မြစ်ဆုံဆည် ပြန်စရေး တရုတ် ကုမ္ပဏီ လေသံပစ်

ဧရာဝတီ မြစ်ဆုံ
ရန်ကုန်၊ မတ် ၁၁
သမ္မတကြီး ဦးသိန်းစိန် အမိန့်ဖြင့် ၂၀၁၁ ခုနှစ် စက်တင်ဘာလက ရပ်နားခဲ့သော ဧရာဝတီ မြစ်ဆုံဆည် ပြန်လည် တည်ဆောက် လိုကြောင်း တရုတ်အစိုးရ အာဏာပိုင်များ၏ ပြောဆိုချက်ကို ကိုးကား၍ နိုင်ငံတကာ သတင်းမီဒီယာ များတွင် ဖော်ပြထားသည်။
မြန်မာ့ သတို့သမီး ဧရာဝတီမြစ်ဖျားတွင် မြစ်ဆုံဆည် ပြန်လည် တည်ဆောက်ရေး တရုတ် China Power Investment Corp က ပြန်လည် ဆွေးနွေးရန် တက်ကြွနေပြီး မြစ်ဆုံဆည်ကို ဖြစ်နိုင်သမျှ စောစီးစွာ ပြန်လည် စတင်လိုကြောင်း ယင်းကုမ္ပဏီ ဥက္ကဋ္ဌ Lu Qizhou ၏ ပြောဆိုချက်ကို The Wall Street Journal အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။
သမ္မတကြီး ဦးသိန်းစိန် အနေနှင့် ၄င်း၏ သက်တမ်းအတွင်း ဆည်တည်ဆောက်ခြင်း ခွင့်ပြုမည် မဟုတ်ကြောင်း ကြေညာခဲ့ပြီး တရုတ် ကုမ္ပဏီက ယင်းကိစ္စကို တရားဥပဒေကြောင်း အရ ရင်ဆိုင်သွားမည် ဖြစ်ကြောင်း ပြန်လည် တုံ့ပြန် ပြောဆိုခဲ့သည်။
ရပ်ဆိုင်းလိုက်သည့် စီမံကိန်းမှာ မြစ်ဆုံတွင် ဆောက်လုပ်မည့် ဆည်တစ်ခုတည်းသာ ဖြစ်ပြီး မေခ၊ မလိခ မြစ်ညာ မြစ်ဝှမ်းရှိ ဆည်များကိုမူ ရပ်ဆိုင်းထားခြင်း မရှိကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် ဦးဝင်းမျိုးသူက The Voice Weekly သို့ ပြောကြားသည်။
" ပြန်စချင်လည်း စနိုင်တာပေါ့။ သူတို့က ဘယ်လို သဘောတူညီချက်တွေ ယူထားလဲမှ မသိတာ " ဟု ၎င်းက ဆိုသည်။
ဧရာဝတီ မြစ်ဆုံ၊ မေခ၊ မလိခ၊ မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ် စစ်စီမံကိန်းများတွင် မြစ်ဆုံ၊ ချီဗွေ၊ ချီဗွေငယ်၊ ဝူဆောက်၊ ခေါင်လန်ဖူး၊ ယီနန်၊ ဖီဇော၊ လိုင်ဇာ စသည့် ရေအားလျှပ်စစ် စီမံကိန်း ရှစ်ခု ပါဝင်ပြီး စုစုပေါင်း စက်တပ်ဆင် အင်အား ၁၈၄၉၉ မဂ္ဂါဝပ် ရှိသည်။
ကချင်ပြည်နယ် မြစ်ဆုံအနီး ခေါင်လန်ဖူး အနီးရှိ တန်ဖဲ ရွာဟောင်းတွင် နေထိုင်သူများနှင့် ဈေးရောင်းချသူ များကို ဆယ်ရက်အတွင်း ပြောင်းရွေ့ကြရန် မြစ်ကြီးနား ခရိုင် အုပ်ချုပ်ရေးမှူး၏က မတ်လ ၆ ရက်နေ့တွင် ညွန်ကြားခဲ့ (The Voice Weekly – Vol.8/ No.13) သည်။
မြစ်ဆုံဆည် ပြန်စရေး တရုတ် ကုမ္ပဏီ လေသံပစ် မြစ်ဆုံဆည် ပြန်စရေး တရုတ် ကုမ္ပဏီ လေသံပစ် Reviewed by သစ်ထူးလွင် on 01:35 Rating: 5

28 comments:

ဒွာရာသား said...

ဘာလို့ဒီလေသံပြန်ကြားရတာလဲ။နောက်ကွယ်မှာဘာတွေညှိထားလဲမသိဘူး

ဇော်ရှင်း said...

