တိတိကျကျအရေးယူခြင်းမရှိသေးတဲ့ ရွေးကောက်ပွဲဥပဒေများ

ဧရာဝတီတိုင်းသား ၀န်ကြီးချုပ် အဘဦးသိန်းအောင်၏ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ်အား မဲပေးကြပါစို့ ဟူသောစာတန်းဖြင့် မလျော်သြဇာသုံးပြီး ဦးသိန်းအောင်ဓါတ်ပုံများကပ်ကာကြော်ငြာထားခြင်း (ဓါတ်ပုံ-Myanmar News Now)
မည်သူမဆို ရွေးကောက်ပွဲများတွင် ပုဂ္ဂိုလ်တစ်ဦး၏ ဆန္ဒမဲပေးပိုင် ခွင့်နှင့် ရွေးကောက်တင်မြှောက် ခံပိုင်ခွင့်တို့ကို ကျင့်သုံးခြင်း မပြုနိုင်စေရန် အကြမ်းဖက်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ မလျော်သြဇာ သုံးခြင်း၊ လိမ်လည်လှည့်ဖြားခြင်း၊ လာဘ်ပေးခြင်း သို့မဟုတ် လာဘ်ယူခြင်းကို ပြုလုပ်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရပါက ထောင်ဒဏ်၊ ငွေဒဏ်ချမှတ် ခံရနိုင်ကြောင်း ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ် လွှတ်တော် ရွေးကောက်ပွဲ ဥပဒေများတွင် ပြဋ္ဌာန်းထားချက်အရ သိရသည်။

မည်သူမဆို ရွေးကောက်မှုဆိုင်ရာ အခွင့်အရေးကို မတရားသဖြင့် ရရှိစေရန်သော် လည်းကောင်း၊ ယင်းအခွင့်အရေးကို ရရှိခဲ့ခြင်းအတွက် ကျေးဇူးတုံ့ပြန်သည့် အနေဖြင့် သော်လည်းကောင်း ငွေ၊ ပစ္စည်း၊ အစားအသောက်၊ ရာထူး၊ အလုပ်အကိုင် နေရာပြောင်းရွှေ့မှု သို့မဟုတ် အခြားအခွင့်အရေး တစ်ခုခုကို အသုံးပြုလျက် လာဘ်ပေးခြင်း သို့မဟုတ် လာဘ်ယူခြင်း၊ ရွေးကောက်မှုဆိုင်ရာ အခွင့်အရေးကို လွတ်လပ်စွာ မကျင့်သုံးနိုင်စေရန်

ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ အခန်း(၁၃) ရွေးကောက်ပွဲ ဆိုင်ရာပြစ်မှုများနှင့် ပြစ်ဒဏ်များပါ ပုဒ်မ ၅၇ တွင် “မည်သူမဆို ရွေးကောက်ပွဲများတွင် ပုဂ္ဂိုလ်တစ်ဦး၏ ဆန္ဒမဲပေးပိုင်ခွင့်နှင့် ရွေးကောက်တင်မြှောက် ခံပိုင်ခွင့်တို့ကို ကျင့်သုံးခြင်း မပြုနိုင်စေရန် အကြမ်းဖက်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ မလျော်သြဇာသုံးခြင်း၊ လိမ်လည်လှည့်ဖျားခြင်း၊ လာဘ်ပေးခြင်း သို့မဟုတ် လာဘ်ယူခြင်းကို ပြုလုပ်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူအား တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်” ဟူ၍ပြဋ္ဌာန်းထားသည်။
ထို့ပြင် ပုဒ်မ ၅၈(က)(ခ)တွင် “မည်သူမဆို ရွေးကောက်မှုဆိုင်ရာ အခွင့်အရေးကို မတရားသဖြင့် ရရှိစေရန်သော် လည်းကောင်း၊ ယင်း အခွင့်အရေးကို ရရှိခဲ့ခြင်းအတွက် ကျေးဇူးတုံ့ပြန်သည့် အနေဖြင့် သော်လည်းကောင်း ငွေ၊ ပစ္စည်း၊ အစားအသောက်၊ ရာထူး၊ အလုပ်အကိုင် နေရာပြောင်းရွှေ့မှု သို့မဟုတ် အခြား အခွင့်အရေးတစ်ခုခုကို အသုံးပြုလျက် လာဘ်ပေးခြင်း သို့မဟုတ် လာဘ်ယူခြင်း၊ ရွေးကောက်မှု ဆိုင်ရာအခွင့်အရေးကို လွတ်လပ်စွာ မကျင့်သုံးနိုင်စေရန် လွှတ်တော် ကိုယ်စားလှယ်လောင်း တစ်ဦးဦးကို သော်လည်းကောင်း၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ တစ်ဦးဦးကို သော်လည်းကောင်း ခြိမ်းခြောက်ခြင်း ပြုလုပ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း သို့မဟုတ် ကျူးလွန်ရန် အားပေးကူညီကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူအား တစ်နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက် မပိုသောငွေဒဏ်ဖြစ်စေ၊ ဒဏ် နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်”ဟူ၍ ပြဋ္ဌာန်းထားသည်။
အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေနှင့် တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ် လွှတ်တော်ရွေးကောက်ပွဲ ဥပဒေတို့တွင် ပါဝင်သော ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများနှင့် ပြစ်ဒဏ်များ အခန်း၌ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေတွင် ပြဋ္ဌာန်းထားသော ပြစ်မှုများ နှင့် ပြစ်ဒဏ်များကဲ့သို့ပင် ပြဋ္ဌာန်းထားသည်။
EMG
တိတိကျကျအရေးယူခြင်းမရှိသေးတဲ့ ရွေးကောက်ပွဲဥပဒေများ တိတိကျကျအရေးယူခြင်းမရှိသေးတဲ့ ရွေးကောက်ပွဲဥပဒေများ Reviewed by သစ်ထူးလွင် on 17:03 Rating: 5

6 comments:

datha said...

