ကြံ့ဖွံ့ စစ်အစိုးရ သာသနာကို စော်ကားလိုက်ပြန်ပြီ(ဓါတ်ပုံ)

ဒီနေ့ မဂ္ဂင်ကျောင်းက ဆရာတော်တွေ အထုပ်ကလေး ကိုယ်စီဆွဲပြီး ကျောင်းပေါ်ကဆင်းသွားကြတာကို မြင်လိုက်ရတဲ့ မြင်ကွင်းဟာ စိတ်အထိခိုက်ရဆုံးပဲ။ သိပ်ရင်နာဖို့ကောင်းတယ်။ သာသနာကို စော်ကားလိုက်ပြန်ပြီ။ သံဃာတွေကို စော်ကား လိုက်ပြန်ပြီ။ သံဃာတွေကို ကျောင်းက မောင်းထုတ်လိုက်ကြပြီ။ သူတို့မှာ ဘာအပြစ်ရှိလို့လဲ။

ဒီကနေ့ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့မှ ဆရာတော်များ၏ ဆုံးဖြတ်ချက်ဖြင့် သာသနာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ ရောက်ရှိလာပြီး မဂ္ဂင်ကျောင်းကို လာရောက်ချိပ်ပိတ်ခဲ့သည့်အတွက် မဂ္ဂင်ကျောင်းတွင် သီတင်းသုံး နေထိုင်နေသော သံဃာတော်များမှာ ချိပ်ပိတ်ထားသော မဂ္ဂင်ကျောင်းအတွင်းမှ ထွက်ခွာပေးခဲ့ရပုံ ဖြစ်ပါသည်။

ကြံ့ဖွံ့ စစ်အစိုးရ သာသနာကို စော်ကားလိုက်ပြန်ပြီ(ဓါတ်ပုံ) ကြံ့ဖွံ့ စစ်အစိုးရ သာသနာကို စော်ကားလိုက်ပြန်ပြီ(ဓါတ်ပုံ) Reviewed by သစ်ထူးလွင် on 05:15 Rating: 5

45 comments:

Tri Asian Taste said...

ဒါတွေဟာ မြန်မာပြည်မှာ တကယ်ဖြစ်နေတာလား။ ဒီအစိုးရလက်တက်မှာဖြစ်နေတာလား။ မဟန ကကော ထေရ၀ါရ ဗုဒ္ဒဘာသာဝင်တွေနဲ့ ဖွဲ့စည်းထားတာကော ဟုတ်ရဲ့လား ဘုရား...ဘုရား
ဘယ်လိုပြောရမှန်းတောင်မသိတော့ဘူး

Unknown said...

ဒုက္ခကြီးမားကြပါလား....ဘုရား...ဘုရား

myo lay said...

နှိုင်ငံတော်သံဃမဟာဏယကဆရာတော်တွေရဲ့ဆုံးဖြတ်ချက်ဖြင့် သာသနာရေးဝံကြီးဌာနက လူတွေကလာပြီးပိတ်တယ်ဆိုတော့ ၊ တချက်လောက်မေးပါရစေ သံဃမဟာဏယကဆရာတော်ကြီးတွေက တကယ့် ၁၊ဗုဒ္ဒဘာသာဝင်တွေရောဟုတ်ရဲ့လား၊
၂၊သာသနာ့ရေခွန်ခြုံထာ.တဲ့ စစ်တပ်လူထွက်တွေလား၊
၃၊စစ်စိုးရလက်ထက်က စစ်တပ်အလိုကျ လိုက်ဖားနေတဲ့ ဆရာတော်ကြီးများလား ၊ဒါဟာ ကျနော်တို့ မြန်မာလူးမျိုးတွေရဲ့ ဗုဒ္ဒဘာသာကို စော်ကားတာ ၊ သာသနာကိုညိုးနွမ်းအောင် အမျိုးမျိုးလုပ်နေတဲ့ ဒီလို စစ်စိုးရလက်ထက်အကြွင်းကျန်ဆရာတော် အဟောင်းကြီးတွေကို လူဝတ်လဲပြီး အနားယူစေချင်တယ်၊၊

Maunglusoe said...

