ခရီးသွားများ၏ လိုအပ်ချက်ကို မြန်မာ့မီးရထားက စစ်တမ်းကောက်ပြီ

ရန်ကုန်-မန္တလေးအထူးအမြန်ရထား ခရီးစီးနင်းမှုသိသာစွာ လျော့နည်းနေခြင်းကြောင့် ခရီး သွားလုပ်ငန်းမှ စစ်တမ်းကောက်ယူမည်ဖြစ်ကြောင်း သိရသည်။

" အထူးအမြန်ရထားမှာ အထူးအိပ်စင်နဲ့ အထက်တန်းထိုင်ခုံများရဲ့ နှုန်းထားက ကားနဲ့ယှဉ်ရင် နည်းနည်းများနေတယ်။ ခရီးသည်စီးနင်းနိုင်တဲ့ အနေအထား အားနည်းသွားတယ်လို့မြင်တယ်။ လက်တလော Servery လုပ်နေတယ်" ဟု မြန်မာ့မီးရထားလုပ်ငန်း၊ ရန်ကုန်ဘူတာကြီးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

" ပြုပြင်ပြောင်းလဲရမယ်ဆိုတော့ ခရီးသည်တွေက အချိန်မကိုက်လို့လား၊ ရထားနှုန်းထားက ခရီးသည်တွေအတွက် တကယ်ကို မကိုက်လို့လား။ ၀န်ဆောင်မှုက ဘာတေဖြည့်ဆည်းပေးရင် ဖြစ်နိုင်မလဲ။ ဒါ တွေကို ဆွေးနွေးပြီး Servey လုပ်နေတယ်။ ရန်ကုန်နဲ့မန္တလေးမှာ စလုပ်နေကြပါပြီ" ဟု ယင်းက ဆက်ပြော သည်။

ရထားစီးခရီးသွားများအပြင် ရထားလမ်းတစ်လျှောက်တွင်ရှိသော မြို့များ၊ ဘူတာများတွင် နေထိုင်သော ပြည်သူများ၏ သဘောဆန္ဒကို စစ်တမ်းကောက်ယူခြင်းဖြစ်ပြီး မြန်မာ့မီးရထားလုပ်ငန်းရုံးချုပ်၏ ညွှန်ကြားချက်များနှင့်အတူ သက်ဆိုင်ရာတိုင်းအဖွဲ့မှ တာဝန်ရှိသူများ၊ ရုံးချုပ်မှတာဝန်ရှိသူများအဖွဲ့ ဖွဲ့စည်းကာ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန်-မန္တလေး အထူးအမြန်ရထားခရီးသည်စီးနင်းမှုသည် အပြောင်းအလဲတစ်ခုအကြား ရာ ခိုင်နှုန်း ၃၀ ခန့် သိသာစွာ လျော့နည်းသွားခြင်းသိရသည်။

ရန်ကုန်-မန္တလေးအထူးအမြန်ရထားများ နှုန်းထားခသည် အထက်တန်းအိပ်စင်(အထူး)တွင် တစ်ဦးလျှင် ကျပ် ၂၄၀၀၀၊ အထက်တန်း(အိပ်စင်)တွင် တစ်ဦးလျှင် ကျပ် ၁၅၀၀၀၊ အထက်တန်း(ထိုင်ခုံ) တွင် တစ်ဦးလျှင် ကျပ် ၁၂၀၀၀ နှင့် ရိုးရိုးတန်းတွင် ကျပ် ၆၀၀၀ ရှိကြောင်း သိရသည်။

အဆိုပါ Servey ကို သက်ဆိုင်ရာ ဘူတာအသီးသီးမှ အုပ်ချုပ်ရေးအဖွဲ့များအနေဖြင့် သက်ဆိုင် ရာ ဘူတာအသီးသီးတွင်ရှိသော ခရီးသွားမိဘပြည်သူများအား တွေ့ဆုံမေးမြန်းလျက်ရှိကြောင်း သိရသည်။

" အခုလိုမျိုး ခရီးသည်တွေရဲ့ဆန္ဒကို လျစ်လျူရှုမထားဘဲ ခရီးသည်တွေဘာလိုချင်တယ်။ ဘယ်လိုဝန်ဆောင်မှုပေးရမလဲ ဆိုတာကို လေ့လာဆောင်ရွက်နေတာကို ကြိုဆိုရမှာပါ။ ဒါမှလဲ ပြောင်းလဲမှုတွေ က လက်ခံစရာဖြစ်လာမှာပေါ့" ဟု ရန်ကုန်ဘူတာကြီးအတွင်း ရထားစောင့်ဆိုင်းနေသော မန္တလေးမှ ခရီးသွား ဦးလှမြင့်ဦးက ပြောသည်။

Servey မေးခွန်းများသည် ခရီးသွားပြည်သူများအပေါ် မေးမြန်းသော မေးခွန်းနှင့်ပြည်သူများ အပေါ် မေးမြန်းသည့်မေးခွန်းများသည် ကွဲပြားနေပြီး Servey မှလိုအပ်ချက်များအပေါ် မူတည်ပြီး လိုအပ်သည့် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ပန်းသတင်းဂျာနယ် မှသိရသည်။
By: သစ်ထူးလွင်
ခရီးသွားများ၏ လိုအပ်ချက်ကို မြန်မာ့မီးရထားက စစ်တမ်းကောက်ပြီ ခရီးသွားများ၏ လိုအပ်ချက်ကို မြန်မာ့မီးရထားက စစ်တမ်းကောက်ပြီ Reviewed by သစ်ထူးလွင် on 19:37 Rating: 5

7 comments:

Maunglusoe said...

survey?

shein said...

