ကျောက်ပန်းတောင်းရှိ မြန်မာဘီယာရုံး တိုက်ခိုက်ခံရ


မေ - ၉ 

မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့ပေါ်က စစ်အုပ်စုရဲ့ စီးပွားရေးထောက်တိုင်တစ်ခုဖြစ်တဲ့ မြန်မာဘီယာရုံးကို ဒီမနက်မှာ ဗုံးထုတိုက်ခိုက်ခဲ့တယ်လို့ ကျောက်ပန်းတောင်းမြို့နယ်လုံးဆိုင်ရာ ကာကွယ်ရေးတပ်ဖွဲ့ (KDF) က သတင်းထုတ်ပြန်ပါတယ်။ 

အဲဒီတိုက်ခိုက်မှုကြောင့် ဖြန့်ချိရေးကားနဲ့ ဘီယာဖာတွေ ပျက်စီးသွားတယ်လို့ KDF တာဝန်ရှိသူတစ်ယောက်က MFP ကို ပြောပါတယ်။ 

" လူထိခိုက်မှုတော့မရှိပါဘူးဗျ၊ ဖောက်ခွဲတဲ့အချိန်မှာတော့ အထဲမှာ စာရေးနှစ်ယောက်ရှိတယ်၊ ကျွန်တော်တို့က လူကို လုပ်ချင်တာမဟုတ်ပါဘူး၊ ပစ္စည်းကိုပဲ ဖျက်ဆီးတာပါဗျ " လို့ KDF တာဝန်ရှိသူက ဆိုပါတယ်။ 

ကျောက်ပန်းတောင်းမြို့ပေါ်က ဘီယာဆိုင်တွေအနေနဲ့ စစ်အုပ်စုပိုင်တဲ့ မြန်မာဘီယာ မရောင်းချကြဖို့နဲ့ အခြား စတိုး‌ဆိုင်တွေကလည်း စစ်တပ်ထုတ်တဲ့ ဘီယာနဲ့ အခြားထုတ်ကုန်တွေ မတင်ကြဖို့ KDF က မေတ္တာရပ်ခံထားပါတယ်။ 

KDF အဖွဲ့ဟာ ကျောက်ပန်းတောင်းမြို့နယ်ထဲက စစ်အုပ်စုနဲ့ စစ်အုပ်စုရဲ့ ထောက်တိုင်တွေကို တိုက်ခိုက်နေတဲ့ အဖွဲ့အစည်းဖြစ်ပြီး ပြီးခဲ့တဲ့ ဧပြီလ (၂၈)ရက်ကလည်း စစ်အုပ်စုပိုင် အင်းဝဘဏ်ကို ဗုံးထုတိုက်ခိုက်ခဲ့တာကြောင့် အစောင့်စစ်သားတစ်ဦး သေဆုံးခဲ့ပါတယ်။ 


Mandalay Free Press - MFP

ကျောက်ပန်းတောင်းရှိ မြန်မာဘီယာရုံး တိုက်ခိုက်ခံရ ကျောက်ပန်းတောင်းရှိ မြန်မာဘီယာရုံး တိုက်ခိုက်ခံရ Reviewed by THITHTOOLWIN on 20:26 Rating: 5

No comments:

Powered by Blogger.