အစိုး၇အနေ နဲ့ ခိုင်လုံတဲ့အကြောင့်ပြနဲ့ သတင်းထုတ်လွင့်ပါပြိ
ဒိလိုမှမဟုတ်ခဲ့ ရဲ့ အစိုး၇ကိုယ်တိုင်ဆူပူမှုဖြစ်ပွားအောင် လှုံ့ ဆော် နေသကဲ့သို့ ဖြစ်နေပါပြိ

san san said...

ဒီအစိုးရ ဘုန်းကြီးအပါအဝင် ဗုဒ္ဓဘာသာကို စော်ကားတာများနေပြီး သာသနာ ဥက္ကဌ ဆိုတာရော ဗုဒ္ဓဘာသာဝင်မှဟုတ်ရဲ့လား

san san said...

ဒီအစိုးရ ဗုဒ္ဓသာသနာတော်ကိုစော်ကားတာများနေပြီး

disppla said...

အစိုးရက ဆူပူမှုဖြစ်ရင် ပိုတောင်သဘောကျသေးတယ်
ဒါမှ မင်းအောင်လှိုင်က အာဏာပြန်သိမ်းပြီး မကျေနပ်သူကိုထောင်ချ ရွေးကောက်ပွဲကို အကန်သက်မရှိပိတ်လိုက်မှာ
သူတို့က ပြသနာကို တခုမဟုတ်တခုရှာပြီး ဆူပူအောင်လုပ်ချင်နေတာ
နောက်ထပ်လာအုံးမှာ ဘာပြသနာလည်းဆိုတာ မသိသေးတာ

burma said...

So rude MAHANA.... why are they doing like that..

Unknown said...

အရမ်းစိတ်ထိခိုက်ရပါတယ်...
ဘုန်းဘုန်းတွေ..သနားပါတယ်..
ဒီလူတွေ ဗုဒ္ဒဘာသာ မှဟုတ်ရဲ့လား..
ဘုရား...ကယ်တော်မူပါ...
တရား..ကယ်တော်မူပါ..
သံဃာ....ကတော့  မကယ်ပဲ နှာစေးရင်းဝါးကူနှစ်နေပါတယ်..း(

zay said...

ဘုန်းကြိံးအိုကြိံးကိုမြင်ရတာများစွာစိတ်ထိခိုက်မိပါတယ်။

linlinthet said...

မလုပ်သင့်မလုပ်ထိုက်တာကိုလုပ်နေကြတယ်ဟုတ်လား.?

winne said...

Please be careful our Myanmar...
Now, none of much people are care of up rising the FUEL PRICE from 2500 Kyats to 3350 Kyats...You all can see that this is aiming to happen a riot...
You can ask as ""Who care for the basic needs of our people ???""...
""What is the most important needs of our people in daily life ???""...
No, care prices and ground/lands prices are high already... BUT, it will not be interested by most of people... Almost of the people have to struggle by using line buses, local trains...
They do not interested "who is/are how rich"...
Including me as well as all people, just interest to have safe life and safe future...
We are normal people and will not be compete for wealthy...All people knew that who are, why become rich...
So now,,,please be careful to avoid any creation/s "by them" to happen a riot or demonstration...
I ma a real Myanmar...I Love Myanmar (all of our nations/races)and Our Country...

စိုးလွင်ဥိး said...

