မြန်မာနိုင်ငံ တိုးတက်ပြောင်းလဲမှုအပေါ် ဂျာမနီက ကြေညာချက်ထုတ်ပြန်

ဒေါက်တာဝါနာဟိုရာ
ဂျာမနီနိုင်ငံက ပြည်နယ်ဝန်ကြီး ဒေါက်တာဝါနာဟိုရာသည် မြန်မာနိုင်ငံသို့ နိုဝင်ဘာ ၃ ရက်မှ ၅ ရက်အတွင်း အလည်အပတ် ရောက်ရှိလာခဲ့ပြီး အစိုးရ၊ ပါလီမန်၊ အတိုက်အခံပါတီနှင့် လူမှုအဖွဲ့အစည်းတို့က ကိုယ်စားလှယ်များနှင့် တွေ့ဆုံ၍ လက်ရှိဖြစ်ပေါ်နေသော တိုးတက်ဖြစ်ထွန်းမှုများ ဆွေးနွေးခဲ့သည်။ ထိုအချက်နှင့် ဆက်စပ်၍ ဘာလင်တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ငြိမ်းချမ်းစွာ လူထုဆန္ဒပြပွဲများ ပြုလုပ်ခွင့် ပြန်လည်ရရှိခြင်းသည် အားရကျေနပ်ဖွယ် ကောင်းကြောင်း၊ ပါလီမန် ကြားဖြတ်ရွေးကောက်ပွဲများတွင် ဒေါ်အောင်ဆန်းစုကြည်၏ ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟု ပြောကြားခဲ့ခြင်းသည် ထူးခြား၍ အရေးကြီးသော သတင်းစကားအဖြစ် မှတ်ယူရမည်ဖြစ်ကြောင်း အဓိကမှာ အစိုးရအနေဖြင့် တရားမျှတ၍ လွတ်လပ်သော ရွေးကောက်ပွဲမျိုးဖြစ်စေရန် လုပ်ဆောင်ပေးရန်သာလိုကြောင်း၊ အစိုးရ၏ ပြုပြင်ပြောင်းလဲမှုများအပေါ် အခြေခံ၍ ဂျာမနီနိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် အနာဂတ်ဆက်ဆံရေးများကို ချမှတ်သွားမည်ဖြစ်ကြောင်း၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေသူများ လွှတ်ပေးသည့် အချက်အပြင် တိုင်းရင်းသားလူနည်းစုများအနေဖြင့် နိုင်ငံရေးနှင့် လူမှုဖြစ်စဉ် ပြောင်းလဲမှုများတွင် ပါဝင်ကြရမည်ဖြစ်ကြောင်း၊ မြန်မာအစိုးရ အဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ရာတွင် ဤအချက်ကို ရှင်းရှင်းလင်းလင်း ပြောဆိုထားခဲ့ကြောင်း၊ စစ်မှန်သော ပြောင်းလဲမှုများအတွက် ဂျာမနီနိုင်ငံ၏ ထောက်ခံအားပေးမှုကို ကမ်းလှမ်းခဲ့ကြောင်း စသည်ဖြင့် ကြေညာချက်တွင် ဖော်ပြထားသည်။ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ NLD သည် ကြားဖြတ်ရွေးကောက်ပွဲ၌ လစ်လပ်နေရာ ၄၈ နေရာအား ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟု သိရကြောင်း ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar News Now
မြန်မာနိုင်ငံ တိုးတက်ပြောင်းလဲမှုအပေါ် ဂျာမနီက ကြေညာချက်ထုတ်ပြန် မြန်မာနိုင်ငံ တိုးတက်ပြောင်းလဲမှုအပေါ် ဂျာမနီက ကြေညာချက်ထုတ်ပြန် Reviewed by သစ်ထူးလွင် on 18:05 Rating: 5

No comments:

Powered by Blogger.