ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ်၌ မဲပေးပိုင်ခွင့် စာရင်းတွင် မှတ်ပုံတင်တစ်ခုတည်းနှင့် လူဦးရေ တစ်ထောင်ကျော် ပါဝင်နေဟု သိရ

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ်၌ မဲပေးပိုင်ခွင့် စာရင်းတွင် မဲစာရင်းများမှာ မှားယွင်းမှုများ ရှိနေပြီး မှတ်ပုံတင် တစ်ခုတည်းနှင့် လူဦးရေ တစ်ထောင်ကျော် ပါဝင်နေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ သိရသည်။ကြားဖြတ်ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့် စာရင်းတွင် သေဆုံးပြီးသူများ၊ အသက်မပြည့်သေးသူများ၊ မဲဆန္ဒနယ် တစ်နေရာထက်ပိုပြီး ပါဝင်နေသူများလည်း ပါဝင်နေကြောင်း ကြားဖြတ်ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေးပါတီ အချို့ထံမှ သိရသည်။

''ကျွန်မတို့ မရမ်းကုန်းမြို့နယ်မှာ ၁၀ ရပ်ကွက်ရှိတယ်။ မဲစာရင်းကို ဖေဖော်ဝါရီလ ၂၉ ရက်နေ့မှာ ကပ်တယ်။ ကျွန်မတို့က တစ်စုံတောင်းပြီး ပြန်စစ်တော့ တော်တော်များများ ကျန်တာကို တွေ့ရတယ်။ ထူးခြားချက်အနေနဲ့ ပြောရင်တော့ ရပ်ကွက်တစ်ခုမှာဆိုရင် နိုင်ငံသားကတ် တစ် ခုတည်းနဲ့ကို လူတစ်ထောင်ကျော် တွေ့ရတယ်။ နာမည်လည်း မတူဘူး။ အဖေနာမည်လည်း မတူဘူး။ နောက်ရပ်ကွက်တစ်ခုမှာဆိုရင် ထပ်တာတို့၊ ကျန်တာတို့ဟာ အများဆုံး ၄၀၀ ကျော်အထိ တွေ့ရတယ်။ တချို့ရပ်ကွက်တွေမှာ ၁၀၀ ကျော် ရှိတယ်။ ၂၀၀ ကျော် ရှိတယ်''ဟု မရမ်း ကုန်းမြို့နယ် မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာမေ၀င်းမြင့်က ပြောပါသည်။ ထိုသို့ မဲစာရင်းတွင် မဲစာရင်း မပါဝင်သူများ ရှိခြင်း၊ တစ်ကြိမ်ထက်ပို၍ ပါဝင်နေခြင်း၊ သေဆုံးသူများ ပါဝင်နေခြင်းစသည့် မဲစာရင်း မှားယွင်းမှုများမှာ ကွန်ပျူတာ အမှားသာဖြစ်ကြောင်း ကော်မရှင် အဖွဲ့ခွဲများက အကြောင်းပြန်ကြောင်း လည်း ဒေါက်တာမေ၀င်းမြင့်က ပြောပါသည်။ အဆိုပါ မဲစာရင်း မှားယွင်းနေမှုနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ရွေးကောက်ပွဲ ဗဟိုအောင်နိုင်ရေးအဖွဲ့ အတွင်းရေးမှူး ဦးဉာဏ်ဝင်းက ''ကျွန်တော်တို့ကတော့ ကျွန်တော်တို့ အဖွဲ့ဝင်တွေကို ညွှန်ကြားတယ်။ မဲစာရင်းမှာ မှားနေတာ၊ ကျန်နေတာ၊ ကလေးတွေပါတာ၊ ကွယ်လွန်တဲ့သူတွေ ပါတာ၊  ဒါတွေကို မဲစာရင်းနံပါတ်နဲ့ အတိအကျ အသေအချာစာနဲ့ ရေးပြီးတော့ ရွေးကောက်ပွဲ ကော်မရှင်ကို တင်ပါလို့၊ အမြန်ဆုံးကို တင်ပါလို့ ပြောထားတယ်။ ကော်မရှင်က ရွေးကောက်ပွဲနေ့ မတိုင်မီအချိန်အထိ ပြင်နိုင်တယ်လို့ ပြောတယ်။ သူတို့ ပြင်ပါလိမ့်မယ်။ လူနာမည်အများကြီးနဲ့ မှတ်ပုံတင်တစ်ခုတည်း ဒါမျိုးတွေ ကျွန်တော်တို့မှာ ရှိတယ်။ မဲလာမပေးရင် ကိစ္စမရှိဘူး။ မဲလာပေးရင် ကန့်ကွက်မယ်။ မဲရုံကလည်း ကန့်ကွက်လို့ရတယ်'' ဟု ပြောကြားခဲ့သည်။

