ဒီနေ့ ရံပုံငွေပွဲကိုလာရောက်အားပေးကြတဲ့ပရိသတ်ကြီးကို အထူးသတိပေးချင်ပါတယ်

အထူးသတိပေးချင်ပါတယ်
ဒီနေ့ ရံပုံငွေပွဲကိုလာရောက်အားပေးကြတဲ့ပရိသတ်ကြီးကို
ကိုယ်လုံခြုံရေးကို ကိုယ်ဂရုစိုက်သလို အပြင်ဘက်မှာလည်း လုံခြုံရေးတွေအများကြီးချထားပါတယ်။ 
ကျနော်ဒီလိုသတိပေးချက်ရေးရတာနဲနဲနောက်ကျသွားပါတယ်၊ တောင်းပန်ပါတယ်။
ကျနော်စဉ်းစားမိတာက ပထမတကြိမ်ပွဲကိုသွေးထိုးစမ်းပြီးပြောင်းပေးခဲ့ရပြီးပြီ ။
လှည်းတမ်းလမ်းဆုံ ဗုံးပေါက်တယ် တနေ့ က အကြီးကျယ်ဆုံးမီးလောင်မူဖြစ်တယ် ဒါတွေဟာတိုက်ဆိုင်မူဖြစ်ရင်အလွန်ကောင်းပါတယ်။
ဒီလို နိုင်ငံရေးနေ၀င်ရီရော(လူလုံးမကွဲတဲ့အချိန်မှာ)အထူးသတိထားကြပါ။ ဒီနေ့ပွဲဟာ သမိုင်းဝင် အကြီးကျယ်ဆုံးပွဲကြီးတခုပါ။
ဦးသိန်းစိန်အဖွဲ့ မှာလည်းမလိုလားသူတွေရှိနေတယ်ဆိုတာ အားလုံးအသိပါ တော်လှန်ရေးအဖွဲ့ အမည်ခံလုပ်စားများကလည်း (တကယ်တော်လှန်ရေးလုပ်နေသောသူများကိုလေးစားပါတယ်) အဖျက်လုပ်ငန်းမစွမ်းဆောင်နိုင်ကြပါ(လေနဲ့ တောင်းစားတဲ့အဆင့်ဘဲရှိပါတယ်) အရင်ဦးနေ၀င်းလက်ထက်ကတည်းက ယနေ့ ထိအဖျက်လုပ်ငန်းလုပ်ဖို့ ဖွဲ့ စည်းထားတဲ့အဖွဲ့ တွေရှိပါတယ်။
ဒီပွဲမှာသူတို့ ဝင်နှောက်မလားမသိဘူး စိုးရိမ်လို့ ရေးတာပါ (ကြောက်စရာတော့မလိုပါဘူး သတိထားရအောင်ပါ)
အားလုံးသတိရှိပြီးကြောက်စိတ်ကိုဖယ်ကာ ကျနော်တို့ ခေါင်းဆောင်အန်တီစုနဲ့ အတူ လိုအပ်တဲ့နေရာတွေကူညီနိုင်အောင်ဝိုင်းကြိုးစားပေးကြပါ။

(ညီညွတ်ခြင်းကိုဘယ်အမှောင့်ပရောဂမှမနှောက်ယှက်နိုင်ပါ)

ထွန်းထွန်းဦးNLD
ဒီနေ့ ရံပုံငွေပွဲကိုလာရောက်အားပေးကြတဲ့ပရိသတ်ကြီးကို အထူးသတိပေးချင်ပါတယ် ဒီနေ့ ရံပုံငွေပွဲကိုလာရောက်အားပေးကြတဲ့ပရိသတ်ကြီးကို အထူးသတိပေးချင်ပါတယ် Reviewed by သစ်ထူးလွင် on 11:42 Rating: 5

10 comments:

Thaw Demo said...

ကျေးဇူး တင်ပါတယ်.....ကိုထွန်းထွန်းဦး ။ ဒီ စာကိုအားလုံး ဖတ်ကြရပြီး သတိများထားနိုင် ကြပါစေ.........နောက်တစ် ခုက ပွဲလာတဲ့ အ၀င်ဝမှာ ကတည်းက တစ်ယောက်ကို တစ်ယောင် သတိ ပေးထားရင် ပိုကောင်းမလားလို့....ဒီစာကိုမဖတ်ဖြစ်တဲ့ သူတွေအတွက်ပေါ့......

htun said...

ကျေးဇူးတင်ပါတယ် ယခုလိုအများသိနိုင်အောင်ထပ်မံဖြန့် ပေးတဲ့အတွက်

ထွန်းထွန်းဦး NLD

WTN said...

I have also same feeling like the author....so every one should get cautious to avoid the danger....thanks for the alert..

hm said...

ရံပုံငွေပွဲတော်လည်းအနှောင့်ယှက်ကင်းစွာနဲ့အောင်မြင်စွာပြီးဆုံးသွားပါစေ
သတိဆိုတာပိုတယ်မရှိပါဘူး

SM said...

သွားကြည့်ချင်ခဲ့ပေမဲ့ အကြောင်းကြောင့်မသွားဖြစ်ပါဘူး ဒါပေမဲ့ ပွဲပြီးတဲ့အထိ ဘေးကင်း၇န်ကင်းနဲ့ လို၇ာပန်းတိုင်ကိုေ၇ာက်ပါစေလို့ ဆုတောင်းပါတယ် အစဉ်အားပေးလျက်

Yin Mya Kay Khaing said...

