တန်ဖိုးနည်း ဂျီအက်စ်အမ် ဖုန်းများ စတင် ဖြန့်ချိ

တန်ဖိုးနည်း GSM ဖုန်းအတွက် E Lite မှ ရှမ်းပြည်နယ် တောင်ပိုင်းနဲ့ ကယား ပြည်နယ်ကို တာဝန်ယူပြီး ဖြန့်ချိမှာ ဖြစ်တယ်လို့ သိရပါတယ်။ မတ်လ ၁၄ ရက်နေ့
ဒီကနေ့မှာ တန်ဖိုးနည်း ဖုန်းတွေကို ပြည်နယ် ၇ ခုမှာ စတင် ရောင်းချတာ ဖြစ်ပြီး E Lite ကလည်း ပြည်နယ် ၂ ခုကို တာဝန်ယူ ဖြန့်ချိသွားမှာ ဖြစ်ပါတယ်။ အခုလို ဖြန့်ချိရာမှာ ရှမ်းပြည်နယ် တောင်ပိုင်း ဒေသအတွင်း တောင်ကြီးမြို့၊ ကလောမြို့၊ အောင်ပန်းနဲ့ ညောင်ရွှေမြို့ အပေါ်ပိုင်း တွေမှာရှိတဲ့ ဆက်သွယ်ရေး ရုံးတွေနဲ့ ကိုယ်စားလှယ် အရောင်း ဆိုင်တွေမှာ ၀ယ်ယူ ရရှိနိုင်မှာ ဖြစ်ပါတယ်။

ကယားပြည်နယ် အနေနဲ့လည်း မြို့ပေါ်မှာရှိတဲ့ သက်ဆိုင်ရာ ဆက်သွယ်ရေး ရုံးတွေမှာ ၀ယ်ယူနိုင်မှာ ဖြစ်ပါတယ်။ ဒီလို ၀ယ်ယူရာမှ ဓါတ်ပုံနှစ်ပုံ၊ မှတ်ပုံတင် မူရင်းနဲ့ မိတ္တူ အပါအ၀င် ကိုယ်ရေး အချက်အလက် အပြည့်အစုံ ပါဝင်ရမှာ ဖြစ်တယ် လို့လည်း သိရပါတယ်။ အခု မတ်လ ၁၄ ရက်နေ့ ဒီကနေ့မှာ ပြည်နယ် ၇ ခုကို တန်ဖိုးနည်း GSM စတင် ရောင်းချမှာ ပေးသလို မတ်လ ၂၈ ရက်နေ့ မှာတော့ ရန်ကုန်နဲ့ မန္တလေးတိုင်း ဒေသကြီး မပါဝင်ဘဲ ကျန်တိုင်း တွေနဲ့ နေပြည်တော်မှာ ဆက်လက် ရောင်းချ သွားမယ်လို့ သတင်း ရရှိပါတယ်။
MRTV-4
တန်ဖိုးနည်း ဂျီအက်စ်အမ် ဖုန်းများ စတင် ဖြန့်ချိ တန်ဖိုးနည်း ဂျီအက်စ်အမ် ဖုန်းများ စတင် ဖြန့်ချိ Reviewed by သစ်ထူးလွင် on 15:57 Rating: 5

17 comments:

ရာရာ said...

တော်တော်လေး ကလိမ်ကကျစ်ဥာဏ်ပြေးတဲ့သူတွေပဲ...ဆက်သွယ်ရေးခက်ခဲပြီး အချဉ်ဖေါက်လို့ရမယ့် နေရာမှာ အရင် ဖျံကျဦးမယ်။...ခင်ဗျားတို့တွေးတာမှန်ပါတယ်...ရန်ကုန်နဲ့မန္တလေးမှာစပြီးရောင်းလို့ကတော့ တစ်လုံးမှ ရောင်းရမှာမဟုတ်ဘူး။ ခင်ဗျားတို့ မတရားလုပ်စားနေတာသိနေကြပြီကိုးဗျ။

gwantaylay said...

ရန်ကုန်နဲ့မန်းလေးချမပေးလဲ ကိစ္စမရှိပါ ..အကြောင်းအရင်းမှုာ ၀ယ်မည့်သူ မရှိသလောက်ရှားပါးသောကြောင့်ဖြစ်ပါတော့သည်..ဒန့် ဒန့် ဒန့်..မ၀ယ်ဘူး..ချပေးလဲ မ၀ယ်ဘူး..မ၀ယ်ကြနဲ့..လူလိမ်တွေရောင်းတဲ့ဖုန်းကို မ၀ယ်ကြပါနဲ့ ၀ယ်တဲ့သူ အရူး..။

Myanmar said...

ကမ္ဘာ့ ဈေးအကြီးဆုံး။ ၇တဲ့ဆားဗစ်နဲ့ ပေး၇တဲ့ပိုက်ဆန် မတန်ဆုံး။ တာဝန်ယူမှုတာဝန်ခံမှု မ၇ှိဆုံး။ ကမ္ဘာ့၇ှက်စ၇ာ အကောင်းဆုံး မြန်မာနိုင်ငံလက်ကိုင်ဖုန်း။ ။

nyi lay said...

