ဂိတ်မှာ ဘုရားဖူးခရီးသည်များကို တရားခံသဖွယ်ဆက်ဆံလျက်ရှိ

နိုင်ငံတော်​သမ္မတ ဦးသိန်းစိ​န်နှင့် ပြည်ထဲရေးဝ​န်ကြီး ဒုတိယဗိုလ်​ချုပ်ကြီးကို​ကိုသိအောင် တင်ပြလိုပါ​သည်----.     
ယခုအခါ စစ်တောင်းတံတားအနီး ပဲခူးတိုင်းဒေသကြီး (ဝေါမြို့နယ်ဂိတ်) တွင် ဒုတိယရဲမှူးကြီးရွှေအေးဦးဆောင်သော ဂိတ်မှာ ဘုရားဖူးခရီးသည်များကို တရားခံသဖွယ်ဆက်ဆံလျက်ရှိပါသည်။
       ညနေ ၅း၀၀ ခန့်အချိန်တွင်သောက်စားမူးယစ်ကာ ကားအသစ်နှင့်ခရီးသွားသော ခရီးသည်များမှာ ယင်းဂိတ်တွင်အခက်ကြုံနေရပါသည်။
       မိမိကိုယ်တွေ့ဖြစ်ရပ်တစ်ခုကိုတင်ပြလိုပါသည်......
       မိသားစုနှင့်အတူ ၁၃၇၃ ခုနှစ် တန်ဆောင်မုန်းလပြည့်နေ့ ( ၁၀.၁၁.၂၀၁၁ ကြာသပတေးနေ့ ) ကျိုက်ထိုမြို့အနီး သရက်ကုန်းကျေးရွာ အောင်သိဒ္ဓိစေတီတော်မြတ်ကြီးရွှေထီးတော်တင်လှူပွဲ
       အခမ်းအနားကို ရန်ကုန်မှ ကားနံပါတ် ၄ခ/၄၇၅၅ နှင့် နံနက် ၄း၀၀ ထွက်ခွာလာရာယင်းဂိတ်အရောက်တွင် သက်ဆိုင်ရာကတားမြစ်သဖြင့် စာရင်းပေးပြီး ခရီးဆက်ခဲ့ရပါသည်။
       တစ်ဖန် ယင်းနေ့ ညနေ ၅း၀၀ အပြန်ခရီးတွင်လည်း ယင်းဂိတ်တွင် ရဲတာဝန်ကျ အရှည်ကြီး (ခေါ်) ရန်နိုင်ထူးနှင့် ဒုရဲအုပ်ထွန်းလင်းမှကားကို ( ကားမှာအသစ်ပုံစံပေါက်နေသောကြောင့် )
       မိနစ် ၃၀ ခန့် စောင့်ထားခိုင်းပါသည်။ပြည်သူ့ရဲတပ်ဖွဲ့သည် (ကူညီပါစေ) ဟူသော ဆိုင်းဘုတ်ကြီးကိုမျက်ကွယ်ပြုနေပြီး ဘုရားဖူးခရီးသွားများကိုပင် အခက်အခဲဖြစ်စေသည်မှာ
       ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံအနေဖြင့် ထိုကဲ့သို့လုပ်ရပ်များမှာ မဖြစ်သင့်ကြောင်း သိစေလိုခြင်းငှာ တင်ပြလိုက်ရပါသည်။

ဦးမျိုးမင်းနှင့် ဘုရားဖူးခရီးသွားများအဖွဲ့    

Myanmar News Now သို့ ပေးစာ
ဂိတ်မှာ ဘုရားဖူးခရီးသည်များကို တရားခံသဖွယ်ဆက်ဆံလျက်ရှိ ဂိတ်မှာ ဘုရားဖူးခရီးသည်များကို တရားခံသဖွယ်ဆက်ဆံလျက်ရှိ Reviewed by သစ်ထူးလွင် on 09:20 Rating: 5

3 comments:

Anonymous said...

ညနေ ၅း၀၀ ခန့်အချိန်တွင်သောက်စားမူးယစ်ကာ ကားအသစ်နှင့်ခရီးသွားသော ခရီးသည်များမှာ ယင်းဂိတ်တွင်အခက်ကြုံနေရပါသည်။ ...... ခရီးသည်များက သောက်စား မူးယစ်တာလား????
သူရို့ တွေက သောက်စား မူးယစ်တာလား????

Myanmar Online Music said...
This comment has been removed by a blog administrator.
မိုးချစ်သူ said...

အပြစ်မဲ့ပြည်သူတွေကိုညှင်းပန်းနှိပ်စက်နေတာတွေကို အထက်က တကယ်ပဲမသိတာလား...? မသိချင်ယောင်ဆောင်နေတာလား..?
ရနေတဲ့ ရထူး အာဏာကို အလွှဲသုံးစားမလုပ်သင့်ဘူး...

Powered by Blogger.