ထီးချိုင့်တွင် စစ်ကားကို မိုင်းဆွဲရာ စကစ (၁၅)ဦးသေ၊ PDF ရဲဘော်နှစ်ဦး လက်နက်ကြီးကျည် ထိမှန်ပြီး တစ်ဦး ကျဆုံး

MFP ၊ ဒီဇင်ဘာ - ၆

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်တွင် ယနေ့ မနက်ပိုင်းက စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ လက်နက်ကိုင် (၁၅)ဦး သေသလို PDF ရဲဘော်နှစ်ဦးလည်း လက်နက်ကြီးကျည် ထိမှန်ခဲ့ကာ တစ်ဦး ကျဆုံးပြီး တစ်ဦး ဒဏ်ရာရကြောင်း ထီးချိုင့်ဒေသ တော်လှန်ရေး အင်အားစု သတင်းထုတ်ပြန်ရေး အဖွဲ့ဖြစ်သော  Tigyaing Revolution – TR က ပြောသည်။

"စစ်ကားက နှစ်စီးပါ။ စစ်ကြောင်းထိုးပြီး ပြန်လာတာ။ တစ်စီး ထိသွားပါတယ်။ တုံလုံရွာကနေ ချိတ်သင်ရွာ အသွားပါ။ ၁၅ဦး စကစတပ်ဘက်က သေပါတယ်" ဟု Tigyaing Revolution – TR အဖွဲ့က MFP သို့ ပြောသည်။

ယနေ့ ဒီဇင်ဘာ(၆)ရက် မနက်ပိုင်းက ထီးချိုင့်မြို့နယ် တုံလုံရွာနှင့် ချိတ်သင်ရွာကြားတွင် စစ်ကောင်စီ ကားနှစ်စီးကို ထီးချိုင့်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ HPDF က ဆွဲမိုင်း နှစ်လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ကားတစ်စီး မိုင်းထိကာ စစ်ကောင်စီ လက်နက်ကိုင် (၁၅)ဦး နေရာတွင်ပင် သေသည်ဟု TR အဖွဲ့က ဆိုသည်။

ထိုသို့ စစ်ကားတစ်စီးကို မိုင်းဆွဲပြီးနောက် HPDF ရဲဘော်များ ပြန်လည်ဆုတ်ခွာစဉ် မိုင်းမထိလိုက်သော စစ်ကားတစ်စီးက လက်နက်ကြီးများဖြင့် ပစ်ခတ်သဖြင့် PDF ရဲဘော်နှစ်ဦး  လက်နက်ကြီးကျည် ထိမှန်ခဲ့ပြီး ရဲဘော်တစ်ဦး ကျဆုံးသည်ဟု Tigyaing Revolution – TR အဖွဲ့က ပြောသည်။

မိုင်းထိသေသည့် စစ်ကောင်စီ လက်နက်ကိုင်များ၏ အလောင်းများကို ထီးချိုင့်မြို့နယ် ရေပုတ်တံတား သင်္ချိုင်းတွင် မြုပ်နှံခဲ့သည်ဟု ဆိုသည်။

Mandalay Free Press - MFP

ထီးချိုင့်တွင် စစ်ကားကို မိုင်းဆွဲရာ စကစ (၁၅)ဦးသေ၊ PDF ရဲဘော်နှစ်ဦး လက်နက်ကြီးကျည် ထိမှန်ပြီး တစ်ဦး ကျဆုံး ထီးချိုင့်တွင် စစ်ကားကို မိုင်းဆွဲရာ စကစ (၁၅)ဦးသေ၊ PDF ရဲဘော်နှစ်ဦး  လက်နက်ကြီးကျည် ထိမှန်ပြီး တစ်ဦး ကျဆုံး Reviewed by THITHTOOLWIN on 18:06 Rating: 5

No comments:

Powered by Blogger.