လာမည့် ကြားဖြတ် ရွေးကောက်ပွဲ၌ မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ်တွင် မဲရုံပေါင်း ၁၁၇ ရုံ ထားရှိသွားမည်ဖြစ်ပြီး လူဦးရေ တစ်သိန်းသုံးထောင်ကျော် မဲပေးပိုင်ခွင့် ရှိကြောင်း မြို့နယ်ကော်မရှင်ခွဲမှ သိရှိရကြောင်း ဒေါက်တာမေ၀င်းမြင့်က ဆိုပါသည်။ မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ် တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီ (USDP) မှ ဦးရဲထွဋ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) မှ ဒေါက်တာမေ၀င်းမြင့်၊ အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ(NDF)မှ ဒေါ်ခင်ဖြူဖြူငြိမ်း၊ အမျိုးသားဒီမိုကရေစီပါတီသစ်(NNDP)မှ ဦးရဲမင်းသိန်း(ခ)ရသ၊ မြန်မာအမျိုးသားကွန် ဂရက်ပါတီမှ ဒေါ်ဟေမာဌေးနှင့် တစ်သီးပုဂ္ဂလအဖြစ် ဦးခင်လှိုင်တို့ ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။
EMG

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ်၌ မဲပေးပိုင်ခွင့် စာရင်းတွင် မှတ်ပုံတင်တစ်ခုတည်းနှင့် လူဦးရေ တစ်ထောင်ကျော် ပါဝင်နေဟု သိရ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ်၌ မဲပေးပိုင်ခွင့် စာရင်းတွင် မှတ်ပုံတင်တစ်ခုတည်းနှင့် လူဦးရေ တစ်ထောင်ကျော် ပါဝင်နေဟု သိရ Reviewed by သစ်ထူးလွင် on 16:27 Rating: 5

13 comments:

myochit.mm.2012@gmail.com said...

မောင်သစ်ကတော့ လုပ်ချလိုက်ပြန်ပြီး... ဖြစ်နိုင်တာကိုတော့ ရေးပြီး တင်လိုက်ပါဗျာ... အခုဟာက ......

မင်းမြတ် said...

အရင်တုံးက နိုင်ငံနဲ့အ၀ှမ်း လိမ်ထားတာတွေခုတော့ဗူးပေါ်သလိုပေါ်ကုန်ပြီမို့ သိက္ခာရှိတဲ့ အစိုးရအဖွဲ့ဆိုရင်နှုပ်ထွက်လိုက်ဖို့ကောင်းပြီ

bomberman said...

လေးစားပါတယ်ဗျာ
၂၀၁၀ တုန်းက ကြိုတင်မဲ လက်နက်ပုန်းထိတယ်
ခု ၂၀၁၂ ကြတော့ ခြေအနေ မကောင်းရင်
(NLD )ဆိုတာ သေချာရင် စာရင်းထဲက ဖျောက်လိုက်တာ
ဒီ တစ်ခါလဲ ခံလိုက်ရပြန်ပြီ

Killer said...

ရင်လေးစရာပါလားဗျာ.... ကြိုတင်မဲပြီးတော့... မကြိုတင်မဲပေါ့ဗျာ..

kay kay said...

