မြန်မာသင်္ဘောသားတွေ ပြည်ပ အလုပ်အကိုင်ခက်ခဲ

နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ယင်းနိုင်ငံတွင် နေထိုင်လျက်ရှိသော လူတန်း စားများ၏ အခြေအနေသည်လည်း တိုင်းပြည်တိုးတက်မှုနှင့်အတူ လိုက်ပါပြောင်းလဲလာသည်ကို တွေ့ရမည်ဖြစ်သည်။ ထို့နည်းတူ ပြည်ပအလုပ်အကိုင်ရရှိရေးတွင် တစ်ခုအပါအ၀င်ဖြစ်သော မြန်မာသင်္ဘော သားများ အရည်အသွေးကို မြင့်သထက်မြင့်အောင် ဆောင်ရွက်ပေးရန်မှာလည်း အစိုးရသစ်ပုံဖော်ပေးရမည့် အချက်တစ်ခုပင်ဖြစ်သည်။

၂၀၁၀-၂၀၁၁ ခုနှစ်အတွင်း CDC ရရှိထားသော သင်္ဘောသားဦးရေ ၇၀၀၀၀ ကျော်အနက် ၂၄၀၀၀ မှ ၂၅၀၀၀ ၀န်းကျင်အောက်သာ အလုပ်အကိုင်ရရှိပြီး ကျန်သင်္ဘောသား ၄၅၀၀၀ မှာ အလုပ်အကိုင်ရ ရှိပြီး ကျန်သင်္ဘောသား ၄၅၀၀၀ မှာအလုပ်အကိုင်မဲ့သူများနှင့် အသက်ကြီး၍ အနားယူသူများဖြစ်ကြောင်း သိရ သည်။

“ အချို့သင်္ဘောသားတွေက သင်္ဘောလုံးဝမတက်ရသေးတဲ့သူ၊ အချို့က နောက်တစ်ကြိမ် ပြန် တက်ဖို့ စောင့်နေတဲ့သူတွေ၊ အချို့သင်္ဘောသားတွေက အသက်ကြီးလို့ အနားယူထားသူစုစုပေါင်းဦးရေ ၄၅၀၀၀ လောက်တော့ရှိပါတယ်” ဟု သင်္ဘောသားဟောင်းတစ်ဦးက ပြောသည်။

၂၀၀၉-၂၀၁၀ ခုနှစ်တွင် ကိုရီးယားသင်္ဘောကုမ္ပဏီပိုင် Sambo သင်္ဘောလိုင်းတွင် မြန်မာသ င်္ဘောသား ၅၀၀ အလုပ်ရရှိခဲ့ပြီး ၂၀၁၀-၂၀၁၁ ခုနှစ်မှာ ၄၇၀ လောက်သာ အလုပ်ရရှိခဲ့ကြောင်း သိရသည်။

သို့ပါ၍ ပြည်ပသင်္ဘောလိုင်းများတွင် ဆိုမာလီဂယက်ကြောင့် အလုပ်အကိုင်ခက်ခဲနေသဖြင့် ပြည်တွင်းသင်္ဘောလိုင်းများ ထွက်ပေါ်လာရန် မျှော်လင့်ကြကြောင်း သိရသည်။

“ မြန်မာသင်္ဘောသားတွေ အလုပ်အကိုင်ရရှိရေးက အရင်နဲ့မတူတော့ဘူး။ အရင်က အလုပ်ရ ရှိဖို့ သိပ်ပူစရာမလိုပေမယ် ယခုနောက်ပိုင်း အလုပ်ရရှိဖို့ နည်းနည်းခက်လာတယ်။ အကြောင်းကတော့ ဆိုမာ လီဂယက်တွေအပါအ၀င်၊ သင်တန်းသားတွေကျွမ်းကျင်မှု Skill တွေပေါ်မူတည်နေတဲ့အတွက်ပါ။ အထူးသဖြင့် လာမယ့်နှစ်တွေမှာ အလုပ်အကိုင်ရရှိဖို့ နောက်ပိုင်းမှာ မြန်မာအလံလွှင့်ထူးထားတဲ့ မြန်မာပိုင်သင်္ဘောတွေပေါ် ထွက်လာဖို့ကိုလဲ မျှော်လင့်နေပါတယ်။ သူများသင်္ဘောမှာ အလုပ်လုပ်ရတာထက်စာရင် ကိုယ့်လူမျိုးပိုင် သင်္ဘောမှာဆို အလုပ်ပိုရနိုင်သလို ပိုပြီးလဲ အဆင်ပြေမယ်လို့ထင်ပါတယ်” ဟု ကိုရီးယားသင်္ဘောသားလိုင်း Samho မှ ကပ္ပတိန်းဦးကျော်စိုးကပြောသည်။