ရထားက တက်တုန်းကတော့ ဘာမှမလုပ်ပဲနဲ့။ အခုမှ မျက်လုံးပြူး-မျက်ဆန်ပြူးနဲ့။ တော်ကြာ ကားခတွေ ဆက်တက်လိုက်မှာ ကြောက်မိတယ်။

soethuralwin said...

ဈေးနှုန်းတက်တာထားပါတော့...၀န်ဆောင်မှု့တော့ကောင်းကောင်းပေးစေ ချင်တယ်...နိုင်ငံတကာမှာကျည်ဆံရထားတွေသုံးနေတဲ့အချိန်မှာမြန်မာနိုင် ငံကတော့...လိပ်လောက်တောင်မပြေးတဲ့ရထား...မြန်မာ့ရထားကတော့ သံစဉ်တီးလုံးများနဲ့အတူ...ရှေ့နောက်...အပေါ်အောက်...ဘေးတိုက်...DJ အကများနဲ့အတူပြည်သူများစီးနင်းနေကြရပါတယ်...အိမ်သာများဆိုရင် လည်းအိမ်သာထဲမှာထမင်းစားရလောက်အောင်သန့်ရှင်းလှပါတယ်(မှတ်ချက်။ ။တင်စားပြောဆို)်... နိုင်ငံတကာရထားများသည်မိနစ်အချိန်အတိအကျဆိုက်ရောက်သလိုမြန်မ့ာရထားများသည်လည်းပဲ(7:00)ထွက်ရှိမည့်ရထားဆိုလျှင်(10:00)အတွင်း ထွက်ရှိပါသည်...မြန်မာ့မီးရထားသည်မကြာမှီအချိန်တွင်းနိုင်ငံတကာနည်း တူ(ဖင်)ဘောင်တန်းနိုင်မည်ဟုထင်မြင်မိပါသည်...

zhkk said...

Not servey. Correct word is survey.
Better write in Burmese.

အညတရ said...

အော်သနားစရာမြန်မာမီးရထား ရန်ကုန်မှာမီးရထားအိမ်ရာ ဆိုပြိးတော့ယူထားတဲ့မြေနေရာတွေနည်းသလား ဖြစ်နိုင်ရင် မြန်မာမီးရထားကို ၀န်ကြိးဌာနတခုလုံးပါဖြုတ်ပစ်လိုက်ပါလား လက်မှတ်ခသာတက်သွားတာ လက်မှတ်ရောင်းတွေ ငွေပိုတောင်းတာ တောင်ငူဝယ်ချင်ရင် နေပြည်တော်အထိဝယ်နေရတာ ပြောမဆုံးပေါင်တောသုံးတောင်ပါ ကျေနပ်မှုမရှိရင်တိုင်ကြားနိုင်ပါသည် ဆိုတဲ့နေရာမှ လူကမရှိဘူး ရှိတော့လည်း ဘာမှလုပ်မပေးနိုင်ဘူး ဟန်ဆောင်နေရတာ မပင်ပန်းသေးဘူးလား နစ်ပေါင်းများစွား ရိုးသားစွာပြည်သူ့ကိုတကယ်ဝန်ဆောင်မှုပေးပါ..သိသားပဲ လက်မှတ်ခတက်ရင် လူစီးနည်းမယ်ဆိုတာ အရင်ကလည်း ဆာဗေးတွေလုပ်ပါတယ် ဘာမှမဖြစ်လာပါဘူး သူလုပ်ချင်ရာလုပ်တာပဲ ပြည်သူကပြောလို့လုပ်ပါတယ်ဆိုတာ ရှိခဲ့လို့လား ညရထားလုပ်ချင်လုပ်တယ် နေ့ရထားလုပ်ချင်လုပ်တယ် ကိုယ်လုပ်ချင်ရာလုပ်နေတာပဲမို့လား .....ပြည်သူဆိုတာ ငါထားသလိုနေရမှာပေါ့ဆိုတာကတော့ ၂၀၁၁ လောက်ထိပြောလို့ရတယ် အ ခု ၂၀၁၂ နော်သတိထားပေတော့.....

ko oo said...