ကျွန်မက မိသားစုမရမ်းကုန်းမှာနေတာပါ။ ကျွန်မကို ဇန်န၀ါရိလတုံးက ကြိုတင်မဲပေးဖို့ သံရုံးကလူကြုံနဲ့ပြောပါတယ်။ မနက်ဖြန်နောဆုံးပေးရမှာကို ညကိုးနာရီကျော်မှသိရပါတယ်။ သူများနိုင်ငံမှာအလုပ်လုပ်နေရတော့ ခွင့်က ယူချင်တိုင်းချက်ခြင်းယူလို့ကမရ၊ သံရုံးအလုပ်လုပ်ချိန်ကလဲ မနက်၈ကနေ နေ့လည် ၁၂နာရီ၊ နေ့လည်၂နာရီကနေ ညနေ၄နာရီခွဲထိလောက်ဆိုတော့ (ညနေပိုင်းရုံးဆင်းချိန်သေချာမသိပါ)အလုပ်ချိန်က မနက်၇နာရီခွဲမှ ညနေ၆နာရီဆိုတော့ သွားလို့မရ၊ နေ့လည်ရုံးဆင်းချိန်ကလည်းတူနေတော့ ခွင့်ယူလို့ရတဲ့ရက်တစ်ခေါက်သွားမေးလိုက်တာ ပိတ်သွားပါပြီတဲ့။ သေချာသလောက်ကတော့ ကျွန်မကြိုတင်မဲသူတို့ကလိမ်ကကျစ်လုပ်မှာကိုဘဲ။

joseph said...

ကြားရတဲ့သတင်းတွေကအမျိုးမျိုးပါဘဲ။ အဓိကကတော့ မဲပေးနေချိန်မှာနိုင်ငံတကာစောင့်ကြည့်လေ့လာရေးတွေကို
တရားဝင်လေ့လာစောင့်ကြည့်ခွင့်၊မှတ်တမ်းရိုက်ယူခွင့်၊ ကြိုတင်မဲကိုပွင့်လင်းမြင်သာမူရှိဖို ပိုပြီးလိုအပ်ပါတယ်။
ဝင်ရောက်ယှဉ်ပြိုင်သူတွေကလည်းကြိုတင်ကောင်းမွန်စွာစီစဉ်ထားဖို.လိုအပ်ပါတယ်။
ကျွန်တော်တို.မှာတစ်ခါအလိမ်ခံခဲ့ ရပါတယ်။နောက်တစ်ခါလိမ်ဖို. သူတို.တွေအစွမ်းကုန် "မသမာ"သောနည်းတွေကိုသုံးပါလိမ်.ဦးမည်။

ပုဂံစစ်သည် said...

အော်အော် ဖွတ်တွေစပြီး လက်စွမ်းပြ နေပြီပေါ့လေ။ သိပြီးသားပါ ဒီလိုလုပ်မယ်ဆိုတာ။

myan pyae thu said...

well Ko Myo chit yeah...
please explain us what is possible and impossible?
My brother's wife is officer of ministry of health.On the day he went for vote, someone has been voted already on his behalf (in Nay pyi daw at ministry of health office). For us everything is possible and we all already went through many unexpected things,don't we?

Anonymous said...

အဲဒီ့ မဲစာရင်းလုပ်တဲ့ကောင်တွေ အကုန်လူပြန်လဲလိုက်ရင်ကောင်းမယ် . . . ကလိမ်ကကျစ်တွေ ထည့်လုပ်ခိုင်းထားတယ်ထင်တယ် . . . တတ်လဲ တတ်နိုင်ပါ့ ကြံ့ဖွတ်ရယ် . . . ဒါကြောင့် သူတို့ ပါတီ အများစု အနိုင်ရမယ်လို့ အသံဟစ်နေတာကိုး . . .ဖွတ်ကျင့် ဖွတ်ကြံ ကြံတယ်ဆိုတာ ဒါမျိုးလား . . .ရွံဖို့ ကောင်းလိုက်တာ . . .ဝေါ့

a said...

