မြန်မာနှင့် တရုတ် အဓိဋ္ဌာန်ပြု

(Channel News Asia မှ 28 Nov 2011 ရက်စွဲပါ China, Myanmar vow deeper ties ကို ဘာသာ ပြန်ဆိုသည်)
အနာဂတ်တရုတ်ခေါင်းဆောင်ဖြစ်လာမည်ဟု သတ်မှတ်ပြောဆိုခံထားရသော ထိပ်တန်းအရာရှိကြီး Xi Jinping သည် နိုဝင်ဘာလ ၂၈ ရက်နေ့တွင် မြန်မာနိုင်ငံကာကွယ်ရေးဝန်ကြီးချုပ်နှင့်တွေ့ဆုံပြီး နှစ်နိုင်ငံခိုင်မာသော ချစ်ကြည်ရေး ပေါ်ထွန်းလာရေးအတွက် ကတိကဝတ်များပြုလုပ်ခဲ့ကြောင်း ဆင်ဟွာ သတင်းဌာနရေးသားချက်အရ သိရသည်။
Chinese Vice President Xi Jinping (R), also vice chairman of the Central Military Commission, meets with Commander-in-Chief of Myanmar Defence Services Min Aung Hlaing at the Great Hall of the People in Beijing, capital of China, Nov. 28, 2011. (Xinhua/Li Tao)
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ်အဖြစ် သမိုင်းဝင်ခရီးစဉ် မသွားရောက်မီ ရက်ပိုင်းအလိုတွင် ယင်းသို့ထုတ်ဖော် ပြောဆိုခြင်းဖြစ်သည်။
နိုဝင်ဘာလ ၃၀ ရက်နေ့ မြန်မာနိုင်ငံသို့ လာရောက်မည့်ခရီးစဉ်ကြောင့် ဟီလာရီကလင်တန်သည် ရာစုနှစ်ဝက်ကျော် ကာလအတွင်း မြန်မာနိုင်ငံသို့ ပထမဆုံးသွားရောက်လည်ပတ်သည့် ပထမဆုံးအမေရိကန် ထိပ်တန်း အရာရှိတစ်ဦး ဖြစ်လာမည်ဖြစ်သည်။ ဆယ်စုနှစ် ၂ ခုတာကာလမျှ တရုတ်နိုင်ငံအပေါ် သံတမန်ရေးနှင့် စီးပွားရေးအရ များစွာမှီခိုခဲ့ရပြီး လွန်စွာရင်းနှီးသော ချစ်ကြည်ရေးထူထောင်ထားခဲ့သော မြန်မာနိုင်ငံသို့သွားရောက်မည့်ခရီးစဉ်ကို အမေရိကန်ပြည်ထောင်စု အကျိုးစီးပွားအတွက် အခွင့်အလမ်းများရရှိအောင် ကြိုးပမ်းမည့် ခရီးစဉ်အဖြစ် လေ့လာ စောင့်ကြည့်သူများက ရှုမြင်ကြသည်။
မစ္စတာ Xi Jinping က မြန်မာနိုင်ငံကာကွယ်ရေးဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်နှင့်တွေ့ဆုံရာတွင် နှစ်နိုင်ငံ တပ်မတော်များအနေဖြင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်သွားရန် အဆိုပြုခဲ့ကြောင်း တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနကရေးသားဖော်ပြသည်။
"ယခင်မျိုးဆက်ဟောင်း နှစ်နိုင်ငံခေါင်းဆောင်ကြီးများ ထူထောင်ခဲ့သော ချစ်ကြည်ရင်းနှီးမှုသည် စိန်ခေါ်တိုက်ခိုက်မှုများ များပြားလှသည့် နိုင်ငံ တကာ ကွင်းပြင်မှ အပြောင်းအလဲများကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်ခဲ့သည်" ဟု တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒုတိယသမ္မတ မစ္စတာ Xi Jinping ၏ပြောကြားချက် ကို ဆင်ဟွာသတင်းဌာနက ကိုးကား ရေးသားသည်။
