ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်သည့် စာများ ကော့မှူးတွင် ဖြန့်သွား

ချင်းမိုင်(မဇ္ဈိမ) ။         ။ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရန် နီးကပ်လာချိန်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား ပုဂ္ဂိုလ်ရေး တိုက်ခိုက်သည့် စာများ ကော့မှူးမြို့တွင် ပျံ့နှံ့နေသည်ဟု NLD က ပြောသည်။

‘မောင်ပြောက်ကျား’၊ ‘ကော့မှူးမောင်လုပ်သား’ဆိုသော အမည်ပါရှိသည့် A4 အရွယ် လက်ကမ်းစာစောင်များကို ဒလ-ကော့မှူး ကားလမ်းတလျှောက် အမည်မသိသူများက တနင်္လာနေ့ညပိုင်းတွင် ဖြန့်ကျဲသွားခြင်း ဖြစ်သည်ဟု
ဒေသခံများ အပြောအရ သိရသည်။

ထိုစာများထဲတွင် အရွယ်မရောက်သေးသည့် ကလေးများကို NLD အင်္ကျီ ဝတ်စေခြင်း၊ ဒေါင်းတံဆိပ် နဖူးစည်းတပ်ကာ လိုက်ခိုင်းခြင်း စသည်ဖြင့် စွပ်စွဲ ရေးသားထားကြောင်း ကော့မှူးမြို့နယ် NLD အောင်နိုင်ရေး ကော်မတီ တာဝန်ရှိသူ ဦးမြင့်သိန်းက ပြောသည်။
dsmm9
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား ပုဂ္ဂိုလ်ရေး တိုက်ခိုက်သည့် စာများ ကော့မှူးမြို့တွင် ပျံ့နှံ့နေ (ဓါတ်ပုံ မဇ္ဈိမ)

“စာထဲမှာ အရင်ကဆိုရင် ရေနံထွက်မယ့်နေရာ ငှက်အော်စန်း ဘက်ကနေ သရက်တောထိ လမ်းဖောက်ပေးဖို့ အစိုးရက ရည်ရွယ်ချက် ရှိတယ်။ အဲဒီမှာ စက်ရုံတွေလည်း တည်ထောင်မှာ။ အဲဒါတွေ အားလုံး ဒေါ်စုက စီးပွားရေး ပိတ်ဆို့လို့ ကော့မှူးမြို့ ဖွံ့ဖြိုးရေး မလုပ်နိုင်တာတွေ၊ အလုပ်လက်မဲ့ များသွားတာတွေ တကယ်တမ်းတော့ ဒေါ်စုမှာ တာဝန်ရှိတယ် ဆိုတာတွေ အဓိကထား ရေးထားတယ်” ဟု မဇ္စျိမကို ပြောသည်။

အဆိုပါစာများထဲတွင် NLD ပါတီအနိုင်ရပါက နိုင်ငံခြားတိုင်းပြည်များ ဝင်ရောက် ခြယ်လှယ်နိုင်သလို
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ရုပ်သေးရုပ်သာ ဖြစ်လိမ့်မည်ဟုလည်း ရေးသားထားကြောင်း ဦးမြင့်သိန်းက
ပြောပြသည်။

ယင်းသို့ ပုတ်ခတ်မှုများနှင့် ပတ်သက်၍ ရွေးကောက်ပွဲကော်မရှင်ထံ လာရောက်တိုင်ကြားပါက စိစစ်၍ ဥပဒေအရ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးကိုကိုက မဇ္စျိမကို ပြောသည်။

“ဒါ ပုဂ္ဂိုလ်ရေး ပုတ်ခတ်တယ်ဆိုတော့ တချို့ကလည်း ရဲစခန်းကို တိုင်တယ်လို့ ကြားသိရတယ်။ အန်ကယ်တို့ကို လာတိုင်ရင်တော့ စိစစ်ပေးပါ့မယ်။ စိစစ်ပြီးတော့ ပြည်ထာင်စုကော်မရှင်ကို တိုင်ကြားပေးမယ်။ ဥပဒေအရ
ဆောင်ရွက်ပေးမှာပါ”ဟု ပြောသည်။

