စစ်ကောင်စီနဲ့ CDF ကန်ပက်လက်တို့ အပြန်အလှန်ပစ်ခတ် စစ်အုပ်စုက ၂ဦးသေဆုံး


ကန်ပတ်လက်၊ ဒီဇင်ဘာ ၄၊ ၂၀၂၁။

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့အတွင်းက အထက်တန်းကျောင်းမှာ  တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကိုကန်ပက်လက် CDF က ဝင်ရောက်ပစ်ခတ်လို့ အပြန်အလှန် ၄၅မိနစ်ကြာ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ၂ဦး သေဆုံးခဲ့တယ်လို့ CDF ဆီက သိရပါတယ်။

အင်အား ၁၀၀ နီးပါးရှိတဲ့ စစ်အုပ်ကို CDFက ဝင်ပစ်ခဲ့တာဖြစ်ပြီး မနေ့က ဖြစ်တဲ့ တိုက်ပွဲမှာလည်း စစ်ကောင်စီက ၂ဦး သေဆုံးခဲ့သေတယ်လို့ ကန်ပက်လက် CDFက ပြောရေးဆိုခွင့်ရှိသူက မြေလတ်အသံကို ပြောပါတယ်။

"မနေ့ကညနေကလည်း တစ်ဖက်နဲ့တစ်ဖက်ပစ်ခတ်မှု့ဖြစ်သေးတယ်၊မနေ့ကညနေတုန်းကတစ်ခါပစ်တယ်၊ပြီးတော့ဒီနေ့ မနက်ကြတော့တစ်ခါပစ်ပြန်တယ်၊အဲ့လိုမျိုးနှစ်ခါဖြစ်တာပေါ့နော်၊ မနေ့ကတိုက်ပွဲဖြစ်တာကလည်းသူတို့ဘက်က ၂ ယောက်ကျတယ်၊ပြီးတော့ ၂ ယောက်ဒဏ်ရာရတယ်၊ ဒီနေ့ကတော့ကျနော်တို့သွားပစ်တော့ လုံးဝ ၂ ယောက်ကျတယ်၊ ဒဏ်ရာရတာတွေကတော့မရှိဘူးထင်ပါတယ်" လို့ ပြောပါတယ်။

မနေ့က နေ့လယ် ၂နာရီခွဲမှာ တစ်ကြိမ်၊ ဒီနေ့ ၈နာရီဝန်းကျင်မှာ တစ်ကြိမ် စစ်ကောင်စီနဲ့ CDF တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က စုစုပေါင်း ၄ဦး သေဆုံးခဲ့တာဖြစ်ပါတယ်။

ဆောဒေသနဲ့ ကပ်လျက်ရှိတဲ့ ချင်းပြည်နယ် ကန်ပက်လက်မြို့မှာ စစ်ကောင်စီနဲ့ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ CDF တို့ မကြာခဏတိုက်ပွဲဖြစ်လေ့ရှိပြီး နေ့တိုင်းနီးပါး တိုက်ခိုက်မှုတွေရှိတယ်လို့ သိရပါတယ်။

မြေလတ်အသံ - Myaelatt Athan

စစ်ကောင်စီနဲ့ CDF ကန်ပက်လက်တို့ အပြန်အလှန်ပစ်ခတ် စစ်အုပ်စုက ၂ဦးသေဆုံး စစ်ကောင်စီနဲ့ CDF ကန်ပက်လက်တို့  အပြန်အလှန်ပစ်ခတ် စစ်အုပ်စုက ၂ဦးသေဆုံး Reviewed by THITHTOOLWIN on 08:13 Rating: 5

No comments:

Powered by Blogger.