထားခဲ့ကြတာကို အခြေပျက်အနေပျက်.ဘ၀ပျက်သွားလောက်ောင်မလုပ်ကြပါနဲ့..။ ၁၂ နှစ် လောက် တည်ဆောက်ပြီးအခြေကျကာမှ ..ဖယ်ပေးဆိုတာတော့လွန်လွန်းတယ်။ ဒီစီမံကိန်းကိုလုံးဝ (လုံးဝ) ကန့်ကွက်ပါတယ်။

ပေတ said...

အငြိမ်းစားဝန်ထမ်းတွေကို ပင်စင်လစာလည်းတိုးပေးပြီးပြီ
လက်ရှိဝန်ထမ်းတွေကိုလည်း အပိုထောက်ပံ့ကြေးလည်းပေးပြီ
အငြိမ်းစားဝန်ထမ်းတွေနဲ. လက်ရှိဝန်ထမ်းတွေရဲ့မြေကွက်ကိုပြန်သိမ်းတာ
ဘာဖြစ်လဲ ဘယ်သူ.ဂရုစိုက်ရမလဲ
ကိုယ့်ခြံထဲကကြက် ကိုယ်ရိုက်သတ်စားတာ ဘာဖြစ်လဲ ဘာဖြစ်လဲ..


လုက်ကြပေါ့ဗျာ

aung said...

တစ်သက်လုံးကံအကြောင်းမလှလို့အောက်ခြေဝန်ထမ်းဘဝနဲ့နှစ်ပေါင်းများစွာလုပ်လာခဲ့လို့..လူသူမနေသေးတဲ့နေရာမှာ..ဝန်ထမ်းတွေအတွက်ချပေးထားတဲ့...အနုတ်ဆုတ်ဂုတ်ဆုတ်မြေကွက်လေးရပြန်တော့လည်းအော်..အစိုးရကနဲနဲတော့ပြန်ကြည့်သေးတယ်ပေါ့.ဆိုပီးလေးစားနေသေးတယ်...ဘာမဟုတ်တဲ့နေရာလေးတွေဈေးတက်မယ်ကြားတော့..အသက်( ၇၀ )နီးပါဖြစ်နေတဲ့အမေအိုက..ဟယ်တော်သေးတယ်ငါတို့ကံကောင်းလာပီဟေ့...ဘာပဲပြောပြောဒီမြေကွက်လေးတွေဈေးတက်လာရင်ပိုက်ဆံလေး(သိန်း၆၀...၇၀..)တော့ကိုင်ဘူးနိုင်ပီမသေခင်လေးဆိုပီးဝမ်းသာနေကြတဲ့...ရိုးသားတဲ့ဝန်ထမ်းဘဝမှာတော့ဒီလောက်ပိုက်ဆံ...ဆိုတာတော်တော်ကိုများနေပြီလို့ထင်နေကြပါတယ်...အော်..ရိုးသားတဲ့အစိုးရဝန်ထမ်းတွေသေကာနီမှာတောင်..အစိုးရကပေးပီးသားမြေကွက်တွေကိုတောင်ပြန်သိမ်းတယ်တဲ့ဗျာ..မစောက်ရှောက်တဲ့အပြင်....ကျန်းမာပါစေ..ချမ်းသာပါစေ..ဗျာ...ခင်ဗျားတို့လည်းဒီလိုအသိမ်းမခံရပါစေနဲ့လို့..ဆုတောင်းပါတယ်.....

aung said...

တစ်သက်လုံးကံအကြောင်းမလှလို့အောက်ခြေဝန်ထမ်းဘဝနဲ့နှစ်ပေါင်းများစွာလုပ်လာခဲ့လို့..လူသူမနေသေးတဲ့နေရာမှာ..ဝန်ထမ်းတွေအတွက်ချပေးထားတဲ့...အနုတ်ဆုတ်ဂုတ်ဆုတ်မြေကွက်လေးရပြန်တော့လည်းအော်..အစိုးရကနဲနဲတော့ပြန်ကြည့်သေးတယ်ပေါ့.ဆိုပီးလေးစားနေသေးတယ်...ဘာမဟုတ်တဲ့နေရာလေးတွေဈေးတက်မယ်ကြားတော့..အသက်( ၇၀ )နီးပါဖြစ်နေတဲ့အမေအိုက..ဟယ်တော်သေးတယ်ငါတို့ကံကောင်းလာပီဟေ့...ဘာပဲပြောပြောဒီမြေကွက်လေးတွေဈေးတက်လာရင်ပိုက်ဆံလေး(သိန်း၆၀...၇၀..)တော့ကိုင်ဘူးနိုင်ပီမသေခင်လေးဆိုပီးဝမ်းသာနေကြတဲ့...ရိုးသားတဲ့ဝန်ထမ်းဘဝမှာတော့ဒီလောက်ပိုက်ဆံ...ဆိုတာတော်တော်ကိုများနေပြီလို့ထင်နေကြပါတယ်...အော်..ရိုးသားတဲ့အစိုးရဝန်ထမ်းတွေသေကာနီမှာတောင်..အစိုးရကပေးပီးသားမြေကွက်တွေကိုတောင်ပြန်သိမ်းတယ်တဲ့ဗျာ..မစောက်ရှောက်တဲ့အပြင်....ကျန်းမာပါစေ..ချမ်းသာပါစေ..ဗျာ...ခင်ဗျားတို့လည်းဒီလိုအသိမ်းမခံရပါစေနဲ့လို့..ဆုတောင်းပါတယ်.....

skyblue said...

လုပ်သက်(26)ကျော် နိုင်ငံဝန်ထမ်းအတွက် နိုင်ငံတော်က ပေးထားသော မြေကွက်အမှတ်(127) မီးရထားဝန်ထမ်းအကွက်ကို နိုင်ငံတော်ကပက်ပက်စက်စက် ပြန်လည် သိမ်းယူသွားပြန် အဖေရေ၊ သမီးတို့ အမွေရတယ်မထင်နဲ့ ၊တမန်လွန်ဘ၀ကနေ အဖေသိစေရန်။

Pressure said...

အော် 12000 တော်တော်တရားကျစရာတောင်ကောင်းနေပြီ.. အစိုးရကြီးရေ ကြည့်လုပ်ပါဦး.. ၀န်ထမ်းတွေကို နဂိုသွင်းထားတဲ့ဈေးပြန်ထုတ်ပေးတာကို ဘဲကျေးဇူးတင်ရမလိုဖြစ်နေပြီလား..မထူးပါဘူး အဲဒီပိုက်ဆံတွေစုပြီး အစိုးရလူကြီးမင်းများပဲ ခွဲဝေယူလိုက်ကြပါတော့.. clean government ကြီးရေ

http://makeyourowneconomy.biz said...

ကလေးလေးတွေရဲ့ ငိုသံတွေ
ဇရာအိုတွေရဲ့ ပူဆွေးမှုတွေ
အရှင်ရဟန်းတွေရဲ့ သောကတွေ
အခြေခံလူတန်းစားတွေရဲ့ မျက်ရည်တွေ
အခြေတကျဖြစ်နေတဲ့ ဘ၀တွေ . . .
လွယ်လွယ်လေးတော့ လစ်လျုမရှုသင့်ပါဘူး . . . သမ္မတကြီးရယ်

Powered by Blogger.