ရန်ကုန်တိုင်း အောင်နိုင်ရေး ဦးအောင်သိန်းလင်း ကြိုးပမ်း

ရန်ကုန် (မဇ္ဈိမ)။   ။ ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးများကို တရွာဝင်တရွာထွက် ကိုယ်တိုင်လိုက်ပါ ဆောင်ရွက်နေကြောင်း ကြံ့ခိုင်ရေးပါတီ ရန်ကုန်တိုင်း တာဝန်ခံ ဦးအောင်သိန်းလင်း က ပြောသည်။

ရန်ကုန်တိုင်း၊ သုံးခွမြို့နယ်အတွင်းရှိ ကျေးရွာများကို တနင်္လာနေ့က သွားရောက်ခဲ့ပြီး
ကော့မှူးမြို့နယ်ကိုလည်း အလေးထား စည်းရုံးနေရကြောင်း ရန်ကုန်မြို့တော်ဝန်ဟောင်းဖြစ်သည့် ဦးအောင်သိန်းလင်း က မဇ္ဈိမကို ပြောသည်။

"သုံးခွမှာ ရွာပေါင်း ၁၀ ရွာကို သွားခဲ့တယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ လစ်လပ်နေရာ ၆ နေရာ ရှိတဲ့အနက် ကော့မှူးမဲဆန္ဒနယ်ကိုတော့ အဓိကထားပြီးတော့ မဲဆွယ်မှု ပြူလုပ်ပါတယ်။ အရေးကြီးတယ်လေ သိတယ်မလား၊ အဲဒီနယ်က ဘယ်လိုဆိုတာ” ဟု ဒေါ်အောင်ဆန်းစုကြည် ၀င်ရောက်ယှဉ်ပြိုင်မည်ကို ဦးအောင်သိန်းလင်းက ရည်ညွှန်းပြောဆိုသွားသည်။

ရန်ကုန်တိုင်း ကြံ့ခိုင်ရေးပါတီ တာဝန်ခံ ဦးအောင်သိန်းလင်း ရွေးကောက်ပွအြောင်နိုင်ရေးအတွက် သုံးခွမြို့နယ်တွင်း စည်းရုံးရေးဆင်းနေသည်ကို မတ်လ ၂၀ ရက်နေ့က တွေ့ရစဉ်။ (ဓါတ်ပုံ - မဇ္ဈိမ)
ရန်ကုန်တိုင်း ကြံ့ခိုင်ရေးပါတီ တာဝန်ခံ ဦးအောင်သိန်းလင်း ရွေးကောက်ပွအြောင်နိုင်ရေးအတွက် သုံးခွမြို့နယ်တွင်း စည်းရုံးရေးဆင်းနေသည်ကို မတ်လ ၂၀ ရက်နေ့က တွေ့ရစဉ်။ (ဓါတ်ပုံ - မဇ္ဈိမ)


ထိုသို့ မဲဆွယ်စည်းရုံးရာတွင် ရွေးကောက်ပွဲပြီးပါက ၎င်းတို့ပါတီအနေဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်ပေးမည်ဟု ပြောဆိုစည်းရုံးခဲ့သည်ဟု ဆိုသည်။

“အဓိကကတော့ ဖွံ့ဖြိုးရေးတွေထဲမှာတော့ လမ်းခင်းတာ၊ လျှပ်စစ်မီး သွယ်တန်းပေးတာ၊ ရေရရှိရေး
ဆောင်ရွက်တာ၊ ငွေချေးတာ၊ ကျောင်းဆောက်ပေးတာ၊ ဆေးကုပေးတာတွေ ပါတယ်"ဟု ဦးအောင်သိန်းလင်းက မဇ္ဈိမကို ပြောသည်။

ကြံ့ခိုင်ရေးပါတီ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ရွေးကောက်ပွဲဥပဒေအရ ဖေဖေါ်ဝါရီလ ၈ ရက်နေ့ကတည်းက စတင်၍ ခေတ္တရပ်ဆိုင်းထားကြောင်း ဦးအောင်သိန်းလင်း က ပြောသည်။

