ဟင်္သာတ ဗုံးပေါက်ကွဲမှုမှာ မတရားဖမ်းဆီးစစ်ဆေးခံနေရသူကို ပြန်လွှတ်ပေးစေလို (ပေးစာ)

ကိုသစ်ထူးလွင်မှ တဆင့်
သမ္မတကြီးသို့
ဟင်္သာတမြို့တွင် ၆-၃-၂၀၁၂ ရက်နေ့ နံနက် (၁၀း၀၀) နာရီခန့်တွင် ဟင်္သာတမြို့ မြို့နယ် အထွေထွေ အုပ်ချုပ် ရေးမှူးရုံးမှာ ဗုံးကွဲခဲ့ပါတယ် … အဲ့ဒီနေ့မနက်မှာပဲ ဟင်္သာတမြို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ မိုကရိုဝေ့ဗ်စခန်းအတွင်းရေမြောင်း အတွင်းမှာ ဗုံးတစ်လုံးထပ်မံတွေ့ရှိခဲ့ပါတယ် … အဲဒီဗုံးနဲ့ပတ်သက်ပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ဟင်္သာတမြို့ အော်တိုရေဒီယိုတယ်လီဖုန်းစခန်းမှ ၀န်ထမ်း တစ်ဦးကို မသင်္ကာမှုနဲ့ပတ်သက်ပြီး ဖမ်းဆီးခဲ့ပါတယ် … သူ့ကိုမသင်္ကာစရာအကြောင်းကတော့ ၄င်းဝန်ထမ်း၏ မှတ်စုစာအုပ်ထဲတွင် ဗုံးပြုလုပ်နည်း စာကိုတွေ့ရှိခြင်းအကြောင်းတစ်ခု တည်းကြောင့် ဖမ်းဆီးခဲ့ပါတယ် … ၄င်းစာမှာ ထိုဝန်ထမ်းမှ ၂၀၁၁ ခုနှစ် နိုဝင်ဘာလ(၂၇)ရက်ထုတ် မော်နီတာဂျာနယ်တွင်တွေ့ရှိခဲ့သောကြောင့် ကူးထားခြင်းဖြစ်ကြောင်း ပြောပြသော်လည်း ရဲများမှမဖြစ်နိုင်ဟုဆိုကာ ဖမ်းခဲ့ပါသည်။ ယခုအခါ ၄င်းစာစောင်အား ပြန်လည်ရှာဖွေကာတင်ပြနိုင်သော်လည်း ထိုဝန်ထမ်းအားပြန်လည် လွှတ်ပေးခြင်းမရှိသေးပါ။ ၄င်းမော်နီတာဂျာနယ်သည် တရားဝင်ထုတ်သောဂျာနယ်ဖြစ်တဲ့အတွက် ထိုဂျာနယ်တွင်ပါရှိသော စာသားများကို ကူးယူခြင်းသည် ကူးယူသောသူတွင်အပြစ်မရှိပါ။ သူနဲ့ပတ်သက်ပြီး တခြားမသင်္ကာစရာ အကြောင်းများ ရှာဖွေခဲ့သော်လည်း ဗုံးကွဲမှုနဲ့ပတ်သက်ပြီး ထူးခြားတာ တစ်ခုမှ မတွေ့ရှိခဲ့ပါ။ အဲ့ဒီဝန်ထမ်းမှ ၂၀၀၃ ခုနှစ် လောက်က ရုံးအဆောက်အဦးပေါ်မှ ပြုတ်ကျသဖြင့် ခေါင်းတွင်ပြင်းထန်စွာ ဒဏ်ရာ ရထားပြီး ခေါင်းခွဲထားရသော သူဖြစ်ကြောင်း သိရှိရပါသည်။ ယခုအခါ ၄င်းဝန်ထမ်းကို ဟင်္သာတမြို့ ဆည်မြောင်းရိပ်သာတွင်ဖမ်းဆီးချုပ်နှောင်ထားပြီး ပြင်းထန်းစွာနှိပ်စက်နေသည်ဟု သိရှိရပါသည်။ ပြင်းထန်စွာနှိပ်စက်ခြင်းကြောင့် ၃-ခါလောက် သတိလစ်ခဲ့ပါသည်ဟုလည်း သိရှိရပါသည်။ ၄င်း၏ အသက်အန္တရယ် စိုးရိမ်ရပါသည်။ ရဲဝန်ထမ်းများလိုက်နာရမည့်အချက်များထဲမှတစ်ချက်က မသင်္ကာသောသူအား မေးမြန်းခွင့်၊ချုပ်နှောင်ခွင့်ရှိသော်လည်း နှိပ်စက်ခြင်း၊ ရိုက်နှက်ခြင်း မပြုလုပ်ရပါ.. နှိပ်စက်ပါက နှိပ်စက်သောသူတွင် ကြီးလေးသောအပြစ်ခံရမည်ဆိုတာ ပါ ပါတယ် … ၄င်းအား နှိပ်စက်သော သူများအား ဥပဒေနှင့်အညီအရေးယူပေးစေချင်ပါတယ်…