ဟိုးဟိုးတုန်းကရွာတရွာမှာပေါ့
အင်မတန်တရားဟောချင်၊တရားကြောရှည်တဲ့ဘုန်းကြီးကျောင်းထိုင်လေသတဲ့၊
ရွာကဒကါ၊ဒကါမတွေကတော့ဘုန်းကြီးအကြောင်းသိတော့ကလေးတွေပဲဆွမ်း
ပို့ လွှတ်သတဲ့ ၊တနေ့ တော့ နယ်အဝေးကထန်းညှက်ရောင်းလာတဲ့ သားအဖဘုန်ကြီးကျောင်းနား နားမိလေတော့ ဖခင်ဖြစ်သူကထန်းညှက်ဝင်လှူတယ်တဲ့ ။
ဘုန်ကြီးကလဲစုထားတဲ့ တရားတွေကများတော့ နေစောင်းလို့ တောင်ဟော
မပြီးနိုင်ဘူးတဲ့ ၊သားကလည်းကြာတော့ ဖအေကိုအဝေးကလှမ်းခေါ်လေတော့ သားရေအဖေ့ကံနဲ့ အဖေရှိပါစေတဲ့ ၊ဒါလည်းတရားကမပြီးဆိုတော့ ဒ
ကါခမျာနောက်ဆုပ်နောက်ဆုပ်နဲ့ ရွေ့ ရသတဲ့ ၊ဒကါကနောက်ဆုပ် ဘုန်းကြီးကေ့ ရှတိုးလိုက်နဲ့ နောက်ဆုံးကျောင်းအတွင်းကရေတွင်းထဲဒကါကျရောတဲ့ ဒါလဲဘုန်းကြီးကတွင်းပေါင်ပေါ်တင်ပြင်ခွေဟောတုန်းတဲ့ ဒီ
တော့ ဒကါကဘုရားကယ်ပါ၊တရားကယ်ပါလို့ အော်ရတော့ တာပေါ့ ။
ဒီတော့ မှဘုန်းကြီးကဟဲ့ ဒကါ ရဆနာသုံးပါးကွဲ့ လို့ ထောက်သတဲ့ ။
ဒကါကလည်းမှန်လှပါကျန်တဲ့ ရတနာတစ်ပါးနှိပ်စက်နေလို့ ပါဘုရားလို့ 
ပြန်လျှောက်လေသတဲ့ ကွယ်.....အခုလည်းကျန်တဲ့ ရတနာတစ်ပါး
(နိုင်ငံတော်သံဃမဟာနာယကဥက္ကဌ) ဒီအတိုင်းကြည့် နေတော့ မှာလား။

ပုဂံစစ်သည် said...

ကြံ့ဖွံ့ဆိုတာက "ကျုပ်တို့အာဏာအစဉ် ကြံ့ခိုင်ဖွံ့ဖြိုးရမည်" ဆိုတာဗျ။ ဒီတော့ဒီ ကြံ့ဖွတ်ရှိနေသမျှကာလပတ်လုံး ဒီအတိုင်းပဲသွားမှာပဲ။ သူ့ခေတ်ကိုယ့်ခေတ်ဆိုတာရှိပါတယ်၊
မင်းတို့စစ်ခုံရုံးမရောက်ခင်လုပ် ထားကြပေါ့။

peoplelike said...

ဘယ်လိုလုပ်ကြမလဲဗျာ အပစ်ရှိတယ်ထားဦး ရက်ချိန်းလေးတော့ပေးသင့်တာဗျာ အခုတော့လူမြင်လို့မှမကောင်း နဂိုကမှ တို့ဘာသာကို စော်ကားနေကြရတဲ့အထဲမှာ အခုလိုတွေ လုပ်နေကြတာကိုတစ်ခြားဘာသာဝင်တွေမြင်ရင် ဘယ်လိုထင်မလဲ လုပ်ရက်ကြပါပေ့ အရာရာကို ပြုပြင်နေတဲ့အချိန်မှာ ဒါမျိုးဆိုတာ မဖြစ်သင့်ဘူးဗျာ... အရမ်းလဲရှတ်ဖို့ကောင်းတယ် တာဝန်ရှိနားလည်တဲကလူတွေ လုပ်ကြပါဦးဗျာ မြန်မာပြည်ဒီမိုကရေစီရဖို့အရေးကြီးသလို ၀ိုင်းဝန်လုပ်နေကြသလို တို့ဘာသာသာသနာကိုလဲ ၀ိုင်းပြီ ထိန်းသိမ်းဖို့လိုမယ်ထင်ပါတယ် အခုချိန်က ဘာသာသနာကိုပျောက်မှာလဲထည့်တွက်ကြပါဦး

အလင်းသစ် မီဒီယာ said...