နိုင်ငံပိုင် သတင်းစာများတွင် ‘ငါးမင်းဆွေ’ ကလောင်အမည်ဖြင့် ဆောင်းပါးများ ရေးသားသော ဦးမင်းဆွေက
ဒေါ်အောင်ဆန်းစုကြည်အား မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုနှင့် ပတ်သက်၍ မိမိအမှားကို ဝန်ခံရမည် ဟု ရေးသားထားသော စာများ သုံးခွတွင် ဖြန့်ဝေခဲ့သည့်အပေါ် NLD က သက်ဆိုင်ရာ ရဲစခန်းများအား အရေးယူ
ဆောင်ရွက်ပေးရန် တိုင်ကြားခဲ့ရဖူးသည်။

အလားတူ စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်း ဒေါက်တာဆန်းဝင်းက
ဒေါ်အောင်ဆန်းစုကြည်ကို ပုတ်ခတ်ပြောဆိုမှုများ ရှိနေသဖြင့် NLD ဗဟို အောင်နိုင်ရေး အဖွဲ့က “လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ဖြစ်ပေါ်ရေးကို ထိခိုက်စေနိုင်ကြောင်း” တနင်္လာနေ့က ထုတ်ပြန်ထားသည်။

လောလောဆယ်တွင် ကော့မှူးမြို့နယ်အတွင်းရှိ ကျေးရွာများသို့ ကြံ့ခိုင်ရေးပါတီ ရန်ကုန်တိုင်းတာဝန်ခံ ဦးအောင်သိန်းလင်း ကိုယ်တိုင် ပါတီစည်းရုံးရေး ဆင်းပေးနေသည်။

ဒေါ်အောင်ဆန်းစုကြည်သည်လည်း မတ်လ ၂၂ ရက်နေ့ နေလည် ၂ နာရီချိန်တွင် ရပ်ကွက်လူကြီးများနှင့် တွေ့ဆုံ ပြီးနောက် ညနေ ၄ နာရီတွင် ကော့မှူးမြို့ရှိ ဝိဇ္ဇောကျောင်းတိုက် ရှေ့ကွင်းပြင်တွင် စည်းရုံးရေး ဟောပြောမည်
ဖြစ်သည်။

မဲပေးနိုင်သူ ဦးရေ ၈၇,၀၀၀ ဦးရှိသည့် ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် NLD မှ
ဒေါ်အောင်ဆန်းစုကြည်၊ ကြံ့ခိုင်ရေးပါတီမှ ဒေါက်တာ စိုးမင်း၊ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီမှ ဦးတင်ရီတို့ ယှဉ်ပြိုင်ကြမည် ဖြစ်ပြီး မဲရုံပေါင်း ၁၂၉ ရုံ ရှိသည်။
ဒေါက်တာစိုးမင်း ကော့မှူးမှာစည်းရုံးရေးဆင်းနေစဉ်
ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်သည့် စာများ ကော့မှူးတွင် ဖြန့်သွား ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်သည့် စာများ ကော့မှူးတွင် ဖြန့်သွား Reviewed by သစ်ထူးလွင် on 09:22 Rating: 5

20 comments:

Ko Htet said...

"ကလေးတွေဝတ်တယ်ဆိုတာက လေးစားလွန်းလို့ကွ" နွားတွေရဲ့။
ကိုကိုဖွတ်တို့ကပြောလိုက်ရင်တော့ "လွတ်လပ်ပြီးတရားမျှတမယ်ဆို" မင်းတို့သမီး လွတ် ပြီး မင်းတို့ မိန်းမ တွေလပ် နေတာလား။
မင်းတို့စည်းစိမ်တွေမျှ လိုက်ပါလား နွားတွေ--------

chitthu said...

myanmar pyay ka luu twe ka .. a lain khan ya tar kyint thar ya nay pi lay... a hmat ko ma shi buu
thu toe ko tine k akoe a lain khan chin nay kya tar...i ka tot .. kyant phoot so ,,, very hate..i don't like their policies..

