သံလျင်ကျိုက်ခေါက်ဘုရားပွဲတွင် သီးလေးသီးလူရွှင်တော်များက ဘုရား ဂေါပကလူကြီးများအား သရော်သော ပြက်လုံးပြက်ခဲ့သောကြောင့် ပွဲတရက် နားခံခဲ့ရ

ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး သံလျင်ကျိုက်ခေါက်ဘုရားပွဲတွင်ဖျော်ဖြေခဲ့သောသီးလေးသီးဆေးရောင်စုံအငြိမ့်အဖွဲ့၏ ပြက်လုံးများတွင် ဘုရား ဂေါပကလူကြီးများအားသရော်သော ပြက်လုံးများကြောင့် နောက်ဆုံးရပ်ပွဲမကရဘဲ ရပ်နားခံခဲ့ရကြောင်း သိရှိရသည်။
 
 “အမှန်ဆိုကျွန်တော်တို့က၃ညကရမှာ။ နှစ်ရက်ပဲကခဲ့ရတယ်။ ဂေါပကတွေကိုသရော်လို့ဆိုပြီး နောက်ဆုံးညမှာ မကခိုင်းတော့ဘဲပိတ်ခံလိုက်ရတယ်”ဟုသီးလေးသီးအဖွဲ့မှလူရွှင်တော်ဇီးသီး ကပြောသည်။
 
သီးလေးသီးဆေးရောင်စုံအငြိမ်အဖွဲ၏ ဖျော်ဖြေပွဲနောက်ဆုံးရက်အား ဘုရားဂေါပက လူကြီးမှ ကခွင့်မပေးတော့ဘဲ ဖျော်ဖြေပွဲအား ရက်နားစေခဲ့ကြောင်း သီးလေးသီးအဖွဲ့ဝင်များက ပြောသည်။       
 
အဆိုပါသီးလေးသီးအဖွဲ့သည်၂၀၁၂ခုနှစ် ဖေဖော်ဝါရီ(၅)ရက်၊(၆)ရက်နေ့တွင် ငါးသိုင်းချောင်းကျေးရွာနှင့် ဖေဖော်ဝါရီလ(၉)ရက်နေ့တွင်လည်းမွန်ပြည်နယ် ပေါင်မြို့နယ်တို့တွင် ဖျော်ဖြေမည်ဖြစ်ကြောင်းသိရှိရသည်။ 
 
နောက်ပိုင်းတွင်လည်းပန်းတနော်၊ဟင်္သတ၊ မြန်အောင်မြို့များသို့သွားရောက်တင်ဆက် ဖျော်ဖြေသွားမည် ဖြစ်ကြောင်း သိရှိရသည်။
 
“နယ်ဘက်တွေကတော်တော်လေးအားပေးပါတယ်။သီးလေးသီးကမယ်ဆိုရင် ပြက်လုံးတိုင်းက အားလဲအားရတယ်” ဟု ပန်းတနော်မှ ဦးစိုးနိုင်သိန်းကပြောသည်။
အဆိုပါဖျော်ဖြေပွဲများတွင် မေလတွင်ကျင်းပမည့် ရွေးကောက်ပွဲအပေါ်အခြေခံသည့် ပြက်လုံးများအားတင်ဆက် သွားမည်ဖြစ်ကြောင်းကိုလည်းသီးလေးသီးအဖွဲ့ဝင်ကိုဇီးသီးပြောပြချက်အရသိရှိရသည်။
 
မတ်လ(၃) ရက်နေ့တွင်လည်း ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်၊ ရူခင်းသာဘုန်းကြီးကျောင်းတွင် ဖျော်ဖြေရန်စီစဉ်ထားကြောင်းသိရှိရသည်။
 ယမင်း(ရွှေမြစ်မခ)
သံလျင်ကျိုက်ခေါက်ဘုရားပွဲတွင် သီးလေးသီးလူရွှင်တော်များက ဘုရား ဂေါပကလူကြီးများအား သရော်သော ပြက်လုံးပြက်ခဲ့သောကြောင့် ပွဲတရက် နားခံခဲ့ရ သံလျင်ကျိုက်ခေါက်ဘုရားပွဲတွင် သီးလေးသီးလူရွှင်တော်များက ဘုရား ဂေါပကလူကြီးများအား သရော်သော ပြက်လုံးပြက်ခဲ့သောကြောင့် ပွဲတရက် နားခံခဲ့ရ Reviewed by သစ်ထူးလွင် on 05:23 Rating: 5

6 comments:

Anonymous said...

ဂေါပက heart ထိသွားတယ်ပေါ့ ဟဟဟ

ဝေဖန်သူတစ်ဦး said...

သီးလေးသီးအငြိမ့်ကို လုံးဝမကြိုက်ပါ သူတို့ပျက်လုံးများသည် မရီရပါ လူပိန်းကြိုက်ပျက်လုံးများသာ ဖြစ်ပါသည် လူတွေက နိုင်ငံရေးပျက်တာကို သဘောကျမှန်း သိလို့ အဲဒါကြီးပဲ လွှတ်ပျက်နေပါသည် ကြာတော့ သောက်မြင်ကတ်လာပါသည် ကျွန်တော်သည် အမေစုကိုထောက်ခံသူ တစ်ယောက်ပါ.....သီလေးသီးလူပြက်များသည် ဆရာကြီးပုံဖမ်းလွန်းပါတယ်။ အငြိမ့်ကို အငြိမ့်လိုပဲ ခံစားပြီး ကြည့်ချင်ပါတယ်။

nayyinelay said...

စောက်ရူးအဖွဲ့ တွေပါကွာဟိုလူ့ မကောင်းမပြော ဒီလူ့ မကောင်းပြောပြီးနာမည်ကြီးနေတဲ့ကောင်တွေ ဒီကောင်တွေလူရွှင်တော် လုပ်ပြီး ရယ်စရာ ထင်ထင်ရှားရှားဘာရှိလို့ လဲ

စင်ရော် said...

ကိုဇာဂနာကိုမှီပြီးလုပ်စားနေသောအဖွဲ့ ဖြစ်ပြီး နိုင်ငံခြားမှာငတ်လို့ ပြန်လာခြင်း ဖြစ်သည်။ ကြာကြာကြည့်လေစရိုက်ပိုထင်ရှားလေဖြစ်သည်။ ပထမဆုံးမျှော်စင်ကျွန်းအငြိမ့်တော့ကောင်းပါသည်။

saw said...

i agree above comment/

လရောင်ဝါ said...

ဟုတ်ပ တစ်ခါလာလဲဒါပဲ ကြည့် ကိုမကြည့်တာ

Powered by Blogger.