တန့်ဆည်တွင် စစ်ယာဉ်တန်း မိုင်းဆွဲခံရကာ စကစ လက်နက်ကိုင် လေးဦး ပွဲချင်းပြီးသေ ဟုဆို

MFP ၊ ဒီဇင်ဘာ - ၆

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်အတွင်း မောင်းနှင်သွားလာနေသော စစ်ယာဉ်တန်းကို ယနေ့ နေ့လည်ပိုင်းတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ လက်နက်ကိုင် လေးဦး ပွဲချင်းပြီး သေသည်ဟု ဒေသခံ တော်လှန်ရေး တပ်ဖွဲ့တစ်ဖွဲ့ ဖြစ်သော Black Angel Force – BAF PDF က သတင်းထုတ်ပြန်သည်။

"နှစ်စီးမှာ တစ်စီးပဲ မိတယ်။ သူတို့ လေးယာက် သေတယ်" ဟု BAF – PDF တပ်ဖွဲ့၏ သတင်းပြန်ကြားရေး တာဝန်ခံ Demo Angel က MFP သို့ ပြောသည်။

တန့်ဆည်မြို့နယ် ကံထူးမရွာအနီး မဟာမြိုင်တောအစပ်တွင် ကားလမ်းမကြီးပေါ်တွင် ဖြတ်သန်းသွားလာနေသည့် စစ်ကောင်စီ လက်နက်ကိုင်များ လိုက်ပါလာသော စစ်ယာဉ် နှစ်စီးကို ယနေ့ ဒီဇင်ဘာ(၆)ရက် နေ့လည် (၁)နာရီခန့်က မိုင်းဆွဲခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ 

"ကလေးမြို့ဘက်ကို သွားနေတာ။ စစ်ကားနှစ်စီးပေါ်မှာ ၃၀ လောက်ပါတယ်။ ရိက္ခာတွေလည်း ပါတယ်" ဟု BAF – PDF တပ်ဖွဲ့ သတင်းပြန်ကြားရေး တာဝန်ခံ Demo Angel က ဆိုသည်။

အဆိုပါ မိုင်းဆွဲမှုကြောင့် စစ်ကောင်စီ လက်နက်ကိုင်များ သေဆုံးမှုနှင့် ပတ်သက်၍ MFP အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။

စစ်ကိုင်းတိုင်းအတွင်းသို့ စစ်ကောင်စီက ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်းများ အသုံးပြုကာ လက်နက်ကိုင် အင်အားအများအပြားဖြင့် ထိုးစစ်ဆင်နေသလို ဒေသခံ PDF များကလည်း စစ်အုပ်စုကို ခုခံတွန်းလှန်လျှက် ရှိသည်။

Mandalay Free Press - MFP

တန့်ဆည်တွင် စစ်ယာဉ်တန်း မိုင်းဆွဲခံရကာ စကစ လက်နက်ကိုင် လေးဦး ပွဲချင်းပြီးသေ ဟုဆို တန့်ဆည်တွင် စစ်ယာဉ်တန်း မိုင်းဆွဲခံရကာ စကစ လက်နက်ကိုင် လေးဦး ပွဲချင်းပြီးသေ ဟုဆို Reviewed by THITHTOOLWIN on 18:08 Rating: 5

No comments:

Powered by Blogger.