ဦးခင်ရွှေ ရဲ့ စော်ကားမှုအပေါ် ပြည်တွင်းမှထိပ်တန်း မီဒီယာတွေက အယ်ဒီတာချုပ်တွေရဲ့ တုံ့ ပြန်သံ
စီးပွားရေးလုပ်ငန်းရှင်တစ်ဦး မီဒီယာအပေါ် ဝေဖန်ပြောဆိုခဲ့ခြင်းနှင့် ပတ်သက်၍ လက်ရှိပြည်တွင်း၌ ထုတ်ဝေနေသော ဂျာနယ်အချို့မှ သတင်းသမား အချို့၏ သဘော ထားကို  ပေါ်ပြူလာနယူးစ်က ဆက်သွယ်မေးမြန်း ဖော်ပြအပ်ပါသည်။
စာရေးဆရာဟိန်းလတ်
ပြည်တွင်း မီဒီယာတွေက အတွေ့အကြုံနုနယ်သေးတယ်လို့  ဦး …ပြောသံတွေကြားရတယ်။ ကျွန်တော်တို့ အပါအဝင်လက်ရှိ သတင်းသမားတော်တော် များများ ဟာ နိုင်ငံခြားက သတင်းစာပညာသင် တန်းတွေကို တက်ခဲ့ဖူးသလို ပြည်တွင်းမှာ သဘောတရားရော၊ လက်တွေ့ရော နှစ်ပေါင်းများစွာ လုပ် ကိုင်ဖူးတဲ့ အတွေ့အကြုံ ရှိသူတွေ များပါတယ်။ ပေးတာယူ၊ ကျွေးတာစား ရေးသင့်တဲ့ သတင်းကျတော့ မရေးဘူးဆိုတာမျိုးလုပ်တဲ့သူက သိပ်ကိုနည်းပါတယ်။ သတင်းတစ်ပုဒ် ပြည်သူကို အသိပေးဖို့အရေးကြီး တယ်ဆိုရင် ကိုယ့်ထမင်းကိုယ်စား။  အစားပျက်၊ အအိပ်ပျက်ခံ အပင် ပန်းဆင်းရဲခံပြီး ”ပြည်သူ့မျက်နှာ” တစ်ခုပဲ ကြည့်တဲ့သတင်းသမား အများ စုကြီး နဲ့ ခေတ်မီလွတ်လပ်တဲ့ နိုင်ငံတော်သစ်ကြီးကိုတည်ဆောက် နေကြတာ သက်သေသာဓက အထင်အရှား ရှိနေတာ အဲဒီပုဂ္ဂိုလ် မသိဘူး ထင်ပါရဲ့။
ဦးသီဟစော အယ်ဒီတာချုပ် Open News Journal
မီဒီယာအားလုံးကို သိမ်းကျုံး ပြောတာမျိုး၊ နောက်တစ်ခုက ကျွေးတာမွေးတာစားပြီး ရေးချင် တာရေးတယ်ဆိုတာ မပြောသင့်ဘူး။  မီဒီယာရဲ့ စည်းကမ်း အရတော့   ကျွေးတာမစားရဘူး၊ ပေးတာမယူ ရဘူး ရှိပေမယ့် ခင်မင်မှုသဘောအ ရ လုပ်ကြတာပါ။ ပေးရင်ကျွေးရင် ရေးပေးတယ်ဆိုတာ သူကိုယ်တိုင် က မီဒီယာသမားတွေကို အမြင် စောင်းနေတဲ့ သဘောရှိပါတယ်။ အမျိုးသားလွှတ်တော်နဲ့ အသင်းအ ဖွဲ့တွေမှာ သူဘယ်လိုပဲတာဝန်ယူ ထားထား မီဒီယာအပေါ် မှန်ကန် တဲ့အမြင် မရှိဘူးပြော လို့ရတယ်။ မီဒီယာဆိုတာ အသုံးချဖို့မဟုတ်ပါ ဘူး။ မီဒီယာသမားက ဖြစ်ပျက်တဲ့ အကြောင်းအရာပေါ်မှာ ကိုယ်မြင် တဲ့အတိုင်းရေးကြတာမျိုးပါ။ အဲဒီ့ အမြင်အတိုင်းဆိုရင် သူရှေ့လျှောက် အခက်အခဲတွေ အများကြီး ဖြစ်လာ မှာပါ။
သတင်းစာဆရာဦးရဲနိုင်မိုး
