မတ်လ ၁၄ ရက်နေ့မှ စတင်ကာ နိုင်ငံခြား ဖုန်းခေါ်ဆိုခ နှုန်းထားများ လျှော့ချ

ပြည်တွင်း ကနေ နိုင်ငံခြားကို ခေါ်ဆိုတဲ့ ဖုန်းခနှုန်းထား တွေကို မတ်လ ၁၄ ရက်နေ့က စတင်ကာ လျှော့ချ ကောက်ခံ သွားမှာ ဖြစ်တယ်လို့ မြန်မာ့ ဆက်သွယ်ရေး
လုပ်ငန်းရဲ့ ထုတ်ပြန်ချက် အရ သိရပါတယ်။ ဒီလို လျှော့ချရာမှာ ဈေးနှုန်းများ အနေနဲ့ ပြည်တွင်းမှ တစ်ဆင့် အာဆီယံ နိုင်ငံများနဲ့ တရုတ်၊ အိနိ္ဒယ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံများကို ခေါ်ဆိုပါက ပထမ တစ်မိနစ်ကို ၁.၂၀ ဒေါ်လာနဲ့ နောက်တိုး ၆ စက္ကန့်တိုင်း အတွက် ၀.၁၂ ဒေါ်လာ၊ အာရှတိုက် အရှေ့ပိုင်းနဲ့ တောင်ပိုင်းကို ခေါ်ဆို ပါက ပထမ တစ်မိနစ်ကို ၁.၄၀ ဒေါ်လာနဲ့ နောက်တိုး ၆ စက္ကန့်တိုင်း အတွက် ၀.၁၄ ဒေါ်လာ၊ အာရှတိုက် အလယ်ပိုင်းကို ခေါ်ဆိုပါက ပထမ တစ်နစ်ကို ၁.၈၀ ဒေါ်လာနဲ့ နောက်တိုး ၆ စက္ကန့် တိုင်းအတွက် ၀.၁၈ ဒေါ်လာ၊ ဥရောပ၊ အာဖရိက၊ သြစတြေးလျ၊ အမေရိက အစရှိတဲ့ နိုင်ငံတွေကို ခေါ်ဆိုပါက ပထမ တစ်နစ်ကို ၂.၄၀ ဒေါ်လာနဲ့ ထပ်တိုးတဲ့ ၆ စက္ကန့်တိုင်း အတွက် ၀.၂၄ ဒေါ်လာ ပေးဆောင်ရမှာ ဖြစ်တယ်လို့သိရပါတယ်။

ဒါ့အပြင် ဂြိုဟ်တု ဆက်ကြောင်း နိုင်ငံများကို ခေါ်ဆိုရင်တော့ မိမိတို့ ခေါ်ဆိုတဲ့ နိုင်ငံအပေါ် မူတည်ကာ ၃.၅၀ ဒေါ်လာမှ ၆.၉၅ ဒေါ်လာထိ ပေးဆောင်ရမှာ ဖြစ်ပါတယ်။ အခုလို နိုင်ငံခြား ဖုန်းခေါ်ဆိုခ နှုန်းထားတွေကို လျှော့ချမှု ကိုတော့ ပြည်တွင်း မှာရှိတဲ့ အော်တို တယ်လီဖုန်းက တစ်ဆင့် ခေါ်ဆိုမှုတွေ အတွက် နှုန်းထားများကို လျှော့ချတာ ဖြစ်တယ်လို့ သိရပါတယ်။
MRTV-4
 
မတ်လ ၁၄ ရက်နေ့မှ စတင်ကာ နိုင်ငံခြား ဖုန်းခေါ်ဆိုခ နှုန်းထားများ လျှော့ချ မတ်လ ၁၄ ရက်နေ့မှ စတင်ကာ နိုင်ငံခြား ဖုန်းခေါ်ဆိုခ နှုန်းထားများ လျှော့ချ Reviewed by သစ်ထူးလွင် on 16:02 Rating: 5

3 comments:

Bravo said...

ဝါးလုံးခေါင်းထဲမှာ လသာဆဲပါလား။ ဖါးငယ်ကတော့ ကိုယ့်ရေအိုင်ကြီးလှပြီထင်နေရော့လားပဲ။ globalization ဘယ်မလဲဗျာ။

pyaponthu said...

မလေးရှားမှ အာရှနိုင်ငံများသို့ခေါ်သောနှန်းတားများ.......မြန်မာ.၀.၄၂senဒေါ်လာ..ဘင်္ဂလာ.၀.၀၇sen ဒေါ်လာ..အိန္ဒိယ.၀.၆sen ဒေါ်လာ..နီပေါ.၀.၂၀sen.ဒေါ်လာ.ကမ္ဘောဒီယား..၀.၁၅sen.ဒေါ်လာ
ဖိလစ်ပိုင်.၀.၂၃senဒေါ်လာ..တရုတ်.၀.၀၅sen.ဒေါ်လာ.အင်ဒိုနီးရှား...၀.၁၁senဒေါ်လာ....အဲ့ဒါ အမေရိကန်တို ဥရောပတို့မပါသေးဘူး။အာဆီယမ်နိုင်ငံခြင်းဘဲယှဉ်ထားတာ။မြန်မာ ပြည်ဘယ်လောက်ဆက်သွယ်ရေးညံဖြင်းလဲဆိုတာနဲ့ ယှဉ်ပြီးတောင်မလုပ်နိုင်တာ။ဘာကြောင့်လဲယယ????????

mgmgsann said...

၇ှက်တတ်စမ်းပါ ဆက်သွယ်ေ၇းဝန်ကြီး၇ယ် ကမောဒီယားလိုနိုင်ငံသေးသေးလေးတောင် လူတကာဖုန်းကိုင်နိုင်ပြီး နိုင်ငံတကာ ကိုခေါ်ခက မြန်မာငွေ ၁၀၀ နဲ့၁မိနစ်လောက်ပြောနိုင်နေပြီ
ဘန်ဂလားဒေ့၇ှ်လို နိုင်ငံက မြန်မာငွေ၁၀၀ နဲ့ နိုင်ငံတကာကို ၁မိနစ်မကပြောနေနိုင်တဲ့အချိန်မှာ မြန်မာက ခုထိ တမိနစ်ကို မြန်မာငွေ ၁၀၀၀ လောက်ဆိုတော့ ဘာကိုလျော့တာလဲ

Powered by Blogger.