သေချာပေါက်အကြီးအကျယ်လိမ်တော့မှာ၊စာရင်းမသေချာမချင်းကြားဖြတ်ရွေကောက်ပွဲမလုပ်မိဘို့လိုတယ်၊ဧပြီ ၁ ရက်မှမလုပ်ရင်မဖြစ်တော့မဲ့ပွဲမှမဟုတ်တာ၊ NLD လူထုအားနဲ့စာရင်းသေချာမှလုပ်ဘို့ကြိုးစားပေးပါလား၊ပြည်သူတွေခံရဘို့သေချာသလောက်ဖြစ်နေပြီ။လုပ်နိုင်မဲ့လူအားလုံးကူညီကြပါအုံး။

naywinaung said...

လိမ်တာကတော့ပြောမနေပါနဲ့ တော်တော်ကိုသိသိသာသာလုပ်ထားတာတစ်ခုရှိပါတယ် အဒါဘာလည်းဆိုတော့ မရမ်းကုန်းမြို့ နယ်က ဘီယာဆိုင်တစ်ဆိုင်က ၀ိတ်တာတွေပြောလို့ သိခဲ့ ရတာပါ သူတို့ကဘီယာဆိုင်မှာလုပ်ပြီး ဆိုင်မှာပဲနေတာပါ ဇာတိတွေက နယ်ပေါင်းစုံကပါ သူတို့ သန်းခေါင်စာရင်းရှိတာလည်း သူတို့ မွေးရပါဇာတိမှာပါ အဒါကို ကြံ့ ဖွတ်ပါတီနဲ့ အုပ်ချုပ်ရေးမှုးတွေက သူတို့ စီကနေ ကြိုတင်မဲကို ဆိုင်မန်နေဂျာကိုပြောပြီး သူတို့ သဘောဆန္ဒမပါပဲ ဆိုင်မှာရှိတဲ့ ဝိတ်တာတွေအကုန်လုံးစီက ကြိုတင်မဲတွေယူသွားတာပါပဲ ဒါက မရမ်းကုန်းတင်မဟုတ်ပါဘူး ရန်ကုန်တိုင်းက ဘီယာဆိုင်တိုင်းမှာ နယ်ကလာအလုပ်လုပ်တဲ့ သူတိုင်းစီကနေ ကြံ့ ဖွတ်ပါတီကနေ ကြိုင်တင်မဲတွေယူသွားတာတွေပါပဲ ဒါတွေဟာ ရွေးကောက်ပွဲဥပဒေနဲ့ လုံးဝကို ဆန့် ကျင်ဘက်ဖြစ်ပြီး ဥပဒေဆိုတာဟာလည်း သူတို့ ရဲ့အောက်မှာရောက်နေတုန်းပါပဲ ဥပဒေအထက်မှာ ဘယ်သူမှမရှိဘူးဆိုတာထက် ဥပဒေအထက်မှာ ကြံဖွတ်ရှိနေတယ်ဆိုတာက ပိုမှန်ပါလိမ့်မည်......

thethnin said...

ကြံ့ဖွတ်တဲ့ကွ
ရွေးကောက်ပွဲ ဝိဇ္ဇာတွေလေ
ဖောက်ထွင်းဝိဇ္ဇာ
ခိုးမယ် လိမ်မယ် ညစ်မယ်
အဲဒီမဲစားရင်းတွေက ၂၀၁၀ က ဖွတ်ဖွတ်တို့ လုပ်စားလာတဲ့ စာရင်းတွေလေ

sitmonelu said...

ကျွန်တော်လဲ မရမ်းကုန်းကနေမဲပေးရမှာပါ။။ကျွန်တော့်နာမည်လဲမဲပေးဖို့မပါပါဘူး။သန်းခေါင်စာရင်းထဲမှာလူခြောက်ယောက်နာမည်ရှိတာ နှစ်ယောက်ပဲပါပါတယ်။ကျွန်တော့်နာမည်ပါဖို့သေချာပြောခဲ့ပေမဲ့..ဘာတွေကို ဘယ်လိုလုပ်နေမှန်းမသိပါ၊၊တခြားသူတွေလဲ နာမည်မပါလို့ စိတ်ညစ်တဲ့သူတွေအများကြီးပါ၊၊ကိုယ့်တွေ့ကြုံခဲ့တာပါ၊၊လိမ်နည်းပေါင်းစုံနဲ့လိမ်ကြမှာအသေအချာပါပဲ၊၊

Powered by Blogger.