စစ်ကိုင်းတိုင်းအတွင်းတိုက်ပွဲများဖြစ်ပွား​နေ၍ လမ်းပိုင်းအချို့ကို PDFများပိတ်ထား

(မုံရွာ-ယာကြီး-ကလေးဝလမ်းပေါ် PDF အဖွဲ့တစ်ဖွဲ့က လမ်းပိတ်ထားစဥ်)


စစ်ကိုင်းတိုင်းအတွင်း တိုက်ပွဲများဖြစ်ပွားနေ၍ လမ်းပိုင်းအချို့အား ပိတ်ထားကြောင်း ဒေသတွင်းပြ​ည်သူ့ကာကွယ်ရေးအဖွဲ့များက သတိပေးထားသည်။

မြင်းမူ

မုံရွာ - မြင်းမူ - မန္တလေးလမ်းပိုင်း၊ ထီးဆောင်း-အရာတော် လမ်းပိုင်းနှင့် မြင်းမူမြို့နယ်အတွင်းရှိလမ်းပိုင်းများ၊ မြို့နယ်ချင်းဆက် လမ်းပိုင်းများအား ယနေ့ မေလ ၉ ရက်နေ့မှစ၍

 အသုံးပြုခြင်း မပြုကြရန် Myin Mu Defence Forceက အသိပေးကြေညာသည်။

ခင်ဦး

ခင်ဦးမြို့နယ်၊ မြင်းဒေါင်း-မုံလှ ကွန်ကရစ်လမ်းပိုင်း၊ ခင်ဦး-ရေဦး လမ်းပိုင်းအား ယမန်နေ့ မေလ ၈ ရက်နေ့မှစတင်ကာ အသွားအလာအားလုံးရပ်ထားပေးကြရန် Khin U Support Organization အဖွဲ့က အသိပေးသည်။ 

မင်းကင်း၊ ယင်းမာပင်၊ ဆားလင်းကြီး

မုံရွာ- ပုသိမ်လမ်းမကြီး၊ ဆားလင်းကြီး - ညောင်ပင်ကြီးလမ်းပိုင်းများအား ယခုမှစ၍ အရေးပေါ်ပိတ်သိမ်းလိုက်ကြောင်း ဒေသတွင်း PDFအဖွဲ့များက ယမန်နေ့ မေလ ၈ ရက်နေ့တွင် အသိပေး ကြေညာထားသည်။


People's Spring 

စစ်ကိုင်းတိုင်းအတွင်းတိုက်ပွဲများဖြစ်ပွား​နေ၍ လမ်းပိုင်းအချို့ကို PDFများပိတ်ထား စစ်ကိုင်းတိုင်းအတွင်းတိုက်ပွဲများဖြစ်ပွား​နေ၍ လမ်းပိုင်းအချို့ကို PDFများပိတ်ထား Reviewed by THITHTOOLWIN on 20:35 Rating: 5

No comments:

Powered by Blogger.