မြန်မာမီနီဆလွန်းကားဈေးနှုန်း မြင့်တက်လျက်ရှိ

မြန်မာမီနီဆလွန်း
မြန်မာမီနီဆလွန်းကားများ လျှောက်ထားမှု ယာယိပိတ်ထားခြင်းကြောင့် ယခင်ထက် ကျပ် သိန်း ၄၀ ကျော်မြင့်တက်သွားကြောင်း သိရသည်။

လတ်တလောအနေဖြင့် ဈေးကွက်အတွင်း မြန်မာမီနီဆလွန်းတစ်စီး ကျပ်သိန်း ၁၀၀ ကျော် ပေါက်လျက်ရှိနေပြီး ၀ယ်လက်များလည်းရှိနေကြောင်း ပြည်တွင်းကားဈေးကွက်မှ သိရသည်။

" အခုချယ်ရီကားတွေက ဒေါ်လာ ၆၅၀၀၀ ပေါက်တယ်။ အကောက်ခွန်ကြေး ၂၈ သိန်းထပ် ပေးရတယ်။ အခုလျှောက်လွှာတွေက လာလျှောက်တဲ့သူတွေများလို့ ပိတ်ထားတယ်လို့ကြားတယ်။ ၀ယ်ရောင်း တွေက အဲဒါကို အခွင့်ကောင်းယူပြီး သူတို့က ၈၁ သိန်းလောက်နဲ့ရရင် အပြင်ကို ၈၅သိန်းလောက်နဲ့ ပြန်ရောင်း နေကြတယ်။ ဒါနဲ့ ပိုင်ရှင်က နာမည်ပေါက်ချင်လို့ ကညနမှာ သွားလျှောက်တော့ သိန်း ၃၀ လောက်ထပ်ပေးရ တယ်။ အဲဒီမှာ သိန်း ၁၀၀ ကျော်သွားပြီ။ ဒါပေမဲ့ အဲဒီကားက အဲလောကမတန်ပါဘူး" ဟု ဟံသာဝတီကားဈေး ကွက်မှ ကိုသိန်းမင်းက ပြောသည်။

" အခုကညနမှာ ချယ်ရီဝယ်ဂွန်ကို အမည်ပေါက်လုပ်တာ။ ၂၈ သိန်းပေးရတယ်။ နောက်လေး သိန်း ထပ်ပိုပေးရတယ်လို့ပြောတယ်။ ဘာကြေးလဲမသိဘူး။ ကျွန်တော့်ကားကိုတော့ သိန်း ၃၀ ကျော်လောက် ကုန်မယ်ဆိုရင်တော့ အမည်ပေါက်လုပ်ဖို့ စဉ်းစားရဦးမယ်။ ဘာမှမသိသေးပါဘူး" ဟု ဗဟန်းမြို့နယ်မှ ကိုဝင်း မော်ကပြောသည်။

စက်မှုဝန်ကြီးဌာနမှ တင်သွင်းလာသည့် အဆိုပါမီနီဆလွန်းကားများကို ရောင်းချရာတွင် အခွန် ပေးဆောင်စရာမလိုဘဲ ရောင်းချပေးသွားမည်ဖြစ်ကြောင်း ဂျယ်နယ်အချို့တွင် တွေ့ရှိရသည်။

" မီနီဆလွန်းကားတွေက ဒေါ်လာ ၆၅၀၀ လို့ပြောတယ်။ အခွန်တွေ ဘာတွေနဲ့ဆို ကျပ်သိန်း ၈၀ လောက်ကုန်တယ်ပြောတယ်။ ဒါတောင်နာမည်ပေါက် မပါသေးဘူး။ ကျွန်တော်ပြောချင်တာက ဒီတရုတ် ၀ယ်ဂွန်ကို ဒေါ်လာ ၆၅၀၀ နဲ့ ရောင်းမနေနဲ့၊ အစိုးရအနေနဲ့ တကယ်လုပ်ပေးချင်ရင် အိန္ဒိယက တာတာကား တွေကို သွင်းလိုက်ကြည့်ပါလား။ တရုတ်မီနီဝယ်ဂွန်ထက်တော့ အများကြီးသာမယ်ထင်ပါတယ်။ ဈေးကလဲ ဒေါ် လာ ၂၂၀၀၊ ၂၅၀၀ အဲလောက်တွေပဲရှိတယ်။ အစိုးရအနေနဲ့ အဲဒီအပေါ်မှာ ၁၆၅ ရာခိုင်နှုန်း ကောက်လိုက်ဦး အဆင်ပြေပါတယ်။ အဲဒီတာတာကားတွေက ကမ္ဘာကားဈေးကွက်မှာလဲ ဈေးကွက်လေ့လာသူကိုမျိုးဇော်က ပြောသည်။

မြန်မာမီနီဆလွန်းကားများကို တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ဒီဇင်ဘာ ၆ ရက်တွင် အစီး ၁၀၀၀ ရောက်ရှိခဲ့ကြောင်း ပန်းသတင်းဂျာနယ် မှ သိရသည်။

By: သစ်ထူးလွင်
အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။

နောက်ဆုံးရ သတင်း အပုဒ် (၁၀၀)

 
 

© Myanmar News Now Copyright by Thit Htoo Lwin

Template by သစ်ထူးလွင် နေ့စဉ်သတင်း | နေ့စဉ်ရုပ်ရှင်