တစ်ချိန်ချိန်မှာ ပရိသတ်ရှေ့ ပြန်လာမယ့် "ACID"

"ACID" အဖွဲ့မှ အဖွဲ့သားနှစ်ဦးဖြစ်သည့် ရန်ရန်ချန်းနှင့် ဇေယျာသော်ကို ရန်ရန်ချန်း၏ ဗိုလ်အောင်ကျော်လမ်းရှိ နေအိမ်တွင် တွေ့ရစဉ်။ ဓာတ်ပုံ - ကောင်းထက်
မေစန္ဒီ
May 29 2011
ဟစ်ပ်ဟော့ဂီတကို မြန်မာနိုင်ငံမှာစတင်မိတ်ဆက်ခဲ့တဲ့သူတွေအကြောင်း ပြောရင် အနဂ္ဂ၊ ဟိန်းဇော်၊ ရန်ရန်ချန်း၊ ဇေယျာသော်ဆိုတဲ့ လူငယ်လေး ယောက်ရဲ့ ဓဗဃှီုဓ ဆိုတဲ့အဖွဲ့ကို အားလုံးသတိရကြမှာပါ။
ဂီတသစ်ကို ရဲရဲဝံ့ဝံ့ချပြပြီး အယ်လ်ဘမ်တစ်ချပ်တည်းနဲ့ အောင်မြင်မှု ရခဲ့တဲ့ သူတို့အဖွဲ့ကဟစ်ပ်ဟော့သမိုင်းမှာတော့ ပထမဆုံး စာမျက်နှာ

