မြန်မာပြည်သွား ဟားဗက် ပညာရှင်များ ခရီးစဉ်

မြန်မာနိုင်ငံမှာ ငွေဖောင်းပွမှုနှုန်းများတယ်လို့ ပြောပြီ
မြန်မာပြည်ကို သွားရောက်ပြီး စီးပွားရေး ကဏ္ဍနဲ့ ပတ်သက်လို့ သုတေသနပြု၊ သူတို့ရဲ့ တွေ့ရှိချက်တွေ၊ အကြံပြုချက် စာတမ်းတွေ တင်ပြလေ့ ရှိတတ်တဲ့ ဟားဗတ် စီးပွားရေး ပညာရှင် အဖွဲ့ဟာ အခု မြန်မာပြည် အတွင်းမှာ ရောက်ရှိ လေ့လာမှုတွေ လုပ်နေပါတယ်။ဟားဗတ် ပညာရှင်တွေရဲ့ ဒီတခေါက် သုတေသန ခရီးစဉ်က ဒီဇင်ဘာ ၉ ရာက်နေ့ က စတင်ခဲ့ပြီး လာမယ့် ၂၁ ရက်မှာ အဆုံးသတ်မှာ ဖြစ်ပါတယ်။မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှ နိုင်ငံ တွေရဲ့ စီးပွားရေးကို အထူးပြု ကျွမ်းကျင်ကြပြီး မြန်မာနိုင်ငံကိုလည်း အကြိမ် အတော်များများ သွားရောက် သုတေသနပြု ကြတဲ့ စီးပွားရေး ပညာရှင်တွေဟာ ဟားဗတ် တက္ကသိုလ်က စီးပွားရေး ပညာရှင် ၃ ဦး နဲ့ စင်ကာပူ Institutue of South East Asian Studies စီးပွားရေး ပညာရှင် တဦး ပါဝင်တယ်။သူတို့ အနေနဲ့ အရင် ခရီးစဉ် တွေတုန်းက စိုက်ပျိုးရေး ကဏ္ဍနဲ့ ပတ်သက်ပြီး ဆန်စပါး၊ ပဲ အမျိုးမျိုး စတဲ့ စိုက်ပျိုးထုတ်ကုန် တွေ အထွက်တိုးရေး အတွက် လေ့လာမှု တွေလုပ် စာတမ်းတွေ ရေးသားတင်ပြခဲ့ ပေမယ့် အခု အခေါက်မှာ တော့ သူတို့ ဆန်းစစ်တဲ့ ကဏ္ဍပိုင်းကို ချဲ့ထွင်ပြီး စီးပွားရေးကဏ္ဍ တခုလုံးနဲ့ လုပ်ဆောင်သင့်တာကို ရွေးချယ်မှု ၊ ဆုံးဖြတ်မှု စတာတွေ နဲ့ ပတ်သက်တဲ့ မက်ခရို စီးပွားရေးပိုင်းကို လေ့လာမှုတွေ လုပ်ခဲ့တဲ့အကြောင်း ရန်ကုန်ကို ရောက်နေတဲ့ အဲဒီ အဖွဲ့ထဲက ပရော်ဖက်ဆာ ဒေးဗစ် ဒယ်ပတ်စ က ဘီဘီစီ ကို ပြောပြပါတယ်။သူတို့ အနေနဲ့ မြန်မာ့ စိုက်ပျိုးရေး ကဏ္ဍ တိုးတက်ဖို့အတွက် စီးပွားရေး ကဏ္ဍ တခုလုံးနဲ့ ဆိုင်တဲ့ လျှပ်စစ် ဓာတ်အားရရှိနိုင်မှု အပါအဝင် အခြေခံ အဆောက်အအုံ ပိုင်း ဆိုင်ရာ၊ ဘဏ္ဍာရေး ငွေရေးကြေးရေး ပေါ်လစီပိုင်း ဆိုင်ရာတွေ တိုးတက်အောင် လုပ်ဆောင်နိုင်မှ ရမယ်၊ မြို့ပြ က ကုန်ထုတ်လုပ်မှုပိုင်း တိုးတက်ခြင်းက ကျေးလက် က စိုက်ပျိုးထုတ်လုပ်ရေး ကို အကျိုး ဖြစ်စေတယ်လို့ မြင်ကြောင်း ပြောပါတယ်။ဒေါက်တာ ဒေးဗစ် ဒယ်ပတ်စ က သူတို့ သွားရောက်ခဲ့တဲ့ ဒေသတွေထဲမှာ အဓိက ဒေသအနေနဲ့ မြန်မာပြည် အလယ်ပိုင်း ဖြစ်သလို ဧရာဝတီ မြစ်ဝှမ်း ကနေ မန္တလေး အထိလို့ ဆိုပါတယ်။အခု တခေါက် ဆိုရင် ကရင်ပြည်နယ် ၊ မော်လမြိုင် ဖက်အထိ သွားနိုင်ခဲ့သလို နောက်ပိုင်းဆိုရင် နယ်စပ် ဒေသတွေ အထိ သွားရောက် သုတေသနပြုဖို့ မျှော်လင့်နေတယ်လို့ ပြောပါတယ်။အခု သူတို့ ခရီးစဉ်ရဲ့ တွေ့ရှိချက်တွေကို အပြီးသတ် မပြုစုရ သေး ပေမယ့် တွေ့ရှိမှုတွေထဲ အရေးကြီး လုပ်ဆောင်သင့်တဲ့ ကိစ္စ တခုကို ထောက်ပြ ပြောဆိုရာမှာ မြန်မာငွေနဲ့ နိုင်ငံခြားငွေ လဲလှယ်နှုန်း ကိစ္စပိုင်းက အလေးထားကြည့်ဖို့ လိုနေပြီး အရင်နှစ် အနည်းငယ်မှာ တဒေါ်လာကို လဲရင် ကျပ်ငွေ ၁၃၀၀ လောက်ရ နေရာ ကနေ အခုနှစ် မှာ တော့ ၈၀၀ ကျပ် အထိ ကျဆင်း သွားသလို တချိန်တည်းမှာ ငွေဖောင်းပွမှုနှုန်းက များနေတဲ့အပြင် ဆန်စပါး၊ ပဲ စတဲ့ စိုက်ပျိုးရေး ထွက်ကုန် တွေကို နိုင်ငံခြား ပို့ရတဲ့ အပေါ်မှီခို ကြရတဲ့ ထုတ်လုပ်သူတွေ အတော်အခက် ကြုံနေရတဲ့ အတွက် ဒီအရေးကို ဦးစားပေး ကြည့်ဖို့ သင့်တယ်လို့ ဟားဗတ် တက္ကသိုလ်က စီးပွားရေး ပညာရှင်က ပြောသွား ပါတယ်။

BBC
မြန်မာပြည်သွား ဟားဗက် ပညာရှင်များ ခရီးစဉ် မြန်မာပြည်သွား ဟားဗက် ပညာရှင်များ ခရီးစဉ် Reviewed by သစ်ထူးလွင် on 09:08 Rating: 5

No comments:

Powered by Blogger.