၎င်းဗုံးကိစတွင် ၄င်းဝန်ထမ်း နှင့် မသက်ဆိုင်ဘူးဆိုတာ လူတိုင်းသူပါတယ် ...
မသင်္ကာဖြစ်လျှင်မေးမြန်းလို့ရပါတယ်… စစ်ဆေးလို့အပြစ်မရှိရင်တော့ ပြန်လည်လွှတ်ပေးသင့်ပါတယ်… အပြစ်မရှိသော သူကို ဆက်လက်ဖမ်းဆီးထာရန်မသင့်လျော်ပါ။ ဗုံးလုပ်ဖို့နဲ့ ဗုံးထောင်ဖို့ဆိုတာ လွယ်လွယ်နဲ့မဖြစ်နိုင်ပါဘူး သင်တန်းတွေအကြိမ်ကြိမ်တက်ပြီးမှ လုပ်ရတဲ့အလုပ်တွေပါ .. ဂျာနယ်ထဲမှာ ဖတ်ပြီးလုပ်လို့ရရင် လူတိုင်းလုပ်နေလောက်ပြီ။ ၄င်းဝန်ထမ်းမှာ မိမိဌာနအဆောက် အဦးအား ပြန်လည်ဗုံးခွဲမည်ဆိုတာ မဖြစ်နိုင်ကြောင်း၊ ၄င်းဝန်ထမ်းအား ရဲများမှအာရုံစိုက်နေခြင်းကြောင့် တရားခံအစစ်အမှန်အတွက် ရှောင်တိမ်းဖို့အချိန်ပေးသလိုဖြစ်နေပါတယ်…တရားခံအစ်အမှန်ကို အမြန်ဆုံးရှာဖွေသင့်သည်ဟု သက်ဆိုင်ရာအာဏာပိုင်များကိုအကြံပေးချင်ပါတယ်… မဟုတ်သောသူအား ဆက်လက်ဖမ်းထားခြင်းအားလည်း မဖြစ်သင့်တော့ပါ။

ယခုအခါ ၄င်းဝန်ထမ်းမှာ အချုပ်ထဲမှာ ဖမ်းထားတာကြားသွားလို့ဆိုပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အလုပ်မှထုတ်ပြစ်ခဲ့ပါတယ်။ သူလုပ်တာမဟုတ်ဘဲ မသင်္ကာတာနဲ့ဖမ်းပြီ့း အလုပ်ပြုတ်ခဲ့ရတော့ သူ့အတွက် အများပြီးနစ်နာပါတယ် အလုပ်ပြုတ်ခြင်းတွင် သူ့အားဖမ်းဆီးခဲ့သော သူများတွင် တာဝန်ရှိပါသည်။ အလုပ်ပြန်လည်ရရှိရေးအတွက် ၄င်းတို့မှ တာဝန်ယူသင့်သည်ဟု ထင်ပါသည်။ ၄င်းဝန်ထမ်းတွင် သမီးငယ်(၂)ဦးရှိပါတယ် ..ကျွန်တော်မှ ၄င်း၏မိသားစုများ စိတ်ဆင်းရဲနေရသည်ကို မကြည့်ရက်သောကြောင့် တင်ပြရခြင်းဖြစ်ပါသည်။
သမတကြီး သိရှိပါရန် နှင့် သမတကြီးနှင်တကွ ပြည်ထဲရေးဌာနမှ တာဝန်ရှိသူများက ကူညီဖြေရှင်းပေးပါရန် အသနားခံအပ်ပါသည်။

ဟင်္သာတမြို့ခံတစ်ဦး

ဗုံးပေါက်ကွဲမှုဖြစ်ပွားသည့် ကွန်ကရစ်လမ်း

ဟင်္သာတ ဗုံးပေါက်ကွဲမှုမှာ မတရားဖမ်းဆီးစစ်ဆေးခံနေရသူကို ပြန်လွှတ်ပေးစေလို (ပေးစာ) ဟင်္သာတ ဗုံးပေါက်ကွဲမှုမှာ မတရားဖမ်းဆီးစစ်ဆေးခံနေရသူကို ပြန်လွှတ်ပေးစေလို (ပေးစာ) Reviewed by သစ်ထူးလွင် on 08:55 Rating: 5

4 comments:

amtkhunlay said...