မျိုးချစ်လူငယ် said...

ကြံ့ဖွံ့တွေ တွေ အင်မတန်မှ ရွံ့ဖို့ကောင်းပါလား။ အောက်တန်းကျတဲ့နည်းတွေနဲ့ ပြည်သူတွေကို တနည်းနည်းနဲ့လှည့်စားဖို့ အမြဲ ကြံစည်နေတာပဲ။
ဒီလိုနဲ့ပဲ နိုင်ငံက တတောင်းစားနိုင်ငံဖြစ်တော့မယ်။

အမြင်သစ် said...

ဆရာနော် စည်းရုံးရေးဆင်းတယ် ဆင်းတယ်ဆိုပီး ဘာတွေ
စည်းရုံးနေလဲမသိဘူး။အို ...ဘယ်တွေကိုင်နေတာလဲ ... ဟင်း လူဆိုး.. စိတ်ထဲကဘာတွေကြံနေလဲမသိဘူး။ အခမဲ့ အခမဲ့ နဲ့
ဟင်းနော် ...ဒို့မသိဘူးများမှတ်နေလား ........

purewhite said...

2010 ရွေးကောက်ပွဲတုန်းက လိမ်ကြညစ်ကြတာတွေကို ပြည်သူတွေတော်တော်များများက မလွဲသာလို့ ၊ကြောက်လို့ ငြိမ်နေကြရတာလို့ တွေးခဲ့မိဖူးပါတယ်။ ခုတိုင်းပြည်တိုးတက်ဖို့ အထက်လူကြီးတွေညှိနှိုင်းပြီး လုပ်ဆောင်ဖို့ဆွေးနွေးနေကြတဲ့အချိန်မျိုးမှာ အားလုံးကအပြုသဘောဆောင်တဲ့ အနေအထားမျိုး၇ှိနေကြရမှာမဟုတ်ပါလား။ ခုတော့ အောက်တန်းကျစွာ တဖက်ပါတီကို ထိုးနှက်နေကြတာဟာ ၇ှက်စရာကောင်းပါတယ်။ ဒီလိုလူတွေအများကြီးရှိခဲ့လို့ တိုင်းပြည်ကနှစ်ပေါင်းများစွာ သူတို့ပြုသမျှနုခဲ့ကြရတာလို့ သဘောပေါက်လာပါပြီ။ အမေစု အားလုံးကိုယ်စားတောင်းပန်ပါတယ်။ ဒီလိုလူတွေ၇ှိတဲ့တိုင်းပြည်မှာ အမစု စိတ်မနာနိုင်ပဲ အပြုံးမပျက်ရပ်တည်ပေးနေတဲ့အတွက်ပါ။ ပြောမပြနိုင်လောက်အောင်ကျေးဇူးတင်ပါတယ်အမေ။ သူတို့က အမေတို့ကို ထိုးနှက်လေ ပြည်သူတွေက ပိုပိုချစ်လေပါ အမေ။

007747 said...

ကိုစိုးမင်း ခင်ဗျားနဲ့ခင်ဗျားသားသမယား‌တွေအတွက်ဘဲ နိုင်ငံ‌ရေးလုပ်‌နေတာလား။ ခင်ဗျားအမျိုးသားတစ်ရပ်လုံးအတွက်မဟုတ်ရင်ပြည်သူ.ကိုယ်စားလှယ်လုပ်ဖို့မတန်ဘူးကွ။ ‌အေး ‌အေး‌ဆေး‌ဆေးအိမ်မှာ‌ဆေးခန်းဖွင့်စားဖို့‌လောက်ဘဲတန်မယ်။ ‌အေး‌အေး‌ဆေး‌ဆေး‌နေစမ်းပါကွာ။

MgMgHla said...

