မီးလောင်ပြီး တစ်နှစ်ကြာပိတ်ထားသော မင်္ဂလာဈေးတတိယထပ် မေ ၂၆ တွင် ပြန်ဖွင့်

နေလင်းအောင်
May 29 2011
မင်္ဂလာဈေး၌ မီးလောင်ကျွမ်းသွားခဲ့သော အထပ်များကို ပြန်လည် ပြုပြင်နေသည်ကို တွေ့ရစဉ်။ ဈေး၏ တတိယထပ်ကို မေလ ၂၆ ရက် နေ့တွင် ပြန်လည် ဖွင့်လှစ်လိုက်သည်။ ၂၀၁၀ မေလ ၂၄ ရက် နေ့၌ ထိုဈေး၌ လောင်ကျွမ်းခဲ့သော မီးကြောင့် ဆုံးရှုံးမှု ကျပ်သန်း ပေါင်း ၂၃၃၃၆ သန်း ရှိခဲ့သည်။
ဓာတ်ပုံ - အေးဇော်မျိုး

၂၀၁၀ ပြည့်နှစ်၊ မေလ ၂၄ ရက်နေ့ မီးလောင်မှုကြောင့် ပြန်လည် ပြင်ဆင် နေစဉ်အတွင်း တစ်နှစ်ကြာ ပိတ်ထားသော ရန်ကုန်မြို့၊ မင်္ဂလာဈေးတတိယ ထပ်အား ယခုလ ၂၆ ရက်နေ့တွင် ပြန်လည် ဖွင့်လှစ်မည် ဖြစ်သည်။
အစပိုင်းတွင် ပြင်ဆင်ရှင်းလင်းမှု များကြောင့် ဈေးရုံတစ်ခုလုံးကို ပိတ် ထားခဲ့သော်လည်း မြေညီထပ်၊ ပထမထပ်နှင့် ဒုတိယထပ်တို့အား ၂၀၁၀ ပြည့် နှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။
ထို့ပြင် စတုတ္ထထပ်နှင့် ခေါင်မိုးထပ် တို့ကိုလည်း ယခုနှစ်ကုန်တွင် ဖွင့်လှစ် နိုင်ဖွယ်ရှိကြောင်း သိရသည်။
မင်္ဂလာဈေးကြီးတွင် ၂၀၁၀ ပြည့်နှစ်၊ မေလ ၂၄ ရက် နံနက် ၈ နာရီခွဲခန့်က လေးလွှာရှိ ဆိုင်ခန်းတစ်ခန်းတွင် မီးဖို အပူလွန်ကဲမှုမှ တစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့သည်။ မီးလောင်မှုသည် ၂၁ နာရီ ကြာမြင့်ခဲ့ကာ ဈေးကြီးလေးလွှာရှိ ဆိုင်ခန်း ၇၉၇ ခန်း၊ ပဉ္စမထပ်ရှိ ဂိုဒေါင် ၄၇ လုံး၊ စားသောက်ဆိုင် ၃၃ ဆိုင်၊ စင်တင် တေးဂီတဆိုင် တစ်ဆိုင်တို့ မီးလောင် ကျွမ်းခဲ့ရပြီး ကျပ် ၂၃,၃၃၆ သန်းဖိုးခန့် ဆုံးရှုံးခဲ့ရသည်။
မီးလောင်ပြီး တစ်နှစ်ကြာပိတ်ထားသော မင်္ဂလာဈေးတတိယထပ် မေ ၂၆ တွင် ပြန်ဖွင့် မီးလောင်ပြီး တစ်နှစ်ကြာပိတ်ထားသော မင်္ဂလာဈေးတတိယထပ် မေ ၂၆ တွင် ပြန်ဖွင့် Reviewed by သစ်ထူးလွင် on 12:16 Rating: 5

No comments:

Powered by Blogger.