အကြမ်းဖက်စစ်ကောင်စီတပ်တွေက ဒုန်းတောရွာက ရွာသူရွာသား (၁၁) ဦးကို မီးရှို့သတ်ဖြတ်



၇ ဒီဇင်ဘာလ ၂၀၂၁

အကြမ်းဖက်စစ်ကောင်စီတပ်တွေက စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ဒုန်းတောရွာထဲ ဝင်ပြီး ကိုင်းတောထဲ တွေ့တဲ့ ပြည်သူတွေကို ဖမ်းဆီး ကြိုးတုပ် မီးရှို့သွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

 အသတ်ခံရသူ ရွာသူရွာသား (၁၁) ဦးဖြစ်ပြီး စာရင်းအတိအကျကိုတော့ သိရှိရခြင်း မရှိသေးပါဘူး။

 အကြမ်းဖက်စစ်ကောင်စီတပ်တွေက ကျေးစာကျရွာကို စစ်ကြောင်းထိုးပြီး ပြည်သူ ၁ ယောက်ကို သတ်သွားကာ အပြန်မှာ မိုင်းဆွဲခံရတဲ့အတွက် ဒုန်းတောရွာကို ဝင်ပြီး အခုလို အရပ်သားပြည်သူတွေကို မီးရှို့သတ်ဖြတ်သွားခြင်း ဖြစ်တယ်လို့ သိရပါတယ်။

 ကျေးစာကျ ရွာသာ ဂုဏ်တော၊ဒုံးတော၊ကံကုန်းကျေးရွာတို့မှာ စစ်ဘေးရှောင်ပြည်သူ ၅၀၀နှင့် ၁၀၀၀ကြားရှိနေတယ်လို့လဲ သတင်းရရှိပါတယ်။

Public Voice Television 


အကြမ်းဖက်စစ်ကောင်စီတပ်တွေက ဒုန်းတောရွာက ရွာသူရွာသား (၁၁) ဦးကို မီးရှို့သတ်ဖြတ် အကြမ်းဖက်စစ်ကောင်စီတပ်တွေက ဒုန်းတောရွာက ရွာသူရွာသား (၁၁) ဦးကို မီးရှို့သတ်ဖြတ် Reviewed by THITHTOOLWIN on 17:37 Rating: 5

No comments:

Powered by Blogger.