ပစ္စည်းများအားလုံခြုံရေးမှသိမ်း
မျှော်စင်ကျွန်းအငြိမ့်ပွဲတွင်
ပြည်တော်ပြန်လူရွှင်တော်ဂေါ်ဇီလာပ
မျှော်စင်ကျွန်းတွင်အငြိမ့်တွင်
ခေါင်းဆောင် မင်းသမီး ချောစုမျိုး၊ ရှေ့ထွက်မင်းသမီး သစ်သစ်လွင်၊ လူရွှင်တော် ဂေါ်ဇီလာ၊ ဇီးသီး၊ စိန်သီး၊ ကင်းကောင်နှင့် ကျော်ထူးတို့ ပါဝင်ကပြခဲ့သည့် မျှော်စင်ကျွန်း အငြိမ့်ကို မီးရထား ၀န်ကြီး ဦးအောင်မင်း တက်ရောက်ခဲ့သည်။ အငြိမ့်ကို ကိုအံကြီးသီဆိုသည့် ဗိုလ်အောင်ဆန်းသီချင်းဖြင့် ဖွင့်ခဲ့ပြီး ကိုမင်းကိုနိုင်နှင့် ဇာဂနာတို့ ရေးသားထားသည့် စည်ဗျောသံ သီချင်းဖြင့် အပိတ်နှုတ်ဆက်ခဲ့သည်။ ပရိတ်သတ်များအား အပိတ်နှုတ်ဆက်ချိန်တွင် ကိုမင်းကိုနိုင်အပါအ၀င် မလွတ်မြောက်သေးသော နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်စေရန် ရည်ရွယ်ပြီး ခိုဖြူ သုံးကောင်ကို လွတ်ပေးခဲ့သည်။
မီးရထားဝန်ကြီးငှာနပြည်ထောင်စုဝ
ငွေကျပ် ၁၅ သိန်းဆုငွေချီးမြှင့်ခဲ့သည်။
သတင်း--The Messenger facebook