သာသနာစော်ကား၇င်.....ဘာတွေဖြစ်မယ်ဆိုတာကိုတကယ်မသိကြတာလား

kyawkyaw said...

မြန်မာနိုင်ငံရဲ့သာသာနာတော်ကိုဖျက်ဆီးနေတာ အစိုးရနဲ့မဟနတွေဘဲ။ သူတို့မရှိမှ အေးချမ်းမယ်။

Tony said...

အင်း...ကျောင်းသား၊ ပြည်သူလူထု နဲ့ သံဃာတွေကို ရန်တိုက်ပေးပြန်ပြီ..မဟန ကအစိုးရရဲ့ လက်ကိုင်တုတ်ဆိုတော့ သံဃာတွေကို သွေးကွဲအောင်လုပ်နေကြပြီလေ..ဘုန်းကြီးကျောင်းကို ချိတ်ပိတ်တယ်ဆိုတာ..ဘယ်လိုမှ မဖြစ်သင့်၊မလုပ်သင့် တဲ့ကိစ္စပဲ..

ပုဂံစစ်သည် said...

သာသနာတောင်ဆော်ကားရဲတာ ပြည်သူလောက်တော့ပျင်းသေးတယ်ဆိုတဲ့ကောင်တွေ မင်းတို့အတွက် ငရဲပြည် ၈ထပ်က စောင့်ကြိုနေတယ်ဆိုတာ သိစေချင်တယ်။

rain said...

ခင်ဗျားတို့ ဗုဒွ့ဘာသာတွေမဟုတ်ဘူးလား..
ခင်းဗျားတို့ မြန်မာတွေမဟုတ်ဘူးလား..
ခင်းဗျားတို့မှာ ကိုယ့်ဘာသာနဲ့လူမျိုးအတွက်
မျက်စိတွေနားတွေ နှလုံးသားတွေမပါကြဘူးလားဗျ....

sai wan na said...

တခြား ဘာသာ.. ၀င်တွေက.. ၀မ်းသာနေကြပါပြီ.. ဘာသာတူချင်း သွေးထိုးပြီး ပြို ကွဲ နေတာကို ... ကျေနပ်နေကြပီ.. သံကို သံချေး တက် သလို.. မိမိ ကိုယ် ကို .. မိမိ က ပဲ.. ပြန်ဖျက်ဆီးနေကြတာပဲ...မိမိလူမျိုး ဘာသာ အတွက်.. ၀မ်းနည်းရပါတယ်...

Aung Si said...

I am not Buddhist but as a Burmese this is unacceptable way to treat the Monks, Maggin Monastery is not committing any crime and as well as the Monk , As Ashin Gambira said there is nothing wrong with Monk staying at the Monastery ? It's all wrong to evict the Monk doesen't matter done by MaHaNa or Religious Authority. All Burmese should stand up , stick together and say NO to this nonsense thing.

komyo said...

ဟဟဟား..............................................................
မင်းတို့ ကြိုက်သလိုလုပ်ကြပါ။
ဒို့ ဘုန်းတော်ကြီးတွေကအပြုံးမပြက်....သံသရာခရီးကိုရထားတစီးလိုပဲဆက်လက်ထွက်ခွါရမှာပေါ့  ဘုရားသားတော်တွေကွ...မင်းတို့ လိုအတကြီးတဲ့ သူတွေ မဟုတ် ဖူးသင်္ဏန်းတစုံသပိတ်တလုံးရှိရုံလောက်နဲ့ တင် သီတင်း
သုံးလို့ ရတယ် မင်းတို့ အလှည့် ကြရင်သာအဲဒီလိုနေနိုင်အောင်ပြင်
ဆင်ထားကြပါ တနေ့ တော့ ဝတ်ဆိုတာလည်တတ်ပါတယ်။

Toe Gyi said...

