ကျေးရွာ ဖွံ့ဖြိုးရေးအကြောင်းပြ ကြံခိုင်ဖွံ့ဖြိုးရေးအတွက် စည်းရုံးရေးဆင်း

မတ်လ ၂၁ ရက်နေ့ မနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြတ်ကိုနဲ့ အဖွဲ့ဟာ ကျေးရွာဖွံ့ဖြိုးရေးဆိုတဲ့ အကြောင်းပြချက်နဲ့ ရွာသူ ရွာသားတွေကို စုရုံးစေပြီး၊ ဧပြီ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ကြံခိုင်ဖွံ့ဖြိုးရေးပါတီ အောင်နိုင်ရေးအတွက် စည်းရုံးရေး ဆင်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီ ဟောပြောပွဲအတွက် ဝေဠုဝန် ဘုန်းကြီးကျောင်းမှာ ဟောပြောဖို့ အစီအစဉ်ကို ဆရာတော်က ခွင့်မပြုတဲ့အတွက် မင်းရပ်၊ တလိုင်းမော် မူလတန်းကျောင်းမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ဟောပြောပွဲကို ဆရာတော်က ကျေးရွာသူ၊ ကျေးရွာသားတွေရဲ့ ဆန္ဒအရ ဘုန်းကြီးကျောင်းမှာ လုပ်ခွင့်မပေးနိုင်ကြောင်း၊ မိန့်ကြားခဲ့တာကိုလည်း မူလတန်းကျောင်းမှာ ဟောပြောစဉ် ပါတီတစ်ခုရဲ့ ပယောဂကြောင့် ဆရာတော်က ခွင့်မပြုတာ ဖြစ်တယ်လို့ စွပ်စွဲ ပြောဆိုခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် ဟောပြောပွဲမှာ လာမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို မဲထည့်ရေးကို သွယ်ဝှက်ပြီး ပြောဆိုတာ ရှိသလို ဒေသခံတွေဖြစ်မှ ဒေသအကျိုးကို ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း၊ အခုရွေးကောက်ပွဲမှာ မိမိတို့ပါတီ အနိုင်ရသည်ဖြစ်စေ၊ မနိုင်သည်ဖြစ်စေ နောက်လေးနှစ်အထိ၊ မိမိတို့ရဲ့ အုပ်ချုပ်ရေးအောက်မှာပဲ ရှိနေမှာဖြစ်တယ်လို့ ခြိမ်းခြောက် ပြောဆိုတာလည်း ရှိတယ်လို့ဆိုပါတယ်။
ဟောပြောပွဲ ပြုလုပ်ခွင့်ရသွားတဲ့ မင်းရပ်၊ တလိုင်းမော် မူကြိုကျောင်းအတွက် သွတ်ပြား ၈၀၊ ဘိလပ်မြေ အိတ် ၃၀၊ သစ် ၅ တန်၊ မူလတန်းလွန်ကျောင်းအတွက် ဘိလပ်မြေအိတ် ၁၀၀၊ ငွေ ၈၅ သိန်းနဲ့ မင်းရပ်မြောက်ပိုင်း အမက အတွက် ဘိလပ်မြေ အိတ် ၁၀၀ ပေးသွားတယ်လို့ သိရပါတယ် ။
RFA

ကျေးရွာ ဖွံ့ဖြိုးရေးအကြောင်းပြ ကြံခိုင်ဖွံ့ဖြိုးရေးအတွက် စည်းရုံးရေးဆင်း ကျေးရွာ ဖွံ့ဖြိုးရေးအကြောင်းပြ ကြံခိုင်ဖွံ့ဖြိုးရေးအတွက် စည်းရုံးရေးဆင်း Reviewed by သစ်ထူးလွင် on 09:10 Rating: 5

11 comments:

Ko Htet said...

စလာပြီ---မိုးမလင်းသေးဘူး-
ကျက်သရေကိုမရှိဘူး---
အေးမင်းတို့သိအောင်ပြောမယ်၊ ဟေ့ကောင်"အာဏာဆိုတာ ၁၀နှစ်မခံဘူး" ကွ။
ပြီးတော့ရာဇ၀င်သမိုင်းမှာ "ခွေးမဖြစ်ချင်ရင်လူလိုနေ"။

amtkhunlay said...

ပေးရင်တော့ ယူထားလိုက်ပါ။ အဲဒါ ပြည်သူပိုင် တွေပဲ။ ဒါပေမဲ့ မဲပေးတဲ့အခါကြတော့ ရင်ထဲရှိတဲ့အတိုင်း ပေးကြပေါ့ဗျာ။

chit pain said...