ထိုသို့ရပ်ထားသည်ဟုဆိုသော်လည်း ရန်ကုန် အင်းစိန်လမ်းပေါ် သမိုင်းလမ်းဆုံရှိ ကြံ့ခိုင်ရေးပါတီ၏ ဖြိုးစေတနာ ဆေးခန်းကြီးတွင် ကော့မှူး၊ သုံးခွ၊ လှည်းကူး တို့မှ မျက်စိဝေဒနာရှင်များကို မျက်စိ အခမဲ့ စမ်းသပ်ခြင်း၊ ခွဲစိတ်ကုသပေးခြင်းတို့ ဆောင်ရွက်နေကြောင်း မျက်စိသွားရောက်ကုသခဲ့သူတဦးက
ပြောသည်။

"ကျမတို့ ကော့မှူးက မျက်စိရောဂါသမားတွေကို ကြံ့ခိုင်ရေးက လူတွေက လာပြောတယ်။
 ဆေးကုပေးမယ်ပေါ့။ ဒါကြောင့် လာပြတာပါ။ ထပ်ချိန်းလိုက်တယ်။ မျက်စိတိမ် ခွဲမယ်တဲ့"ဟု အသက် ၄၀ ကျော်အရွယ် အမျိုးသမီးတဦးက ပြောသည်။

အဆိုပါဆေးခန်းတွင် အပါတ်စဉ် သောကြောနေ့တွင် မျက်စိခွဲစိတ်ကုသပေးနေကြောင်း အဆိုပါဆေးခန်းက တာဝန်ကျ သူနာပြုဆရာမတဦးက ပြောသည်။

"ကျမတို့ သောကြာနေ့ဆိုရင် ဆရာဝန် ၃ ယောက်က လူနာတွေကိုကြည့်ပြီး လိုအပ်သလို လုပ်တာပါ။ ခွဲရမယ့်သူကို ခွဲတာပေါ့။ တရက်မှာ လူနာအဟောင်း အသစ် ပေါင်းရင် ၂၀၀ ကျော်မယ်"ဟု ဆရာမ က ပြောသည်။

ဦးအောင်သိန်းလင်းသည် နေပြည်တော်တွင် ကျင်းပနေသော လွှတ်တော်မှခွင့်ယူကာ ရန်ကုန်တိုင်း ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် လာရောက် ဆောင်ရွက်နေခြင်း ဖြစ်သည်ဟု ကြံ့ခိုင်ရေးပါတီ တိုင်းရုံးက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကော့မှူးမြို့နယ် ကိုယ်စားလှယ်လောင်းဖြစ်သည့်
 ဒေါ်အောင်ဆန်းစုကြည်သည်လည်း မတ်လ ၂၂ ရက်နေ့ ညနေ ၄ နာရီတွင် ကော့မှူးမြို့ရှိ ဝိဇ္ဇောကျောင်းတိုက် ရှေ့ကွင်းပြင်တွင် စည်းရုံးရေး ဟောပြောမည် ဖြစ်သည်။

“မဲဝယ်တာဆိုတာလည်း တရားမ၀င်ပါဘူး။ တို့အဖွဲ့ကို မဲပေးရင် ဒါပေးမယ်၊ ဟိုဟာပေးမယ်ဆိုတာ ဒါလည်း တရားမ၀င်ဘူးဆိုတာ ကျမ သတိပေးပါရစေ။ နောက်ပြီး မက်လုံးပေးပြီး ဒါတွေဒါတွေ လုပ်ပေးမယ်ဆိုတဲ့သူတွေကို မယုံပါနဲ့” ဟု နေပြည်တော် မဲဆွယ်စည်းရုံးရေးခရီးတွင်
 ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောဆိုခဲ့ဖူးသည်။

NLD အနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲ ကြွေးကြော်သံများအဖြစ် တရားဥပဒေစိုးမိုးရေး၊
 ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးတို့ကို ပြည်သူလူထုထံ တင်ပြစည်းရုံးနေသည်။

