လွိုင်ကော်-ဒီးမော့ဆို- ဒေါသမကြီး-ဘောလခဲလမ်းပိုင်းကိုဒီဇင်ဘာ ၃ရက်မှစ၍ရက်အကန့်မရှိပိတ်မည်ဟုKNDF​ကြေညာ


 ကယားပြည်နယ်၊ လွိုင်ကော်-ဒီးမော့ဆို- ဒေါသမကြီး-ဘောလခဲလမ်းပိုင်းကို အများပြည်သူလုံခြုံရေးအတွက်ဒီဇင်ဘာလ(၃) ရက်နေ့မှစ၍ ရက်အကန့်အသတ်မရှိ ပိတ်ထားမည်ဖြစ်ကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်က(KNDF) ကြေညာချက်ထုတ်ပြန်သည်။

ခရီးသွားလာခြင်းနှင့်စပ်လျဉ်း၍ ပြည်သူများသို့ အသိပေးချက်အား ယနေ့ ဒီဇင်ဘာလ(၁) ရက်နေ့တွင်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ 

အကြမ်းဖက်စစ်ကောင်စီတပ်များသည် တိုက်ပွဲဖြစ်ပွားနေသော ဒီးမော့ဆိုမြို့နယ်မှ ဘောလခဲနှင့် ဖားဆောင်းမြို့နယ်များသို့ တပ်ချိန်းပြောင်းမှုများပြုလုပ်ရာတွင်သော်

လည်းကောင်း၊တပ်အင်အား ဖြည့်တင်းခြင်းနှင့် ရိက္ခာများပို့ဆောင်ရာတွင်လည်းကောင်း၊ လွိုင်ကော်- ဒီးမော့ဆို- ဒေါသမကြီး- ဘောလခဲလမ်းပိုင်းကို အသုံးပြုလျက်ရှိကြောင်း၊ ထို့အပြင် ဒီး‌မော့ဆိုအရှေ့ဘက်ခြမ်း ကျေးရွာများသို့ ကင်းထောက်ခြင်းနှင့် စစ်ရေးလှုပ်ရှားမှုများကို အထက်ပါလမ်းကြောင်း ကိုအသုံးပြု၍ ဆောင်ရွက်လျက် ရှိသည်ဟု ကြေညာချက်တွင် ဖော်ပြသည်။

သို့ဖြင့်ပါ၍ လွိုင်ကော်၊ ဒီးမော့ဆိုနှင့် ဘောလခဲမြို့နယ်များကို ချိတ်ဆက်ထားသော လမ်းပိုင်းဖြစ်သည့် လွိုင်ကော်-ဒီးမော့ဆို- ဒေါသမကြီး- ဘောလခဲလမ်းပိုင်းကို အများပြည်သူလုံခြုံရေး အတွက် ဒီဇင်ဘာလ (၃) ရက်နေ့မှစ၍ ရက်အကန့်အသတ်မရှိ ပိတ်ထားမည်ဖြစ်ပါသည်။ ထို့ကြောင့် မိမိဘပြည်သူများအနေဖြင့် လွိုင်ကော်-ဒီးမော့ဆို- ဒေါသမကြီး- ဘောလခဲလမ်းပိုင်းသို့ ခရီးသွားလာခြင်း မပြုလုပ်ရန် အသိပေးမေတ္တာရပ်ခံကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်က အသိပေးကြေညာခဲ့သည်။

နိုဝင်ဘာ (၂၅) နှင့် (၂၆) ရက်နေ့တို့တွင် ၊ ရှားတောမြို့နယ် ပွန်ချောင်းအနီး၌ ကရင်နီတပ်မတော် (KA)နှင့် KNDF တို့မှ အကြမ်းဖက်စစ်ကောင်စီတပ်၏ ရှေ့တန်းတပ်စခန်းများကို တိုက်ခိုက်ခဲ့သဖြင့် နှစ်ရက်တွင်း နှစ်ဖက်ထိတွေ့ တိုက်ပွဲ (၅) ကြိမ်ဖြစ်ပွားခဲ့ကြောင်း၊ ထိုတိုက်ပွဲများအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်ဖက်မှ (၃) ဦးထက်မနည်း ထိခိုက်ဒဏ်ရာရမှုများရှိခဲ့ကြောင်း KNDFကသတင်းထုတ်ပြန်ထားသည်။


People's Spring 

လွိုင်ကော်-ဒီးမော့ဆို- ဒေါသမကြီး-ဘောလခဲလမ်းပိုင်းကိုဒီဇင်ဘာ ၃ရက်မှစ၍ရက်အကန့်မရှိပိတ်မည်ဟုKNDF​ကြေညာ လွိုင်ကော်-ဒီးမော့ဆို- ဒေါသမကြီး-ဘောလခဲလမ်းပိုင်းကိုဒီဇင်ဘာ ၃ရက်မှစ၍ရက်အကန့်မရှိပိတ်မည်ဟုKNDF​ကြေညာ Reviewed by THITHTOOLWIN on 21:46 Rating: 5

No comments:

Powered by Blogger.