တိုင်းဝန်ကြီးချုပ်တစ်ယောက်ဖြစ်နေပြီး ရွေးကောက်ပွဲကော်မရှင်ရဲ့ဥပဒေကို
တောင်လေးစားလိုက်နာမှုမရှိဘူး အရမ်းရှက်စရာကောင်းတယ် အဲဒီလိုဥပဒေ
ကို မလေးစားတဲ့လူတွေက တိုင်းပြည်အုပ်ချုပ်နေတော့ အင်း မြန်မာပြည် အတွက် ရင်လေးစရာပါ နိုင်ငံတော်သမ္မတကိုယ်တိုင်က ပြည်ထောင်စု လွှတ်တော်မှာ ဥပဒေကို လေးစားလိုက်နာဖို့ပြောထားတာ တစ်လတောင်မပြည့်သေးဘူး တိုင်းဝန်ကြီးချုပ်က သမ္မတစကားနဲ့အညီ ဥပဒေ ကိုလေးစားလိုက်နာနေတာလေ အပေါ်ကလည်း ပြောချင်တာပြော အောက်ကလည်း လုပ်ချင်တာလုပ်ပဲ သူ့အရပ်နဲ့သူ့ဇာတ်နဲ့ဟန်ကိုကျနေတာပဲ

007747 said...

တနင်သာရီတိုင်းသားတို့‌ရေ--
(၄) နှစ်‌လောက်က‌တော့ပျင်း‌တောင်ပျင်း‌သေးတယ် လြို့ပန်‌ပြောလိုက်။ခင်ဗျားက(၄)နှစ်ခံမှာမို့လားပြန်‌မေးလိုက်စမ်းပါ။ (၄) နှစ်‌လောက်ကို‌တောင်ခြိမ်း‌ခြောက်‌နေ‌သေးရင် ဆက်ပြီးအာဏာရလို့က‌တော့‌သေဖို့သာပြင်ထားလို့ ‌ပြောတာနဲ့အတူတူဘဲ။ သူတို့လိုလူ‌တွေေ ကြာင့် ကျုပ်တို့‌တွေခံလာရတာ တစ်သက်ရှိ‌နေပြီ။ တို့‌တွေသတိရြှိပီး ညီညွတ်မြှဖစ်မယ်။ ညီ‌စေ‌နော်။

datha said...

ခိုးထားတဲ့ငွေတွေနဲ့ ပေးနေတာပါ
အလကားရတာ အကုန်ယူထားလိုက်ပါ
ဒီကောင်တွေ ဦးဏှောက်မရှိလို့ လုပ်နေတာ

လွတ်တော်အမတ်တဲ့ ..........
ကြံ့ဖွတ်က ခိုင်းတာလုပ်ပေးရတဲ့ အခိုင်းအစေပါ
နေ့တွက် တစ်နေ့ ဘယ်လောက်ရလဲ

သူတို့ထက်ပိုပေးမယ်....
ဒါပေမယ့် မိန်လာ ကျုံးရမှာနော်...............

ကိုကို said...

အဲ့ဒီ လေးနှစ်ပြီးရင်တော့ ခင်ဗျားတို့ အလှည့်ပေါ့..

ktd said...

ဒီကောင်တွေ အဖွဲ့အစည်းက ချမ်းသာတယ်၊ ပေါများတယ်
တံစိုးလက်ဆောင်တွေ။
သူ့အမေလင်တွေဆီက အမွေရထားတာတွေနဲ့ ရင်းနေတာ သိတယ်နော်။
အလကားပေးဝေနေတာတော့ မဟုတ်ဘူး။
အပင်းသွင်းနေတာ။ ။ ။

Anonymous said...

ဖွတ်ရေ အဆင့်ရှိရင်ပြိုင်စမ်းပါ မခိုးနဲ့  မလိမ်နဲ့ ဖွတ်ဆိုမှတော့ဘယ်အဆင့်
ရှိမှာလဲ သိနေတယ်စိတ်ဓါတ်တွေကိုကဖွတ်စိတ် ပြောရအုံးမယ် 10 တန်း
စာမေးပွဲမပြီးခင် အနီးစခန်းကိုလာသွားတယ် လူမရှိလို့ ဆဲသွားတယ်တဲ့ 
ဖွတ်အောင်သောင်းက ဘယ်ရှိမှာ လဲ ကိုယ့်ကိုမကြည်ညိုမှန်းသိရင်
တွယ်ကပ်မနေပါနဲ့ ပြီးတော့လမ်းပေါ်သွားနေတဲ့ ဆိုင်ကယ်သမားတွေကိုလဲ
တားပြီး စည်းရုံးရေးကွင်းထဲဝင်ခိုင်းတယ်ဆိုပဲ ......

nationalism said...

WHERE THESE MONEY COME FROM ?

Myanmar said...

ကြံ့ဖွတ်တွေစကားပြောတာ မိုက်ရိုင်းတယ် ။ မြန်မြန်နေရာက ဖယ်ပေးကြပါ။

နိုင်ငံကို မလေးစာဘူး ပြည်သူကို မလေးစားဘူး

kokomaung said...

တန်ရာမှန်း
ငါဆီကမဲမရဘူး
ခဲပဲရမယ်
ဘာအဆင်.ရှိလို.လဲ
အမေစုလို ဘာသာစကား ဘယ်နှစ်မျိုးတက်လဲ
နိုင်ငံတကာက ဆုဘယ်လောက်ရဘူးလဲ
အောင်သောင်း ဒီလောက်မျိုနေတာမြင်လား

Powered by Blogger.