မဲပေးနိုင်သူ ဦးရေ ၈၇,၀၀၀ ဦးရှိသည့် ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် NLD မှ ဒေါ်အောင်ဆန်းစုကြည်၊ ကြံ့ခိုင်ရေးပါတီမှ ဒေါက်တာ စိုးမင်း၊ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီမှ ဦးတင်ရီတို့ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
ဒေါက်တာစိုးမင်း ကော့မှူးမှာစည်းရုံးရေးဆင်းနေစဉ်
ရန်ကုန်တိုင်း အောင်နိုင်ရေး ဦးအောင်သိန်းလင်း ကြိုးပမ်း ရန်ကုန်တိုင်း အောင်နိုင်ရေး ဦးအောင်သိန်းလင်း ကြိုးပမ်း Reviewed by သစ်ထူးလွင် on 09:19 Rating: 5

16 comments:

Ko Htet said...

အောင်မလေးဗျာ----
ဒါများအမတ်တဲ့၊ လွှတ်တော်ကတောင်ခွင့်ယူရတယ်ဆိုပါလား။
တစ်ခါထဲ အပြီးယူလိုက်ပါလား၊ မိအောင် ရဲ့။
တော်ပါပေတယ်------

amtkhunlay said...

သတင်းကောက်နုတ်ချက်။
ပြည်သူ့ရင်ကို လှုပ်ရှားစေသော ဒေါက်တာ စိုးမင်း။ (ဓါတ်ပုံ)
ပြည်သူ့ဘဏ္ဍာကို ခေါင်းစဉ်ပြောင်းတတ်လိုသော ဦးအောင်သိန်းလင်း။
တာဝန်ကို လျစ်လျူရှု၍ မိမိကိုယ်ရေးကိုယ်တာ (အောင်နိုင်ရေးမက်လုံးပေးမဲဆွယ်)ကို ရှေ့တန်းတင်သည့် နိုင်ငံ့ဝန်ထမ်း။

မျိုးချစ်လူငယ် said...

ဘယ်သူမှ မထောက်ခံဘူး။ ငရဲသားအဖွဲ့ ကြံ့ဖွံ့ရေ။

ယုယ said...

မဲဆွယ်တာနဲ့မတူဘူး
ထီးမိုး၊ ငွေထုပ်ကိုင် နောက်လိုက်အချွေအရံနဲ့ ဓနရှင် ပြည်သူကို ညစ်တော့မယ့်ပုံစံမျိုးပါလား
ပြည်သူတွေရေ သတိသာထား
အဲဒီလူက ငညစ်
ငခိုး
ငစုတ်ပဲ့
ငရူး

အမြင်သစ် said...

ကပ်ဖားရပ်ဖား လုပ်တဲ့သူ ၁၀ ယောက်လောက်နဲ့ စည်းရုံးရေးခရီး
စဉ်ပါလား။ မအောင်သိန်းလင်းရေ။ မရှက်ဘူးလား .သူတောင်း
စားရဲ့

KKK said...

အောက်လမ်းနည်းတွေ မသုံးပါနဲ့ ကြံဖွပ်
သတ်တိရှိရင် စိမ်ခေါ်ပြီး တရားဝင် မှန်ကန်တဲ့နည်းလမ်းနဲ့ပြိုင်ပါ
ရွေးကောက်ပွဲဆိုတာ ခေတ်သစ်စီးချင်းတိုက်ပဲါဘဲ

KL

DhammaWeb said...

တစ်ယောက်ကမှလည်းမကြိုပါလား။

Anonymous said...

Thoe Yaung Saung Won Pa Lawe Myar

thant said...