ရှေ့လူလုပ်သမျှကို နောက်လူကအပြစ်တင်။ ပြီးလျှင် စီမံကိန်းအသစ်တိုးချဲ့ဖို့ ဘတ်ဂျက်တောင်း။ သံသရာလည်နေတဲ့ဘ၀မီးရထားကြီးကတော့ လည်ပြီးရင်းလည်နေတာပါဘဲခင်ဗျား။ ကျွန်တော်တို့ဆီမှာ ကျွမ်းကျင်သူတွေလဲရှိပါရဲ့နဲ့ ငွေတွေလဲပေါပါရဲနဲ့(နိုင်ငံတော်)သံယံဇာတတွေလဲ ပေါပါဘိနဲ့။ အဘယ့်ကြောင့် ဘ၀ရထားကြီး ဘ၀ကမတက်နိုင်သလဲ ဆိုတော့။ လူတွေကြောင့်ပါ။ ပြင်ဆင်သင့်တာတွေကို ပြင်သင့်နေပါပြီ။ ကျွန်တော်တို့နိုင်ငံမှာ ယူနီဖောင်းဝတ်တွေကိုဘဲ လူရာသွင်း တဲ့ဝန်ထမ်းတွေရှိနေတုန်းပါဘဲ။ ကျွန်တော်ဆိုရင် အရပ်သား ၀န်ထမ်းတစ်ဦးပါ။ ကျွန်တော်ရုံးက အရပ်သားအဖွဲ့တော်တော်များများက ကျွန်တော့်နဲ့ အဆင့်တူ ယူနီဖောင်းချွတ်ကြီးများကို ပိုပြီးကြောက်ကြ။ နေရာပေးကြပါသည်။ အကဲပိုကြပါသည်။ ကျွန်တော်ရုံးလုပ်သက် 10နှစ်ကျော်ပါပြီ။ အလုပ်မရခင် ကျွန်တော်အပြင်မှာ ပင်ပန်းဆင်းရဲစွာ ပညာကိုလေ့လာ ဆည်းပူးခဲ့ရပါသည်။ ကြိုးစားခဲ့ရပါတယ်။ အလုပ်ရာထူးလေးတိုးခံနီးလျှင် အထက်မှယူနီဖောင်ချွတ်ကြီးများက နေရာဝင်ယူလိုက်ကြသည်။ နိုင်ငံခြားသို့ ပညာတော်သင် စေလွှတ်ပြန်လျှင်လဲ သူတို့ကိုယ်တိုင် သို့ သူတို့နှင့်နီးစပ်သူ (သဟဇာတတည့်သူ) တို့ကိုသာလျှင် စေလွှတ်ကြသည်။ ကျွန်တော်လဲ အမိနိုင်ငံကို ချစ်တဲ့ မြန်မာလူမျိုးတစ်ယောက်ပါ။ မြန်မာနိုင်ငံတော် ကောင်းစားတာကိုမြင်ချင်သူတစ်ယောက်ပါ။ သူတို့ချစ်တာထက်ကို ပိုပါတယ်။ သို့သော် ကျွန်တော်တို့ မြန်မာနိုင်ငံတွင် ကျွန်တော့်လိုပင် အခွင့်အရေးဆုံးရှုံးသူများ ထုနဲ့ဒေးရှိနေပါသေးတယ်။ ကျွန်တော်ဒီကွန်မန့်လေးရေးရတာ အပြုသဘောအရအကြံပြုထားတာပါ။ ပြင်ဆင်သင့်တာတွေ ပြင်ချိန်တန်ပါပြီ။ တိုင်းပြည်အတွက် တကယ်အလုပ်လုပ်မယ့် အကျိုးပြုမဲ့သူတွေကို ရွေးထုတ်နေရာပေးဖို့ အချိန်တန်ပါပြီ။ ဒါမှ နောင်လာမယ့် မြန်မာ့နိုင်ငံတော်ကြီးဟာ ကမ္ဘာနဲ့ ရင်ပေါင်တန်းနိုင်မှာပါ။ မူတွေ(စိတ်ထားတွေ)မပြောင်းရင် ဒုံရင်းကဒုံရင်းပါဘဲ။ မူမပြောင်းရင်တော့ လူပြောင်းဖို့လိုနေပါပြီ။

နိုင်ငံတော်အတွက် စေတနာပြုလျက်
ကိုဦး (အညာမြေ)

anonymous said...

ကားတွေနဲ့ ရထားတွေ နဲ့ လက်မှတ်နှုန်းထားကဘယ်လောက်မှမကွာတော့ အချိန်ကုန်သက်သာပြီး ပိုမိုမြန်ဆန်ပြီး ၀န်ဆောင်မှုပိုကောင်းတဲ့ နေရာဆီကို သွားကြမှာဘဲ။ အများကြီးပြန်ပြင်ဆင်မှရမှာ။ သန့် ရှင်းမှု၊ အချိန်တိကျမြန် ဆန်မှု၊ လက်မှတ်ရောင်းတဲ့ဝန်ထမ်းတွေရဲ့ ကိုယ်ကျင့်တရား၊ ပြည်သူတွေ အပေါ် မှာစေတနာထားမယ်ဆိုရင် အောက်ခြေလူတန်းစား၊ လူလတ်တန်းစား တွေက အရင်တုန်းကလိုပြန်လည်အားကိုးလာမှာဘဲ။

Powered by Blogger.