ရုပ်ရှင်ပွဲတော် သတင်းကြော်ငြာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်သရုပ်ဆောင်ရိုက်ကူးမည်

ရန်ကုန်၊ “လွတ်လပ်ခြင်းအနုပညာရုပ်ရှင်ပွဲတော်”ပြိုင်ပွဲ ဖိတ်ခေါ်သတင်းကြော်ငြာကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ပါဝင်သရုပ်ဆောင်ရိုက်ကူးသွားမည်ဖြစ်ကြောင်း သိရသည်။
““ပြိုင်ပွဲမှာဝင်ပြိုင်နိုင်အောင် အန်တီကိုယ်တိုင် ဖိတ် ခေါ်ဖို့အတွက် ကျွန်တော်တို့အသံနဲ့ရုပ်နဲ့ကို ရိုက်ကူးပြီး သွားပါပြီ””ဟု စီစဉ်သူ ဦးသူရ(ဇာဂနာ)က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပါဝင်သရုပ် ဆောင်မည့်အစီအစဉ်မှာ စက္ကန့်၂၀ကြာအစီအစဉ်ဖြစ် ကြောင်း၊ ပြိုင်ပွဲကို ဇန်နလ၀ါရီလ၁ရက်မှ၎ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း၊ ဇာတ်ကားအရေအတွက် ကန့်သတ်ထားခြင်းမရှိကြောင်း သိရသည်။
““လောလောဆယ်တော့ မထုတ်လွှင့်သေးပါဘူး။ ပရိုဂရမ်က သူကိုယ်တိုင် ပြိုင်ပွဲဝင်ဖို့ဖိတ်ခေါ်တဲ့ပုံစံလေး ပေါ့။ ဒါပေမဲ့ ကျန်တဲ့ပွဲစီစဉ်သူတွေအားလုံး ဆုံးဖြတ်ပြီး တော့မှပဲ ဘယ်ကနေလွှင့်မယ်ဆိုတာ အတိအကျပြောနိုင် မှာဖြစ်ပါတယ်။ ဒီပရိုဂရမ်ထုတ်လွှင့်မယ့်ကိစ္စကို ကျွန်တော် ပြောနိုင်ပါတယ်”” ဟု ဦးသူရ(ဇာဂနာ)က ပြောသည်။
အဆိုပါရုပ်ရှင်ပြိုင်ပွဲကို ကြာမြင့်ချိန် နှစ်မိနစ်မှမိနစ် ၃၀ကြားရှိသေီာသခကာနညအမေပ င်္ငူာနှင့ှ့်သမအ င်္ငူာ တို့ဖြင့် ပြိုင်ပွဲဝင်နိုင်ကြောင်း၊ ဆုများကို အကောင်းဆုံီးသခကာနညအမေပ င်္ငူာ၊ အကောင်းဆုံှး့သမအ င်္ငူာနှင့် ပြိုင်ပွဲဝင် ရုပ်ရှင်အရေအတွက်အပေါ်မူတည်၍ ဒုတိယနှင့် တတိယဆုများကိုချီးမြှင့်မည့်အပြင် ထပ်မံပြီး ဆုသုံးဆု ချီးမြှင့်ရန်အစီအစဉ်ရှိကြောင်း၊ ပေးအပ်မည့်ဆုမှာ ဆု တံဆိပ်၊ ဂုဏ်ပြုလက်မှတ်နှင့် ဆုငွေများချီးမြှင့်မည်ဖြစ် ကြောင်း သိရသည်။
“လွတ်လပ်ခြင်း အနုပညာရုပ်ရှင်ပွဲတော်”ပြိုင်ပွဲအတွက် အကဲဖြတ်အဖွဲ့ဝင်များမှာ ဒါရိုက်တာမောင်သူရ(ဇာဂနာ) နှင့် ဒါရိုက်တာမင်းထင်ကိုကိုကြီးတို့ဖြစ်ကြောင်း၊ ပြိုင်ပွဲ ၀င်မည့်ဇာတ်ကားများကို ဒီဇင်ဘာ၂၀ရက် နောက်ဆုံး ထားပြီး ဘားလမ်းရှိ ရွှေအမြုတေမဂ္ဂဇင်းနှင့် အလင်းတန်း ဂျာနယ်တိုက်သို့ ပေးပို့ထားနိုင်ကြောင်း သိရသည်။
ပြိုင်ပွဲတွင် မိမိကြိုက်နှစ်သက်ရာအကြောင်းအရာ များကို လွတ်လပ်စွာဖန်တီးတင်ပြခွင့်ရရှိမည်ဖြစ်ပြီး အင်္ဂ လိပ်စာတန်းထိုးပေးရမည်ဖြစ်ကြောင်း၊ ဆုရရုပ်ရှင်များကို သင့်လျော်သည့် နိုင်ငံတကာရုပ်ရှင်ပွဲတော်များသို့ ဆက် သွယ်ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။   


 By အေးသူဇာမြမောင်
ရုပ်ရှင်ပွဲတော် သတင်းကြော်ငြာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်သရုပ်ဆောင်ရိုက်ကူးမည် ရုပ်ရှင်ပွဲတော် သတင်းကြော်ငြာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်သရုပ်ဆောင်ရိုက်ကူးမည် Reviewed by သစ်ထူးလွင် on 18:12 Rating: 5

No comments:

Powered by Blogger.