မူတြော်ခရိုင်မှာ တစ်လအတွင်း တိုက်ပွဲပေါင်း ၁၀၀ ကျော်ဖြစ်ခဲ့ပြီး စစ်အုပ်စုဘက်က (၁၀၃) ဦးသေဆုံး


သေဆုံးသူတွေထဲမှာ တပ်ရင်းမှူးတစ်ဦးနဲ့ တပ်ခွဲမှူးတစ်ဦးပါဝင်

ဒီဇင်ဘာ-၃၊၂၀၂၁

ကေအဲန်ယူထိန်းချုပ်နယ်မြေဖြစ်တဲ့ မူတြော်(ဖာပွန်)ခရိုင်မှာ နိုဝင်ဘာလအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ စစ်ကောင်စီတို့ကြား တိုက်ပွဲပေါင်း ၁၀၀ ကျော်ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က (၁၀၃) ဦးသေဆုံးသွားခဲ့တယ်လို့ မူတြော်သတင်းစဉ်က ထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၁ ရက်ကနေ ၃၀ ရက်နေ့အထိ တစ်လအတွင်း KNLA တပ်မဟာ ၅ နဲ့ စစ်ကောင်စီ၊ နယ်ခြားစောင့်တပ်(BGF) ပူးပေါင်းတပ်တို့ကြား တိုက်ပွဲပေါင်း (၁၅၁)ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က (၁၀၃) ဦးသေဆုံးခဲ့ကာ အယောက် (၉၀) နီးပါး ထိခိုက်ဒဏ်ရာရရှိသွားခဲ့တာပါ။

ဒါ့အပြင် စစ်ကောင်စီရဲ့ ရိက္ခာသယ် မြင်းလား ၆ ကောင်သေဆုံးပြီး ၆ ကောင် ဒဏ်ရာရရှိသွားခဲ့ပါတယ်။ 

စစ်ကောင်စီဘက်က သေဆုံးသွားသူတွေထဲမှာ တပ်ရင်းမှူးတစ်ဦးနဲ့ တပ်ခွဲမှူးတစ်ဦးပါဝင်ပြီး ဒဏ်ရာရရှိသူတွေထဲမှာ တပ်ရင်းမှူးတစ်ဦးနဲ့ တပ်ခွဲမှူးတစ်ဦး ပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ 

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဘက်ကတော့ ၃ ဦးကျဆုံးခဲ့ပြီး ၇ ဦး ဒဏ်ရာရရှိသွားခဲ့တယ်လို့ သိရပါတယ်။ 

မူတြော်ခရိုင်အတွင်းမှာ စစ်ကောင်စီဟာ ဒေသခံပြည်သူတွေရဲ့ ကျေးရွာနဲ့ လယ်ယာကိုင်းထဲကို လက်နက်ကြီးအလုံးပေါင်း ၅၀ ကျော် ရမ်းသမ်းပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့သေးတယ်လို့ မူတြော်သတင်းစဉ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ 


𝕂𝕝𝕠 FM - 𝕴𝖓𝖋𝖔𝖙𝖆𝖎𝖓𝖒𝖊𝖓𝖙

မူတြော်ခရိုင်မှာ တစ်လအတွင်း တိုက်ပွဲပေါင်း ၁၀၀ ကျော်ဖြစ်ခဲ့ပြီး စစ်အုပ်စုဘက်က (၁၀၃) ဦးသေဆုံး မူတြော်ခရိုင်မှာ တစ်လအတွင်း တိုက်ပွဲပေါင်း ၁၀၀ ကျော်ဖြစ်ခဲ့ပြီး စစ်အုပ်စုဘက်က (၁၀၃) ဦးသေဆုံး Reviewed by THITHTOOLWIN on 23:19 Rating: 5

No comments:

Powered by Blogger.