ပေါလွန်းလို့

ကမ္ဘာ့ထိပ်သီးအစည်းအဝေးတွင်ဖြစ်သည်။ အလွန်ကြီးမားခမ်းနားသော နေပြည်တော်တွင်ကျင်းပပြီး စားပွဲဝိုင်းကြီးအလယ်တွင် တွင်းနက်ကြီးတစ်ခုထားရှိသည်။

မလေးရှားမှ ကိုယ်စားလှယ်က စားအုန်းဆီ ၁၀ပေပါကို ဝေါခနဲ နေအောင်သွန်ချလိုက်ပြီး တစ်ခွန်းတည်းပြောသည်။

“ကျုပ်တို့ဆီမှာ ဆီအုန်းတွေက အများကြီး၊ နေရာတိုင်းမှာ ခုတ်မကုန်ဘူး” မြန်မာကိုငဲ့ကြည့်သွားသည်။

စင်ကာပူ ကိုယ်စားလှယ်က ရေသန့်ဂါလံ ၁၆၀၀ ကိုတွင်းနက်ကြီးထဲ သွန်ချလိုက်သည်။

“ကျုပ်တို့ဆီမှာ ရေသန့်တွေ အများကြီ်း၊ နေရာတိုင်းမှာ ချိုးမကုန်ဘူး” မြန်မာကို စောင်းကြည့်သွားသည်။

အရှေ့အလယ်ပိုင်း ကိုယ်စားလှယ်က အဖိုးတန်ရေနံ ဂါလံ တစ်ထောင် သွန်ချသွားပြီးပြောသွားပြန်သည်။

“ဒီသယံဇာတ တွေက ကျုပ်တို့ဆီမှာ အများကြီး၊ နေရာတိုင်းမှာ တူးမကုန်ဘူး” မြန်မာကို မျက်စိမှိတ်ပြသွားသည်။

မြန်မာအစိုးရ မခံချိမခံသာ ဖြစ်လာသည်။ ဒေါသထွက်လာကာ ဗုံးတစ်လုံးပစ်ခွဲပြီး တစ်ခွန်းတည်းပြောလိုက်သည်။

“ကျုပ်တို့ဆီမှာ ဗုံးတွေမှ အများကြီး၊ နေရာတိုင်းမှာ ဖောက်မကုန်ဘူး”

mysing မှ ကူယူဖော်ပြခြင်း ဖြစ်ပါသည်။

myo said...

င်္ဟသာတကလူကြီးတွေကဒီအတိုင်းဘဲဟေ့
ရိုးမြေကြဖြစ်နေပြီ
မဆိုင်သူကိုဆွဲဆိုင်သူကတော့
ကောင်းစားဟားဟား

ပုဂံစစ်သည် said...

ကိုယ့်ဘာသာခွဲပြီးတော့ မဆိုင်တဲ့သူတွေကို ဆွဲစိနေပါ့လား၊ ဗုံးခွဲတာက ဘယ်ပြည်သူမှလဲမလုပ်ဘူး၊ ဘယ်သူပုန်မှလဲ အတင့်ရဲပြီး လာမလုပ်ရဲဘူး၊ မင်းတို့ဘာသာ နိုင်ငံမတည်ငြိမ်ပါဘူး ဆိုတာပြချင်တာနဲ့ ခွဲခွဲနေတာ မသိရင်ခက်တယ်။

ဧရာဝတီသား said...

အသုံးမကျတဲ့ ဟင်္သာတကရဲတွေ ... မဟုတ်တဲ့သူကျတော့ ဖမ်းထားတယ် ... တရားခံအစစ်ကျတော့ မိအောင်မဖမ်းနိုင်ဘူး... ဒီလိုလူတွေ တိုင်းပြည်မှာရှိနေတာ တိုင်းပြည်နာတယ်... ဒီလောက်အသုံးမကျလဲ အလုပ်ကထွက်လိုက်ကျပေါ့ ... မင်းတို့အသုံးမကျတော့ မဆိုင်တဲ့သူတွေရဲ့မိသားစုတွေ ဘယ်လောက်တောင် စိတ်ဆင်းရဲနေလိုက်ကျမလဲ ...အဲဒီပြုတ်သွားတဲ့ဝန်ထမ်းအတွက် မင်းတို့အားလုံးမှာတာဝန်ယူတယ် ...

Powered by Blogger.