ရန်ကုန် မြို့တော်ခန်းမအနီး ဗုံး ၂ လုံး ပေါက်ကွဲ

မြို့တော်ခန်းမ မှာဗုံးတွေ့တယ်ဆိုပြီး ခန်းမရှေ့လမ်းကို လုံထိန်းကားနဲ့ကန့်လန့်ဖြတ်လမ်းကိုပိတ်ထားပါတယ် ယခုဆိုရင်(ည ၇နာရီခန့်)ခန်းမရှေ့ကို မည့်သည့်ယာဉ်မှဖြတ်သန်းခွင့်မရှိတော့ပါဘူး။ ပစ္စည်းတွေရွှေ့နေတာမဟုတ်ဘဲ ဗုံးတွေ့တာလို့မျက်မြင်တွေ့ရှိသူတစ်ဦးက ဘားမားဗီဂျေသို့ပြောဆိုခဲ့ပါတယ်။
ယနေ့ည ၉ နာရီကျော်ခန့်မှာ ရန်ကုန် မြို့တော်ခန်းမအနီး ဒုတိယအကြိမ်မြောက် ဗုံးထပ်မံပေါက်ကွဲပါတယ်။ မြို့တော်ခန်းမရဲ့ဆင်ဝင်နားမှာ ပေါက်တာဖြစ်ပြီး ပေါက်ကွဲတဲ့အသံ တော်တော်ကျယ်တဲ့အတွက် မီးခိုးလုံးတွေ ထွက်လာတာကိုပါမြင်ရတယ်လို့ ဟေမာနွေလ ခရစ်ယာန်ဘုရားကျောင်းနေရာမှနေ ရပ်ကြည့်နေတဲ့ မျက်မြင် တွေ့ရှိသူတဦးက ဆိုပါတယ်။ ပထမတလုံးက ည ၇ နာရီကျော်ခန့်မှာ ပေါက်သွားတာဖြစ်ပြီး ပေါက်ကွဲတဲ့အသံ သိပ်မကျယ်ဘူးလို့ သိရပါတယ်။ အခုအချိန်မှာတော့ မြို့ တော်ခန်းမအနီးတဝိုက်ကို လုံခြုံရေးတွေလည်း ပိုမို တိုးမြှင့်ချထားတယ်လို့ မျက်မြင်တွေ့ရှိသူတဦးက ဘားမားဗီဂျေသို့ ပြောဆိုခဲ့ပါတယ်။
မြို့ တော်ခန်းမအနီး သတင်းထောက်များ သတင်းရယူရန် စောင့်ဆိုင်းနေကြစဉ်

သတင်း---Burma VJ
ရန်ကုန် မြို့တော်ခန်းမအနီး ဗုံး ၂ လုံး ပေါက်ကွဲ ရန်ကုန် မြို့တော်ခန်းမအနီး ဗုံး ၂ လုံး ပေါက်ကွဲ Reviewed by သစ်ထူးလွင် on 23:58 Rating: 5

No comments:

Powered by Blogger.