”သတင်းစာဆရာဆိုတာ ပြည်သူလူထုအကျိုးကို ကာကွယ်ဖို့ အတွက် မီဒီယာလုပ်ငန်းကို လုပ်တာ။ စီးပွားရေးလုပ်ငန်းတစ်ခု အောင်မြင်ဖို့ ဒါမှမဟုတ် နိုင်ငံရေးပါ တီတစ်ခုခု အကျိုးစီးပွားအတွက် လုပ်ပေးတာမျိုး မဟုတ်ဘူးဆိုတာ လောက်မှ မသိဘူးဆိုတာ တော် တော်သနားဖို့ကောင်းတယ်။ ကျွေး တာစား၊ ကြိုက်တာ   ရေးပေး ဆိုတဲ့ လူမျိုးတွေ ဒီခေတ်နိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေးမှာ ဦးဆောင်နေတာ လူ့အဖွဲ့အစည်းအတွက် သိပ်နစ်နာ တယ်။ ကျွေးတာစား၊ ကြိုက်တာ ရေးပေးနေတယ်ဆိုရင် အဲဒီ့လူဟာ သတင်းသမားမဟုတ်ဘူး”
ဦးကျော်မင်းဆွေ အယ်ဒီတာချုပ် The Voice Weekly Journal
သတင်းမီဒီယာနဲ့ ဆက်ဆံတဲ့ အခါ သတင်းမီဒီယာကို နားလည် မှုလွဲနေတဲ့ သဘောတွေ့ရတာပေါ့။  သူ့အနေနဲ့ဘာလို့ အဲဒီလို မြင် ရလဲ၊ သူ့မှာ အရင်က အတွေ့အ ကြုံရှိလို့လား။ သူရေးခိုင်းတာကို အဲ ဒီလိုရေးခဲ့တဲ့သူလည်းရှိမယ်လေ။ သတင်းသမားပြောလို့ရှိရင် တစ်ဖက် တည်းတော့ ပြောလို့မရဘူး။သတင်း သမားထဲမှာလည်း ကျင့်ဝတ်စောင့် ထိန်းလိုက်နာတဲ့ သူလည်းရှိမယ်။ ပေးတာယူ ကျွေးတာတွေစားပြီး သူ့အကြိုက်ရေးခဲ့သူတွေလည်း ရှိ နိုင်ပါတယ်။ ဘာပဲပြောပြောအဲဒီလို လူမျိုးတွေနဲ့ အားလုံးကို တစ်တန်း တစ်စားတည်း တွေးထားလို့ မရဘူး ပေါ့ဗျာ။ နှစ်ပိုင်းမြင်ရတာပေါ့။ သူ ကြုံခဲ့ဖူးတဲ့ လူတွေကို သူမြင်ခဲ့သလို အာဏာပိုင်နောက်စနစ်တစ်လျှောက် လုံးမှာ သူလက်တွဲခဲ့တဲ့သူတွေရဲ့ အမြင်မျိုးဝင်တာလည်း ဖြစ်နိုင် တယ်။ အာဏာပိုင်စနစ်မှာ အာ ဏာပိုင်တွေရဲ့ ပြောဆိုမှု အမူအကျင့် တွေကို သူတို့ခေါင်းထဲမှာ ရှိနေ တာလည်းပါမယ်။ တွေးတာခေါ် တာမြင်တာ ကြည့်တာကလေ။ နောက်စာလည်း ဖတ်ပုံမရဘူး။ မဟုတ်က ဟုတ်ကရေးတယ်ဆိုတဲ့ စကားကတော့ ဖောင်းတာပေါ့လေ။ မယဉ်ကျေးတာပေါ့။ ကျွန်တော့် အနေနဲ့တော့ မယဉ်ကျေးတဲ့သူလို့ ပဲမြင်ပါတယ်။ အဓိကကတော့ သူပြောသွား တာက မယဉ်ကျေးတဲ့ အသုံးအနှုန်း တွေ သုံးတယ်။   နောက် သူတွေ့ ကြုံခဲ့တဲ့လူတွေနဲ့ တစ်တန်းတစ် စားတည်းအကဲဖြတ်တာလို့ ယူဆ ပါတယ်။ ခေတ်ပြောင်းနေတယ်။ သတင်းမီယာတွေ အလုပ်လုပ် နေတယ်။ မီဒီယာရဲ့ သဘော သဘာဝကို သူနားမလည်ဘူး။ အဓိကက သူစာမဖတ်တာပဲ။  လွဲနေတာတော့ သူတော် တော်လွဲနေတယ်။ ကမ္ဘာပြောင်းနေ တယ်။ ခေတ်ကလည်းပြောင်းနေ တယ်။ သူစာမဖတ်တဲ့အခါကျတော့ မသိဘူးဗျ။  တစ်လျှောက်လုံး သူတွဲလာ ခဲ့တဲ့သူတွေ သူကျင်လည်ခဲ့တဲ့ ပတ် ဝန်းကျင်အရ သူထိတွေ့ခဲ့တဲ့သူတွေ နဲ့ တစ်တန်း တစ်စားတည်းလို့ သူ ထင်ထားပုံရတယ်။ အဲဒါဆိုရင် မှား နေပြီလို့ ပြောရမယ်။ မှားနေတာကို မှားနေမှန်းသိ လျက်နဲ့ ဆက်မမှားဖို့ပါပဲ။ ကျွန်တော့် အနေနဲ့တော့ သူနေရာတစ်ခုခုကနေ တရားဝင် တောင်းပန်သင့်တယ်လို့ ထင်ပါတယ်။ မီဒီယာကို ခြုံပြီးတော့ စိတ်မကောင်းပါဘူးဆိုတာမျိုးတော့ သူပြောသင့် တောင်းပန်သင့်တယ်။