တွေထဲက ဒဏ္ဍာရီသူရဲကောင်းတွေ။
'အကုန်လုံးထကြ ..အကုန်လုံးထက သီချင်းတွေက ခုခါတော့ စိတ်မှာ မြူးကြွတချို့တွေကမုန်း .. တစ်ချို့တွေကပြုံး နားထောင်ပြီး မင်းတို့ ဝေဖန်ပေးကြဦး'
၂၀၀၀ ပြည့်နှစ်မှာ သူတို့ရဲ့ ပထမဆုံးနဲ့ နောက်ဆုံး အယ်လ်ဘမ် 'စတင်ခြင်း' ထွက်ရှိခဲ့ တယ်။
အကြောင်းမညီညွတ်မှုတွေကြားမှာအဖွဲ့ကပြိုကွဲခဲ့တယ်။ ၂၀၀၆ ခုနှစ်မှာ "ACID" ကို ကိုယ်စားပြုတဲ့ ဟိန်းဇော်က အဖွဲ့ကို ထာဝရကျောခိုင်း
သွားခဲ့တယ်။ ဒါပေမယ့်လည်း ခုချိန်ထိ "ACID" ဆိုတာ ဆယ်စုတစ်နှစ် စွန်းပေမယ့် ဒီဘက်ခေတ်ဆယ်ကျော်သက်တွေရဲ့ လေးစားမှုကို ရနေဆဲ။
သူတို့ လတ်တလောမှာ ပြန်မပေါင်းကြသေးပါဘူး။ ဒါပေမယ့် ကိုယ်ယုံကြည်ရာတွေ လုပ်ကိုင်နေရင်းနဲ့ "ACID" ကို ပရိသတ်ရှေ့ ပြန်ရောက်လာဖို့ဆိုတဲ့ ဆန္ဒတော့ ပြင်းပြနေဆဲပါ။ သူတို့တွေက အကောင်းဆုံး အခြေအနေမှာ ရှိနေဆဲပါလို့ Black Acid ဆိုတဲ့ ရန်ရန်ချန်းက ပြောပါတယ်။
"အခုဆို "ACID" သုံးယောက်စလုံး ရန်ကုန်မှာအတူတူရှိနေကြတယ်။ တစ်ယောက်နဲ့တစ်ယောက်ခင်မင်မှု ပြန်ရတဲ့အချိန်လို့လည်း ပြောလို့ရတယ်။ ညီအစ်ကိုတွေလိုပဲ အေးအေးဆေးဆေး နေချင်တယ်။ တစ်ချိန်ချိန်တော့ သုံးယောက်အတူတူစင်ပေါ် ပြန်တက်ချင် တယ်" တဲ့။
ငယ်စဉ်ကတော့ ဂီတကို ရူးသွပ်ကြတဲ့ လူငယ်တွေအချင်းချင်း ပေါင်းမိပြီး အနုပညာလောကထဲရောက်ခဲ့ပေမယ့် လူလတ်ပိုင်း ရောက်လာချိန်မှာတော့ ဘ၀မှာ တခြားသောအရေးပါတာတွေကြောင့်သူတို့ရဲ့ ခံယူချက်တွေပြောင်းလဲ လာပြီတဲ့။
တချို့က စီးပွားရေးမှာ အားသန်နေသလို တချို့က လူမှုရေးနဲ့ အများပြည်သူ ကောင်းစားရေးအတွက် တက်ကြွစွာ လုပ်ကိုင်နေကြပါ တယ်။ ပရိသတ်နဲ့ လုံးလုံးလျားလျားကင်းကွာ နေခဲ့တဲ့ Nitric Acid ဖြစ်တဲ့ ဇေယျာသော်က အနုပညာအလုပ်ပြန်လုပ်ဖို့က ခံစားချက် တွေ ပြန်ရှင်သန်လှုပ်ရှားလာမှ ဖြစ်မယ်တဲ့။
"အနုပညာကတော့ ဆက်လုပ်ဖြစ် မယ်ထင်ပါတယ်။ ဂီတတင်မကဘဲ ကဗျာတွေ၊ ဆောင်းပါးတွေရေးဖို့ အစီအစဉ်ရှိတယ်။ အခု လောလောဆယ် စိတ်ထဲမှာ စဉ်းစားထားတဲ့စကားလုံးလေးတွေ၊ အကြာင်းအရာလေးတွေ ရှိပေမယ့် သီချင်းတစ်ပုဒ် ဖြစ်လောက် အောင် အပိုင်းပိုင်းအစစဖြစ်နေတဲ့ အတွေးလေးတွေကို ပြန်ပြီးမစုစည်းရသေးပါဘူး"လို့ ဆိုပါတယ်။
ပရိသတ်ကို ဘယ်လိုပုံစံနဲ့ ပြန်တွေ့ဖြစ်မလဲဆိုတာ မသိသေးပေမယ့် သီချင်းဆိုတာပဲဖြစ်ဖြစ်၊ စာပေအလုပ်လုပ်တာပဲ ဖြစ်ဖြစ် ပရိသတ်အတွက်၊ ပြည်သူ့အတွက် ကောင်းကျိုးဆောင်ရွက်နေမှာပါလို့ ဇေယျာသော်က ပြောပါတယ်။
အများပြည်သူအကျိုးလုပ်ရင်း အနုပညာကို ဖန်တီးတဲ့အခါမှာ ခေတ်ပြိုင်ခံစားမှုလို့ခေါ်တဲ့ ပရိသတ်နဲ့ ပြည်သူတွေရဲ့ လွှမ်းမိုးမှုက လည်း အနည်းနဲ့ အများတော့ ရှိပါတယ်တဲ့။
"လူမှုရေးလုပ်ဖို့ နှိုးဆွတာက အနုပညာသမားရဲ့ ပါးလွှာတဲ့ စိတ်ဓာတ်၊ ဒါမှမဟုတ် နားနဲ့ကြားတဲ့အခါမှာ ရတဲ့အသိ၊ ဒါမှမဟုတ် အကြောင်းအရာလေးတစ်ခုဟာ အနုပညာသမားတွေရဲ့ ဒီပါးလွှာတဲ့စိတ်ကို ရိုက်ခတ်မှုတွေရှိလာပြီဆိုရင် တကယ်နက်နက်ရှိုင်းရှိုင်း ခံစားစေတယ်"လို့ သူက ပြောပါတယ်။
ပရိသတ်ရင်ထဲက မျှော်လင့်ချက်၊ ခံစားချက်တွေကို သူတို့ကိုယ်စား အနုပညာကတစ်ဆင့်ဖော်ထုတ်ပေးချင်တယ်လို့ ဆိုပါတယ်။
သူငယ်ချင်းတွေ ဘာပဲလုပ်လုပ်၊ လုပ်ပေးနိုင်တာကို ငွေအင်အားပဲဖြစ်ဖြစ်၊ လူအင်အားပဲဖြစ်ဖြစ်တတ်နိုင်သလောက် လုပ်ပေးမယ် ဆိုတဲ့ Smoke Acid အနဂ္ဂကတော့ အခုအချိန်မှာ လူမှုရေးအလုပ်တွေမှာလည်း ပါဝင်ကူညီလုပ်ကိုင်နေ သလို ပန်းချီနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းမှုဆိုင်ရာပွဲတွေမှာ အများဆုံး ၀င်ရောက် လုပ်ဆောင်နေပါတယ်။
"ကျွန်တော်တို့တွေ ငယ်ဘ၀ကနေ ကြီးတဲ့ဘ၀ကို ရောက်လာကြပြီ။ ငယ်ငယ်တုန်းကနဲ့တော့စိတ်ဓာတ်တွေလည်း မတူတော့ဘူး၊ ခံယူချက်တွေလည်း မတူတော့ဘူး၊ နေပုံထိုင်ပုံတွေလည်းမတူတော့ဘူး။ နောက်ပြီး အလုပ်ကိစ္စပဲ ဖြစ်ဖြစ်၊သူငယ်ချင်းကိစ္စပဲဖြစ်ဖြစ် လုပ်ပေးသင့်တာထက်ပိုလုပ်ဖို့ တစ်ယောက်နဲ့တစ်ယောက် တိုင်ပင်ထားကြတယ်"လို့ဆိုပါတယ်။
ခိုးကူးအခြေအနေကြောင့် အယ်လ်ဘမ်ထွက်ဖို့အဆင်မပြေနိုင်သေးပေမယ့် သီချင်းတစ်ပုဒ်လောက်တော့ ပရိသတ်ဆီ "ACID" က ပို့ပေးနိုင်ဖို့ အရင်လုပ်ဖြစ်မယ်လို့လည်း ပြောပါတယ်။ "ACID" တွေရဲ့ ဂီတကို ငတ်မွတ်နေတဲ့ပရိသတ်အတွက် ဘယ်လိုများ ဖန်တီး ထားမလဲဆိုတာ ပရိသတ်တွေ တင်မကဘဲ ဟစ်ပ်ဟော့ တစ်လောကလုံး ရင်ခုန်နေမှာပါ ...။
တစ်ချိန်ချိန်မှာ ပရိသတ်ရှေ့ ပြန်လာမယ့် "ACID" တစ်ချိန်ချိန်မှာ ပရိသတ်ရှေ့ ပြန်လာမယ့် "ACID" Reviewed by သစ်ထူးလွင် on 12:23 Rating: 5

No comments:

Powered by Blogger.