"တရုတ်နိုင်ငံအနေဖြင့် ပြည်စုံကျယ်ပြန့်သော နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ မဟာဗျူဟာ မိတ်ဖွဲ့မှုတစ်ရပ် ပိုမိုဖြစ်ထွန်းလာစေနိုင်ဖို့ မြန်မာ နိုင်ငံနဲ့ လက်တွဲလုပ်ကိုင်သွားမှာပါ" ဟု Xi Jinping ကပြောကြားသည်။ ၎င်းသည် လာမည့် ၂၀၁၃ ခုနှစ်တွင် တရုတ်နိုင်ငံသမ္မတ ရာထူးရယူလိမ့်မည်ဟု လေ့လာ စောင့်ကြည့်သူ အများစုက မျှော်လင့်ထားကြသည်။
မြန်မာနှင့် တရုတ်နှစ်နိုင်ငံသည် ကာလကြာရှည်စွာ ရင်းနှီးချစ်ကြည်သော မဟာမိတ်နိုင်ငံများဖြစ်ခဲ့ကြသော်လည်း မြန်မာနိုင်ငံတွင်း တရုတ်ပြည်က စီးပွားရေးအရလွှမ်းမိုးမှုများ၊ သမိုင်းဝင်သည့် နယ်စပ်ပဋိပက္ခများအပေါ် မကျေမချမ်း ဖြစ်သူ အချို့နှင့်အတူ နှစ်နိုင်ငံဆက်ဆံရေးမှာ ရှုပ်ထွေးနက်နဲလှသည်။  ၂၀၁၀ ပြည့်နှစ်အတွင်း ဒီမိုကရေစီရွေးကောက်ပွဲ ကျင်းပပေးခြင်း၊ နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီးထိန်းသိမ်းထားသော အတိုက်အခံ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးခြင်း အစရှိသည်တို့ လုပ်ဆောင်လာသော မြန်မာအစိုးရက မကြာသေးခင် ကာလအတွင်း တရုတ် ကျောထောက်နောက်ခံ ရေအားလျှပ်စစ်စီမံကိန်းကြီးတစ်ခုကို ရပ်ဆိုင်းပစ်လိုက်သည်။
ယင်းစီမံကိန်းကို တရုတ်နိုင်ငံက ဒေါ်လာ ၃ ဒဿမ ၆ ဘီလီယံအကုန်အကျခံကာ တည်ဆောက်နေခြင်း ဖြစ်ပြီး စီမံကိန်းပြီးဆုံးပါက နယ်စပ်ဒေသမှ ဖြတ်ကျော်ကာ တရုတ်နိုင်ငံတွင်းသို့ လျှပ်စစ်ဓာတ်အားသွယ်တန်းရန် စီစဉ်ထားခြင်း ဖြစ်သည်။
လေ့လာအကဲခတ်သူများက ဟီလာရီကလင်တန်၏ ခရီးစဉ်သည် မြန်မာနိုင်ငံတွင်း ထင်ရှားထူးခြားသော ပြုပြင်ပြောင်းလဲမှုများနှင့် နိုင်ငံရေး အခြေအနေကို စမ်းသပ် စစ်ဆေးရန် ရည်ရွယ်ထားရုံသာမက တရုတ်ပြည်၏ အိမ်နီးချင်းတံခါးဝသို့ တက်ရောက်ကာ ကမ္ဘာလုံးဆိုင်ရာ သြဇာ လွှမ်းမိုးရေး တိုက်ပွဲကို လှုပ်ခါပစ်ရန်အထိ ရည်မှန်းထားခြင်း ဖြစ်သည်ဟု သုံးသပ်ပြောဆိုကြသည်။
အမေရိကန်သမ္မတ အိုဘားမားကလည်း သြစတြေးလျနိုင်ငံသို့သွားရောက်လည်ပတ်စဉ် အမေရိကန်တပ်ဖွဲ့များ သြစတြေးလျ၌ အခြေချထားမည့် အစီအစဉ်ကို ထုတ်ဖော်ကြေညာခဲ့သည်။ အဆိုပါ အစီအစဉ်ကို ဘေဂျင်းအစိုးရက 'လုံးလုံးလျားလျား လျော်ကန်သင့်မြတ်မှုမရှိ' ဟု ထုတ်ဖော်ပြောဆိုသည်။ သို့သော် မြန်မာနိုင်ငံတွင်း အမေရိကန်သြဇာ လွှမ်းမိုးမှုမှာ အကန့်အသတ်နှင့် ရှိနေဖွယ်ဖြစ်သည်။ အကြောင်းမှာ ဝါရှင်တန်အစိုးရက မြန်မာနိုင်ငံနှင့် ကုန်သွယ်မှုများ အားလုံးကို ပိတ်ပင်ကန့်သတ်ထားပြီး အဆိုပါ ပိတ်ဆို့မှုများအားလုံး အဆုံးသတ်ရေးမှာ ကွန်ဂရက်လွှတ်တော်၏ အတည်ပြုချက် မဖြစ်မနေ ရယူရန် လိုအပ်မည်ဖြစ်သည်။
yangonchronicle မှ ဘာသာပြန်ဆိုသည်။
Myanmar News Now
မြန်မာနှင့် တရုတ် အဓိဋ္ဌာန်ပြု မြန်မာနှင့် တရုတ် အဓိဋ္ဌာန်ပြု Reviewed by သစ်ထူးလွင် on 10:13 Rating: 5

No comments:

Powered by Blogger.