တော်တော်ပဲ့တဲ့လုပ်ရပ်ပဲ.အတော့်ကိုပဲ့လွန်တယ်လို့ထင်ပါတယ်
ဗုဒ္ဓဘာသာထွန်ကာနေတဲ့ နိုင်ငံပါလို့ကမ္ဘာမှာဘာနဲ့သက်သေ ပြရမှာလဲ ကိုယ့်နိုင်ငံတွင်းပဲဗျာ၊ ခွင့်ပြုချက်က နိုင်ငံတကာမှာတောင်းနေရလို့လား၊ လူမျိုးပျောက်လို့ သာသနာမပျောက်ဘူး၊ သာသနာပျောက်မှ လူမျိုးပျောက်မှာ သကောင့်သားတွေရေ---

Moe Moe said...

စားတွေပဲစော်ကားပိုက်ဆံတွေကြည်သာသနာနဲဘာသာကို စော်ကားတဲသူတွေ အမြန်ဆုံမြေမြိုပါစေ။ ဒို့ ဘာသာကိုဘယ်သူမှမစော်ကားဘူခွေးတတောင်းတာ စ်ကိုင်းမှာလဲနောင်ရိုတင်ဝင်ကိုလွတ်ပေသူတို့ ကလူမှမဟုတ်တာ မြေခွေးတွေ မှအစုပ်အပြတ် တွေ လိုက်ပါလားတိရိစ္ဆာန်ပုံတွေလေ သူတို့ ကလဲတိရိစ္ဆာန်စိတ်ပဲပေါက်နေတာ ပါ။ အန်တီစုကိုလဲလုပ်ကြံခံရမှာကိုအရမ်းစိုးရိမ်တယ် ။ဒီအစိုးရကိုလဲ မယုံပါနဲ စစ်မှန်တဲရွေးကောက် ပွဲမဖြစ်နိုင်ဘူးလို့ ကျမယုံကြည်ပါတယ်။ ဘာလိုမယုံကြည်လဲဆိုတော (၈၈)စမယ်ဆိုပီ သေနတ်နဲပြစ်ပြီဒဏ်ရာရတဲလူတွေကိုမြစ်ထဲအားလုံးပြစ်ချတာကိုကျမကိုယ်တွေ့ မြင်တာပါ ခုထိလဲမျက်စိထဲကမထွက်ပါဘူး ရင်နာလိုလဲမဆုံပါဘူး ဘယ်တော့ မှလဲမကြေနပ်ဖူး ဘယ်တော့မှလဲမယုံကြည်ဘူး ဒီလောက်ရုတ်မာရက်စက်တဲစစ်အစိုးရကိုဘယ်လိုယုံကြည်ရမလည်ပျော်ကြပါအုံပြောကြပါအုံ သူတိုတွေမြေမြိုတာကိုအားရပါးရကြည့်ချင်တယ် ဘုရား တရားနဲနတ်ကောင်နတ်မြတ်များဆုံမပေကြပါ။

True sky said...

ဗုဒဘာသာဟာ မြန်မာလူအဖွံ့အစည်းအတွက် အရမ်းအရေးပါတဲ့ ဘာသာတရားပါ သည်းခဲံနိုင်တဲ့ပါရမီတွေဖြစ်လာအောင် နားလည်စာနာတတ်အောင် လုပ်ဆောင်ပေးနေတဲ့ အရာတစ်ခုဖြစ်ပါတယ်။ လူတွေကို မျက်စိဖွင့်ပေးတာလည်း ဒီအရာပဲဖြစ်ပါတယ်..ဒါလိုအရေးပါမှုကို သိလို စစ်အစိုးရက ချုပ်ကိုင်ခဲ့တာပဲဖြစ်တယ်..လက်ရှိဖြစ်နေတာက ဘုရား၇ဲ့ အတက်မှာ စစ်အစိုးရရှိနေသလိုပဲ.. သူတိုလိုသလိုလုပ်တယ်ဗျာ တကယ်တော့ လုံးဝ မဖြစ်သင့်တဲ့အရာ ..ဘာသာရေးကနိုင်ငံအတွင်းမှာ သူဘာသာသူရပ်တည်နိုင်ရမှာ..အခုတော့ ဘုရားသားတော်တွေမှာ သူတို့ခိုင်းသလို နေရတယ် လုပ်ရတယ်..လုံးဝမဖြစ်သင့်ဘူးဗျ..
သူတိုမှာ စွမ်းဆောင်ရည်ကနည်းတော့ အရာရာကိုကြောက်ရတယ်. အရာရာကို စစ်ရေးအမြင်နဲကြည့်တာ သူတို့ရဲအားနည်းချက်ပဲ စိတ်ပိုင်း ဆိုင်ရာတွေကအားနည်းနေပြီ ဒီသူတွေက တိုင်းပြည်မှာ ခေါင်းဆောင်တွေ ဆိုတော့.. ကျနော်တို့ရဲ နောက်ဖြစ်လာမဲ့ မျိုးဆက်သစ်တွေရဲ့ဘ၀တွေ ဘာတွေဖြစ်လာမလဲ ...စဉ်းစားကြည့်ဗျာ.

