တရုတ် ရုတ်တရက် အငိုက်မိ

(28 Nov 2011 ရက်စွဲပါ The Washington Post မှ AP ၏ Chinese VP meets with Myanmar armed forces chief amid concerns over Mekong River security ကို ဘာသာပြန်ဆိုသည်)
                တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒုတိယသမ္မတသည် တနင်္လာနေ့က မြန်မာစစ်တပ် အကြီးအကဲအား တွေ့ဆုံခဲ့သည်ဟု သိရသည်။ ယခုကဲ့သို့ တွေ့ဆုံ ချိန်သည် မဲခေါင်မြစ်အတွင်း သင်္ဘောသွားလာရေးအတွက် လုံခြုံရေး စိုးရိမ်နေရချိန်နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်၏ အထီးကျန် ပြုထားသော မြန်မာနိုင်ငံသို့ မသွားရောက်မီ ရက်ပိုင်း အလိုတွင် ဖြစ်သည်။
Chinese Vice President Xi Jinping (R), also vice chairman of the Central Military Commission, meets with Commander-in-Chief of Myanmar Defence Services Min Aung Hlaing at the Great Hall of the People in Beijing, capital of China, Nov. 28, 2011. (Xinhua/Li Tao)
                Xi Jinping သည် မြန်မာနိုင်ငံနှင့် အားကောင်းသော ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းရန် ကတိပြုခဲ့ပြီး၊ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်အား ဆက်ဆံရေးတွင် မဖော်ပြနိုင်သော စိန်ခေါ်မှုများအတွက် အဖြေရှာရေးကို တွန်းအားပေးခဲ့သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်တွင် ဖော်ပြထားသည်။
                “နှစ်နိုင်ငံဆက်ဆံရေးကြီးတစ်ခုလုံး၏ အစိတ်အပိုင်းဖြစ်သော တရုတ်- မြန်မာစစ်တပ်အချင်း ဆက်ဆံရေးသည် လွန်ခဲ့သောနှစ်များအတွင်း ကောင်း စွာ တိုးတက်ခဲ့ပါသည်” ဟု Xi က ပြောကြားခဲ့ခြင်းကို ကိုးကား၍ ကြေညာချက်တွင် ဖော်ပြထားသည်။
                ဝန်ကြီးဌာန၏ ကြေညာချက်တွင် အောက်တိုဘာလအစောပိုင်းက တရုတ်ကုန်တင်သင်္ဘောနှစ်စင်း မဲခေါင်မြစ် အတွင်း တိုက်ခိုက်ခံရပြီး သင်္ဘော သား (၁၃)ဦး သေဆုံးရခြင်းကို တိုက်ရိုက်ဖော်ပြခြင်းမရှိပေ။ တရုတ်၊ လာအို၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့သည် ရှေ့လာမည့် လမှစ၍ မဲခေါင်မြစ်အတွင်း ပူးတွဲလုံခြုံရေးကင်းလှည့်မှု စတင်မည်ဖြစ်သည်။
                သို့သော် ဝန်ကြီးဌာနက ပြောကြားရာတွင် မြန်မာဗိုလ်ချုပ်ကြီးသည် စစ်တပ်ခြင်းဖလှယ်မှု အားကောင်းရေးနှင့် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရာတွင် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ကတိပြုခဲ့သည်ပာု ဆိုသည်။
                ပူးတွဲလုံခြုံရေးအစီအစဉ်၏ ဌာနချုပ်ကို တရုတ်တွင်ထားရှိမည်ဖြစ်သည်။ သို့သော် အိမ်နီးချင်းနိုင်ငံများ ပိုင်ဆိုင်သော မဲခေါင်မြစ် အစိတ်အပိုင်း အထိ တရုတ်သင်္ဘောများ ကင်းလှည့်မည်ဆိုသည်မှာမူ ရှင်းရှင်းလင်းလင်း မသိရပေ။ တရုတ်သည် လာအိုနှင့် မြန်မာနိုင်ငံမှရဲများကို လေ့ကျင့်ပေးခြင်းနှင့် လက်နက် တပ်ဆင်ပေးခြင်းကို ကူညီမည် ဖြစ်သည်။
                အစပိုင်းက အဆိုပါသင်္ဘောများတိုက်ခိုက်ခံရမှုအပေါ် မူးယစ်ဆေးဝါးရောင်းဝယ်သူများကို သံသယရှိခဲ့သည်။ သို့သော် နောက်ပိုင်းတွင် ထိုင်း စစ်သား ကိုးဦးက ထိုအမှုအတွက် လက်နက်ချခဲ့သည်ဟု ဆိုသည်။
                Beijing သည် ကာလရှည်ကြာကပင် မြန်မာနိုင်ငံအပေါ် အဓိက သံတမန်ရေးရာနှင့် စီးပွားရေးဆိုင်ရာ ကူညီ ထောက်ပံ့မှုများ ပြုလုပ်ပေးခဲ့သည်။ သို့သော် မြန်မာစစ်တပ်နှင့် သူပုန်အုပ်စုများ တိုက်ခိုက်ခြင်းကြောင့် ဒုက္ခသည်များ တရုတ်နိုင်ငံ အနောက်တောင်ဖက်သို့ ထွက်ပြေးဝင်ရောက်သွားခြင်း ကြောင့် ဆက်ဆံရေးအနည်းငယ် အဆင်မပြေ ဖြစ်ခဲ့ရသည်။
                မြန်မာနိုင်ငံတွင် တရုတ်ကုမ္ပဏီက ဆောက်လုပ်နေသော အဓိက ရေလှောင်တမံစီမံကိန်းကို ရပ်တန့်ခဲ့သောအခါ တရုတ်အဖို့ ရုတ်တရက် အငိုက်မိ သွားခဲ့ပြီး အဆိုပါကိစ္စမှာ မြန်မာ့ပြည်တွင်းနိုင်ငံရေး၏ အရေးကြီးသော ပြောင်းလဲသွားမှု ၏ လက္ခဏာပင်ဖြစ်သည်။
                မတ်လကုန် အစိုးရသစ် စတင်တာဝန်ယူပြီးကတည်းက မြန်မာနိုင်ငံတွင် အချို့နိုင်ငံရေးအရ ကန့်သတ်ချက်များ ကို လျှော့ပေးခဲ့ပြီး၊ အတိုက်အခံ ခေါင်းဆောင်နှင့် နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည်။ ထိုသို့ လုပ်ဆောင်မှုများကြောင့် ဗုဒ္ဓပာူးနေ့နှောင်းပိုင်း ကလင်တန်၏ ခရီးစဉ် ကဲ့သို့သော သံတမန်ရေးရာ အကျိုးအမြတ်များ ရရှိခဲ့သည်။
yangonchronicle မှဘာသာပြန်ဆိုသည်။
Myanmar News Now
တရုတ် ရုတ်တရက် အငိုက်မိ တရုတ် ရုတ်တရက် အငိုက်မိ Reviewed by သစ်ထူးလွင် on 10:04 Rating: 5

No comments:

Powered by Blogger.