တဖြေးဖြေးနဲ့  ဒီပဲရင်း အရေးခင်း မဖြစ်ခင် အစောပိုင်းအခြေနေ ကိုတွေ့ မြင်နေရသလိုပါဘဲ။ တစ်ရစ်ပြီးတရစ် တက်လာတဲ့ နှောက်ယှက်မှုတွေဟာ ဒေါ်စုရဲ့ အသက်အန္တရယ်ထိ တောင်စိုးရိမ်ရမဲ့ အနေထားရောက်လာမှာကိုကြိုတွက်ထားသင့်ပါတယ်၊ဒီအစိုးထဲမှာ အင်မတန်မှအောက်တန်းကျပါတယ်ဆိုတာ ထက်ကို စကားလုံးမရှာနိုင်အောင်ယုတ်မာကောက်ကျစ်တဲ့ သူတွေမှာ လုပ်ပိုင်ခွင့်တွေရှိနေတယ်ဆိုတာ ဒီလိုအဖြစ်အပျက် တွေက သက်သေပြနေတာပါ၊ ဒါကိုလျှော့တွက် ရင် တွက်သူသာ အမှားဖြစ်ပါလိမ့်မယ်၊ ဒီပဲရင်းအရေးခင်းတုန်းကလဲ အဲဒီလိုပါဘဲ စစ်ကိုင်းတိုင်း nld အဖွဲ့ တချို့ ဟာ မူမမှန်တဲ့ လုပ်ရှားမှုတွေ၊အန္တရယ်တွေကိုကြိုသိခဲ့ပါတယ်၊ ဒါပေမယ့် အရင်တခြားမြို့ တွေလိုဘဲ ပြီးမယ်ထင်လို့ ဒေါ်စုကို မတားခဲ့ကြ ပါဘူး။တချို့ အဖွဲ့ ဝင်တွေကလဲ စိုးရိမ်စိတ်နဲ့ တားခဲ့ချင်ပေမယ့် ဒေါ်စုရဲ့ အရှိန်အ၀ါ ကို စိုးရိမ်ပြီး မတားဖြစ်ခဲ့ကြပါဘူး။ တကယ်လို့ သာ စစ်ကိုင်းတိုင်းစည်းအနေ နဲ့ အစည်းအဝေးဆုံးဖြတ်ပြီး တားခဲ့ကြမယ်ဆိုရင် ဒေါ်စုကလည်း မလိုက်နာစရာ အကြောင်း မရှိဘူးလို့ ထင်ပါတယ်၊ ဒေါ်စုဟာ အဖွဲ့ စည်းရဲ့ ဆုံး ဖြတ်ချက်ကိုအင်မတန်လေးစားလိုက်နာပါ တယ်၊အခုလည်း Nld ဗဟိုအဖွဲ့ သော်လည်ကောင်း သက်ကြီး ၀ါကြီး ဦးတင်ဦး၊ ဦးဝင်းတင်ကဲ့သို့ ပုဂ္ဂိုလ်များက စဉ်းစားဆုံးဖြတ်ပြီး အန္တရယ်ရှိနိုင်တဲ့ နေရာများကို စည်းရုံးရေး ခရီး မဆင်းဖို့  ၀ိုင်းဝန်း လုပ်ဆောင်ပေးပါလို့ မေတ္တာရပ်ခံ ပါရစေ၊ ဒေါ်အောင်ဆန်းစုကြည်ဟာ အင်မတန်မှ သတ္တိကောင်း တဲ့ အမျိုးသမီးကြီးဆိုတာ နားလည်နိုင်ပေမယ့်  သူရဲ့ ရပ်တည်မှုဟာ မြန်မာပြည်တစ်ပြည်လုံးရဲ့ ကံကြမ္မာကို ထိခိုက်နိုင်တယ်ဆိုတာမေ့မထားသင့်ပါဘူး။ တတ်နိုင်သူတွေ ၀ိုင်းဝန်းဆောင်မကြပါလို့ လေးစားစွာ မေတ္တာရပ်ပါရစေ

မကွေးသား said...

