ကြည့်မြင်တိုင်လူထုသပိတ်မှာဖမ်းဆီးခံရလိုက်ရတဲ့ အမျိုးသမီးသတင်းထောက် စစ်ဆေးရုံအရေးပေါ်မှာ ကုသမှုခံယူနေရ


ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်မှာမနေ့ဒီဇင်ဘာ ၅ရက်ကလုပ်ခဲ့တဲ့ လူထုသပိတ်ကို စစ်ကောင်စီက ကားနဲ့တိုက်ပစ်ခတ်ဖြိုခွင်းခဲ့ပြီးနောက်ပိုင်းထိခိုက်ဒဏ်နဲ့ဖမ်းဆီးခံလိုက်ရတဲ့ ရုပ်သံသတင်းထောက်မမှူးရတနာခက်မို့မို့ထွန်းဟာမင်္ဂလာဒုံစစ်ဆေးရုံအရေးပေါ်ကုသဆောင်မှာ ကုသမှုခံယူနေရတယ်လို့ သက်ဆိုင်ရာသတင်းဌာနက တာဝန်ရှိသူကပြောပါတယ်။

မနေ့ကဆန္ဒပြပွဲမှာတော့ ဆန္ဒပြလူငယ်တွေအပါအဝင် MPA သတင်းဌာနကဓါတ်ပုံဆရာ ကိုကောင်းဆက်လင်းနဲ့ရုပ်သံသတင်းထောက်မမှူးရတနာခက်မို့မို့ထွန်းတို့နှစ်ဦးလည်း ထိခိုက်ဒဏ်ရာတွေနဲ့ဖမ်းဆီးခံလိုက်ရတာပါ။

“ မမှူးရတနာခက်မို့မို့ထွန်းဆုံးသွားပြီဆိုတာလည်းသတင်းအမှားပါ။ အရေးပေါ်မှာ ကုသစောင့်ကြည့်ဆဲပါ၊ မိသားစုတွေနဲ့လည်းအဆက်အသွယ်ရပါတယ်။ ကျွန်တော်တို့သတင်းဌာနကလည်း မိသားစုနဲ့အတူ ရှေ့နေနဲ့တိုင်ပင်ပြီး ဆက်လုပ်ဆောင်နေပါတယ်” လို့MPA သတင်းဌာနက အယ်ဒီတာ ကိုဂျေပိုင်က ဘီဘီစီကိုပြောပါတယ်။

အလားတူ မမှူးရတနခက်မို့မို့ထွန်းနဲ့အတူဖမ်းဆီးခံထားရတဲ့ MPA သတင်းထောက် ကိုကောင်းဆက်လင်းဟာလည်း ဒဏ်ရာတွေနဲ့အတူဖမ်းဆီးခံလိုက်ရတာဖြစ်ပြီး သူ့အခြေအနေသေးစိတ်ကိုတော့ မသိရသေးဘူးလို့ဆိုပါတယ်။

ကြည့်မြင်တိုင်၊ ပန်းပင်ကြီးလမ်းမပေါ်က ဒီဆန္ဒပြပွဲမှာတော့ ဆန္ဒပြနေတဲ့ လူအုပ်အနောက်ကို စစ်ကားတစ်စီးက အနောက်ကနေ အရှိန်နဲ့ဝင်တိုက်ပြီး ဖြိုခွင်းခဲ့တဲ့ ဗီဒီယိုမှတ်တမ်းလည်း လူမှုကွန်ရက်တွေမှာ ထွက်ပေါ်လာခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေအပြင် သေဆုံးသူတွေလည်းရှိနေတယ်လို့ သပိတ်မှာပါဝင်သူတွေကပြောဆိုထားပါတယ်။

စစ်ကောင်စီဘက်ကတော့ ဒီဇင်ဘာ ၅ရက်နေ့ကဆန္ဒပြပွဲမှာ အမျိုးသား ၈ဦးနဲ့ အမျိုးသမီး ၃ ဦး ၊ စုစုပေါင်း ၁၁ ဦးကိုဖမ်းဆီးထားပြီး အမျိုးသား ၂ဦး မစိုးရိမ်ရတဲ့ ဒဏ်ရာအခြေအနေတွေရှိပြီး အမျိုးသမီးတစ်ဦး ကတော့ စိုးရိမ်ရတဲ့အခြေအနေရှိတယ်လို့ထုတ်ပြန်ထားပါတယ်။

BBC Burmese
ကြည့်မြင်တိုင်လူထုသပိတ်မှာဖမ်းဆီးခံရလိုက်ရတဲ့ အမျိုးသမီးသတင်းထောက် စစ်ဆေးရုံအရေးပေါ်မှာ ကုသမှုခံယူနေရ ကြည့်မြင်တိုင်လူထုသပိတ်မှာဖမ်းဆီးခံရလိုက်ရတဲ့ အမျိုးသမီးသတင်းထောက် စစ်ဆေးရုံအရေးပေါ်မှာ ကုသမှုခံယူနေရ Reviewed by THITHTOOLWIN on 17:50 Rating: 5

No comments:

Powered by Blogger.