မီးလောင်ကျွမ်းမှုမှ မီးကြွင်း မီးကျန်များ နေ့ လည်ပိုင်းအထိ ဆက်လက် ငြိမ်းသတ်ခဲ့ရ

ယနေ့ မနက် ၁ နာရီခွဲခန့်က မင်္ဂလာတောင်ညွန့် မြို့နယ် ကူးတို့ဆိပ် ရပ်ကွက် ၊ ကူးတို့ဆိပ်လမ်း အတွင်း မီး လောင်ကျွမ်းခဲ့ရာ မနက် ၅ နာရီမှာ မီးထိန်းနိုင်ခဲ့ပြီး ၆ နာရီခန့်မှာ မီးငြှိမ်းသတ်နိုင်ခဲ့ပေမယ့် မီးကြွင်း ၊ မီးကျန်တွေကိုေ တာ့ နေ့လည် ၁၁ နာရီ ၀န်းကျင် အထိ ဆက်လက် ငြှိမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ်။

ဒီလို မီးငြှိမ်းသတ်မှုကို မီးသတ်ဦးစီး ဌာနမှ ညွှန်ကြားရေးမှူးချုပ် ကိုယ်တိုင် လာရောက် ကြည့်ရှုခဲ့ပြီး သက်ဆိုင်ရာ ဌာန အသီးသီးမှ တာဝန် ရှိသူတွေကလည်း လာရောက် ကြည့်ရှု စစ်ဆေးမှုတွေ ဆောင်ရွက်ခဲ့ကြပါတယ်။ အဆိုပါ မီးလောင်ကျွမ်းမှုနဲ့ အတူ ဖြစ်ပေါ်ခဲ့ တဲ့ ပေါက်ကွဲမှုဟာ မည်သည့် အကြောင်းကြောင်းကြောင့် ပေါက်ကွဲသည်ကို စုံစမ်းဆဲ အခြေအနေသာ ရှိသေးပြီး အဖြေ အတိအကျ မရရှိသေးဘူးလို့ သိရပါတယ်။ လတ်တလောမှာတော့ အဲ့ဒီ မီးလောင်ကျွမ်းမှုနဲ့ အတူ ပေါက်ကွဲမှုမှာ ပရဆေး ဂိုဒေါင် အတွင်းမှ ပရဆေး ပစ္စည်းများကြောင့်လည်း ဖြစ်နိုင်တယ်လို့ ယူဆပေမယ့်လည်း သက်ဆိုင်ရာ တာဝန် ရှိသူတွေရဲ့ အတည်ပြု ထုတ်ပြန်ချက် မရရှိသေး တာ ဖြစ်ပါတယ်။

မီးလောင်ကျွမ်းမှုနဲ့ အတူ ဖြစ်ပေါ်ခဲ့တဲ့ ပေါက်ကွဲမှုကြောင့် ၁၅ ပေ ၊ ပေ ၂၀ ၀န်းကျင်ခန့် ချိုင့်ခွက်ကြီး တစ်ခု ဖြစ်ပေါ်ခဲ့ကာ အနီး ၀န်းကျင် မှာလည်း မြေ အက်ကွဲမှုတွေ ၊ နေအိမ် ထိခိုက် ပျက်စီးမှုတွေ ပေါ်ပေါက်ခဲ့ရတာ ဖြစ်ပါတယ်။ အဲ့ဒီ ပေါက်ကွဲမှု အရှိန်နဲ့ သာကေတ မြို့နယ် ရှုခင်းသာ အိမ်ယာမှာ ရှိတဲ့ တိုက်တွေနဲ့ တာမွေမြို့နယ် အတွင်းမှာရှိတဲ့ တိုက်တာ အချို့အထိ မှန် အက်ကွဲမှုတွေ ဖြစ်ပေါ်ခဲ့ ရပြီး ပေါ က်ကွဲမှု အသံကိုလည်း ရန်ကုန် မြို့တွင်းမှာ ရှိတဲ့ မြို့နယ်တွေ အတော်များများ အထိ ကြားခဲ့ ကြရတယ်လို့ သိရပါတယ်။

ဒီလို ကြားသိခဲ့တဲ့ အတွက် မီးလောင်ကျွမ်းမှုနဲ့ ပေါက်ကွဲမှုကြောင့် ကယ်ဆယ်ရေး စခန်းမှာ ရောက်ရှိခဲ့ကြတဲ့ ပြည်သူတွေ အတွက်  မြို့နယ် အစုံမှ လာရောက် လှူဒါန်းမှုတွေ များပြားခဲ့ ကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့မှ ၀န်ကြီးများ မှလည်း ကယ်ဆယ်ရေး စခန်းသို့ ရောက်ရှိ အားပေးခဲ့တာကို တွေ့ရပါတယ်။ အဲ့ဒီ ကယ်ဆယ်ရေး စခန်း အတွင်း ရောက်ရှိနေကြ တဲ့ ပြည်သူတွေ စာရင်း အတိအကျနဲ့ မီးလောင်ကျွမ်းမှု ၊ ပေါက်ကွဲမှုကြောင့် ပျက်စီး ဆုံးရှုံးမှု တန်ဖိုးကိုတော့ စာရင်း ကောက်ယူမှု မပြီးသေးတဲ့ အတွက် အတိအကျ မသိရှိရသေးဘဲ နောက်တစ်နေ့ မနက်ပိုင်းမှသာ သိရှိနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