ကြံ့ဖွတ် အကောင်စုတ်တွေ မိုက်ရိုင်းလိုက်တာ
အဆင့်အတန်းမရှိကောင်တွေ ။ အခုမှလာပြီး ဘာ for show တွေလုပ်နေတာလဲ။ မင်းသင်ထားတဲ့ဆေးပညာက အဆင့်အတန်းမရှိမဲဆွယ်ဖို့လား။ ဟေ့ကောင် မတက်ဘဲနဲ့ လျှောက်လုပ်မနေနဲ့။

zatkaung.blogpost.com said...

ဗိုလ်ချုပ်စဉ်းစားခဲ့သလိုပေါ့ ဘာမှပြောမနေပဲနဲ့ ရွေးချယ်ပြီးသားလမ်းကို အတတ်
နိုင်ဆုံး ခင်းပြလျှောက်ပြနေတဲ့ အန်တီစုလို မိန်းမသားမျိုးကိုတောင် စက်ဆုပ်ဖွယ် တိုက်ခိုက်နေတဲ့ လူတွေကို စည်းလုံးညီညွတ်မှုတစ်ခုတည်းနဲ့
ဘုန်းဘုန်းလဲအောင်တိုက်နိုင်တယ် ဆိုတာ အားလုံးပြသမှရမယ် ဘက်ပြိုင်တာ
မဟုတ်ဘူးနော် တွန်းလှဲမှာတစ်ခါတည်း ပြိုလဲအောင် မဲပေးတဲ့ အခါ ဘယ်သူ့မှ
ကြောက်မနေပဲ အကောင်းဆုံး အမှန်ဆုံးကိုရွေးပေးဖို့ သတ္တိရှိဖို့  အခက်ခဲရှိရင်
ဖွင့်ပြဖို့ တောင်းဆိုသင့်တာ တောင်းဆိုရမှာကို ရဲရဲဝံ့ဝံ့ တောင်းဆိုရဲဖို့ အားလုံး
အခွင့်အရေးဆိုတာ ဘာမှန်းမသိနားမလည်သေးတာ အခုထိပါ နားလည်ပြီးသား
လူတွေက အရင်ဆုံးခင်းပြ လျှောက်ပြမှရမယ် အတတ်နိုင်ဆုံးသောလမ်းကို
ခင်းပြလျှောက်ပြကြပါ အားလုံးလက်တွဲထားရမယ် တက်ညီလက်ညီ အမြဲ
ရှိနေမှအဆင်ပြေနိုင်မယ် ဘာလို့ဆိုတော့ သူတို့က သေချာရှုံးနိမ့်မှာ
ဒါပေမယ့် သူတို့မှာအရင်လို အရှက်မရှိလုပ်ရပ်မျိုးထပ်လုပ်လာရင်
ဘာမှ တတ်နိုင်မှာမဟုတ်ဘူး အဲဒါကြောင့် အမြဲ ရပ်တည်ဖို့ အင်အားပြထားမှ
ရမယ် သူတို့ အရှက်မရှိလမ်းမှာ လျှောက်ပြောသလို တီဗွီမှာဟောပြောသလို
ကိုယ့်ဘက်က အမှန်တရားကိုလည်း သူတို့ထက်ပိုတဲ့ သတ္တိမျိုးနဲ့ ပြသဖို့
အစွမ်းကုန်ကို ကြိုးစားရမယ် အားလုံးပဲ တွဲလက်တွေမြဲပါစေဗျာ

soe said...

cosy, ရေ..ရီရတာအူတောင်နာတယ်ဗျာ..

ကိုကို said...

ဒါမျိုးကြဘာမှဖမ်းတာဆီးတာမတွေ့ရဘူး.
လူထုကလုပ်ကြည့်ပါလား.ခွေးမသားရဲတွေ.
ရှေ့ဆုံးကအရင်ရောက်လာမှာ.

vimpire said...