လာပြန်ပြီလားကွာ ဒီမြစ်ဆုံ၊ ဒီတရုတ်တွေကလည်း ဒီမြစ်ဆုံကိုပဲ မျက်စောင်းထိုးနေတယ်။အစိုးရအနေနဲ့ပြတ်ပြတ်သားသား ဆုံးဖြတ်သင့်တယ်။ဒီသမ္မတ သက်တမ်းအတွင်း ရပ်ဆိုင်းထားမယ်ဆိုတဲ့ အဆင့်ထက် မြစ်ဆုံဆည် လုံးဝ မလုပ်တော့ပါဘူး ဆိုပြီးဖြစ်သင့်ပါတယ်။

shweminthar said...

ကျုပ်တို့တိုင်းပြည်က အုပ်ချုပ်သူတွေ ..ဘာကိုကြောက်နေလဲ..ဘာလို့ပြတ်ပြတ်သားသား မတုံ့ပြန်ဝံ့တာလဲ.....ဒို့တိုင်းပြည် ပျက်စီးရာ ပျက်စီးကြောင်းဗျ....ခွေးတယုတ်တွေကို ဘာလို့ မတုံ့ပြန်ရဲတာလဲ...စားထား ဝါးထားရင် အဲဒီလူုတွေကို လူသိရှင်ကြားဖေါ်ထုတ်ပြီး အရေးယူသင့်တယ်ဗျ....
ကျုပ်တို့ မခံချင်လွန်းလို့ပါ...ခွေးတယုတ်တွေက ကျုပ်တို့တိုင်းပြည်ကို ပိုင်စိုးပိုင်နင်းနဲ့....သူတို့လုပချင်တိုင်းလုပ်လို့ရမယ်လို့ကို တွက်ထားတာ..အဲဒါ အုပ်ချုပ်တဲ့သူတွေထဲက ...လောက်ကောင်တွေကြောင့်ပဲ...........

shweminthar said...

လွှတ်တော်ကလဲ ......ဒီကိစ္စကိုအလေးထားပြီး အပြီး၇ပ်အောင်လုပ်ပေးသင့်ပါတယ်.....နှစ်နိုင်ငံချစ်ကြည်ရေးဆိုတာ..ဒီခွေးတယုတ်တွေအတွက် မတန်ပါ...ချစ်ကြည်ရေးချစ်ကြည်ရေးဆိုပြီး ....တိုင်းပြည်ကို လက်ဝေခံလုပ်ချင်နေတာပါ...ဒါအရင်အစီုးရက ငွေရရင်ပြီးရော....အာဏာမြဲနေရင်ပြီးရော..ဆိုပြီးလုပိသွားတာ.....နောက်တခုက ...ဒီခွေးတယုတ်တွေ ဒီလောက်ရောင့်တက်နေတာ...အဲဒီနေရာတွေကို အပြီးပြတ် ရောင်းစားထားပြီးသားမိုလို့လား...........အမှန်ကန်ဆုံးနဲ့အမြန်ဆုံးဖေါ်ထူတ်သင့်နေပြီဗျ......အမေစုရေ.......အမေလွှတ်တော်ထဲကိုရောက်မှပဲ...တိုင်းပြည်အတွက် အမှန်တရားတွေ ရမယ်ထင်တယ်။အမေ့ကိုလဲသနားတယ်။အမေရင်ဆိုင်ရမှာတွေက အများကြီးပဲလေ....အမေပြောဘူးတယ် ခွေးတယုတ်တွေကို .....တိုင်းပြည်ကို စီးပွားရေးလုပ်ကွက်တခုလို သဘောမထားဖို့ဆိုတာလေ.....ခုဒီကောင်တွေက အဲဒီလိုမျိုးအမေရေ.......ချစ်ကြည်ရေးဆိုတာ အလကား........ပေါ့ပေါ့ဆဆမနေကြဘဲ ..ဒီကိစ္စကို ပြန်ပြီးအပြီးသတ်လိုက်ကြစီု့..ရောင်းရင်းတို့ရေ....

Min Naing Thu said...

လုပ်လိုက်လေ...ပြန်စတာနဲ့...ရွှေဝါရောင်တော်လှန်ရေးထက်ဆိုးသွားမယ်...ငါတို့ဧရာဝတီကို...တရုပ်စုတ်တွေလက်ကို..ဘယ်တော့မှ..အပါမခံပါ...

အမြင်သစ် said...