အခုလို မီးလောင်ကျွမ်းမှုနဲ့အတူ ဖြစ်ပေါ်ခဲ့တဲ့ ပေါက်ကွဲမှုကြောင့် ထိခိုက် ဒဏ်ရာရရှိပြီး ကယ်ဆယ်ရေး စခန်း ရောက်ရှိနေကြသူတွေကို လည်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေး ၀န်ကြီး ဌာန ပြည်ထောင်စု ၀န်ကြီး ဦးအောင်ကြည် ကိုယ်တိုင် လာရောက် ကြည့်ရှု အားပေးခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် မီးသတ်ဦးစီး ဌာနမှ ကွယ်လွန်ခဲ့သူ ၅ ဦးကိုလည်း ဒီကနေ့ ညနေ ၅ နာရီက အခမ်းအနားနဲ့ အတူ ရေဝေး သုဿန်မှာ သင်္ဂြိုလ်ခဲ့တယ်လို့ သိရပါတယ်။
MRTV-4
မီးလောင်ကျွမ်းမှုမှ မီးကြွင်း မီးကျန်များ နေ့ လည်ပိုင်းအထိ ဆက်လက် ငြိမ်းသတ်ခဲ့ရ မီးလောင်ကျွမ်းမှုမှ မီးကြွင်း မီးကျန်များ နေ့ လည်ပိုင်းအထိ ဆက်လက် ငြိမ်းသတ်ခဲ့ရ Reviewed by သစ်ထူးလွင် on 11:25 Rating: 5

3 comments:

Min Kha said...

သေဆုံးသွားတဲ့ မီးသတ်သမားတွေကိုလေးစားပါတယ်ဗျာ

Panyailaynge said...

တာဝန်ရှိသူလူကြီးများ အနေဖြင့် ဘယ်သူမျက်နှာကိုမှမငဲ့ညှာပဲ ဒီကိစ္စကြီးကို ဖြစ်ရပ်မှန်ပေါ်ပေါက်အောင် စစ်ဆေးစုံစမ်းအရေးယူသင့်ပါတယ်။
ငွေမျက်နှာတခုထဲနဲ့တော့ ဖြစ်ရပ်မှန်ကိုဖုံးကွယ်ပြီးမရက်စက်ကြပါနဲ့လို့ မေတ္တာရပ်ခံချင်ပါတယ်။
သေဆုံးသွားရတဲ့ ပြည်သူတွေနဲ့ မီးသတ်သမားတွေ့၊ ဒဏ်ရာရခဲ့တဲ့ အပြစ်မဲ့ပြည်သူတွေ ၊
အိုးအိမ်နဲ့တကွ ရှိသမျှပိုင်ဆိုင်မှု့တွေဆုံးရှုံးခဲ့ရတဲ့သူတွေ ၊ ရန်ကုန်တမြို့လုံးကို တုန်လှုပ်ခြောက်ခြားစေခဲ့တဲ့ဖြစ်ရပ်ဆိုးကြီး ကိုပေါ်ပေါက်လာစေတဲ့ အဓိကတရားခံကို ဖော်ထုပ်ပြီးဖြစ်ရပ်မှန်သတင်းစစ်စစ်ကိုပြည်သူတွေကိုပြောပြပေးပါ လို့တောင်းဆိုပါတယ်။

zaythantaung said...

မှတ်ချက်ဆိုတာကပေးချင်သလိုပေးလို့  ရပါတယ်။ ဘာအတွက်ကြောင့်များအခုလိုမီးလောင်တဲ့အရာကငွေမျက်နှာ ဆိုတဲ့အရာနဲ့  ဘယ်လိုပတ်သက်နေသလဲဗျ။ ကိုယ်တိုင်တပ်အပ်မသိဘဲနဲ့  အဲ့လိုမျိုးထင်ရာမြင်ရာတွေကိုမပြောသင့်ဘူး။ တော်သေးတာပေါ့။ မီးသတ်သမား ၅ ယောက်သေသွားလို့ ။ မဟုတ်ရင်မီးသတ်ကလူတွေကတော့ ရစရာရှိမှာမဟုတ်ဘူးဆိုတာသေချာတယ်ဗျ။ သေးဆုံးသွားတဲ့လူတွေအတွက်တော်တော်စိတ်မကောင်းဖြစ်မိတယ်။

Powered by Blogger.