လောကကြီးမှာ အကောင်းမြင်တဲ.လူ တော်တော်နည်းသွားပြီနော်။

Anonymous said...

ဆင်းကဒ် ၁ ခု = ဒေါ်လာ ၂၄၀ ။ ယနေ. 2012 မှာ မြန်မာပြည်မှာ ဒီဈေးနဲ.ရောင်းတာ တာဝန်ဘယ်သူယူမှာလဲ ။ နိုင်ငံတကာဈေး ရောသိရဲ.လား ၊ ဦးသိန်းစိန် ၊ ဦးရွှေမန်း ပြောင်းလဲမယ် ဆိုတာမပြောပါနဲ.တော.။ ဒါတွေက ဖေါ ရှော တွေ ပါ ။ ၁၅ သိန်း နဲ.ရောင်း ထားတဲ. money တွေ ဘယ်မှာလဲ ။

စေလိုရာ said...

ဟုတ်တယ်

တနသ်ာရီသတင်း said...

မိုးထက်(မြိတ်)
ဟေးကောင်ရာရာမင်းဘာလျှောက်ပြောနေတာလဲသူကသုံးမရပဲ့ရောင်းမှာလား
အေးဒါပေမဲ့ဖွဲ့ဖြိုးရှဲနိုင်ငံအနေနဲ့ဂြိုလ်တုမလုပ်နိုင်သေးတာဒီလောက်တောအခတ်အခဲရှိမှာပေါ့...မကြေနပ်ရင် boblay30 ကိုဆက်သွယ်လိုက်ပါ ရာရာ..

Myanmar said...

မြန်မာနိုင်ငံမှာရိုးနေပြီဗျ အပေါ်ကကွန့်မန်းပေးတဲ့အစ်ကိုရ တော်သေးတာပေါ့ ကျေးရွာတွေမှာ တိုင်ချင်းဆက်မနေလို့ ( ဟိုတုံးကလိုပေါ့ ခရိုင်ချင်းဆက်လမ်း၊ ကျေးရွာချင်းဆက်လမ်း) ရှိခဲ့ရင် အဲရွာတွေ အရင်ရောင်းမှာဗျ ။ လုပ်ထားကြပေါ့ဗျာ

မိုးစက်ဖြူ said...

တော်တော် ရီစရာ ကောင်းသကွာ ။.. “ ၀ယ်ယူရာမှ ဓါတ်ပုံနှစ်ပုံ၊ မှတ်ပုံတင် မူရင်းနဲ့ မိတ္တူ အပါအ၀င် ကိုယ်ရေး အချက်အလက် အပြည့်အစုံ ပါဝင်ရမှာ ဖြစ်တယ် ” ...။မွေးစာရင်းနဲ့ ၊သန်ခေါင်းစာရင်း
လေးပါ..ဘာလို့ မတောင်းတာလဲ။ စောက်ပေါတွေ ရဲ့..။ ဖုန်းဆိုတာ..Luxary(ဇိမ်ခံပစ္စည်း) မဟုတ်ဘူးကွ။ ဘာမှမဟုတ်တဲ့ ဟာကို ရေးကြီး ခွင်ကျယ်နဲ့ တန်ဖိုးရှိတဲ့ ပုံစံနဲ့ လုပ်ပြချင်နေသေးတယ်။ (မှတ်ပုံတင် သို့  Identify ပြဖို့  သက်သေခံ ကဒ်ဆိုတာတော့ international မှာ လည်းအမှန်တကယ်သုံးစွဲ ရင် တောင်းလေံ ရှိတတ်ပါတယ်။ ဒါကို-ကလေးတောင်သိတယ်။) E-lite ရေ..အဲ့လောက် တန်ဖိုးရှိတဲ့ ဖုန်းတွေ ကို အောင်တောင်း ကြီးရဲ့ ..လှိုင်မြင့်မိုရ်ခြံကြီးမှာ-နတ်ကွန်းကြီးကြီနဲ့း ပြခန်းသွင်းပြီး၊ အုန်းပွဲ ဌက်ပျောပွဲ နဲ့ ကောင်း၂ ကိုးထားပါ လား။ ပြီး-ထပ်ကြော်ငြာလိုက်ပါ...ရေစိမ်သောက် သေးပေါက်၏ လို့ ။ မပျက်မချင်း တာရှည်ခံ၏ လို့ ။ ဒီထက်ပို စီးပွားဖြစ်ချင်ရင် တော့...အာဖရိက တောထဲသွား ရောင်း ။

Anonymous said...

low cost ;; only 240 US $ ... ? ? ? 5 X SALARY OF LD STAFF.

seanltt said...

ဖြစ်နို်င်ဆုံး မဝယ် ကြဘို့ စီးလုံးကြါ

Sandy Win said...

