ဒုတိယဗိုလ်ချုပ်ကြီး ဦးရဲမြင့်(ငြိမ်း) အိမ် မီးလောင်မှုဖြစ်ပွါး

ဓါတ်ပုံ-(googleimages)
ရန်ကုန် ၊ မတ် ၁၂

နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဝင်များ၊ တပ်မတော် အကြီးတန်းအရာရှိကြီးများ အများစုနေထိုင်ရာ မရမ်းကုန်းမြို့ နယ် ကမ္ဘာအေးဘုရားလမ်းမပေါ်ရှိ

ကမ္ဘာအေးဗီလာအိမ်ရာတွင်  ယနေ့ (မတ် ၁၂ ရက် ) နံနက် ၃နာရီ ခွဲခန့် မှ ၅နာရီ ခန့် အထိ မီးလောင်ခဲ့ကြွမ်းခဲ့ကြောင်း မီးသတ်ဦးစီးဌာန နှင့် မျက်မြင်သက်သေများထံမှ သိရသည်။

အဆိုပါမီးလောင်မှုဖြစ်ပွားရာတွင် ပျက်စီးဆုံးရှုံးမှုအခြေအနေနှင့်ပတ်သတ်၍ မီးသတ်ဦးစီးဌာနသို့ The Voice Weekly က ဆက်သွယ်မေးမြန်းခဲ့ရာ ကမ္ဘာအေးဗီလာ အိမ်အမှတ် ( C-3 ) ဒေါ်တိုးရီ၏

 အလျားပေ ၆၀ ၊ အနံ ပေ ၆၀ ရှိ အာစီ ၂ထပ်ခွဲတိုက် မီးလောင်ခဲ့ရာ မြန်မာငွေ တန်ဖိုး ကျပ်၈သိန်းခန့် ဆုံးရှုံး ခဲ့ကြောင်း ပြန်လည်ဖြေကြားသည်။

မရမ်းကုန်းမြို နယ် ၈ မိုင်လမ်းဆုံ အနီး၌ နေထိုင်သူများကမူ နိုင်ငံတော်အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီ အစိုးရလက်ထက်တွင် ဒုတိယဗိုလ်ချုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဒုတိယဗိုလ်ချုပ်ကြီး ဦးရဲမြင့်(ငြိမ်း) အိမ်ဖြစ်ကြောင်း သိရသည်။
The Voice Weekly 
ဒုတိယဗိုလ်ချုပ်ကြီး ဦးရဲမြင့်(ငြိမ်း) အိမ် မီးလောင်မှုဖြစ်ပွါး ဒုတိယဗိုလ်ချုပ်ကြီး ဦးရဲမြင့်(ငြိမ်း) အိမ် မီးလောင်မှုဖြစ်ပွါး Reviewed by သစ်ထူးလွင် on 17:35 Rating: 5

13 comments:

OZI said...

What is Fire Brigade's action? Don't full stop without action. No one above the law.

pyaponthu said...

ဒါလောင်တာ အသေးအမွှားပါ။သူတို့တောင်အဲ့ဒီ အိမ်မှာရှိမှာမှုတ်ဘူး။ဘယ်နှစ်ခုမြေုာက်အိမ်လဲမသိ

Anonymous said...

စာရင်းရှင်းတာလားမသိ :) ဆုံးရှုံးမှုတန်ဖိုးတော့အလျော့တွက်ပြရမည်မှာ အသေအချာ

a said...

The Voice Weekly..အိမ်ရှင်ကိုအရေးယူထားသလားသိချင်ပါတယ်၊ရပ်ကွက်ထဲမှာမီးလောင်ရင်ဖမ်းစီးအရေးယူပါတယ်အကြောင်းအရာတစ်ခုထဲကိုဥပဒေဘယ်နှစ်မျိုးရှိလဲသိချင်လို့ပါ၊သတင်းကိုဆက်ပါအုံး၊စောင့်ဖတ်နေမယ်။

Quote For Life said...

ဟုတ်တယ် a ပြောတာလေး သိချင်တယ်

umoe said...

မီးကိုသေချာဂရုစိုက်ဖို့လိုတယ်လေ

shwe nwe said...

အရေးမယူတဲ့အပြင် တိုင်းမှူးတို့ မြို့ တော်ဝန်တို့ သတင်းမေးလာကြတယ်လို့ မျက်မြင်တွေကပြောတာဘဲ။

marga said...

ဒါဟာ ဘုရားရိုက်တာပါ လာဦးမယ်ထပ်ထပ်ပြီးတော့လေ
ဆုတောင်းထားကြပေတော့ မင်းတို့အဖွဲ့တွေ မကြာခင်လာမှာပါ

htoo htet said...

i want to write comment

virus zaw said...

ပြီးတေါ့လဲပြီးသွါးမှါပါ...ဟားဟားဟား...

အမေစုကို ချစ်တဲ့သား said...

မြန်မာနိုင်ငံမှာမီးလောင်ပြီဆိုတာနဲ့ အိမ်မှာရှိတဲ့တာဝန်ရှိတဲ့သူအချုပ်ကြတော့တာပဲ အခုတော့ဘယ်လိုဘယ်ပုံ
လာမလဲဆိုတာကိုတော့အရမ်းပဲသိချင်းတယ်
မီဒီယာများ ခင်ဗျားထိုသတင်းကို မရရအောင်ဆုံစမ်းမေးမြန်ကြပါရန်တိုက်တွန်း
နိုးဆော်အပ်ပါသည်။

Anonymous said...

ဲမြန်မာနိုင်မှာ မီးလောင်ရင် အဲဒီအိမ်ရှင်အရေးယူတာခံရတယ် ဒုတိယဗိုလ်ချုပ်ကြီး ဦးရဲမြင့်(ငြိမ်း)ကော အရေးမယူတော့ဘူးလား

david soegyi said...

ဈေးတွေတော့ မီးလောင်လို့ပုန်ပြီလေ သူတို့တွေအိမ်ပဲကျန်တော့တယ်

Powered by Blogger.