ဟိုဘက်က မတင်ဝါ၀ါခိုင်ရဲ့ ပို့(စ်) လေး ဖတ်ရင်းနဲ့ ရင်ထဲမှာ
မကောင်းဖြစ်ရင်း တရုတ်တွေရဲ့ မြန်မာတွေကိုအနိုင်ကျင့်မှုတွေ အပေါ်တသီတတန်းကြီးစဉ်းစားနေမိပါတယ်။
အဲဒီ ပို့(စ်) ကနေ ပြန်ထွက်လိုက်တော့ ဘွားကနဲ တွေ့လိုက်ရတာက
(မြစ်ဆုံ စီမံကိန်း ပြန်စဖို့ ဆွေးနွေးနေကြောင်း တရုတ်ပြော)
ဆိုတဲ့ အသစ်ရောက်နေတဲ့ပို့(စ်)ပါ။ အဲဒီမှာတင် စိတ်ထဲမှာဖြစ်
ပေါ်လာတဲ့ အတိတ်ကအဖြစ်အပျက်လေးတွေကို ချရေးမိလိုက်တာပါ.....................................................
စင်္ကာပူ၊မလေးရှား၊ယိုးဒယား
အစရှိတဲ့ မြန်မာအလုပ်သမား အများစုရှိတဲ့ တိုင်းပြည်တွေမှာ
အလုပ်ရှင် တော်တော်များများက တရုတ်တွေပါ။ အလုပ်သမား
တွေကို ဇတ်ခွဲ၊နှိမ့်ချ၊အနိုင်ကျင့် ဆက်ဆံတာလည်း တရုတ်
သူုဌေး တွေပါဘဲ။မတင်ဝါ၀ါခိုင်လို အဖြစ်အပျက်မျိုးတွေက
အထက်ကဖော်ပြခဲ့တဲ့ နိုင်ငံတွေမှာ မြန်မာအလုပ်သမားတွေ
လူမသိသူမသိခံနေရတာ ဒုနဲ့ဒေး ပါ။အနောက်နိုင်ငံတွေမှာ
ရောက်နေကြတဲ့ အာရှသားချင်း အတူတူတောင်မှ အနောက်နိုင်
ငံသားတွေက နှိမ်ချ မဆက်ဆံပေမယ့် တရုတ်တွေကတော့
မြန်မာတွေဆိုရင် ခွဲခြား နှိမ်ချ ဆက်ဆံတတ်ကြပါတယ်။
နိုင်ငံရပ်ခြားက အတွေ့အကြုံလေး တစ်ခုပြောပြချင်ပါတယ်။
တရုတ်တန်းဆိုတာ နိုင်ငံတော်တော်များများမှာ ရှိပါတယ်။
အစားအသောက်၊ အ၀တ်အစား၊လူသုံးကုန်ပစ္စည်း စတဲ့
အရောင်းဆိုင်တွေရှိသလို Barbecue ဆိုင်တွေ ဘီယာဆိုင်တွေ
တန်းစီနေတဲ့ညဈေးတန်းလေးတစ်ခုပါ။ ရန်ကုန်ကတရုတ်
တန်းနဲ့သိပ်မကွာပါဘူး။ဒါပေမဲ့ ဒီမှာကတော့ Massage တွေ၊
ဇိမ်ခံခန်းတွေ ကိုလမ်းဘေးမှာ ပေါ်ပေါ်ထင်ထင်တွေ့ရတာဘဲ
ကွာတာပါ။ သူငယ်ချင်းတယောက်နဲ့ လမ်းလျှောက်ရင်း စား
သောက်ဆိုင်တစ်ဆိုင်မှာထိုင်မိပါတယ်၊ အဲဒီနိုင်ငံသားတွေကို
ကောင်ကောင်းမွန်မွန်ဆက်ဆံသလောက်၊ကျွန်တော်တို့ကိုတော့
မြန်မာမှန်းသိတဲ့အခါ ကောင်းကောင်းမွန်မွန် မဆက်ဆံပါဘူး၊
အစားအသောက်ချတာတောင် ဆောင့်ကြီးအောင့်ကြီးနဲ့ပါ။
တော်တော်လေးစိတ်ထဲမှာဖု ခဲ့ရပါတယ်။........
နောက် မြန်မာအလုပ်သမားတွေအများစုရှိတဲ့ အာရှနိုင်ငံ
တစ်ခုမှာတော့ အလုပ်သမားအေးဂျင့် သူဌေးက တရုတ်ပါ၊
စက်ရုံမန်နေဂျာကလည်း တရုတ်ပါ။ အေးဂျင့်က ခန့်ထားတဲ့
supervisor ကလည်းတရုတ်ပါ။ အဲဒီမှာ မြန်မာအလုပ်သမား
တရာကျော်လောက်ရှိပါတယ်။ တနေ့ မြန်မာအလုပ်သမားလေး
တစ်ယောက်နေမကောင်းဖြစ်တော့ အလုပ်မဆင်းနိုင်ပါဘူး။
ခွင့်တင်ဖို့လည်းသူက ပျက်ကွက်ခဲ့ပါတယ်။ အဲဒီမှာ စောစောက
အေးဂျင့်တရုတ်က လာပြီး ဖျားနေတဲ့အလုပ်သမားကို ဆေးခန်း
ပို့ရမဲ့အစား တံမျက်စည်းရိုးနဲ့ ရိုက်လိုက်လို့ အလုပ်သမားလေး
မှာ ထပ်ပြီးလက်ကျိုးသွားရရှာပါတယ်။ သူတို့ရဲ့ပြောပြချက်အရ
ဒီနိုင်ငံကမြန်မာအလုပ်သမားတွေရဲ့ ၇၀ ရာခိုင်နှုန်းလောက်က
ဒီလိုအနိုင်ကျင့်ခံနေကြရတာတဲ့။အနိုင်ကျင့်တဲ့ သူဌေးတွေက
တရုတ်တွေပါဘဲ။ ဘယ်မှလည်းတိုင်လို့တန်းလို့မရပါဘူး၊
သံရူံးဆိုတာကလည်း ပတ်(စ)ပို့ ကိစ္စတွေ၊ သက်တမ်းတိုးတဲ့
ကိစ္စတွေမှာ ဂွင်ရိုက်တာကလွဲပြီး ဘာမှ အားကိုးလို့မရပါဘူးတဲ့။
ပြောချင်တာက ပြည်ပတိုင်းပြည်တွေမှာ တရုတ်တွေဟာ မြန်မာ
တွေကို အနိုင်ကျင့်နှိပ်စက်ချင်ကြတယ်ဆိုတဲ့ အချက်ကိုပါ။