7 day News Journal မှ အယ်ဒီတာတစ်ဦး  
သတင်းထောက်တွေက တော့ ပွဲဖိတ်ရင် ကိုယ်တိုက်က ခိုင်းတဲ့လူ က သွားနေတာပါပဲ။ ပုံမှာ ကော်ဖီ ပဲတိုက်တိုက်၊ မုန့်ပဲကျွေးကျွေး ယဉ်ကျေးမှုအရတော့ စားကြရတာ ပဲလေ။ ဒါပေမဲ့ တိုက်တိုင်းမှာတော့ ဏသူငခပ ရှိမှာပဲ။ ကျွန်မတို့ တိုက်မှာ လက်ဆောင်ပေးတာ၊ ပစ္စည်းပေး တာ မယူရဘူး ရှိတာပဲလေ။ စာအုပ်လေး၊  ဘောပင်လေး   ပေးတဲ့ အခါ ကျွန်မတို့က မြန်မာလူမျိုး ဖြစ် တဲ့အခါ ငြင်းရင် ရိုင်းရာ ကျမယ် လေ။ သတင်းထောက်တွေက လည်း အဲဒါတွေကို တိုက်ပြန်အပ် ကြတာပါပဲ။ ဒါက ပွဲတိုင်းမှာ ရှိနေ တဲ့ဟာဆိုတော့ ဒါကို သိမ်းပြီးတော့ ပြေနေဖို့ မလိုဘူးထင်ပါတယ်။ သတင်းနဲ့ ပတ်သက်ရင် တိုက် တိုင်းမှာ မတူညီတဲ့ Policy ရှိတယ်လေ။ ပွဲသွားတက်ပြီးတော့ ပွဲသတင်းရေးချင်မှ ရေးမယ်လေ။ အဲဒါကို မရေးဘူး ပြောချင်လည်း ပြောမှာပေါ့။ အာဆီယံ-ဂျပန်ကိစ္စ မှာလည်း သူ့အတွက်တော့ သတင်းကြီးလို့ တွေးမှာပေါ့လေ။ သတင်းကို ရွေးချယ်တာက သတင်း Source တွေနဲ့ မတိုက်ဆိုင်ဘူး လေ။ သတင်းထောက်နဲ့ သူ့ကိုပိုင် တဲ့ အယ်ဒီတာအဖွဲ့အစည်းက ဆုံး ဖြတ်ရမှာပါ။ သတင်းထောက် က တော့ ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ် ရေးမှာပဲ။ ဒါကို သတင်း Source က သတင်းအနေနဲ့ ရေးခိုင်းလည်း ရေးလို့မှ မရတာလေ။
အောင်ခွန်းဆက် စုစည်းတင်ပြသည်
5 comments:
Myanmar Online Music said...
This comment has been removed by a blog administrator.
Myanmar News Now said...
ကျေးဇူးပြု၍ မှတ်ချက်ပေးတဲ့ နေရာမှာ ကြော်ငြာမထည့် မေတ္တာရပ်ခံပါတယ်။
သစ်ထူးလွင်
Anonymous said...
ဟုတ်ပ ဘလိုင်းကြီး ၀င်ကြေငြာနေတယ် နေစမ်းပါ ဂဏန်းရယ် မင်းကလဲတမှောင်. ဒီမှာ ဇေဘီအီး ခင်ရွှေ ထုပ်တာ ဖတ်နေတာအာရုံနောက်က ကြားတဲ
linnzawhtike said...
ဇေကမ္ဘာဟုတ်ဘူးလား
aung naing said...
မီဒီယာတွေကလဲကြွေးတာ၊စားပေးတာတွေအကုန်ယူနေကြတော့ပြောစရာဖြစ်နေတာကို၊
Powered by Blogger.