ယခင်က သင်္ဘောသားများနည်းပါးခဲ့သော်လည်း ယနေ့ခေတ်ရေကြောင်း သိပ္ပံဆင်းသင်္ဘော သားများနှင့် ရေကြောင်း တက္ကသိုလ်ဆင်းသင်္ဘောသားများ/တက္ကသိုလ်ဝင်တန်းအောင်မြင်ထားပြီး Best English အောင်၍ သင်္ဘောသားဖြစ်လာသည့် သင်္ဘောသားဦးရေစုစုပေါင်းမှာ ၇၀၀၀၀ ကျော်ရှိလာသော်လည်း အလုပ်အကိုင်ရရှိမှုမှာ ယခင်ထက်ရှားပါးလာကြောင်း သိရသည်။

ယခုအခါ ဆိုမာလီဂယက်ကို မြန်မာသင်္ဘောသားများသာမက ပြင်ပသင်္ဘောကုမ္ပဏီများကိုပါ ထိခိုက်လျက်ရှိနေပြီဖြစ်သည်။ အထူးသဖြင့် မြန်မာသင်္ဘောသားများ ဦးလှည့်လာသည့် တောင်ကိုရီးယားပိုင် သင်္ဘောကုမ္ပဏီအချို့ပင် ယခုအခါ ယင်းတို့ပိုင်သင်္ဘောများကို ရောင်းချခဲ့ကြသည်အထိ ကြုံတွေ့နေရကြောင်း သိရသည်။

ယခုအခါ ရေကြောင်းသိပ္ပံဆင်းသင်္ဘောသားများနှင့် ရေကြောင်းတက္ကသိုလ်ဆင်းသင်္ဘောသား များ၏ အလုပ်ရရှိမှုကို အခြားသင်္ဘောသားများထက် လွယ်ကူလျက်ရှိနေရုံသာမက ရာထူးတက်ရာတွင်လည်း ပိုမိုအခွင့်အလမ်းများနေကြောင်း၊ တက္ကသိုလ်ဝင်တန်းအောင်ပြီး သင်္ဘောသားဖြစ်သူအများစုမှာ ထမင်းချက်၊ စားပွဲထိုး၊ စားဖိုမှူး၊ ကုန်းပတ်ပိုင်း သင်္ဘောသားများအဖြစ် အလုပ်အကိုင်ရရှိသော်လည်း ရာထူးတက်ရန်မလွယ် ကူကြောင်း သိရသည်။

ယခုအခါ နိုင်ငံတကာသင်္ဘောလိုင်းများသည် သင်္ဘောသားများခေါ်ဆိုရာတွင် ပထမဦးစားပေး အဖြစ် အင်္ဂလိပ်စာကျွမ်းကျင်သော ဖိလစ်ပိုင်သင်္ဘောသားများကို အဓိကထားရွေးချယ်လာကြပြီး ယင်းသင်္ဘော သားများ၏ လစာရရှိမှုမှာလည်း အခြားသင်္ဘောသားများထက် ရရှိနေပြီး မြန်မာသင်္ဘောသားများ၏လစာမှာ အ လယ်အလတ်အဆင့်သာရှိကြောင်း သိရသည်။

ယခင်နှစ်များနှင့် နှိုင်းယှဉ်ရပါက မြန်မာသင်္ဘောသားများ အလုပ်အကိုင်ရရှိမှုအပါအ၀င် လုပ် ကိုင်ရမှုပိုင်းတွင် စိန်ခေါ်မှုများဖြင့် ကြုံတွေ့နေရသော သင်္ဘောသားများအနေဖြင့် ယခုနှစ် ၂၀၁၂ တွင်လည်း အတိုင်းအတာတစ်ခုထိ အလုပ်အကိုင်ရရှိမှုကို ကြုံတွေ့ကောင်းကြုံတွေ့ရနိုင်သော်လည်း မည်သို့ပင်ဆိုစေ မြန် မာသင်္ဘောသားများအနေဖြင့် အထက်တွင်ဖော်ပြခဲ့သော လုပ်ငန်းကျွမ်းကျင်မှု၊ ဘာသာစကားတတ်ကျွမ်းမှု အပါအ၀င်ခေတ်နှင့်အညီ တောင်းဆိုလာသော နည်းပညာကျွမ်းကျင်မှုများကို ကြိုတင်ပြင်ဆင်လေ့လာ သင်ကြားထားမည်ဆိုပါက ၂၀၁၂ သည် မြန်မာသင်္ဘောသားများ အလုပ်အကိုင်ရရှိမှု အလားအလာကောင်း သောနှစ်ဖြစ်နိုင်ကြေင်း ပန်းသတင်းဂျာနယ် မှာရေးသားထားပါသည်။