အမြင်သစ် said...

ပြည်တွင်းမှာကတော့ ထူးထူးထွေထွေပြောနေစရာ လိုမယ်မ
ထင်ပါဘူး။ ဒါပေမဲ့ အတွေ့အကြုံလေတစ်ခုတော့ ထပ်ပြောချင်
ပါသေးတယ်။ ခေါင်သီတဲ့ နယ်မြို့လေးတစ်ခုမှာပါ။ အသိ
တစ်ယောက်က အဲဒီမြို့ရဲ့ ( အဲဒီခေတ်အခေါ်) ခယက ဥက္ကဌ
ဗိုလ်မှုးရဲ့ လက်စွဲ ၀န်ထမ်းတစ်ယောက်ဖြစ်နေပါတယ်။
အဲဒီနယ်မှာ အဲဒီအချိန်က ရေနံတွေ ဒလဟော ထွက်လို့နေပါ
တယ်။ သူငယ်ချင်းက ခယက ကြီးရဲ့လက်စွဲဆိုတော့ ရေနံ
လုပ်ကွက်တွေကို မြေပုံလေးပေါ်မှာ ဘောပင်လေးနဲ့ ခြစ်ပြီး
ဘယ်သူ့ကိုဘယ်နေရာ၊ဘယ်သူ့ကို ဘယ်နေရာ ချထားပေးရ
ပါတယ်၊ ကျွန်တော်တောင် သူငယ်ချင်းရဲ့ ပါဝါကိုကြည့်ပြီး
အတော်အံ့အားသင့်ရပါတယ်။ နောက် ပိုပြီး အံ့အား သင့်ရတာ
ကအဲဒီ လက်တွင်းလုပ်ကွက်တွေကို ပြန်ပြီး လက်ဝါးကြီး အုပ်
နေတာက ဘယ်သူတွေများလဲဆိုတော့ ကိုရွှေတရုတ်တွေပါဘဲ။
ယူနန်တရုတ်တွေလို့ဆိုပါတယ်။ ဘယ်ကနေဘယ်လိုမြန်မာ
ပြည်ထဲကိုဝင်လာ ပြီးတော့ ဒီလိုခေါင်သီတဲ့ဒေသတွေကို ဘယ်
လိုရောက်နေကြသလဲ ကျွန်တော်တော်တော်အံ့အားသင့်ရပါ
တယ်။မြန်မာစကားတလုံးမှ မတတ် ၊လူပုံစံတွေကလည်း
စုတ်ပြတ်သတ်။ ဒါပေမယ့် မြန်မာပိုက်ဆံကိုတော့ ရေလိုသုံးနေ
ကြလေရဲ့ဗျား ။သူငယ်ချင်းကိုလည်း သူတို့က ဘယ်လို ပြုစု
ရမယ်ဆိုတာကောင်းကောင်းသိပါတယ်။ တရုတ်ဆိုင်ကယ်
တွေဆိုတာ တောကြီးတောင်ကြီးထဲမှာ ဘယ်လိုသယ်လာတယ်
မသိ များမှများ၊ တည သူငယ်ချင်းကို ပြုစုတဲ့ဝိုင်းမှာ သူငယ်ချင်း
ကခေါ်လို့ ကျွန်တော်ရောက်သွားပါတယ်။ အဲဒီမှာ ကိုရွှေတရုတ်
တစ်ယောက်က သူငယ်ချင်းကို အင်္ဂလိပ်လို မတောက်တခေါက်
နဲ့ မေးပါတယ်။ သူတို့ရဲ့လုပ်ကွက်တွေက တွင်းတွေမှာ Gas တွေပါထွက်နေတယ်တဲ့၊ အဲဒါတွေပါ ဒို့နဲ့ဆိုင်တယ်နော်တဲ့၊