KoTOE said...

သီပေါမင်းပါတော်မူတာတော့မမြင်ဘူးလိုက်လို့ .....
ဒီပုံတွေကိုမြင်ရတာတော့.......
ရင်ကိုထိတယ်ဗျာ။

"ထွက်တော်မူ...နန်းကခွာတယ်"

WELCOME TO SUNSET INN IN KOHSAMUI said...

ဒုတိယ ပါရာဇိက မကြောက်ကြလို့ လုပ်တာပဲ ။မဟန ဖြစ်ရင် ပါရာဇိက မကြောက်ရဘူး။ ဗိုလ်ချုပ်ဖြစ်ရင် လူသတ် မုဒိန်းကျင့်ရမှာ မကြောက်ရဘူး။ဒါ ဘာဆန်းလဲ ဟို အံ့မောင် ခွေးသူတောင်းစားရော မသေ သေးဘူးလား

WELCOME TO SUNSET INN IN KOHSAMUI said...

အေးကွယ် မင်းတို့ရေးကြ တင်ပြကြတာတွေကို သူတို့လည်း ဖတ်ရမှာ မဟုတ်ဘူးကွဲ့။ဘုရားသားတော်ဖြစ်ပြီး ဘုရားဥပဒေကို မလိုက်နာဆုံးက ကမ်ဘာမှာ မဟန မြန်မာပဲဟေ့။ မြန်မာက စတာပဲဟ။
မှတ်ချက်။ ။
မြန်ဟု အားလုံးသိမ်းကြုံးဆိုချင်း မဟုတ်ပါ မဟန သက်သက်ကို ဆိုလိုခြင်း ဖြစ်ပါသည်။

WELCOME TO SUNSET INN IN KOHSAMUI said...

ဒီပုတ်ထဲက ဒီပဲ ပါပဲ ဘုရား
ဒီပဲက ဒီအပင်ပဲ ပေါက်မှာပါ ဘုရား
ဒီအပင်က ဒီအသီးပဲ သီးမှာပါဘုရား
ဒီအသီးသီးရင် ဒီပြည်သူတွေ ဒါပဲ စားသုံးရမှာပါဘုရား
ဒါပဲစားသုံးရင် ဒီလိုပဲ အားအင်ချည့်နဲ့ မှာပါဘုရား

WELCOME TO SUNSET INN IN KOHSAMUI said...

သာသနာ စော်ကားရင် ပစ်စုပ်ပန် ရာထူးတက်မှာကို သူတို့သိပါတယ် သူငယ်ချင်း။ နောင်တမလွန်ရောက်လို့ ပြန်တွေ့တဲ့အခါ မင်း မသနားမိဖို့ လိုမယ် သူငယ်ချင်း။

နေမင်း said...

စစ်ဝတ်စုံ>>အဖြူ အစိမ်း>>ဖုန်းကြီးဝတ်ရုံ

ktd said...