By:သစ်ထူးလွင်
မြန်မာသင်္ဘောသားတွေ ပြည်ပ အလုပ်အကိုင်ခက်ခဲ မြန်မာသင်္ဘောသားတွေ ပြည်ပ အလုပ်အကိုင်ခက်ခဲ Reviewed by သစ်ထူးလွင် on 19:23 Rating: 5

5 comments:

ဘင်ဘင် said...

ဖိလစ်ပိုင်တွေကိုဦးစားပေးခေါ်တာခုမှ မဟုတ်ပါဘူး ဟိုးအရင်ကတည်းကပါ
အပျော်စီးသင်္ဘောတွေမှာဆိုလည်း သူတို့ကိုအများဆုံးတွေ့ရမှာပါ
ခုနောက်ပိုင်း middle east airline တွေမှာလည်း နေရာတော်တော်ယူလာတာကို တွေ့ရတယ်..
အဓိက ကတော့ သူတို့ရဲ့ ဘာသာစကားစွမ်းရည်ကြောင့်ပါ..

31.12.2010 said...

ဘာသာစကား ကျွမ်းကျင်မှုဟာ အရမ်းအရေးကြီးပါတယ်။ ပညာတော်ပေမယ့် ဘာသာစကား ကျွမ်းကျင်မှုမရှိရင်တော့ international မှာ နောက်ကောက်ကျမှာ အမှန်ပါပဲ

Anonymous said...

အမှန်ပါပဲ။ ကိုယ်လုပ်နိုင်သလောက် ကိုယ်လုပ်တတ်တာကို ပြောနိုင်တဲ့ ၇ှင်းနိုင်တဲ့ ဘာသာစကားကျွမ်းကျင်မှူ လိုအပ်တယ်

ko oo said...

မှန်ပါတယ်ခင်ဗျား
ကျွန်တော်တို့လူမျိုးတော်တော်များများဟာ နားထင်သွေးရောက်နေတက်ကြပါတယ်။ ကျွန်တော့်ကိုယ်တွေ့ပါခင်ဗျား။ ကျွန်တော်ကိုယ်တိုင် အင်္ဂလိပ်စကားလေးမတောက်တခေါက်တက်တုန်းကဆိုရင် ကိုယ့်ကိုကိုယ် ကမ္ဘာလှည့်တော့မလိုလိုနဲ့ပါ။ ယနေ့ခေတ် လူငယ်များ ပိုပြီးသင်ယူတက်မြောက်သင့်ပါတယ်။ ယနေ့ခေတ်လူငယ်အများစု(မြန်မာ) ကိုစမ်းစစ်ကြည့်ရင် ရည်ရွယ်ချက်တွေပျောက်ကွယ်နေကြပါတယ်။ အပျော်အပါးပိုမက်နေကြပါတယ်။ ပညာရေးစနစ်ဆိုးကြီးကြောင့်ပါ။ မအောင်မနေရစနစ်။ ကျူရှင်ယူစနစ်။စသည့်တို့ကြောင့်ပေါ့ဗျာ။ ကျွန်တော့်အိမ်နားက ၃တန်းကျောင်းသားလေးတစ်ယောက်ကို သူ့အမေကစာသင်ရင်ရိုက်ပါတယ်။ ဆရာမပေးတာတွေမရလို့တဲ့။ ဒါနဲ့ ကျွန်တော်လဲ သူတို့သင်တာကို ကြည့်မိပါတယ်။ လက်တန်းမေးခွန်းနဲ့အဖြေတွေပါ။ ဒါနဲ့ ကျွန်တော်လဲ မေးခွန်းထဲမှာပါတဲ့ မေးခွန်းလေးမေးကြည့်လိုက်ပါတယ်။ She is a policewomen. she ဆိုတာ ဘယ်သူ့ကိုရည်ညွှန်းသလဲသားလို့မေးလိုက်တော့။ ကလေးကကျွန်တော့်ကို ကြောင်ပြီးကြည့်ပါတယ်။ ဆရာမသင်ထားတာ အဲးဒါမပါဘူးလို့ပြောပါတယ်။ အရမ်းကိုတိုင်းပြည်အတွက်နစ်နာပါတယ်။ ဆရာဆိုတာ စေတနာ၊ အနစ်နာ၊ ၀ါဒနာကိုအရင်းခံတဲ့ဆရာတွေလိုအပ်နေပါပြီ။ ဟပ်ချလောင်းဆရာလောင်းဖြစ်လို့လုပ်လို့မရပါဘူး။ ကျွန်တော်ငယ်ငယ်က သမိုင်းဆရာတစ်ယောက်ရှိပါတယ်။ ငါးတန်းကျောင်းသားဘ၀ပါ။ နယ်ချဲ့အင်္ဂလိပ်အကြောင်းသင်တာ ကျွန်တော်တို့ကိုယ်တိုင် လက်သီးကျစ်ကျစ်ပါအောင် ဆုပ်မိပါတယ်။ ဒါကသင်ကြားရေးပိုင်းပါ။ လူငယ်တွေအနေနဲ့ ဘာသာစကားကိုကျွမ်းကျွမ်းကျင်ကျင် တက်မယ်ဆိုရင် လက်ညှိုးထောင်၊ ခေါင်းညိတ်မနေတော့ပါဘူး။ သူများဘာသာစကားကို ရေးတက်ပြောဆိုနိုင်ပါက သူတို့တွေ လွတ်လပ်စွာတွေးခေါ်တာတွေ၊ ရေးတာတွေကိုလေ့လာခွင့်ရကြမှာပါခင်ဗျား။ ဒါမှ နိုင်ငံတော်အတွက် အနာဂတ်မျိုးဆက်သစ်တွေကတာဝန်ယူနိုင်မှာပါခင်ဗျား။

