ရဲတိုက်ဖောင်ဒေးရှင်းက စေတနာ့ဝန်ထမ်းတွေဖိတ်ခေါ်နေ

နွမ်ဘွိုင်း
May 29 2011
မင်းသား ရဲတိုက်ရဲ့ 'ရဲတိုက်ဖောင်ဒေးရှင်း'ကနေဖောင်ဒေးရှင်းနဲ့အတူ လက်တွဲလုပ်ဆောင်ချင်တဲ့ စေတနာ့ ၀န်ထမ်းတွေကို ဖိတ်ခေါ်နေပါပြီ။
"အရင်ကတော့ ခင်တဲ့သူတွေထဲက ၀ိုင်းဝန်းကူညီချင်တဲ့သူတွေနဲ့ ပေါင်းပြီး လုပ်ဆောင်လေ့ရှိပေမယ့် အခုတော့ စေတနာ့ဝန်ထမ်းတွေခေါ် ပြီး သေချာ သင်တန်းပေးပြီး လုပ်ချင်တာကြောင့် ဒီလိုပါဝင်ကူညီချင်တဲ့
စေတနာ့ဝန်ထမ်းတွေကိုဖိတ်ခေါ်လိုက်တာပါ"လို့ ရဲတိုက်ဖောင်ဒေးရှင်း မှာ ၀ိုင်းဝန်းလုပ်ဆောင် နေသူတစ်ဦးဖြစ်တဲ့ ဒါရိုက်တာ ရီဇော်က မြန်မာတိုင်း(မ်)ကို ပြောပါတယ်။
ဝန်ထမ်းဦးရေ ဘယ်လောက်ခေါ် မယ်ဆိုပြီး သတ်မှတ်ထားတာမျိုး မရှိ သေးပေမယ့် ၀န်ထမ်းတွေမှာ အဓိကလိုအပ်တာကတော့စိတ်အားထက် သန် စွာနဲ့ အချိန်မရွေးကူညီနိုင်သူဖြစ်ဖို့ လိုအပ်တယ်လို့လည်း ဆိုပါ တယ်။
လေလွင့်ကလေးငယ်တွေရဲ့ ဘ၀ ပြန်လည်ထူထောင်နိုင်ဖို့၊ ချို့တဲ့ဒေသ တွေကကလေးတွေ ပညာသင်နိုင်ဖို့နဲ့ သဘာဝဘေးအန္တရာယ်ကြုံတွေ့ရ တဲ့ နေရာတွေမှာ ချက်ချင်းအလျင်အမြန် စနစ်တကျ ကူညီကယ်ဆယ်ပေးနိုင်ဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့ ၂၀၁၁ ဇန်န၀ါရီ
လ ၁ ရက်နေ့က 'ရဲတိုက်ဖောင်ဒေးရှင်း'ကို စတင်တည်ထောင်ခဲ့တာပါ။
စတင်တည်ထောင်ချိန်ကနေ စလို့ တာလေငလျင်ဒဏ်သင့်ပြည်သူတွေကို ရဲတိုက်ဖောင်ဒေးရှင်းက သွားရောက် ကူညီပေးခဲ့တယ်လို့ လည်း သူတို့ရဲ့ လှုပ်ရှားမှုကို ပြောပြခဲ့ပါတယ်။
"တာလေငလျင်ဒဏ်ခံဒေသတွေကို သွားပြီး သူတို့လိုအပ်တဲ့ ဆေးဝါးတွေကို စေတနာ့ဝန်ထမ်းနှစ်ယောက်နဲ့ ကူညီ ပေးခဲ့တယ်"လို့ ဒါရိုက်တာ ရီဇော်က ပြောပါတယ်။
အခုဆိုရင် ရဲတိုက်ဖောင်ဒေးရှင်းနဲ့ လက်တွဲလုပ်ဆောင်ဖို့ စိတ်ဝင်စားသူ ဦးရေမှာစာရင်းအရ အယောက် ၄၀ ၀န်းကျင်လောက်ရှိပြီလို့ သိရပါတယ်။
သဘာဝဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးနဲ့ အရေးပေါ်ကယ်ဆယ် နည်းတွေကို ကျွမ်းကျင်သူတွေက စိစစ် ရွေးချယ်ခံရတဲ့ စေတနာ့ဝန်ထမ်းတွေကို သင်တန်းပို့ချမှာဖြစ်ပါတယ်။
"၀ိုင်းဝန်းကူညီပေးသူတွေ အားလုံးက တော့ ကိုယ်တတ်နိုင်သလောက် ကူညီ မယ်ဆိုတဲ့စိတ်ကူးနဲ့ပဲ ပါဝင်လုပ်ကိုင်ကြ တာဖြစ်တဲ့ အတွက် ပရော်ဖက်ရှင်နယ် ကယ်ဆယ်ရေးအဖွဲ့လိုတော့ ဖြစ်လာဖို့ မမျှော်လင့်သေးပါဘူး" လို့ ဒါရိုက်တာ ရီဇော်က ပြောပါတယ်။
အဲဒါကြောင့်လည်း စေတနာ့ဝန်ထမ်း တွေကို ဘယ်လိုအချုပ်အနှောင်မျိုးနဲ့မှ ချုပ်ကိုင်ထားတာမျိုး မရှိဘူးလို့လည်း သူက ဆိုပါတယ်။
စိတ်ပါဝင်စားသူတွေအနေနဲ့ ဖုန်း၃၈၁၉၀၄ ကို ဆက်သွယ်စုံစမ်းနိုင်ပါ တယ်။
ရဲတိုက်ဖောင်ဒေးရှင်းက စေတနာ့ဝန်ထမ်းတွေဖိတ်ခေါ်နေ ရဲတိုက်ဖောင်ဒေးရှင်းက စေတနာ့ဝန်ထမ်းတွေဖိတ်ခေါ်နေ Reviewed by သစ်ထူးလွင် on 12:30 Rating: 5

No comments:

Powered by Blogger.