ကဲ... ပြည်ထောင်စုအဆင့် ရွေးကောက်ပွဲကော်မရှင်လူကြီးတွေ.... ဘယ်မှာသွားသေနေကြတုန်းဗျို့... ခင်ဗျားတို့ ပထွေးတွေက အပုတ်ချတဲ့အောက်တန်ကျတဲ့အလုပ်တွေလုပ်နေကြပြီ....
ဘာလုပ်မှာလဲပြော...

ငွေသော်တာ said...

ဖွတ် လူရုတ်မာတွေ လက်ချက်ပဲ ဖြစ်မှာ...

yin win said...

မြန်မာလူမျိုး ၁၀ ယောက်မှာ ၈ ယောက်ကြံ့ဖွံ့မကြိုက်ဘူးဗျာ...ဒါကျနော်လျော့ပြောတာ..ကျနော်နိုင်ငံရေးနဲ့
ပတ်သက်ပြီးဆွေးနွေးဖူးတဲ့လူထဲမှာ တယောက်မှ ကြံ့ဖွံ့ပါတီကိုလက်မခံဘူးဗျာ..မိုးကြိုးပစ်...တကယ်ပါ..

myan pyae thu said...

Ko Maung Maung Hla yah....
I'm also very worrying for A May Su.

Anonymous said...

ကလေးတွေ ကို မ၀တ်မနေရ ဆိုပြီး ၀တ်ခိုင်းထားတာ မဟုတ်ဖူးကွ... သူတို့မိဘတွေ ကိုယ်တိုင်က အမေစုကို လေးစားလွန်းလို့ ၀တ်ပေးထားတာ... မင်းတို့ကြံ့ဖွတ်တွေလို မတက်မနေရ ဆိုပြီး လူထုထောက်ခံပွဲ လုပ်သလို တစ်ယောက်မှမပါဘူး နွားမင်းဆွေ နဲ့ အပေါင်းပါတွေ.... ကလေးကလား မဟုတ်တရုတ် စွပ်စွဲချက်တွေ နဲ့ မင်းတို့ မရှက်ဖူးလား ကြံ့ဖွတ်တွေ....

အမြင်သစ် said...