လက်ရှိကြံဖွံ့ပါတီက နိုင်ငံပိုင်အဆောင်အဦတွေမှာ အခန့်သား ကြီးစိုးနေတာကိုရော ဘယ်အဖွဲ့အစည်းက ဖယ်ခိုင်းရဲသလဲ။ ဒို့နိုင်ငံမှာ ဘယ်ပါတီက ပြည်သူပိုင်ပစ္စည်းနဲ့ အဆောက်အဦတွေ သုံးထားသလဲ။ မင်းတို့ ပထွေးတွေက အပိုင်အမွေပေးထားတာလား။ တိုက်ခန်းတွေနဲ့ ဆိုင်ခန်းတွေနဲ့ ယာဉ်တွေနဲ့ ငွေတွေနဲ့ ဆက်ကြေးတွေနဲ့ အလုပ်ဖြစ်နေကြတယ်။ ဒါတွေကို ဘယ်သူတွေ၊ ဘယ်အဖွဲ့အစည်းတွေ၊ ဘယ်အာဏာပိုင်တွေ ကိုင်တွယ်မလဲ။ ။ ။

လွမ်းသူ said...

Myo lay နှင့် ဦးအံ့မောင်ကို သေစေချင်နှင့် သူများသိစေရန်....
မျိုးလေး မောင်မင်းလူကလေး (သူများ မျက်ချီးမပြောင်တာ မကြည့်ခင်၊ မိမိဖိနပ် ချီးပေနေတာကို အရင်ပါတဲ့)...နိုင်ငံတော်သံဃမဟာနာယကကို နိုင်ငံတော်သံဃမဟာဏယကအဖွဲ့တဲ့...မောင်မင်း (အ)သုံးလုံး မကျေခဲ့ဘူးထင်တယ်... လမ်းကြုံတုန်းတစ်ခါတည်းပြောမယ် ပရိတ်ကြီး(၁၁)သုတ် ကောင်းကောင်းမရဘဲနှင့်ဦးအံ့မောင်လို ပညာတတ်တစ်ဦးကို လူလေးက ဘာဖြစ်လို့ သေစေချင်နေရတာလဲကွာ သူက တစ်ဦးတည်းသေး နိုင်ငံတော်အကြံပေးကွ.. အခု လွတ်တော်ထဲမှာ မင်းတို့ကောင်းသားရေးအတွက် အသက်ကြီးပေမဲ့ အနားမယူဘဲ အပင်ပန်းခံအစည်းဝေးပုံမှန်တက် နိုင်ငံကောင်းစားရေးအတွက် ဘာသာရေးရှုတောင့်မှ
ဝင်ရောက်ပြီး အကြံကောင်း၊ဥာဏ်ကောင်းတွေပေးနေတာ...မောင်မင်းတို့သိသင့်ပါတယ်..

Anonymous said...

i'm really sad to see old monks forced to leave monestry. What crime did they commit? No crime by them at all, I'm sure. I'm a christian misionary who was once tried to be arrested by MM junta for my prayer services in Rangon, that made me left MM and live in foreign country. MM gov would be going on oppressing to not only other religion/leaders but also its own buddhism and leaders (monks). This is, in fact, political strategy how to make problem/ a riot among citizen, released prisoners, and opposition parties. ALl MM people should be awareness that MM gov is trying to create a riotwith that they would say a reason of security is not restored ready to make By -election. Then they will stop By-election by april, 2012. cunning plan, but not wise, but they think that they are so.

haymann said...

မြန်မာနိုင်ငံက ၀ဍ်လိုက်ပြီး ၀ဍ်လည်နေသလို့ပဲ ကိုယ့်လူမျိုးကိုကိုယ်ပြန်သတ်နေတယ် ရယ်ချင်တယ်နော် ။ကိုယ့်ကိုကိုဘာလုပ်လို့ဘာလုပ်နေတယ်ဆိုတာ သေချာကောသိရဲလား နော်စိတ်ကော ရှိရဲလား ။ဝဍ်ကို မယုံဘူးထင်တယ် ။မနက်ဖြန် မင်းအလှည့်ပဲ ကိုယ်နှမ ကိုယ်မိသားစုဖြစ်မှ မျက်ရည်မလည်နဲ့ လူဆိုတာ ခဏ နေ ဘာဖြစ်မယ်ဆိုတာ ကိုကြိုတွက်လို့မရဘူး ။ အဲဒါမျိုးလူကို ပြိုပြုံအောင်ဖြိုပစ်ရမှာ

haymann said...