အဲဒီ့ဒေါက်တာစိုးမင်းပေါ့...
ဟိုနေ့က ဂျာနယ်တစ်စောင်က အင်တာဗျူးတော့ သခင်သန်းထွန်းနဲ့
ဗိုလ်ချုပ်အောင်ဆန်းက ညီအစ်တစ်ဝမ်းကွဲလို့ပြောတာလေ...သမိုင်းကြောင်း
လည်းကောင်းကောင်းမသိဘူး...စာလည်းမဖတ်ဘူးနဲ့တူတယ်...
ဂျာနယ်ကလည်း ဆော်ထည့်လိုက်တယ်..အင်တာဗျူးရဲ့အောက်ဆုံးမှာ
(မှတ်ချက်။ ။သခင်သန်းထွန်းနှင့်ဗိုလ်ချုပ်အောင်ဆန်းတို့သည် မယားညီအစ်ကို ဖြစ်ပါသည်)ဆိုပြီး အမှန်ကို ထည့်ပေးလိုက်တယ်..

သုဘရာဇာ said...

ချီးလှည်းကြီးပါဗျာ...S.Okkalapa အလုပ်,လုပ်နေတုန်းက လမ်းခင်းမယ်ဆိုပြီး ကတ္တရာတုံးတွေလာချသွားတယ်...ဘယ်ဟုတ်မလည်းဗျ..ဖာထေးသွားတာလေ..တစ်နှစ်ကျော်လောက်ကြာမှ ကိုယ်ထူကိုယ်ထနဲ့ အဲဒီလမ်းထဲကလူတွေလုပ်လိုက်တော့မှ ကွန်ကရစ်လမ်းဖြစ်သွားတာ..မသိဘူးထင်နေလားမသိဘူး....

nandar said...

တို့ရွာက ကြက်ပွဲလောက်တောင်အဆင့်မရှိဘူး။ စောက်ရှက်ကိုမရှိဘူး။ခွေးနေရာရှာတယ်ဆိုတာ ဒါမျိုးပေါ့။ထွီ

Anonymous said...

တရွာဝင်တရွာထွက် ဦးဟောင်သိန်းလင်းမှ ဦီးဆောင်ကာ ဟောင်ပြောပွဲပြုလုပ်

aung naing said...

ခင်ဗျားတိုစစ်ဗိုလ်တွေကိုပြည်သူတွေကမယုံကြည်တော့ဘူးဗျ။စစ်ဗိုလ်တွေလီမ်ညာတာ၊ဖိနိပ်တာတွေ၊ဒုက္ခပေးတာတွေပြည်သူတွေဆက်မခံစားနိုင်တော့ဘူး၊စစ်ဗိုလ်တွေတိုက်ဆောက်ပြည်သူတွေဗိုက်မှောက်။

အတာ said...

သြော် .. ဒါက လက်ရှိဝန်ကြီးရဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေး ခရီးစဉ်တဲ့လား .. လမ်းဘေး ခြင်းဝိုင်းကမှ လူစည်ဦးမယ် ... ပြီးတော့ ပြည်သူကို အလုပ်ကျွေးပြုဖို့ သစ္စာဆိုပြီး ဆေးပညာလေ့လာထားတာက ကိုယ်ကျိုးအတွက် ဆေးကုပေးဖို့ မဲဆွယ်ဖို့ လုပ်ရုံသက်သက်သာ သုံးလိုက်တဲ့ ဒေါက်ချာဆိုးမင်း ... အင်း လိုက်လည်းလိုက်ပါတယ် ဖိနပ်ပြတ်နဲ့ ခွေးငတ်တွေ ...။

အတာ said...

ပြည်သူ့မျက်နှာထက် ပါတီမျက်နှာကို ကြည့်နေသူတွေကို မဲပေးရင် ပေးတဲ့သူရဲ့ အမှားပဲနော်.. ပါးစပ်က ပြည်သူအတွက် ပြည်သူအတွက်နဲ့ သူ့မိန်းမက ပြည်မြို့သူလား မသိဘူး ... (ပြည်မြို့က အမျိုးသမီးတွေ အဲ့လောက် အသိဥာဏ် မနည်းပါဘူး .. ဖြစ်နိုင်ဘူး)

lynnyaungsin said...

Copycat...?
Why can't you hold umbrella for yourself???

Powered by Blogger.