ထက်ထက်မိုးဦးအား အမိန့်ချမည့် အစီအစဉ် ထပ်မံရွှေ့ဆိုင်း

ထက်ထက်မိုးဦး အား ရုံးချိန်းတခုတွင်းတွေ့ ရစဉ်
7 Days သတင်းဂျာနယ်မှ သတင်းထောက်တစ်ဦးအပေါ် ကိုယ်ထိလက်ရောက် ကျူးလွန်မှု့ဖြင့် တရားစွဲဆိုခံထားရသူ သရုပ်ဆောင် ထက်ထက်မိုးဦးအား အမိန့်ချမှတ်မည့်ရက်ကိုရန်ကင်းမြို့နယ် တရားရုံးပြောင်းရွှေ့ရေးအား ဦးစားပေး ဆောင်ရွက်နေရသောကြောင့် မတ်လ(၂၃)ရက်နေ့ နောက်ပိုင်းတွင်မှ အမိန့်ချမှတ်မည်ဟု 7 Days သတင်းထောက် မအေးသူစံက The Voice Weekly သို့ ပြောကြားသည်။

 အဆိုပါ အမှုမှာ ၂၀၁၀ ခုနှစ် မေလ ၁၉ ရက်နေ့ ညဦးပိုင်းတွင် ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်တွင် ပြုလုပ်သော ကုန်ပစ္စည်း မိတ်ဆက်ပွဲ တစ်ခုတွင် ထက်ထက်ဦးမိုးဦးက ယင်းဂျာနယ် သတင်းထောက် မအေးသူစံကို ကိုယ်ထိ လက်ရောက် ကျူးလွန်ခဲ့ကြောင်း တရားလို ဖြစ်သူက စွပ်စွဲထားသည်။
The Voice Weekly 
ထက်ထက်မိုးဦးအား အမိန့်ချမည့် အစီအစဉ် ထပ်မံရွှေ့ဆိုင်း ထက်ထက်မိုးဦးအား အမိန့်ချမည့် အစီအစဉ် ထပ်မံရွှေ့ဆိုင်း Reviewed by သစ်ထူးလွင် on 17:31 Rating: 5

13 comments:

OZI said...

Why this case had being delayed for nearly two years?

thetlay said...

မအေးသူစံက ထက်ထက်မိုးဦးကို ဘာမေးခွန်းများသွားမေးမိလို့လဲမှမသိတာ။ သူများကိုယ်ရေးကိုယ်တာကို အဲဒီလောက်ထိတော့ မစွက်ဖက်သင့်ပါဘူး။ သူ မကြိုက်တာသွားမေးမိတဲ့အတွက်ကြောင့် ကိုယ်ထိလက်ရောက်လုပ်မိတာ ဖြစ်နိုင်ပါတယ်။ တကယ်လို့ ကိုယ်ကိုတိုင်အမေးခံခဲ့ရရင် ကိုယ်လည်းအဲဒီလိုပဲ လုပ်မိနိုင်ပါတယ်။ ကိုယ်ချင်းစာကြည့်ပါနော်။ မထက်ဆိုတာ ပြည်သူချစ်တဲ့ အနုပညာရှင်တစ်ယောက်ပါ။ မအေးသူစံကိုလည်း အပြစ်ပြောတာမဟုတ်ပါဘူး။ ဘယ်အလုပ်ပဲဖြစ်ဖြစ် သေချာစဥ်းစားပြီးလုပ်ပေးသင့်ပါတယ်။ အဆင်ပြေပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။.

Violin Angle said...

ငါတို့မြန်မာပြည်ကတရားစီရင်တာလန်ထွက်နေတာပဲ ပါးရိုက်တဲ့အမှုကို ၂နှစ်လောက်ကြာအောင်စစ်ဆေးရတယ် ခိခိ

chawthu said...