ဒို့ယူလို့ရတယ်မလားတဲ့၊ နယ်ခံတွေရဲ့ပြောပြချက်အရ ဒီတရုတ်
တွေမှာ စက်ပစ္စည်းတွေလဲ အစုံ ပါတယ်တဲ့ ကျွန်းတွေဘာတွေ
လည်း ခိုးခုတ်ပြီး ပါကေးတုံးတွေကို တောထဲမှာတင် တုံးပြီး
တော့ သူတို့ တရုတ်ပြည်ကိုသယ်ကြသတဲ့၊ ဘယ်လိုလမ်း
ကြောင်းရှင်းပြီးသယ်ကြလည်းတော့မသိဘူးတဲ့ ဗျား၊.......
ကောင်းလေစွ ကောင်းလေစွလို့ ကျွန်တော်မြည်တမ်းမိပါတယ်၊
ဒီအတိုင်းဆိုရင် မြန်မာပြည်ထဲမှာ ဒီတရုတ်တွေ မရောက်တဲ့
နေရာ မရှိသလောက်ဖြစ်နေပြီ။ ဒို့မြန်မာပြည်ရဲ့ သယံဇာတ
တွေလည်း တရားဝင်တမျိုး၊ မ၀င်တမျိုး၊ တရုတ်ကြီးကတမျိုး၊
တရုတ်လေးတွေကတမျိုးနဲ့ တပြည်လုံးအနှံ့ ကဲ့ ယူနေလိုက်
ကြတာ ကုန်သလောက်ဖြစ်နေပြီပေါ့လို့ အတွေးရှည်ကြီးတွေး
နေတုန်းမှာ ဘဲ ၊ ဟော...လာပြန်ပြီ... မြစ်ဆုံစီမံကိန်း တဲ့........
ဆက်ပြီးမတွေးချင်တော့ပါ၊ အတွေးရှည်ကြီးတွေနဲ့ သက်ပြင်း
ချချနေရတာလည်း အခါခါ .. .... ဒါတွေဟာ ဘာကြောင့်လဲ ၊
ဘယ်သူတွေကြောင့်လဲ ၊.....( တွေးရင်းတွေးရင်း မေးခွန်းလေး
တွေပေါ်လာ ၊ စဉ်းစားပြီးကျွန်တော့်ရဲ့ မေးခွန်းလေးဖြေပါ) ဆို
တဲ့ ဟေမာနေ၀င်း သီချင်းစာသားလေးကို ဆိုညည်းမိကြောင်း..

အမြင်သစ် said...

ဒို့ရဲ့ ပြန်ကြား ၀န်ကြီး( အငိုမင်းသားကြီး) ဦးကျော်ဆန်းကတော့
တရုတ် မြန်မာ ချစ်ကြည်ရေး ဇာတ်လမ်းတွဲတွေရိုက်ကူး
ထုတ်လွှင့် ပြသအုံးမှာ တဲ့ ဗျား ........

seazinyaw said...

မြန်မာပြည်သား များသတိရှိကြပါ၊ ဒါဟာ တရုတ်တွေ မရိုးကြောင်း ထင်ရှား နေပါတယ်၊ သူတို.မြန်မာပြည်ထဲကိုဝင်ခြင်နေပါပြီ၊ အရေးကြုံရင် သွေးမနည်းကြဘို. တောင်းဆိုပါတယ်။ စကောလောက်မှ ဇောက်မနက်တဲ့ စစ်အာဏာရှင်ဟောင်းတွေကြောင့် တိုင်းပြည်ပြသနာတက်တော.မယ်၊ သတိထားဆောင်.ကြည်.ပြင်ဆင်ထားကြပါ

pyaponthu said...