သမ္မတကြီးဘာလုပ်နေလဲ
သန်းရွေဆီကို မစီရင်ခံစာ တင်နေရတာလား
အစီရင်ခံပြီးရင်လဲ
မြန်မြန်အရေးယူလိုက်ပါတော့
ကြာနေရင် မျှားဦးက သမ္မတကြီးဘက်ကို လှဲ့လာတော့မှာနော်
အခြေအနေမှန်ကို သဘောပေါက်သင့်ပါပြီ

Myanmar said...

ဟေ့ တိတိကျကျ အေ၇းမယူတာမဟုတ်ဘူး။ ကြံ့ဖွတ်က ဒီယုံမြင်လို့ ဒီခြုံထွင်တာ။ သူ့ဘက်သူ တိတိကျကျ လိပ်လိုယက်နေတာ။ ။

sanay nagar said...

အာဏာရှင်ခေတ်မဟုတ်တော့ပါ။ ဦးသိန်းအောင် နားလည်သင့်ပါပြီ။

iban said...

အလုပ်မလုပ်ခင်ကတည်းက ဖားတာလိုလို.. အားကိုးတာလိုလို.. လူကြီးကိုပဲ ရိုသေသလိုလို.. လူတစ်ဦးတစ်ယောက်ကပဲ ဒီပါတီကို ပိုင်သလိုလို.. သူ့ကြော်ငြာပုံကြီးက ကိုယ့်ကိုယ်ကို ယုံကြည်ချက်ကိုမရှိဘူး။ ပါတီစွဲတွေ ဘေးဖယ်ထားလိုက်ပါဦး။ ဒီလို လူမျိုးကို ဘာအတွက် ယုံကြည်ကိုးစားရမလဲ.. စဉ်းစားလို့မပေါက်ဘူး။

Anonymous said...

ကျွန်တော့်နံမည်ကိုတောင်ပြောင်းလိုက်ချင်တယ်..သိန်းအောင်ချင်းတူနေလို့
ဒီကြံ့ဖွံ့ပါတီတွေ ပြောင်ပြောင်တင်းတင်းလုပ်နေတာ တရားဥပဒေစိုးမိုးရေး
ရှိရင် ဥပဒေနှင့်အညီ အရေးယူရမှာဖြစ်ပါတယ်.. ခုတော့ဒီတိုင်းကြည့်နေကြ
မှာလား...

အေးမြသီတာ said...

လူကြီးပြီးအချိန်မစီးဘူးဆိုတာ ဒါကိုပြောတာလားမသိဘူး
နိုင်ငံတာဝန်ကို တာဝန်ကြီးကြီးထမ်းဆောင်နေရလို့ ၀န်ကြီး
ဆိုတဲ့အမည်မှည့်ထားတာပါ....၊နိုင်ငံတာဝန်ကလွဲပြီးပါတီ
ကိစ္စ ၀င်ကြော်ငြာပေးစရာမလိုပါဘူး၊အရွေးခံမယ့်ပါတီကိုယ်
စားလှယ်ကလုပ်ရမဲ့အလုပ်ပါ ၊နိုင်ငံအတွက် အမှန်တစ်ကယ်
စေတနာမှန်နဲ့ ဆောင်ရွက်မဲ့သူဆိုရင် မဲရမှာပါ..ပါဝါ.အရှိန်အ၀ါ
တွေကြောင့်မဲရတယ်ဆိုရင်..တိုင်းပြည်ကိုနှစ်မဲ့သူပဲဖြစ်မှာပါ..
ပိုက်ဆံပေးမှ လာဒ်ထိုးမှ အတန်းစာမေးပွဲအောင်လာတာထက်
မိမိကိုယ်တိုင်ရိုးသားကျိုးစား လို့ထိုက်ထိုက်တန်တန် ဘွဲ့ရတာမျိုး
ဒီနှစ်မျိုးမှာဘယ်သူ ပညာတတ်ဖြစ်မလဲ..၊ဒီလိုပါပဲ ပြည်သူတွေကို
အထင်သေး အရင်တုံးကအကျင့်တွေမဖျောက် နိုင်ငံအချေအနေ ပြောင်းလဲနေတာကို လစ်လျူရှုပြီး အရင်လိုအာဏာကိုတစ်လွဲသုံး
မင်းတို့ ခွက်ခွက်လန်အောင်ကို ရှူံးလိမ့်မယ်နော်.............။
စိုးရိမ်လို့ပြောတာ ကိုယ့်ဓါတ်ပုံကြီးကိုဗီနိုင်းထုတ်ပြီး လူပုံအလယ်
ချပြရလောက်အောင် အသိဥာဏ်ပျောက်နေပြီလား..၊
ဝန်ကြီး ဆိုတဲ့ သိက္ခာလေးတော့ စောင့်ထိန်းသင့်ပါတယ်...
တစ်ဦးတစ်ယောက်ကြောင့် ကျန်တဲ့ ၀န်ကြီးတွေကော ဒီလိုပဲ
လားဆိုပြီး သိမ်းကြုံးအပြောခံရအောင်မလုပ်ပါနဲ့လား.....၊
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို အဖတ်ဆည်မရအောင် ဖျက်ဆီးနေသလို
ဖြစ်နေပါပြီ..။ ခြင်္သေ့ဟာမြက်မစားပါဘူးရှင်.......

Powered by Blogger.