နိုင်ငံတကာမှ Live interview show တွေ၊ topic show တွေမှာ ဘယ်လိုတွေ မေးဖြေနေကြတယ်ဆိုတာ ဒီမင်းသမီး ကြည့်မှ ကြည့်ဖူးလေစွ......။ မြန်မာနိုင်ငံဖြစ်နေတဲ့အတွက် ငါတို့ဓလေ့၊ လူနေမှုစရိုက်နဲ့ မညီတဲ့ မေးခွန်းဖြစ်ခဲ့တယ်လို့ သူ ယူဆခဲ့ရင်တောင် လက်ပါတဲ့အထိတော့ မလုပ်သင့်ဘူး.....။ ဘယ်အင်တာဗျူးမဆို မေးတဲ့သူနဲ့ သူတို့လို နာမည်ကျော်တွေက အလုပ်သဘောအရ ဘယ်ဟာတွေ၊ ဘယ်လိုတွေပဲ မေးဖြေ ကြရအောင်ဆိုပြီး ဒီနိုင်ငံမှာ လုပ်ငန်းမစခင်ကတည်းက စည်းဝါးရိုက်၊ ဇာတ်တိုက် နေကြပဲ.... အထူးအဆန်းမှတ်လို့......။ သတင်းထောက်ကလည်း မေးခွန်းတစ်ခုကို အတွင်းထိ နှိုက်ခဲ့တယ်ဆိုရင်တောင် အမေးခံရတဲ့သူက မကျေနပ်ရင် သတင်းထောက်ကို မောင်းထုတ်လိုက်လို့ရတယ်...... ဒါမှမဟုတ် သူတို့ ဂျာနယ်တိုက်က အကြီးအကဲကို တိုင်ကြားအုန်းမလား၊ ပြန်တောင်းပန်ခိုင်းဦးမလား..... တခြား မီဒီယာတွေကနေ လုပ်ရပ်ကို ရှုံ့ချဦးမလား...... ဒါမှမဟုတ် သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို သတိပေးခိုင်းဖို့လည်း လုပ်လို့လည်းရပါတယ်.....။ ကျွန်တော်ပြောနေတာက အဆင့်အတန်း ရှိတဲ့ လူတွေ လက်တုန့်ပြန်နည်းပါပဲ......။ ဒီအမှုမှာတော့ သတင်းထောက်က မေးခွန်းရွေးချယ်မှု အမှားရှိခဲ့ရင်တောင် လက်ပါတဲ့အထိတော့ တစ်ဖက်က မပြုလုပ်သင့်ဘူး......။ မင်းသမီး မှန်တယ်လို့ ထောက်ခံတဲ့သူတွေလည်း တွေ့ရပါရဲ့......ကျွန်တော်တို့ကတော့ အင်တာဗျူးသူဟာ ပရိတ်သတ်အတွက် သတင်းပေးဖို့ သူ့လုပ်ပိုင်ခွင့်ကို အသုံးချတာထက် ဘာမှ မပိုဘူး လို့ယူဆတယ်.....။ အဲ မှားသွားတယ် ဆိုရင်တောင် သူ့စည်း ကိုယ့်စည်းကျော်ရုံလေးလို့ပဲ မြင်မိပါတယ်......။ ဆံပင်ဆွဲ၊ ပါးရိုက်ပြီးမှ ငါမေးတာဖြေလို့ဆိုပြီး သူက ဖြေခိုင်းတာမှ မဟုတ်တာ......။ ပင်ကိုယ်အခံ မကောင်းတဲ့လူတွေက လုပ်ရပ်တွေလည်း မကောင်းဘူး ဆိုတဲ့ စကား သိပ်မှန်တယ်.......

phyuthae said...

ဟုတ်ပါတယ် မထက်ကို ဘာတွေသွားမေးလို့လဲမှ မသိတာ မမေးသင့်တာတွေ မေးနေတော့လဲ ဘယ်သူကခံနိုင်မှာလဲ စဉ်းစားချင့်ချိန်ပီးတော့မှမေးသင့်ပါတယ် မေးချင်တဲ့လူကလဲ သူမေးချင်တာပဲသိတယ်လေ ဖြေတဲ့လူကလဲ သူ့ ကိုရေးကိုတာကိုမေးနေတော့ဘယ်ဖြေချင်ပါ့မလဲ
နှစ်ယောက်လုံးကမမှားပါဘူးထင်တယ် အသိနည်းနည်းလေးနဲ့ ဝေဖန်လိုက်တာပါ အပြစ်မယူပါနဲ့ နော်

phyuthae said...

မမထက်ထက် အဆင်ပြေပါစေ ပြည်သူချစ်တဲ့ အနုပညာရှင်လေးအမြဲဖြစ်နေပါစေနော်

reddevil said...