လေးစားလျက်
ကိုဦး(အညာမြေ)

philosophermgmyathar said...

ကျနော်ကိုယ်တွေ့လေးတခုပြောပါရစေ၊ ကျနော်လည်းအင်္ဂလိပ်စကားပြောကိုမ
ကျွမ်းကျင်ပါ၊ သို့သော်.understanding ဖြစ်အောင်တော့ပြောတတ်ပါ
တယ်၊တခါကမလေးရှားဆေးရုံ UKM မှာဗမာကျနော်မိတ်ဆွေမူးပြီးဆိုင်ကယ်
မောင်းတာခြေထောက်ကျိုးပါတယ်.အခြေအနေဆိုးဆိုးဝါးဝါးပါ၊ကျနော်ကဘာ
သာပြန်လုပ်ပေးရပါတယ်၊emergency.မှာ မြန်မာဆရာဝန်တဦးကိုတွေ့ပါတယ်
သူကမြန်မာဆရာဝန်စစ်စစ်ပါ၊ဒါပေမဲ့ရောက်လာတဲ့လူနာကိုသူမကိုင်ရပါဘူး.သူကအရေးပေါ်အချိန်မတော်ရောက်လာတဲ့လူနာကိုလူနာမှတ်တမ်းသွင်း၊ဒဏ်ရာပြင်းထန်လွန်းလို့မခံစားနိုင်တဲ့လူနာဆိုရင်မော်ဖိန်းထိုးပေး၊အဲဒါပါပဲ.သူ့အလုပ်က..ကျန်တဲ့ခွဲတာ၊ ဖြတ်တာ.တောက်တာတွေကိုနိုင်ငံသားဆ၇ာဝန်တွေကပဲ လုပ်ကြပါတယ်..မြန်မာဆရာဝန်မပါပါ.အဲဒီမြန်မာဆရာဝန်အင်္ဂလိပ်စကားပြောတာတော်တော်ကို နားထောင်ရဆိုးပါတယ်..မသွက်ပါ..မမြန်ပါ.ကျန်တဲ့နိုင်ငံသားဆရာဝန်များကတော့ အင်္ဂလိပ်စကားကို မွှတ်နေအောင်ပြောရင်းလုပ်ကိုင်နေတာကိုတွေ့မြင်ရတော့..အော်..မြန်မာဆရာဝန် တွေ ...လို့.. သက်ပြင်းချမိပါတော့တယ်..တကဲ့လက်တွေ့ဖြစ်ရပ်ပါခင်ဗျာ.အင်္ဂလိပ်ဘာသာစကားကိုမွှတ်နေအောင်ပြောနိုင်တဲ့အထဲ မြန်မာဆရာဝန်များမပါတာကိုတွေ့ရလို့ များစွာ စိတ်မကောင်းဖြစ်မိကြောင်းပါ..

Powered by Blogger.