မြန်မာနိုင်ငံမှာ တရုတ်အစစ်တွေအများကြီးဘဲ။၇န်ုကုန်မြို့လယ်မှာနော်။မြန်မာပြည်အပေါ်ပိုင်း ရှမ်းပြည်တို့ မြန်မာ ပြည်အထက်ပိုင်းတော့မပြောတော့ဘူး။မြန်မာစကားတောင် ကောင်းကောင်းမပြောတတ်ဘူး။ဒါပေမဲ့သူတို့မှာ မြန်မာ မှတ်ပုံတင်ရှိတယ်။အဲ့ဒါနှစ်ပေါင်းများစွာ ကတည်းက တရုတ်တွေ မြန်မာမှတ်ပုံတင် ကိုင်ပြီးတရုတ်ပြည်နဲ့ စီးပွားေ၇းလုပ်နေတာ။မြန်မာပြည်က မှတ်ပုံတင်က ပိုက်ဆံပေးရင်ရတယ်။တရုတ်နိုင်ငံခြားသား တွေ မှတ်ပုံတင်ပိုက်ဆံပေးပြီးနေတာ မစစ်ရဲဘူး။မလေးရဲတွေနဲ့ကွာတယ်။မလေးရဲတွေက နိုင်ငံခြားသားတွေဘဲ စစ်ဖို့ရှာနေတယ်။မလေးမှတ်ပုံတင်ကိုဘဲ ဘယ်လိုလုပ်တယ်ဆိုတာ အတုယူပါအုံး။မှတ်ပုံတင်စနစ်ကို ခေတ်မီအောင်လုပ်သင့်တယ်။မြန်မာမှတ်ပုံတင်ကြောင့် မြန်မာပြည်ဟာ တရုတ်တွေရဲ့စာကျက်ဖြစ်နေပါပြီး။

pyaponthu said...

တရုတ်နဲ့ပတ်သက်တဲ့ စီမံကိန်းများကို လုံးဝရပ်ပစ်ပေးပါ။အောက် ခြေမြန်မာတွေ တရုတ်အနိုင်ကျင့်တာခံနေရတာ။အထက်လူကြီးတွေ မသိချင်ဟန်မဆောင်ကြပါနဲ့

kk said...

မြစ်ဆုံကိစ္စနဲ့ပတ်သက်လို့တော့ ငြိမ်နေမှာမဟုတ်ပါဘူး .. အစိုးရအဖွဲ့အစည်းအနေနဲ့လဲ ဒီကိစ္စကိုပြတ်ပြတ်သားသား
လုပ်သင့်ပါတယ်..မီဒီယာတွေကိုလဲ ကျေးဇူးတင်ပါတယ်

Violin Angle said...

မြစ်ဆုံကိုသတ္တိရှိရင်ပြန်စလိုက်လေ ငါတို့ဧရာဝတီကိုအသက်နဲ့လဲပြီးတော့ကိုကာကွယ်မယ် နိုင်ငံတော်အာဏာပိုင်များရှင့် ဒီတရုတ်တွေကိုဘာလို့ကြောက်နေရတာလဲ ပြတ်ပြတ်သားသားဆုံးဖြတ်ချက်တစ်ခုချပေးပါ ဧရာဝတီကမြန်မာတွေရဲ့အသက်ပါ ကျေးဇူးပြုပြီးတော့မရက်စက်ကြပါနဲ့

pyaponthu said...

တရုတ်နဲ့ပတ်သက်တဲ့စီမံကိန်းများအားလုံးရပ်တန့်ပေးပါ။လုံးဝ လုံးဝ တ၇ုတ်စီမံကိန်းများ ရပ်တန့်ပေးပါ။

pyaponthu said...

အစိုးရတို့ရေး ပြည်သူ တွေရဲ့မျက်နှာကို ကြည့်ဖူးတယ်ရှိအောင် ကြည့် ကြအုံး။တရုတ်မျက်နှာဘဲကြည့်မနေနဲ။ဟိုတခါ ရွှေမန်း တရုတ်ကိုသွားတာ တရုတ်စီမံကိန်းတွေတိုးလာတယ်။ခုလဲသူတရုတ်ပြည်က ပြန်လာမှ ဒီလို လေသံတွေထွက်လာတယ်။နင်စခြင်ရင် နင်တို့မိသားစုဘဲတရုတ်ပြည်သွား။ပြည်သူအကျိုးကြည့်သလိုနဲ့ ပြည်သူတွေ ဒုက္ခရောက်အာင် လုပ်မဲ့ရွှေမန်း။လခတိုးပေးမယ်လို့ပြည်သူတွေကိုနှစ်သိမ့်ပြီးတဘက်မှာ သူလုပ်ခြင်တာ လုပ်ခဲ့တယ်။လခတိုးပေးတာ ပြည်သူတွေပို ဒုက္ခရောက်စေတာ နင်မသိဘူးလား။နင်အဖေတရုတ် ပိုစီးပွားတက်အောင်လုပ်တာလား။ကမ္ဘာပေါ်မှာ တခါမှ မရှိဘူး။မြန်မာ ပြည်မှာ လခတိုးတာ ၉ခါရှိပြီး။ဒါကြောင့်အဆင်းရဲဆုံးနိုင်ငံရောက်သွားတာ။