သက်လေးပြောတာမငြင်းလိုပါ...သူမကြိုက်တဲ့မေးခွန်းသွားမေးမိလို့ကိုယ်ထိလက်ရောက်လုပ်တာဆိုတာတော့နည်းနည်းဘောင်ကျော်တယ်ထင်ပါတယ်...ကြားဘူးတာရှိပါတယ်...အပင်မြင့်လေလေတိုက်ခံရလေပါ...လောကသဘာဝမို့ဒါကိုလက်ခံနိုင်အောင်ကြိုးစားရမှာပါ..လောကမှာလူသိများတဲ့လူ၂မျိုးရှိပါတယ် နိုင်ငံရေးသမား(တိုင်းပြည်ခေါင်းဆောင်များအပါအဝင်)နဲ့အနုပညာရှင်ပါ..၂မျိုးလုးံကလူအများနဲ့ထိတွေ့နေရသူတွေမို့သည်းခံမှုအတိုင်းအတာသူများထက်ပိုရှိသင့်ပါတယ်...အပြင်လူလိုစိတ်လိုက်မာန်ပါလုပ်လို့မရပါဘူး..အထူးသဖြင့်အနုပညာရှင်ဆိုတာအများပြည်သူရဲ့ကျေးဇူးခံဖြစ်တဲ့အတွက်အများက"ဟင်" မသွားဖို့အမြင်မစောင်းသွားဖို့ကိုယ့်ရဲ့အင်းမေ့ပျောက်ပျက်မသွားစေဖို့အရမ်းသတိထားရပါမယ်..မေးတဲ့လူကလွန်တယ်ထားဦး..ကိုယ့်ဖက်ကသဘောထားကြီးကြောင်းပြဖို့လိုပါတယ်..အဲဒါဆိုရင်မေးတဲ့လူအလွန်ဖြစ်သွားပြီ..ောာ်လုးံပွဲမှာလူချတဲ့လူကိုအဝါကပ်ပြလေ့ရှိပါတယ်..အဲ..ချတဲ့လူကိုပြန်ချမိရင်တော့အနီကပ်နဲ့ပြိုင်ပွဲကထွက်သွားရတတ်ပါတယ်..ချလို့မဟုတ်ပါဘူး ..သည်းခံတတ်တဲ့တရားကင်းမဲ့တယ်လို့ယူဆလို့ပါ..ခုကိစ္စမှာဘယ်သူလွန်လွန်ထက်ထက်အနီကတ်ရမဲ့ကိန်းပါ.ပုဂ္ဂိုလ်ရေးအရသူ့ကိုချစ်ပါတယ်သူ့အနုပညာအစွမ်းကိုလည်းလေးစားပါတယ်..ဒီကိစ္စမှာတော့..ပုဂ္ဂိုလ်နဲ့တရားခွဲသင့်ပါတယ်..ပုဂ္ဂိုလ်ခင်လို့တရားမင်လို့မရပါဘူးဗျာတို့....

koko said...

ဟုတ် တယ် ဗျာ အဲဒီ လိုတော့ မလုပ်တင့် ဘူး လူငယ်တွေ စံ နမူနာယူတာမှားကုန်လိပ့်မယ်

yangonthu said...

Chaw Thu is right.

ဒေါပုံသား said...

အပေါ်ကပြောသွား တဲ့ chawthu ဆိုတာဘယ်ကလဲ မသိပဲနဲ့ လျောက်ရမ်းသမ်းပီး ပြောမနေ နဲံ.။သူမေးတဲ့ မေးခွန်းကဘာလဲ ဆိုတာ သိလို့ လား ထင်၇ာ မပြောနဲ့ နားလည်လား

unkown said...

Ma aye thu san did not professionally made a question. It was not a sunny day for Ma Htet Htet. She lost her control. Ma aye thu san should treat Ma htet htet politely. In the end, Ma htet htet did big mistake by hitting her.
They two burmese and buddhist , keep MYINT THAR each other & close this case and apologize each other is the best way . sorry if i think wrong

ဝေဖန်ရေး said...

အစ်မ ရေကိုင်သာကိုင် အားပေးတယ်

Killer said...

လူသတ်တာတောင် ၁နှစ်နဲ့ ၃လပဲကျတယ်... ထက်ထက်သာဆိုရင် ငွေပေါတော့ အိမ်ပြန်အိပ်နေလို့ရတယ်

Powered by Blogger.