ညောင်တုန်းမြို့တွင် စစ်​ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

ညောင်တုန်းမြို့မှစစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦး ယနေ့(ဒီဇင်ဘာ ၄ရက်) ညနေပိုင်းတွင် သေနတ်ဖြင့်ပစ်သတ်ခံရကြောင်း ဒေသခံများကပြောသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့ အမှတ်(၇) ရပ်ကွက် ရှိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးမင်းသူကိုအမျိုးသားတစ်ဦးက သေနတ်ဖြင့် ပစ်သတ်သွားခြင်းဟု ကနဦးသတင်းရရှိသည်။

"ညနေ ၆ နာရီလောက်က ပစ်သွားတာ။ မင်းသူတော့ သေတယ်လို့ကြားတယ်" ဟု ဒေသခံတစ်ဦးကပြောသည်။

ညောင်တုန်းမြို့သည် လှိုင်သာယာ၊ ထန်းတစ်ပင်မြို့တို့နှင့် ထိစပ်နေသည့် ဒေသဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အကြမ်းဖက်စစ်ကောင်စီအား အမြစ်ပြတ်အောင်သုတ်သင်မည်ဟု သတင်းထုတ်ပြန်ထားသည်။

People's Spring 

ညောင်တုန်းမြို့တွင် စစ်​ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ ညောင်တုန်းမြို့တွင် စစ်​ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ Reviewed by THITHTOOLWIN on 08:20 Rating: 5

No comments:

Powered by Blogger.