ထန်းလျက်ဈေးကျခြင်း သုံးစွဲမှုနည်းပါးလာခြင်းတို့ကြောင့် ထန်းလုပ်ငန်းများ ရပ်တည်ရန် အခက်အခဲဖြစ်လာ

ထန်းလျက် ဈေးကျပြီးထန်းလျက်သုံးစွဲသော ဈေးကွက်လျော့ကျလာခြင်းတို့ကြောင့် ထန်ုးလုပ်ငန်းလုပ်ကိုင် နေသော ထန်းတောင်သူများ စားဝတ်နေရေး အခက်အခဲနှင့်ရင်ဆိုင်ရကာအခြားလုပ်ငန်းများကို ပြောင်းလဲလုပ်ကိုင်လာကြကြောင်း ထန်းလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရှိရသည်။
 
  “ထန်းလုပ်ငန်း ကို မလုပ်ကိုင် နိုင်တဲ့အကြောင်း ကတော့ ထန်းတက်လုပ်ငန်း လုပ်ရာမှာ လိုအပ်တဲ့ ပစ္စည်းတွေရဲ့ အရင်းအနှီး နဲ့ ယှဉ် ရင် ထန်းလျက် ဈေး နှုန်းကကျနေတယ်၊ ကုန်ကျစရိတ်နဲ့ ပြန်ရတာက မမျှတော့မိရိုးဖလာလုပ်လာတဲ့သူတွေရော အများစုက မလုပ်ကိုင် နိုင်ကြတော့ဘူး” ဟု ထန်းလုပ်ငန်းလုပ် ကိုင်နေသူ တောင်သူတစ်ဦးက ပြောသည်။
 
ယခု နှစ်တွင် ထန်းဖြူ တစ်ပိသာ ဈေးနှုန်းမှာ ၄၅၀ကျပ် (လေးရာ့ငါးဆယ်ကျပ်) နှန်း နှင့် ထန်းနီး သေး တစ်ပိသာ ဈေူးနှန်းမှ ၄၀၀(လေးရာကျပ်) ထန်းနီ ကြီးတစ်ပိသာ ဈေးနှုန်းမှာ ၃၈၀(သုံးရာ့ရှစ်ဆယ်ကျပ်) ဈေး ကောက်ကြောင်း ကျောက်ပန်းတောင် မြို့ ပွဲရုံ လုပ်ငန်းရှင် တစ်ဦးက ပြော ကြားသည်။
 
ယခင် နှစ်များက ထန်းလျက် တစ်ပိသာ ဈေးနှုန်းမှာ ထန်းဖြူ  မှာ၁၂၀၀ကျပ်(တထောင့်နှစ်ရာ)ဈေး ရှိပြီး ထန်းနီ တစ်ပိသာ ဈေးနှုန်း မှာ၁၀၀၀(တထောင်)ကျပ်ဈေးရှိပြီးယခုနှစ်တွင် ဈေးနှုန်းသိသိသာသာပြုတ်ကျသွားခြင်းဖြစ်ကြောင်း သိရှိရသည်။
 
ထန်ုးလျက်ကို မုန့်လုပ်ငန်းများနှင့်အရက်ချက်လုပ်ငန်းများကသာ ၀ယ်ယူအသုံးပြုလျက်ရှိကြောင်း သိရှိရသည်။
 
 အဆိုပါ ထန်းလျက်ပွဲရုံ များမှ အဓိကတင်ပို့နေသည်မှာ ရန်ကုန် ၊မန္တလေး၊ပြည်၊အောင်လံ၊မိထ္ထီလာမြို့များကိုအဓိကတင်ပို့နေရသော်လည်း ယခုနှစ်အတွင်း ရန်ကုန်ကိုသာ အဓိကထား တင်ပို့ နေရတော့ကြောင်း သိရှိရသည်။
 
`ကျွန်နော်တို့ရဲ့ ထန်းလျက်လုပ်ငန်း အဆင်မပြေဘူး ဆိုတာကတော့ ထန်းလျက်ဈေးက အရမ်းနည်းနေတဲ့အပြင် ထန်းလျက်ကို အရင်တုန်းကလို သရေစာအဖြစ် သုံးတာလည်း နည်းလာတယ်၊ မြန်မာ့ရိုးရာ မုန့်လုပ်ငန်းအချို့ကလည်း ရပ်နားကုန်တာလည်းပါတယ်`ဟု ထန်းလျက်လုပ်ငန်း လုပ်ကိုင်သူက ပြောသည်။
 
ထန်းလျက်လုပ်ငန်းမကောင်းသည့်အတွက် အချို့ထန်းလုပ်ငန်းရှင်များမှာ ထန်းပင်များကိုပင်ခုတ်လှဲရောင်းပစ်လိုက်ရသည်အထိ ဖြစ်ပေါ်လာကြောင်း သိရှိရသည်။
 
ထန်းလျက်အရောင်းချသွားခြင်းမှာ နယ်မြို့များတွင်တနိုင်တပိုင် လုပ်ကိုင်နေကြသောမိရိုးဖလာသရေစာလုပ်ငန်းများ ပျောက်ကွယ်လာခြင်းနှင့်လည်း လုပ်ငန်းသဘောအရ ဆက်စပ်မှု ရှိနေကြောင်း သိရှိရသည်။
 
`ထန်းလုပ်ငန်းက မိရိုးဖလာလုပ်ငန်းလုပ်ဖြစ်တော့ ခုလိုဆို ထန်းလျက်လုပ်ငန်းတွေ ပျောက်ကွယ်သွားမှာစိုးရိမ်မိတယ်၊  ထန်းလျက်ကို ကုန်ကြမ်းမှကုန်ချောအနေနနဲ့ပြုပြင်ပြီးအခြားနိုင်ငံကိုတင်ပို့ ရောင်းချပေးတာမျိုး၊ နောက်ထန်းလျက်ကို မုန့်လုပ်ငန်းတွေမှာ အများဆုံးသုံးကြတယ်၊ နယ်တွေမှာလည်း မိရိုးဖလာလုပ်နေတဲ့ မုန့်လုပ်ငန်းတွေက အခြေအနေမကောင်းဘူး လုပ်ငန်းတွေ ပြောင်းကုန်တယ်`ဟု လက်ရှိ ပွဲရုံ လုပ်ငန်း လုပ်ကိုင်နေသော ပွဲရုံလုပ်ငန်း လုပ်ကိုင်သူ တစ်ဦးက ပြောသည်။
 ဝေမိုး( ရွှေမြစ်မခ)
ထန်းလျက်ဈေးကျခြင်း သုံးစွဲမှုနည်းပါးလာခြင်းတို့ကြောင့် ထန်းလုပ်ငန်းများ ရပ်တည်ရန် အခက်အခဲဖြစ်လာ ထန်းလျက်ဈေးကျခြင်း သုံးစွဲမှုနည်းပါးလာခြင်းတို့ကြောင့် ထန်းလုပ်ငန်းများ ရပ်တည်ရန် အခက်အခဲဖြစ်လာ Reviewed by သစ်ထူးလွင် on 05:30 Rating: 5

No comments:

Powered by Blogger.