အားလုံးဘေးကင်းပါစေ။ပွဲလည်းအောင်မြင်ပါစေဆုတောင်းပါတယ်။

kong said...

{ " ကြည့်တတ်ရင်မြင်နိုင်ပါတယ် " }

ယခုသလောပေါက်ကွဲမှုတွေဟာနှစ်ဘက်သဘောထားတင်းမာသူများ၏စနစ်တကျဆောင်ရွက်မှုလို့ထင်မြင်ရပါတယ်။ဦးတင်အောင်မြင့်ဦးနှင့်ဦးအောင်သောင်းတို့ဦးဆောင်သောသဘောထားတင်းမာသူများဘက်မှလားဒါမှမဟုတ်နယ်စပ်ရှိသဘောထားတင်းမာသောအဖွဲ့အစည်းများမှလား၊မည်သည်ဘက်မှလုပ်ဆောင်မှန်းမသိပါ။
သမ္မတကြီးဦးသိန်းစိန်နှင့်ဦးရွှေမန်းတို့ခေါင်းဆောင်သောပြုပြင်ပြောင်းလဲရေးအကြီးအကဲများနှင့်ဒေါ်အောင်ဆန်းစုကြည်နှင့်ဦးတင်ဦးတို့ခေါင်းဆောင်သောအမျိုးသားပြန်လည်ရင်ကြားစေ့ရေးပြုပြင်ပြောင်းလဲရေးအကြီးအကဲများအားနှောင့်အယှက်ပေးရန်တိုးတက်မှုအရှိန်အဟုန်များရပ်တန့်သွားရန်နှင့်နှစ်ဦးနှစ်ဖက်ရင်းနှီးနားလယ်မှုများပျက်စီးယိုယွင်းသွားရန်ရည်ရွယ်သောလုပ်ဆောင်ဖေါက်ခွဲမှုများဟုထင်မြင်ယူဆရပါတယ်။
လုံခြုံရေးအသိ၊လုံခြုံရေးသတိဖြင့်ကြည့်လျှင်လှည်းတန်းဖေါက်ခွဲမှုသည်အန်တီစုအားသတိပေးလိုသောသဘောနှင့်တည်ငြိမ်မှုအားဖျက်ဆီးလိုသောသဘောသက်ရောက်ပါတယ်၊အဘယ်ကြောင့်ဆိုသော်ပေါက်ကွဲမှုဖြစ်သောနေရာနှင့်အန်တီစုနေအိမ်မှာများစွာမဝေးလှသောအချက်နှင့်နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရန်ရက်ပိုင်းသာလိုတော့သောအချိန်တွင်တည်ညိမ်မှုထိခိုက်ရန်အစိုးရအဖွဲ့ထဲရှိပြုပြင်ပြောင်းလဲရေးအကြီးအကဲများအကျဉ်းအကျပ်တွေ့ရန်ရည်ရွယ်သည်ဟုအချက်အလက်ကောက်ယူရပါတယ်။
နောက်ထပ်စက်ဆန်းဖေါက်ခွဲမှုသည်၊
၁။ တည်ညိမ်မှုအားပိုမို၍ဆိုးဝါးစွာထိခိုက်စေရန်
၂။ နိုင်ငံရေးအကျဉ်းသားများအားလွှတ်ပေးမှုမရှိတော့စေရန်
၃။ NLDမှဦးဆောင်ပြုလုပ်သောတိုင်းရင်းသားရန်ပုံငွေပွဲပျက်စီးစေရန် နှင့်
၎။ နာမည်ကောင်းရနေသောပြုပြင်ပြောင်းလဲရေးသမားစီးပွါးကူးသန်းဝန်ကြီးအားဘေးကျပ်နံကျပ်တွေ့စေရန်(ဝါ)နာမည်ပျက်စေရန်ရည်ရွယ်မှုများဟုထင်ပါတယ်။(စီးပွါးကူသန်းပိုင်ဂိုတောင်မှပေါက်ကွဲခြင်းအားကြည်ခြင်းအားဖြင့်)
ဒါဆိုမည်သည့်အဖွဲ့ဖြစ်နိုင်မလဲဆိုတာစိတ်ဝင်စားစရာပါဒါပေမဲ့အသေအချာစဉ်းစားကြည့်ရင်ဦးတင်အောင်မြင့်ဦးနဲ့ဦးအောင်သောင်းတို့ဦးစီးတဲ့သဘောထားတင်းမာသူများဘက်မှဖြစ်ဖို့များတယ်ဆိုတာကြည့်တတ်ရင်မြင်နိုင်ပါတယ်။

၅၅၆

marga said...

ကျေးဇူးပါနော်

KoTOE said...

အောင်သောင်းအကြောင်းမပြောစမ်းပါနဲ့ ဗျာ....
ဥပတိရုပ်ကစ....စာရိတ္တအဆုံး...
ကြည်ညိုကြည့် လို့ ကိုမရဘူးဗျာ...တစ်ကယ်။

moemoe said...

thank for remind me

Powered by Blogger.