မြန်မာနိုင်ငံက ၀ဍ်လိုက်ပြီး ၀ဍ်လည်နေသလို့ပဲ ကိုယ့်လူမျိုးကိုကိုယ်ပြန်သတ်နေတယ် ရယ်ချင်တယ်နော် ။ကိုယ့်ကိုကိုဘာလုပ်လို့ဘာလုပ်နေတယ်ဆိုတာ သေချာကောသိရဲလား နော်စိတ်ကော ရှိရဲလား ။ဝဍ်ကို မယုံဘူးထင်တယ် ။မနက်ဖြန် မင်းအလှည့်ပဲ ကိုယ်နှမ ကိုယ်မိသားစုဖြစ်မှ မျက်ရည်မလည်နဲ့ လူဆိုတာ ခဏ နေ ဘာဖြစ်မယ်ဆိုတာ ကိုကြိုတွက်လို့မရဘူး ။ အဲဒါမျိုးလူကို ပြိုပြုံအောင်ဖြိုပစ်ရမှာ

yanyan said...

အဲ့ ဒီကောင်တွေ ကိုထေရ၀ါရ စစ်စစ်တွေလားလို့မေးချင်လိုက်တာဗျာ
ငရဲကြီး၈ထပ်တင်မကပဲအဲဒီကောင်တွေကြောင်specialized ငရဲ တွေဘာတွေပေါ်လာဦးမယ်

remeo47 said...

တော်တော် လေးကို စာနာမှူမရှိကြဘူးလား-- --- ၀ဍိလည်အုင်္းမှာ ယခုဘ၀မှာပဲ

nanda said...

သာသနာရေးက မဂ္ဂင်ကျောင်းကို ဘာအပြစ်နဲ့ သိမ်းပြီး ဘယ်သူကိုရောင်းစားမှာလဲ မ ဟန တွေကလဲ လူဝတ်ကြောင်နှင့်အစိုး၇က ခိုင်းတာလုပ်မှာလား သာသနာ တာဝန်ထမ်းဆောင်မှာလား

way said...

ကျောင်းသားကြီးတော့ကိုရင်ကိုမရိုသေ ကိုရင်ကြီးတော့ဘုန်းကြီးကိုမရိုသေ ဘုန်းကြီး ကြီးတော့ဘုရားကိုမရိုသေတော့တာသေချာတရ် (ဘုရားစကားနားမထောင်တာကိုဆိုလိုသည်)ဒီဘဝဒီကိုယ်ခံလုပ်နေကြတာများလားဝေခွဲရခက်တော့တာပဲ"မေတ္တာမပွား ကရုဏာမထား မုဒိတာကတခြား ဥပေက္ခာအလွဲသုံးစားလုပ်နေပါပေါ့လား သံသရာကလည်နေတရ်ဆိုတာတော့သတိချက်သင့်ပါတရ်

Wai Lar Ko Ko said...

မြေကြီးက်ုငုံ့ကြည့်ပါဦးဟ
အောက်မှာဆီပွက်နေပြီ

ခေတ်စာဆို said...

ဘာအကြောင်းကြောင့်
များ ဒီအထိလုပ်တာလဲဆိုတာကိုပါ သိခွင့်ရရင်ကောင်းမှာပဲ

Wai Lar Ko Ko said...

ဘုရားအမှူးရှိတဲ့သံဃာတော်အရှင်သူမြတ်တွေကိုပစ်မှာမိရင်တော့မတွေးဝံ့စရာပဲနော်။
နောင်တမြန်မြန်ရပြီးလမ်းမှန်ကိုမြင်နိုင်ကြပါစေ။

မောင် said...

တော်တော်စိတ်ပျက်စရာကောင်းတဲ.သတင်းပါပဲဗျာ...

Powered by Blogger.