Anonymous said...

အဲဒီ့ တယုတ်ဆိုတဲ့ အသံတောင် မကြားချင်တော့လောက်အောင် ဖြစ်သွားတယ် . . . . ဖြစ်နိုင်မယ်ဆိုရင် မြန်မာပြည်နဲ့  တယုတ်ပြည်ကို တောင်-မြောက် ကိုရီးယားလို တံတိုင်းခတ်ပြီး လုံးဝ ၀င်ထွက်လို့ မရအောင် ပိတ်ထားချင်တယ် . . . မြန်မာပြည်ထဲကို လှမ်းကြည့်လို့ မရအောင်ကို ပိတ်ထားချင်တယ် . . . ဖြစ်နိုင်မယ်ဆိုရင်ပေါ့

kiddykid said...

အကြွေးတွေဒီလောက်တင်ထားမှတော့...နည်းနည်းလေးတော့ ကြောက်ရ
တာပေါ့....

Shwe Mg said...

ငါတို့ နှလုံးသားကိုပါ ဖဲ့ယူနေတဲ့ ဒီတရုတ်တွေနဲ့ငါတို့ နောက်တစ်ခေါက် တရုတ်အရေးခင်းထပ်မဖြစ်ချင်ဘူးနော်...ငါတို့ ပြည်သူတွေ အခုချိန်မှာ အရင်ကထက် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ဘာသာရေးတွေမှာ..ပိုပြီးစည်းစည်းလုံးလုံးရှိသင့်တယ်...နိုင်ငံမှာ ပြည်တွင်းအန္တာရယ်ရော.. ပြည်ပအန္တာရယ်ပါ..ရှိတယ်..

brave heart said...

ဒီကောင်တွေကို ပြောနေရတာကိုက မတန်တော့ဘူး...ပြောမရ ချဖို့ပဲရှိတော့တယ်...

Anonymous said...

ဖွတ်ကျား စောက်တရုတ်

Nga Chaite said...

စဉ်းစားကြည့် ...ဒီမ A.....တရုတ်ကဘယ် တုန်းကကောင်းခဲ့လို့လဲ....

ဖိုးတောက် said...

ရင်လေးတယ်.. ကိုသစ်ထူးရယ်...
ဒီစီမံကိန်းကြောင့် ကချင်က သယံဇာတတွေ ဘယ်လောက်တောင် ဆုံးရှုံးသွားပြီလဲမသိဘူး.. ဒါလုပ်ရင် ဘယ်လိုဆိုးကျိုးတွေရှိတာကို ကိုသိရဲ့သားနဲ့ သူ့တိုင်းပြည်အတွက်ပဲ စဉ်းစားပြီး ဆက်လုပ်နေတာ စဉ်းစားကြည့်ပါဦးဗျာ..ဒါ အိမ်နီးချင်းကောင်းတခုရဲ့ လုပ်ရပ်လား.. မိတ်ဆွေလို့ပြောတဲ့လူတွေရဲ့လုပ်ရပ်လား.. ပညာတတ် နိုင်ငံကြီးတခုရဲ့ လုပ်ရပ်လား..
ဒီဘက်ကလူတွေတော့ ပြောမနေတော့ပါဘူး.. စာရိုက်ရတာ လက်ညောင်းတယ်...

သစ်ထူးလွင် said...

မြန်မာနိုင်င့တော်ကြီး သူများနိုင်ငံတွေထက်နောက်ကျပြီးဆင်းရဲတွင်းနက်နေတာဟာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး လုပ်ပိုင်ခွင့် အာဏာအရှိဆုံးလူက စောက်သုံးမကျလို့ပါ...

Myanmar said...