ဒေါ်လာ ၂၄၀ နော် ။ အောက်တန်းစာရေးတယောက်ရဲ. လစာ ရဲ. ၅ ဆနီးပါးနော် ၊ ဦးသိန်းစိန် ၊ ဦးရွှေမန်း သိပုံမရပါ ၊။ (မသိချင်ဟန်ဆောင်နေတာလည်း ဖြစ်နိုင်ပါတယ်)

kksai said...

အင်တာနက်ရမလားလို့ CDMA 800 ဖုန်းဝယ်ထားတာ အဲဒီဖုန်းတွေ ရောင်းမကုန်လို့်လား ခုထိသုံးခွင့်လည်းမရသေးဘူးဗျာ နောက်ထပ်ပိုက်ဆံကြီးကြီးရအောင်လုပ်နေပြန်ပြီ အဖြစ်တူသူများရှိရင် ၀ိုင်းပြောပေးကြပါဦး

တနသ်ာရီသတင်း said...

မိုးထက်(မြိတ်)
ိအပေါ်ကအရူးတွေဘာလျှောက်ပြောနေတာလဲ နိုင်ရင်ဝယ်သုံး မနိုင်ရင်မ၀ယ်သုံး
နဲ့ ဘာမှပြောနေစရာမလိုဘူး မင်းတို့ဦးနှောက်အလုပ်လုပ်သေးရဲ့လား
မင်းတို့လည်းလုပ်နိုင်တာမဟုတ်ဘူး..

တနသ်ာရီသတင်း said...

မိုးထက်(မြိတ်)
ိအပေါ်ကအရူးတွေဘာလျှောက်ပြောနေတာလဲ နိုင်ရင်ဝယ်သုံး မနိုင်ရင်မ၀ယ်သုံး
နဲ့ ဘာမှပြောနေစရာမလိုဘူး မင်းတို့ဦးနှောက်အလုပ်လုပ်သေးရဲ့လား
မင်းတို့လည်းလုပ်နိုင်တာမဟုတ်ဘူး..

sean said...

ရိုးရိုး သတိပေးတာ .. စိတ်ဆိုးမာန်ဆိုးနဲ့ တုံ့ပြန်တယ်.. မရောင်းရမှာ သိတ်စိုးးရိမ်နေတယ်ထင်တယ်..
ကို ဘိုဘလေး တို့ရေ အချိန်ခါရေစီးကြောင်းရဲ့သဘောကိုနားလည်ကြပါ..သေနပ်တေ့ပြီးရောင်းရင်တော့တမျိုးပေါ့..
ပတ်ဝန်းကျင် နိုင်ငံ တွေဆီကလို ဈေးသက်သက်သာသာ ကောင်းကောင်း လူတွေ သုံးချင်ကြတာ မှန်ကန်ပါတယ်ဗျာ..မှားနေတာက ခင်ဗျားတို့အုပ်စုပါဗျာ

Myanmar said...

ကရင်နီ(ကယား)ပြည်နယ် လွိုင်ကော်မြို့မှာ ကျပ်နှစ်သိန်းတန် မိုဘိုင်းဖုန်းများကို မတ်လ ၁၄ ရက်နေ့ကစတင်ပြီး ရောင်းချပေးနေပါတယ်။

ဖုန်းဝယ်ယူလိုသူ အချို့ကတော့ အဆိုပါ နှစ်သိန်းတန်ဖုန်းကို အယုံအကြည်မရှိသေးဘဲ လိုင်းအားအခြေအနေကို ဆက်လက်စောင့်ကြည့်ဦးမယ်လို့ ဆိုကြပါတယ်။

"စလာချပေးတဲ့နေ့က ကျနော် သွားဝယ်မလို့ သွားမေးသေးတယ်” အခုရောင်းချပေးနေတဲ့ CDMA နှစ်သိန်းတန်ဖုန်းကို “ပြည်နယ်တွေကို ပိုဦးစားပေးတယ်တဲ့ ဒါပေမဲ့ လှိုင်းက ဒီလွိုင်ကော်ကပဲ ဆိုတော့ အဝေး(ဒီးမော့ဆိုနဲ့ဖရူဆိုဘက်)ဆို သုံးမရဘူးလေ။ လှိုင်းကိုတော့ နောက်လမှ ထပ်ချဲ့ပေးမယ်လို့ပြောတာပဲ။ ဖုန်းကိုတော့ အရင်လာရောင်းပြီ။ လှိုင်းကို နောက်မှ လာချဲ့မယ်ဆိုတော့ သိပ့်မယုံဘူးလေ။ တော်ကြာ ပိုက်ဆံက သူတို့ လက်ထဲ ရောက်သွားရင် မချဲ့ရင် ဘာမှလည်း သုံးလို့ရမှာ မဟုတ်တဲ့အတွက် မဝယ်ဖြစ်ဘူး"

Powered by Blogger.