မနေ့က ရန်ကုန်မှာ အမေစုကိုအပုတ်ချတဲ့စီဒီခွေတွေကြံ့ဖွတ်က
လိုက်ဖြန့်နေတယ်လို့ကြားရပါတယ်။ ဖေ့ဘွတ်ပေါ်မှာလဲ တင်ထားတာကိုကြည့်လိုက်ရပါတယ်။သခင်အောင်ဆန်း၊နဂါးနီ သီချင်းတွေကိုနောက်ခံထားပီးတော့ အမေစုရဲ့ပုံတွေကို စလိုက်ရှိုးလုပ်ထားတာပါ။သီချင်းနဲ့ပုံတွေကတော့လက်ခံနိုင်စ ရာရှိပေမဲ့အောက်မှာစာတန်းထိုးပီးအမေစုကို စော်ကားတဲ့ မေး ခွန်း(21)ခုဆိုပီးရေးထားပါတယ်။ မေးခွန်းအားလုံးကိုတော့ မမှတ်မိတော့ပါဘူး။မှတ်မိသလောက်ဆိုရင် ...(နိုင်ငံခြားမှာနေခဲ့တဲ့ အနှစ် ၃၀လောက်နေခဲ့တုန်းကမြန်မာ
ပြည်အတွက်ဘာမှ မလုပ်ခဲ့ဘဲနဲ့ ခုမှ မြန်မာပြည်ကိုဘာကြောင့်
ချစ်ပြနေရတာလဲ၊မြန်မာပြည်ကိုကျွန်ပြုခဲ့တဲ့အင်္ဂလိပ်လူမျိုးကို
ဘာကြောင့်ယူခဲ့တာလဲ၊လွတ်လပ်စွာပြောဆိုရေးသားခွင့်ရှိတယ်
ဆိုပီးဘာကြောင့် ငါးမင်းဆွေကို တရားစွဲခဲ့တာလဲ၊အင်းယားကန်
ကနေကူးလာတဲ့ ယောင်္ကျား ရင့်မာကြီးနဲ့ နှစ်ရက်အတူနေပီး
ဘာတွေလုပ်ကြတာလဲ) စသဖြင့် တော်တော်မိုက်ရိုင်းတဲ့မေး
ခွန်းတွေကို ရေးသားထားပါတယ်။အဆိုးဆုံးကတော့ 1997/
1998 လောက်တုန်းက မမနဲ့မောင်လေးဇတ်လမ်းထဲက မောင်
လေးကဘယ်သူလဲ၊ကွန်ပြူတာခန်းထဲမှာကော်ဇောခင်းပီး
ချစ်ရည်လူးခဲ့တာဘာညာ၊ ဆိုပီး ပုဂ္ဂိုလ်ရေးကို မိုက်မိုက်
ရိုင်းရိုင်းစော်ကားရေးသားထားတာတွေ့ရပါတယ်။မေးထားတဲ့
မေးခွန်း(၂၁)ခုကိုလဲ demohero1500@gmail.com ကိုပို့
ပြီးဖြေဆိုနိုင်တယ် အကောင်းဆုံးလူကိုဆုချမယ် စသဖြင့်
ရေးထားတာတွေ့ရပါတယ်။ကျုပ်ကတော့တော်တော် မခံမရပ်
နိုင်ဖြစ်လို့ အဲဒီမေးကို ကောင်းကောင်းမေတ္တာပို့လိုက်ပါတယ်။
အခြေအမြစ်မရှိတဲ့မေးခွန်းတွေနဲ့ပုဂ္ဂိုလ်ရေးသက်သက်စော်ကား
ထားတဲ့ရေးသားချက်တွေကိုဘယ်လိုမှ လက်ခံနိုင်စရာအ
ကြောင်းမရှိပါဘူး။ရောင်းရင်းများ ၀ိုင်းဝန်းကန့်ကွက် မေတ္တာပို့
ကြဖို့ နှိုးဆော်လိုက်ရတာပါ.............

lwannaymie said...

ဆရာသေခြာစမ်းပေးမလို့ပါကွယ်...ဟိုဘက်လှည့်ထားနော်...ဆရာဘဲကြည့်မယ်နော်...ဆရာနိုင်ရင်...တစ်ကိုယ်လုံးစမ်းပေးမယ်..စိတ်ချ။
ဆရာ့ကိုအားပေးနော်...(၂၄နာရီ)အတွင်း...ကြိုက်တဲ့နေရာပြောလိုက်...ဆရာလာစမ်းပေးမယ်။

ဇာမဏီ said...

face book မှာကျွန်တော်လည်းတွေ့လိုက်တယ် cosy ရေ
သူ့မေးခွန်းတွေကိုအချက်ကျကျပြန်ချေပထားတဲ့ ဖြေကြားချက်
တွေလည်းဖတ်ရတော့ နည်းနည်းစိတ်သက်သက်သာရာရသွားပါ
တယ်။ကျွန်တော်လည်းတော်တော်ဒေါသဖြစ်နေတာပါ။ ဒီလို
ကောင်မျိုးတွေရဲ့ ၀ါဒဖြန့် အပုတ်ချတဲ့ဟာကို အဖက်ကို လုပ်ပီး
ဖြေနေစရာတောင်မလိုပါဘူး။ဒါပေမဲ့ အဲဒီခွေးဝဲစား စောက်ဆင့်
မရှိတဲ့မေးကိုတော့ ကောင်းကောင်းဆဲပေးလိုက်မယ်ဗျာ။

Maycho said...

အမေစုကိုထိရင်ကျမတို့လုံးဝလက်မခံပါဘူး

Powered by Blogger.