ဒါဟာ တင်အောင်မြင့်ဦးနဲ့ ဇော်မင်းတို့နှစ်ယောက်၇ဲ့ အာဏာအလွဲသုံးစားလုပ်မှုတွေပါ။ ဒီစီမံကိန်းဆက်လုပ်နိုင်၇င် သူတို့တွေ ဆယ်သက်ဖြုန်းမကုန်တဲ့ အကျိုးအမြတ်တွေ ၇ဘို့ စီမံပီးသားဖြစ်နေလို့ပါ။

Myanmar said...

မြန်မာပြည်သားအပေါင်းတို့ တ၇ုတ်ဆိုတာ မကြားချင်ဘူး။ ဘာလုပ်၇မလဲ သိကြပါ။

ကျော်ထိုက် said...

ဒီ တရုတ်တွေကို ဂျူးတွေ ကို ဟစ်တလာ မျိုးဖြုတ်သလို မျိုး မျိုးဖြုတ်သင့်နေပြီ...ငါ တို့ ညီနောင် တွေ အရင်လိုပဲ...မြစ်ဆုံ ကိစ္စ ကို တားဆီးကြစို့...အမေစု နှုင့် တို့ ၈၈ မျိုးဆက် ကိုကြီး များ...နှင့် အတူတကွ ကာကွယ်ကြစို့လား...

Show said...

စီးပွားရေးသမားတွေကတော့သူတို့အကျိုးရှိမယ်ဆိုဘာဖြစ်ဖြစ်လုပ်မှာပဲ
အားတိုင်းတရုတ်ကိုပဲဆဲနေလို့မှမရတာ
ကိုယ်သုံးနေတဲ့ဟာတွေကိုပဲပြန်ကြည့်အုံး
တရုတ်နဲ့လွတ်တာဘာရှိလဲ ပြောကြပါအုံးဗျာ
ကိုယ့်အစိုးရကမှမကောင်းတာ ဘာလုပ်လို့ရမှာလဲ
တရုတ်ကိုဟိုးအရင်ထဲကအားကိုးလာတာလေ
ခု ဦးရွှေမန်းတရုတ်ပြည်ကပြန်လာတော့မှဒီလေသံတွေပြန်ထွက်လာတာ
ဘာတွေမှန်းလဲမသိပါဘူးဗျာ

အောင် ကို ထတ် said...

ဒီစာကို ဖတ်ရင်းနဲ့ တိုက်ဆိုင်တာလေး တစ်ခုကို ပြောပါရစေ.....
ကျွန်တော်က မလေးရှားက ဟိုတယ်တစ်ခုမှာ ညဆိုင်းအလုပ်လုပ်ပါတယ်. ဟိုတယ်ကို တရုပ်ပြည်က မိသားစု ၄ ယောက် taxi စီးလာတယ် ဟိုတယ်ရှေ့ရောက်တော့ Taxi သမားနဲ့ တရုတ်တွေ ရန်ဖြစ်နေတာ ထိုးမယ်တကဲကဲနဲ တရုပ်က Taxi က မလေးလူမျိုး ဘာအတွက်ရန်ဖြစ်တာလဲ မေး
တော့ အထုပ်အပိုး အတွက် RM 5.00 တောင်းတာ တရုပ်က မပေးတဲ့အပြင် ရန်ရှာ လိုတဲ့ ရဲခေါ်မယ်ပြောတော့ မခေါ်ပါနဲ့ ဒီ ပိုက်ဆံလောက်တော့ ကျွန်တော် ပေးပါရ စေလို့ Taxi သမားကိုပြောတော့ မင်းမပေးပါနဲ့ ဒီတရုပ်ကလူပါး ၀လို့ငါတောင်းတာ ဒီနိုင်ငံက တရုပ်ပြည်မဟုတ်ဘူးမလေးရှား သတ်ပြစ်လိုက် မယ်ဘာမှတ်လဲ ဆိုပြီးတာ ဇတ်လမ်း ရှည်လို့ ဒီလောက်နဲ့ပဲ... ပြောချင်တာက တရုပ်တွေ လူပါးဝတာ မြန်မာနိုင်ငံ မှာတင်မဟုတ်ဘူး နိုင်ငံတိုင်းမှာ ၀တာပါ မြန်မာမှာတော့ပိုဝတာပေါ့ ခုနက ရန်ဖြစ်တာ ရဲရောက်လာတော့ ရဲက တရုပ်ကိုပိုက်ဆံပေးလိုက်ပြောတော့ မပေးဘူး ဗျာ တော်တော်လူပါးဝတဲ့တရုပ်ပဲ... မြန်မာပြည်ကရဲဆိုရင်တော့ Taxi သမားကိုပဲဖမ်းမှာ ကျိန်းသေတယ်... တရုပ်ကိုကြောက်တာကိုး...

Powered by Blogger.