ငြိမ်းချမ်းရေးဆွေးနွေးပွဲအား “၀”အထူးဒေသ ၂ နှင့်ဆက်လက် ဆွေးနွေးမည်

“၀”အထူးဒေသ ၂
နိုင်ငံတော်သမ္မတကြီး၏ ဖိတ်ခေါ်ချက်အရ ပြည်ထောင်စု အဆင့်ငြိမ်းချမ်းရေး ဆွေးနွေးမှုအား ပထမအဆင့် ဆွေးနွေးပြီးခဲ့သည့် “၀”အထူးဒေသ ၂ အဖွဲ့နှင့် ဒုတိယအဆင့်ငြိမ်းချမ်းရေးဆွေးနွေးမှုအား ဒီဇင်ဘာနောက်ဆုံးရက်သတ္တပတ်တွင် ဆက်လက်ဆွေးနွေးမည်ဖြစ်ကြောင်း ပြည်ထောင်စုအဆင့် ငြိမ်းချမ်းမှု ဖော်ဆောင်ရေးအဖွဲ့ခေါင်းဆောင် ဦးအောင်သောင်းက ဆိုသည်။ အဆိုပါဆွေးနွေးမှုတွင် ပြည်ထောင်စု အစိုးရဘက်မှ ပြည်ထောင်စုဝန်ကြီးများ၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ အရာရှိများ ပါဝင်မည် ဖြစ်ကြောင်း သိရပြီး “၀”အထူးဒေသ ၂ အဖွဲ့သည် အောက်တိုဘာ ၁ ရက် နံနက်ပိုင်းက လားရှိုးမြို့တွင် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးမှု ပထမအဆင့်အား ဆွေးနွေးခဲ့သည်။ “ထာဝရငြိမ်းချမ်းရေးရရှိဖို့ အဆင့်ဆင့်သော လုပ်နည်း၊လုပ်ဟန်တွေကို ဆက်လက်လုပ်ဆောင်သွားမှာပါ။ ဒီခရီးမှာ မီဒီယာအဖွဲ့အစည်း တစ်ချို့ကို ခေါ်သွားဖို့ရှိပါတယ်”ဟု ဦးအောင်သောင်းက ဆိုသည်။ တောင်သာမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းခေါင်းဆောင်သည့် ငြိမ်းချမ်းရေးအဖွဲ့သည် ပြီးခဲ့သည့် ဒီဇင်ဘာ ၃ရက်က ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ကလိုထူးဘော(DKBA)တပ်ဖွဲ့မှ တာဝန်ရှိသူများနှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံသည် နှစ်ပေါင်း ၆၀ ကျော်ပြည်တွင်းစစ်ပွဲဖြစ်ပွားနေခြင်းကြောင့် နိုင်ငံတကာမှ အထင်သေးသည့်ဒဏ်ကို ခံစားနေရကြောင်း တောင်သာ မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းက ပြည်တွင်းငြိမ်း ချမ်းရေး ဆွေးနွေးပွဲများနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ဆိုသည်။ ပြည်သူများသည် ငြိမ်းချမ်းရေးနှင့်ဖွံဖြိုးတိုးတက်သည်ကို ခံစားလိုကြသော်လည်း ပြည်တွင်းငြိမ်းချမ်းမှု ပျက်ပြားနေ၍ ငြိမ်းချမ်းရေး အသီးအပွင့်အား မခံစားရကြောင်း ယင်းက ဆက်လက်ပြောကြားသည်။ ပြည်တွင်းငြိမ်းချမ်းရေး ဆောင်ရွက်ရာတွင် တူညီသည့်အချက်များကို ပေါင်းစပ်ဆောင်ရွက်ကာ ညှိနှိုင်းဆောင်ရွက်သည်ကို ဦးစားပေး လုပ်ဆောင် နေကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်က ဆိုသည်။ YC(KS)
ငြိမ်းချမ်းရေးဆွေးနွေးပွဲအား “၀”အထူးဒေသ ၂ နှင့်ဆက်လက် ဆွေးနွေးမည် ငြိမ်းချမ်းရေးဆွေးနွေးပွဲအား “၀”အထူးဒေသ ၂ နှင့်ဆက်လက် ဆွေးနွေးမည် Reviewed by သစ်ထူးလွင် on 09:15 Rating: 5

2 comments:

Myanmar said...

တိုင်း၇င်းသား အစစ်တွေကို တို့ချစ်တယ်။ ၀ဆိုတာ တိုင်း၇င်းသားမဟုတ်။ တိုင်း၇င်းသားတွေနဲ့သာ ဆွေးနွေးပါ။ တ၇ုတ်ဖြူတွေနဲ့ မဆွေးနွေးပါနဲ့။ တ၇ုတ် စတိုင်ပေါက်နေတာတွေကို တိုင်း၇င်းသား ဟန်ပြောင်းပစ်ပါ။ တ၇ုတ်ဆိုင်းဘုတ်တွေကို ဖြုတ်ချပါ။ ၇ှမ်းဘာသာတွေကို အသုံးပြုပါ။ တ၇ုတ်၇ဲ့ ၀ါးမျိုတာကို မခံလိုပါ။ ။

ming said...

Myanmar,right, Alyways Myanmar.Myanmar has very kinds of races.
I really dont kn that Wha (wa) 's History.Want to kn where they come from and when,who allow them to leally live in Myanmar,who support money to build an army,One nation -one army,one central government.why accept them as national race,what did they offer for BUIDING myanmar like Myanmar races did? and so on?????Want to kn

Powered by Blogger.